iMyanmarHouse.com - Best Property Website for Myanmar
×

ကြန္ပ်ဴတာေတြ ေပၚေပါက္ခဲ႔ၿပီး ေနာက္ပိုင္းကတည္းက အလုပ္ေတာ္ေတာ္မ်ားမ်ားရဲ႕ သဘာဝလည္း ေျပာင္းလဲလာခဲ႔ပါတယ္။ ရံုးအလုပ္ေတာ္ေတာ္မ်ားမ်ားက ကြန္ပ်ဴတာတစ္လံုးနဲ႔ ကြန္ရက္စနစ္ ေကာင္းေကာင္းရွိရင္ အလုပ္ျဖစ္ေနပါၿပီ။ ေနာက္ပိုင္းမွာ အင္တာနက္ေပၚကပဲ ေစ်းေရာင္း၊ ေစ်းဝယ္လုပ္ၾက၊ မားကက္တင္းအလုပ္ေတြကိုလည္း အင္တာနက္ေပၚကပဲ လုပ္ၾကနဲ႔ လူေတာ္ေတာ္မ်ားမ်ားဟာ ကြန္ပ်ဴတာေရွ႕မွာ ပိုမိုအခ်ိန္ျဖဳန္းလာရပါတယ္။

နည္းပညာတိုးတက္မႈေနာက္မွာ ေကာင္းက်ိဴးေတြ အမ်ားႀကီးရွိတယ္ဆိုေပမယ္႔ ဆိုးက်ိဳးေတြလည္း ရွိပါတယ္။ အဲဒီဆိုးက်ိဳးေတြထဲက တစ္ခုကေတာ႔ လူေတြ ပိုမိုအေညာင္းမိလာတာပါပဲ။ ကြန္ပ်ဴတာေရွ႕မွာပဲ အခ်ိန္ျဖဳန္းလာရတဲ႔ မ်ိဳးဆက္ျဖစ္တဲ႔အတြက္ လူေကာင္ေလးေတြ ၾကည္႔လိုက္ရင္ ရွဴနာရႈိက္ကုန္းနဲ႔ အေညာင္းမိပံု ေပါက္ေနၾကပါတယ္။

အဲဒီလို ကြန္ပ်ဴတာေရွ႕မွာ အခ်ိန္ၾကာျမင္႔စြာ ထိုင္ျခင္းေၾကာင္႔ အေညာင္းမိျခင္း မျဖစ္ရေလေအာင္ လုပ္ေဆာင္ႏိုင္တဲ႔ အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ မတ္ရပ္စားပြဲခံုကို သံုးၾကည့္ပါ

ျဖစ္ႏိုင္ရင္ မတ္တပ္ရပ္သံုးရတဲ့ ကြန္ပ်ဴတာ စားပြဲခံုေလးကို ဖန္တီးၾကည့္ပါ။ ပံုမွန္ကြန္ပ်ဴတာ ေမာ္နီတာနဲ႔ ကီးဘုတ္ရဲ႕ေအာက္မွာ စကၠဴပံုးေလးေတြျဖစ္ျဖစ္ ခံထားျခင္းအားျဖင့္ မတ္တတ္ရပ္ျပီးလည္း သံုးလို႔ရတဲ့ ကြန္ပ်ဴတာစားပြဲကို အလြယ္တကူ ဖန္တီးႏိုင္ပါတယ္။ အျမဲတမ္း စားပြဲမွာထိုင္ေနရတဲ့ အေျခအေနကို တစ္ခါတေလထိုင္လိုက္၊ တစ္ခါတေလမတ္တပ္ရပ္လိုက္ လုပ္ၿပီးေျပာင္းလဲလို႔ရေတာ႔ အေညာင္းအညာေျပသလို စိတ္အေျပာင္းအလဲလည္း ျဖစ္တာေပါ႔။

၂။ ရံုးထဲမွာ ေလွ်ာက္သြားၾကည့္ပါ

အနည္းဆံုး တစ္နာရီေလာက္ဆက္တိုက္ မနားတမ္းထိုင္ၿပီး အလုပ္လုပ္ျပီးရင္ ငါးမိနစ္၊ ဆယ္မိနစ္ခန္႔ ရံုးထဲမွာ လမ္းပတ္ေလွ်ာက္ျခင္း၊ မ်က္စိကို ကြန္ပ်ဴတာနဲ႔ေဝးရာ ခဏပို႔ထားျခင္းတို႔ကို ျပဳလုပ္ေပးသင္႔ပါတယ္။ ဒီလိုလုပ္ျခင္းျဖင္႔ ေသြးလွည့္ပတ္မႈကို ပိုမိုေကာင္းမြန္ေစျပီး မ်က္စိနဲ႔ ဦးေႏွာက္ကိုလည္း ျပန္လည္လန္းဆန္းေစပါတယ္။

၃။ အလုပ္စားပြဲမွာပဲ အေၾကာေလွ်ာ့ အေညာင္းေျဖၾကည့္ပါ

အလုပ္စားပြဲက မထႏိုင္ဘူးဆိုရင္ေတာင္မွ (၂) မိနစ္ကေန (၅) မိနစ္ၾကားခန္႔ အခ်ိန္ေပးျပီး ေခါင္း၊ လည္ပင္း၊ မ်က္လံုး၊ ေနာက္ေက်ာနဲ႔ လက္တို႔ကို အေၾကာေလွ်ာ့ အေညာင္းေျဖႏိုင္ပါတယ္။ အြန္လိုင္းေပၚမွာလည္း အလုပ္စားပြဲမွာ လုပ္လို႔ရတဲ့ အေၾကာေလွ်ာ့ေလ့က်င့္ခန္းေတြ ေလ့လာၾကည့္ႏိုင္ျပီး မိမိရဲ့ အလုပ္စားပြဲမွာပဲ အခ်ိန္ရရင္ရသလို လုပ္ၾကည့္သင့္ပါတယ္။

၄။ အေျပးစက္ကို အသံုးျပဳပါ

အခ်ိဳ႕ေသာ လုပ္ငန္းၾကီးေတြမွာ အထိုင္မ်ားတဲ့ ဝန္ထမ္းေတြအတြက္ အလုပ္ခြင္မွာ အေျပးစက္ေလးေတြထားေပးထားပါတယ္။ သင့္အေနနဲ႔ သင့္သူေဌးက ဝယ္ေပးဖို႔ဆႏၵမရိွဘူးဆိုရင္ေတာင္ ဝန္ထမ္းေတြစုဝယ္ျပီးျဖစ္ေစ၊ ကိုယ္႔အိမ္မွာ ကိုယ္ပိုင္ဝယ္ထားျခင္းျဖင့္ျဖစ္ေစ အေျပးေလ့က်င့္ခန္းလုပ္ႏိုင္လို႔ ကယ္လိုရီက်ျပီး ဝိတ္တက္ျခင္းကို ကာကြယ္ႏိုင္တ့ဲအျပင္ ေသြးလွည့္ပတ္မႈကိုလည္း ေကာင္းမြန္ေစမွာပါ။

၅။ ေယာဂက်င့္တဲ့ ေဘာလံုးနဲ႔ ထိုင္ပါ

ေနာက္မွီကုလားထိုင္ေတြနဲ႔ အလုပ္ထိုင္လုပ္ရတာ ပ်င္းဖို႔ေကာင္းပါတယ္။ ပံုမွန္ထိုင္ခံုေတြေနရာမွာ ေယာဂက်င့္တဲ့ ေဘာလံုးေတြနဲ႔ အစားထိုးထိုင္ျခင္းအားျဖင့္ ေက်ာရိုးမႀကီးကို အေညာင္းအညာေျပေစႏိုင္သလို ခႏၶာကိုယ္ကို ဟန္ခ်က္ညီေစေတာ႔ အလုပ္လုပ္ရတာ သက္သာေပါ့ပါးေစမွာပါ။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကွန်ပျူတာတွေ ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်းကတည်းက အလုပ်တော်တော်များများရဲ့ သဘာဝလည်း ပြောင်းလဲလာခဲ့ပါတယ်။ ရုံးအလုပ်တော်တော်များများက ကွန်ပျူတာတစ်လုံးနဲ့ ကွန်ရက်စနစ် ကောင်းကောင်းရှိရင် အလုပ်ဖြစ်နေပါပြီ။ နောက်ပိုင်းမှာ အင်တာနက်ပေါ်ကပဲ ဈေးရောင်း၊ ဈေးဝယ်လုပ်ကြ၊ မားကက်တင်းအလုပ်တွေကိုလည်း အင်တာနက်ပေါ်ကပဲ လုပ်ကြနဲ့ လူတော်တော်များများဟာ ကွန်ပျူတာရှေ့မှာ ပိုမိုအချိန်ဖြုန်းလာရပါတယ်။

နည်းပညာတိုးတက်မှုနောက်မှာ ကောင်းကျိူးတွေ အများကြီးရှိတယ်ဆိုပေမယ့် ဆိုးကျိုးတွေလည်း ရှိပါတယ်။ အဲဒီဆိုးကျိုးတွေထဲက တစ်ခုကတော့ လူတွေ ပိုမိုအညောင်းမိလာတာပါပဲ။ ကွန်ပျူတာရှေ့မှာပဲ အချိန်ဖြုန်းလာရတဲ့ မျိုးဆက်ဖြစ်တဲ့အတွက် လူကောင်လေးတွေ ကြည့်လိုက်ရင် ရှူနာရှိုက်ကုန်းနဲ့ အညောင်းမိပုံ ပေါက်နေကြပါတယ်။

အဲဒီလို ကွန်ပျူတာရှေ့မှာ အချိန်ကြာမြင့်စွာ ထိုင်ခြင်းကြောင့် အညောင်းမိခြင်း မဖြစ်ရလေအောင် လုပ်ဆောင်နိုင်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မတ်ရပ်စားပွဲခုံကို သုံးကြည့်ပါ

ဖြစ်နိုင်ရင် မတ်တပ်ရပ်သုံးရတဲ့ ကွန်ပျူတာ စားပွဲခုံလေးကို ဖန်တီးကြည့်ပါ။ ပုံမှန်ကွန်ပျူတာ မော်နီတာနဲ့ ကီးဘုတ်ရဲ့အောက်မှာ စက္ကူပုံးလေးတွေဖြစ်ဖြစ် ခံထားခြင်းအားဖြင့် မတ်တတ်ရပ်ပြီးလည်း သုံးလို့ရတဲ့ ကွန်ပျူတာစားပွဲကို အလွယ်တကူ ဖန်တီးနိုင်ပါတယ်။ အမြဲတမ်း စားပွဲမှာထိုင်နေရတဲ့ အခြေအနေကို တစ်ခါတလေထိုင်လိုက်၊ တစ်ခါတလေမတ်တပ်ရပ်လိုက် လုပ်ပြီးပြောင်းလဲလို့ရတော့ အညောင်းအညာပြေသလို စိတ်အပြောင်းအလဲလည်း ဖြစ်တာပေါ့။

၂။ ရုံးထဲမှာ လျှောက်သွားကြည့်ပါ

အနည်းဆုံး တစ်နာရီလောက်ဆက်တိုက် မနားတမ်းထိုင်ပြီး အလုပ်လုပ်ပြီးရင် ငါးမိနစ်၊ ဆယ်မိနစ်ခန့် ရုံးထဲမှာ လမ်းပတ်လျှောက်ခြင်း၊ မျက်စိကို ကွန်ပျူတာနဲ့ဝေးရာ ခဏပို့ထားခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် သွေးလှည့်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး မျက်စိနဲ့ ဦးနှောက်ကိုလည်း ပြန်လည်လန်းဆန်းစေပါတယ်။

၃။ အလုပ်စားပွဲမှာပဲ အကြောလျှော့ အညောင်းဖြေကြည့်ပါ

အလုပ်စားပွဲက မထနိုင်ဘူးဆိုရင်တောင်မှ (၂) မိနစ်ကနေ (၅) မိနစ်ကြားခန့် အချိန်ပေးပြီး ခေါင်း၊ လည်ပင်း၊ မျက်လုံး၊ နောက်ကျောနဲ့ လက်တို့ကို အကြောလျှော့ အညောင်းဖြေနိုင်ပါတယ်။ အွန်လိုင်းပေါ်မှာလည်း အလုပ်စားပွဲမှာ လုပ်လို့ရတဲ့ အကြောလျှော့လေ့ကျင့်ခန်းတွေ လေ့လာကြည့်နိုင်ပြီး မိမိရဲ့ အလုပ်စားပွဲမှာပဲ အချိန်ရရင်ရသလို လုပ်ကြည့်သင့်ပါတယ်။

၄။ အပြေးစက်ကို အသုံးပြုပါ

အချို့သော လုပ်ငန်းကြီးတွေမှာ အထိုင်များတဲ့ ဝန်ထမ်းတွေအတွက် အလုပ်ခွင်မှာ အပြေးစက်လေးတွေထားပေးထားပါတယ်။ သင့်အနေနဲ့ သင့်သူဌေးက ဝယ်ပေးဖို့ဆန္ဒမရှိဘူးဆိုရင်တောင် ဝန်ထမ်းတွေစုဝယ်ပြီးဖြစ်စေ၊ ကိုယ့်အိမ်မှာ ကိုယ်ပိုင်ဝယ်ထားခြင်းဖြင့်ဖြစ်စေ အပြေးလေ့ကျင့်ခန်းလုပ်နိုင်လို့ ကယ်လိုရီကျပြီး ဝိတ်တက်ခြင်းကို ကာကွယ်နိုင်တဲ့အပြင် သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေမှာပါ။

၅။ ယောဂကျင့်တဲ့ ဘောလုံးနဲ့ ထိုင်ပါ

နောက်မှီကုလားထိုင်တွေနဲ့ အလုပ်ထိုင်လုပ်ရတာ ပျင်းဖို့ကောင်းပါတယ်။ ပုံမှန်ထိုင်ခုံတွေနေရာမှာ ယောဂကျင့်တဲ့ ဘောလုံးတွေနဲ့ အစားထိုးထိုင်ခြင်းအားဖြင့် ကျောရိုးမကြီးကို အညောင်းအညာပြေစေနိုင်သလို ခန္ဓာကိုယ်ကို ဟန်ချက်ညီစေတော့ အလုပ်လုပ်ရတာ သက်သာပေါ့ပါးစေမှာပါ။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top