iMyanmarHouse.com - Best Property Website for Myanmar
×
၁။ နို့
၃။ အုန်းဆီ
၎။ သခွားသီးအရည်
၅။ ရေနွေးငွေ့
Credit : MyStyle
ပါတီပွဲများ၊ လက်ထပ်မင်္ဂလာပွဲများ၊ အခြားပွဲလမ်းသဘင်များသို့ သွားရောက်သည့်အခါ လှပနေစေဖို့အတွက် အချိန်အများကြီးပေး၍ မိတ်ကပ်များကိုလိမ်းခြယ်တတ်ကြသော်လည်းအိမ်ပြန်ရောက်သည့်အခါမှာတော့ ဖျက်ရန်မေ့သွားတတ်ကြပါတယ်။ အားအင်စိုက်ထုတ်စရာမလိုဘဲမျက်နှာကိုဆေးကြောသန့်စင်နိုင်သည့် အလှကုန်ပစ္စည်းများမရေမတွက်နိုင်အောင် များပြားလှသော်လည်းအကြမ်းမခံနိုင်သောအသားအရေများအတွက်တော့ မည်သည့်နည်းနှင့်မျှ ကိုက်ညီနိုင်လိမ့်မည်မဟုတ်ပေ။
သည့်အတွက် ထိုကဲ့သို့ ဓာတုပစ္စည်းများပေါင်းစပ်ပါဝင်သော အလှကုန်များကိုအသုံးပြုမည့်အစားနေအိမ်မီးဖိုချောင်ရှိ ဘေးထွက်ဆိုးကျိုးလုံးဝမဖြစ်ပေါ်နိုင်သည့် သဘာဝပါဝင်ပစ္စည်းများကို အသုံးပြုခြင်းကပိုမိုကောင်းမွန်သည့်နည်းလမ်းဖြစ်သောကြောင့် အသားအရေကိုထိန်းသိမ်းဂရုစိုက်နိုင်မည့် သဘာဝနည်းလမ်းကောင်းလေးများကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
၁။ နို့
ဖျက်ရခက်ခဲသည့် မိတ်ကပ်များကိုသန့်စင်လိုပါက နို့ သို့မဟုတ် သံလွင်ဆီအနည်းငယ်ကိုအသုံးပြုပြီးမျက်နှာတစ်ဝိုက်လုံးတွင် လိမ်းခြယ်၍ အဝတ်စို သို့မဟုတ် ဝါဂွမ်းလုံးဖြင့် သုတ်ပေးနိုင်ပါတယ်။ မျက်လုံးမိတ်ကပ်များကိုဖယ်ရှားလိုပါကလည်း နို့ထဲနှစ်ထားသည့် ဝါဂွမ်းလုံးဖြင့် မျက်လုံးကိုသုတ်၍သန့်စင်ပေးနိုင်ပါတယ်။
၂။ မုန့်ဖုတ်ဆိုဒါနှင့်ပျားရည်
ပျားရည်စစ်စစ်အနည်းငယ်ကိုသန့်ရှင်းသည့်အဝတ်ပေါ်သို့တင်၍ မုန့်ဖုတ်ဆိုဒါအနည်းငယ်မျှဖြူးကာမျက်နှာကိုသန့်စင်နိုင်ပါတယ်။ အတင်းလုပ်စရာမလိုဘဲညှင်သာစွာပွတ်သပ်ပေးပြီးနောက် မျက်နှာသစ်လို့ရပါပြီ။
၃။ အုန်းဆီ
အုန်းဆီသည် မိတ်ကပ်ဖျက်ရာတွင် သူမတူအောင် ကောင်းမွန်လှသောကြောင့် ပမာဏအနည်းငယ်ကိုလက်ထဲထည့်ပြီးမျက်နှာပေါ်ညှင်သာစွာပွတ်ပေးခြင်းသို့မဟုတ် အုန်းဆီနှစ်ဝါဂွမ်းလုံးများကိုအသုံးပြုခြင်းကိုရေမချိုးမီအချိန် ၁၀ မိနစ်ခန့်ထားရှိပေးနိုင်ပါတယ်။
၄။ သခွားသီးအရည်
သခွားသီးကိုကျိတ်စက်ထဲထည့်၍ ပျစ်နှစ်သွားသည့်အခါ သံလွင်ဆီအနည်းငယ်ထည့်ရောပြီးသည်နှင့် မျက်နှာသစ်ဆေးအဖြစ်အသုံးပြုနိုင်ပါပြီ။ ဆေးကြောသန့်စင်ပြီးသည့်နောက် နူးညံ့အိစက်သောအသားအရေကိုရရှိစေသောကြောင့် အလွန်သဘောကျမည့် နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
၅။ ရေနွေးငွေ့
ဘေစင် သို့မဟုတ် ပန်းကန်လုံးအကြီးထဲသို့ အငွေ့တထောင်းထောင်းထနေသောရေနွေးကိုထည့်ပြီးမိနစ်အနည်းငယ်ခန့် ထိုအငွေ့များအပေါ် မျက်နှာထားရှိပေးပါ။ ရေနွေးငွေ့ကိုအသုံးပြုခြင်းသည် ပိတ်ဆို့နေသောအသားအရေများကိုပွင့်ဟစေရုံသာမကအညစ်အကြေးများကိုလည်းသန့်စင်ပေးနိုင်ပါတယ်။
Credit : MyStyle
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top