iMyanmarHouse.com - Best Property Website for Myanmar
×

ႏွစ္ဦးသား အတူတူ တည္ေဆာက္ထားတဲ့ ဆက္ဆံေရးတစ္ခုကို အဆံုးသတ္ဖို႔ဆိုတာ တကယ္ေတာ့ လြယ္ကူတဲ့အရာမဟုတ္လွပါဘူး။ ဒါေပမယ့္ ကိုယ့္ကို အၿမဲ စိတ္ေသာကေပး နာက်င္ေနေစတဲ့ အခ်စ္ေရးဆိုရင္ ဆက္ၿပီး ဖက္တြယ္ထားရမွာလား ဆိုတာ စဥ္းစားစရာပါပဲ။ ကိုယ့္ကုိကိုယ္ေရာ သူ႔ကိုေရာ နာက်င္ေစတဲ့ ဆက္ဆံေရးတစ္ခုကို ဖက္တြယ္ထားမယ့္အစား လက္လြတ္လိုက္တာကမွာ ပိုၿပီး ေပ်ာ္ရႊင္မယ္လို႔ ယံုၾကည္ပါတယ္။ ကဲ သင့္ခ်စ္သူမွာ ဒီလို လကၡဏာရပ္ေတြကို မွ်ေ၀ေပးပါမယ္။ ဒီလိုလကၡဏာမ်ိဳးျဖစ္ေနရင္ လက္လြတ္လိုက္ပါ။

၁။ သူက သင့္ယံုၾကည္မႈကို ခ်ိဳးေဖာက္တယ္

အခ်စ္ေရးမွာ တစ္ေယာက္ကိုယ္တစ္ေယာက္ ယံုၾကည္မႈနဲ႔ တည္ေဆာက္ထားရတာပါ။ တစ္ဦးကိုယ္တစ္ဦး ယံုၾကည္မႈမရွိရင္ သင္တို႔ႏွစ္ေယာက္ ဘယ္လိုမွ ေရွ႕ဆက္သြားလို႔မျဖစ္ႏိုင္ပါဘူး။ သင့္ခ်စ္သူက သင့္အေပၚ သစၥာေဖာက္တယ္။ သင့္ယံုၾကည္မႈကို ခဏခဏ ခ်ိဳးေဖာက္ေနရင္ သင့္အေနနဲ႔ သူ႔ကို လမ္းခြဲဖို႔ ျပင္ဆင္သင့္ပါတယ္။

၂။ သင့္ခ်စ္သူအတြက္ သင့္ကိုသင္ ေျပာင္းလဲလိုက္ရတယ္

သင့္ခ်စ္သူနဲ႔ ခ်စ္သူျဖစ္ၿပီးတဲ့ေနာက္ သင့္ရဲ့ အမူအက်င့္ေတြ ေျပာင္းလဲလာတယ္။ အေကာင္းဖက္က ေျပာင္းတာမ်ိဳးမဟုတ္ပါဘူး။ သင့္ခ်စ္သူက သင့္ရဲ႕ လက္ရွိအေနအထားကို လက္မခံႏိုင္ဘူးဆိုရင္ သင့္အေနနဲ႔ သူ႔ကို ေရွ႕ဆက္လက္တြဲသင့္ မတြဲသင့္ စဥ္းစားသင့္ပါတယ္။

၃။ သင့္ခ်စ္သူက သင့္အေပၚ အရမ္းမွီခိုလြန္းတယ္

ခ်စ္သူႏွစ္ဦးဟာ တစ္ဦးေပၚတစ္ဦး မွီခိုရင္းေနတာဟာ ေကာင္းမြန္ပါတယ္။ ဒါေပမယ့္ သင့္ကို အရမ္းမွီခို္လြန္းတယ္။ သင့္ကို ၀န္ထုပ္၀န္ပိုးျဖစ္ေအာင္ကို သင့္ဆီက အကူအညီယူလြန္းတယ္ဆိုရင္ သင့္အေနနဲ႔ သူ႔ကို ျပန္ၿပီးစဥ္းစားသင့္ပါတယ္။

၄။ သင့္ခ်စ္သူက သင့္ကို စိတ္ဓာတ္က်ေစတယ္

သင့္ခ်စ္သူဟာ သင့္ကို အၿမဲတမ္းလိုလို စိတ္ဓာတ္က် အားငယ္ေစတယ္ဆိုရင္ သင့္အေနနဲ႔ သူ႔ကို တခါျပန္ၿပီး စဥ္းစားသင့္ပါတယ္။ သင့္ေအာင္ျမင္မႈကို သူဘယ္ေတာ့မွအသိအမွတ္မျပဳဘူး၊ အၿမဲလိုလို အားငယ္ေအာင္လုပ္တတ္တယ္ဆိုရင္ သင့္တို႔ႏွစ္ေယာက္ရဲ့ ဆက္ဆံေရးကို ျပန္ၿပီးသံုးသပ္ပါတယ္။

၅။ သူ႔ဘ၀အတြက္ ဦးစားေပးမဟုတ္ဘူး

သူ႔ဘ၀အတြက္ သင့္ကို ဦးစားေပးေနရာမွာမထားဘူး။ တျခားသူေတြအတြက္ အခ်ိန္ေပးတယ္။ သင္နဲ႔ ခ်ိန္းထားရင္ခဏခဏ ဖ်က္ပစ္ဖို႔ ၀န္မေလးတတ္ဘူး။ ဖုန္းကို လည္း ခဏေလးနဲ႔ ခ်ခ် ပစ္တတ္တယ္ဆိုရင္ သူ႔ဘ၀အတြက္ သင္ဟာ ဦးစားေပးတစ္ေယာက္မဟုတ္ဘူးဆိုတာ သိသာပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ တခါျပန္ၿပီး စဥ္းစားပါ။

၆။ ခ်စ္သူကို အားကုိးလို႔မရဘူး

ခ်စ္သူကို အလြန္အကၽြံအားကိုး တာေတာ့မေကာင္းေပမယ့္ သင့္ခ်စ္သူ သင္လိုအပ္ေနတဲ့အခ်ိန္မွာ တခါမွ အနားမွာရွိမေနဘူး။ အားကိုးလို႔ကိုမရဘူး။ သင္၀မ္းနည္းတဲ့အခ်ိန္မွာလည္း အနားမွာမရွိဘူးဆိုရင္ သင့္အေနနဲ႔ အခုလက္ရွိ အခ်စ္ေရးကို တခါျပန္ၿပီး သံုးသင့္ပါတယ္။

၇။ သင္ေျပာတဲ့စကားကို နားမေထာင္ဘူး

ခ်စ္သူႏွစ္ဦး ဆက္ဆံေရးမွာ တေယာက္ကိုယ္တေယာက္ ေျပာစရာစကားေတြ အမ်ားႀကီးပါ။ ဒါေပမယ့္ သင့္ခ်စ္သူက သင္စကားေျပာတဲ့အခါ နားမေထာင္ေပးဘူး။ ဖုန္းကိုပဲ ၾကည့္ေနတယ္။ သင့္ကိုေက်ာခိုင္းၿပီး စကားေျပာတတ္တယ္။ သင္ေျပာတာကို စိတ္မ၀င္စားဘူး။ အခုလိုမ်ိဳး အၿမဲတမ္းလုပ္ေနရင္ သူနဲ႔ ဆက္လက္တြဲသင့္ မသင့္ ေသခ်ာျပန္စဥ္းစားပါ။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နှစ်ဦးသား အတူတူ တည်ဆောက်ထားတဲ့ ဆက်ဆံရေးတစ်ခုကို အဆုံးသတ်ဖို့ဆိုတာ တကယ်တော့ လွယ်ကူတဲ့အရာမဟုတ်လှပါဘူး။ ဒါပေမယ့် ကိုယ့်ကို အမြဲ စိတ်သောကပေး နာကျင်နေစေတဲ့ အချစ်ရေးဆိုရင် ဆက်ပြီး ဖက်တွယ်ထားရမှာလား ဆိုတာ စဉ်းစားစရာပါပဲ။ ကိုယ့်ကိုကိုယ်ရော သူ့ကိုရော နာကျင်စေတဲ့ ဆက်ဆံရေးတစ်ခုကို ဖက်တွယ်ထားမယ့်အစား လက်လွတ်လိုက်တာကမှာ ပိုပြီး ပျော်ရွှင်မယ်လို့ ယုံကြည်ပါတယ်။ ကဲ သင့်ချစ်သူမှာ ဒီလို လက္ခဏာရပ်တွေကို မျှဝေပေးပါမယ်။ ဒီလိုလက္ခဏာမျိုးဖြစ်နေရင် လက်လွတ်လိုက်ပါ။

၁။ သူက သင့်ယုံကြည်မှုကို ချိုးဖောက်တယ်

အချစ်ရေးမှာ တစ်ယောက်ကိုယ်တစ်ယောက် ယုံကြည်မှုနဲ့ တည်ဆောက်ထားရတာပါ။ တစ်ဦးကိုယ်တစ်ဦး ယုံကြည်မှုမရှိရင် သင်တို့နှစ်ယောက် ဘယ်လိုမှ ရှေ့ဆက်သွားလို့မဖြစ်နိုင်ပါဘူး။ သင့်ချစ်သူက သင့်အပေါ် သစ္စာဖောက်တယ်။ သင့်ယုံကြည်မှုကို ခဏခဏ ချိုးဖောက်နေရင် သင့်အနေနဲ့ သူ့ကို လမ်းခွဲဖို့ ပြင်ဆင်သင့်ပါတယ်။

၂။ သင့်ချစ်သူအတွက် သင့်ကိုသင် ပြောင်းလဲလိုက်ရတယ်

သင့်ချစ်သူနဲ့ ချစ်သူဖြစ်ပြီးတဲ့နောက် သင့်ရဲ့ အမူအကျင့်တွေ ပြောင်းလဲလာတယ်။ အကောင်းဖက်က ပြောင်းတာမျိုးမဟုတ်ပါဘူး။ သင့်ချစ်သူက သင့်ရဲ့ လက်ရှိအနေအထားကို လက်မခံနိုင်ဘူးဆိုရင် သင့်အနေနဲ့ သူ့ကို ရှေ့ဆက်လက်တွဲသင့် မတွဲသင့် စဉ်းစားသင့်ပါတယ်။

၃။ သင့်ချစ်သူက သင့်အပေါ် အရမ်းမှီခိုလွန်းတယ်

ချစ်သူနှစ်ဦးဟာ တစ်ဦးပေါ်တစ်ဦး မှီခိုရင်းနေတာဟာ ကောင်းမွန်ပါတယ်။ ဒါပေမယ့် သင့်ကို အရမ်းမှီခိုလွန်းတယ်။ သင့်ကို ဝန်ထုပ်ဝန်ပိုးဖြစ်အောင်ကို သင့်ဆီက အကူအညီယူလွန်းတယ်ဆိုရင် သင့်အနေနဲ့ သူ့ကို ပြန်ပြီးစဉ်းစားသင့်ပါတယ်။

၄။ သင့်ချစ်သူက သင့်ကို စိတ်ဓာတ်ကျစေတယ်

သင့်ချစ်သူဟာ သင့်ကို အမြဲတမ်းလိုလို စိတ်ဓာတ်ကျ အားငယ်စေတယ်ဆိုရင် သင့်အနေနဲ့ သူ့ကို တခါပြန်ပြီး စဉ်းစားသင့်ပါတယ်။ သင့်အောင်မြင်မှုကို သူဘယ်တော့မှအသိအမှတ်မပြုဘူး၊ အမြဲလိုလို အားငယ်အောင်လုပ်တတ်တယ်ဆိုရင် သင့်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပြန်ပြီးသုံးသပ်ပါတယ်။

၅။ သူ့ဘဝအတွက် ဦးစားပေးမဟုတ်ဘူး

သူ့ဘဝအတွက် သင့်ကို ဦးစားပေးနေရာမှာမထားဘူး။ တခြားသူတွေအတွက် အချိန်ပေးတယ်။ သင်နဲ့ ချိန်းထားရင်ခဏခဏ ဖျက်ပစ်ဖို့ ဝန်မလေးတတ်ဘူး။ ဖုန်းကို လည်း ခဏလေးနဲ့ ချချ ပစ်တတ်တယ်ဆိုရင် သူ့ဘဝအတွက် သင်ဟာ ဦးစားပေးတစ်ယောက်မဟုတ်ဘူးဆိုတာ သိသာပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ တခါပြန်ပြီး စဉ်းစားပါ။

၆။ ချစ်သူကို အားကိုးလို့မရဘူး

ချစ်သူကို အလွန်အကျွံအားကိုး တာတော့မကောင်းပေမယ့် သင့်ချစ်သူ သင်လိုအပ်နေတဲ့အချိန်မှာ တခါမှ အနားမှာရှိမနေဘူး။ အားကိုးလို့ကိုမရဘူး။ သင်ဝမ်းနည်းတဲ့အချိန်မှာလည်း အနားမှာမရှိဘူးဆိုရင် သင့်အနေနဲ့ အခုလက်ရှိ အချစ်ရေးကို တခါပြန်ပြီး သုံးသင့်ပါတယ်။

၇။ သင်ပြောတဲ့စကားကို နားမထောင်ဘူး

ချစ်သူနှစ်ဦး ဆက်ဆံရေးမှာ တယောက်ကိုယ်တယောက် ပြောစရာစကားတွေ အများကြီးပါ။ ဒါပေမယ့် သင့်ချစ်သူက သင်စကားပြောတဲ့အခါ နားမထောင်ပေးဘူး။ ဖုန်းကိုပဲ ကြည့်နေတယ်။ သင့်ကိုကျောခိုင်းပြီး စကားပြောတတ်တယ်။ သင်ပြောတာကို စိတ်မဝင်စားဘူး။ အခုလိုမျိုး အမြဲတမ်းလုပ်နေရင် သူနဲ့ ဆက်လက်တွဲသင့် မသင့် သေချာပြန်စဉ်းစားပါ။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top