iMyanmarHouse.com - Best Property Website for Myanmar
×

ေတာက္ပတဲ့အေရာင္အေသြးေတြနဲ႔ သစ္သီးနံ႔ေလးေတြေမႊးၾကိဳင္ေနတဲ့ စြျမက္ဖြယ္အေရာင္ေတြရဲ႕ ေနာက္ကြယ္က အဆိပ္ျဖစ္ေစႏိုင္ တဲ့အရာေတြက လက္သည္းေအာက္ေျခကေန တဆင့္   ေသြးေၾကာေတြထဲေရာက္ရွိသြားျပီး က်န္းမာေရးဆိုင္ရာထိခိုက္မႈေတြျဖစ္ေပၚခံစားရေစႏိုင္ပါတယ္။ ေလ့လာမႈအသစ္တစ္ရပ္အရသိရပါတယ္။ လက္သည္းနီေတြထဲမွာ endocrine disruptor တစ္ရပ္ျဖစ္ႏိုင္ေျခရွိတဲ့ triphenyl phosphate (TPHP) ဆိုတဲ့ ဓာတ္တစ္မ်ိဳးပါဝင္ေနတယ္၊လို႔ Environmental Working Group ကေဖာ္ထုတ္ေတြ႔ရွိခဲ့ပါတယ္။ လက္သည္းနီဆိုးျပီးတဲ့ေနာက္မွာ ၁၀ နာရီကေန ၁၄ နာရီအၾကာမွာ ေသြးထဲကို TPHP ေတြေရာက္ရွိသြားတယ္လို႔ ေလ့လာမႈအရ သိရပါတယ္။

TPHP နဲ႔ထိေတြ႕မႈက မ်ိဳးပြားအဂၤါနဲ႔ ဖြံ႔ျဖိဳးၾကီးထြားမႈအပိုင္းမွာ ျပႆနာရွိေစႏိုင္တယ္၊လို႔ ရွာေဖြေတြ႔ရွိခဲ့ပါတယ္။ TPHP ကို ပလပ္စတစ္နဲ႔ သားေရအိမ္ေထာင္ ပရိေဘာဂေတြျပဳလုပ္တဲ့   ေနရာမွာအသံုးျပဳေလ့ရွိပါတယ္။

လက္သည္းနီအမ်ားစုမွာ အဆိပ္သင့္ေစတယ္လို႔သိထားၾကတဲ့ ဓာတ္ပစၥည္း ၃ မ်ိဳးျဖစ္တဲ့ dibutyl phthalate (DBP)၊ toluene နဲ႔ formaldehyde  တို႔ပါဝင္ၾကပါတယ္။ TPHP လိုမ်ိဳးပဲ DBP ကိုလည္းပလပ္စတစ္ေတြထုတ္လုပ္ရာမွာ အသံုးျပဳၾကပါတယ္။ အဆိုပါဓာတု ပစၥည္း ႏွစ္မ်ိဳးက ေဟာမုန္းေတြကို ကေမာက္ကမျဖစ္ေစျပီး မ်ိဳးပြားမႈပိုင္းမွာ ထိခိုက္မႈေတြျဖစ္ေပၚေစႏိုင္တယ္၊လို႔   ေတြ႔ရွိခဲ့ပါတယ္။ ဥေရာပ သမဂၢကေတာ့ အဆိုပါဓာတုပစၥည္း ၂ မ်ိဳးကို အလွကုန္ေတြနဲ႔အရုပ္ေတြမွာ ထည့္သြင္းလုပ္ေဆာင္တာမ်ိဳးမလုပ္ဖို႔တားျမစ္ထားပါတယ္။ DBP နဲ႔ ခဏတာေလာက္ ထိေတြ႔မိတာက မအိမသာျဖစ္ေစႏိုင္သလို ေအာ့အန္တာေတြ၊ ေခါင္းကိုက္တာေတြ မ်က္စိကိုထိခိုက္တာမ်ိဳးေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ေရရွည္ထိေတြ႔မယ္ ဆိုရင္ေတာ့ ေက်ာက္ကပ္နဲ႔အသည္းကို ထိခိုက္ပ်က္စီးေစႏိုင္ပါတယ္။

Toluene ကေတာ့ လက္သည္းဆိုးေဆးကို အေရာင္ေတာက္ပေစဖို႔နဲ႔ ေခ်ာေမြ႔ေစဖို႔အတြက္ အသံုးျပဳတဲ့ဓာတုပစၥည္းတစ္မ်ိဳးျဖစ္ပါတယ္။ Toluene ကိုဆီိဆိုင္ေတြမွာလည္း ရႈရိႈက္မိႏိုင္ပါတယ္။ Toluene ကဓာတ္ဆီထဲမွာပါတဲ့ စြဲလန္းေစတတ္တဲ့ဓာတ္တစ္မ်ိဳးပါ။ Toluene ကအေရျပားမွာ အနီေရာင္အဖုအပိမ့္ေတြထြက္တာကိုျဖစ္ေစႏိုင္သလို ဗဟိုအာရံုေၾကာ စနစ္အေပၚမွာလည္း သက္ေရာက္မႈရွိတဲ့အျပင္ အားနည္းတာနဲ႔ စိတ္ရႈပ္ေထြးတာမ်ိဳးေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။ အခ်ိန္ကာလၾကာျမင့္စြာထိေတြ႔မယ္ဆိုရင္ေတာ့ မ်ိဳးပြားမႈပိုင္းဆိုင္ရာ ထိခိုက္မႈေတြ နဲ႔ ၾကီးထြားဖြံ႔ျဖိဳးမႈအပိုင္းေတြမွာပါ ထိခိုက္မႈေတြရွိလာတာကို ေတြ႔ရွိရမွာျဖစ္ပါတယ္။

လက္သည္းနီမွာပါတဲ့ အႏၱရာယ္ျဖစ္ေစႏိုင္တဲ့ ေနာက္ထပ္ဓာတုပစၥည္းတစ္မ်ိဳးက formaldehyde ပဲျဖစ္ပါတယ္။ formaldehyde ကို သတၱဝါအေသေကာင္ေတြကို မပုပ္ေအာင္ လုပ္ေဆာင္ရာမွာ အသံုးျပဳေလ့ရွိသလို ေကာက္ပဲသီးႏွံေတြ မပုပ္သိုးေအာင္လည္းအသံုးျပဳေလ့ရွိ ပါတယ္။ formaldehyde ကိုလက္သည္းနီအေရာင္စြဲေစဖို႔အတြက္ လက္သည္းနီထဲမွာ ထည့္သြင္းအသံုးျပဳၾကတာ   ျဖစ္ပါတယ္။ formaldehyde နဲ႔ အခ်ိန္ၾကာျမင့္စြာထိေတြ႔ေနမယ္ဆိုရင္ လည္ေခ်ာင္း နဲ႔ အဆုတ္ထဲမွာ မအီမသာျဖစ္တာမ်ိဳးေတြခံစားရႏိုင္ျပီး အေရျပားမွာ အနီကြက္ေတြထြက္တာ နဲ႔ ကင္ဆာျဖစ္တာမ်ိဳးေတြ အထိျဖစ္ေပၚခံစားရႏိုင္ပါတယ္။

အဆိုပါ အဆိပ္ျဖစ္ေစႏိုင္တဲ့ ဓာတုပစၥည္းေတြအျပင္ လက္သည္းနီေတြထဲမွာ ကားမႈတ္ေဆးေတြ၊ မီးပန္းေတြနဲ႔ ဒိုင္းနမိုက္ေတြထဲမွာ အသံုးျပဳတဲ့ nitrocellulose ဆိုတဲ့ ဓာတုပစၥည္းတစ္မ်ိဳး ပါဝင္ေနပါတယ္။  လက္သည္းဆိုးတဲ့အခ်ိန္မွာေရာ လက္သည္းနီဖ်က္တဲ့အခ်ိန္မွာ အသံုးျပဳတဲ့ပစၥည္းေတြမွာ မ်က္စိ နဲ႔ အဆုတ္ကို ထိခိုက္ေစႏိုင္တဲ့ ဓာတ္တုပစၥည္းေတြပါဝင္ေနပါတယ္။ အဆိုပါဓာတုပစၥည္းေတါက က်န္းမာေရးကိုထိခိုက္ေစႏိုင္သလို အသက္ရႈလမ္းေၾကာင္းစနစ္ ကိုထိခိုက္ေစႏိုင္သလို လက္သည္းေတြနဲပ အေရျပားကိုပါ ထိခိုက္ပ်က္စီးေစ ႏိုင္ပါတယ္။

ေလ့လာသိရွိရသေလာက္ အႏၱရာယ္ကင္းတယ္ဆိုတဲ့ လက္သည္းဆိုးေဆးဆိုတာက မရွိသေလာက္ပါပဲ။ လက္သည္းနီၾကိဳက္ႏွစ္သက္တဲ့ ပ်ိဳေမေတြအတြက္ ခႏၶာကိုယ္ကို ထိခိုက္မႈဗတြရွိလာေစႏိုင္မယ့္ လက္သည္းနီေတြမဆိုးဘဲလက္သည္းေလးေတြကို သန္႔ရွင္းလွပေအာင္ ဘယ္လိုလုပ္ေဆာင္ရမလဲဆိုတဲ့ နည္းလမ္းေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။
လက္သည္းေလးေတြ အေရာင္ေတာင္ပေအာင္ အိမ္တြင္းနည္းလမ္းေလးေတြသံုးျပီးလုပ္ေဆာင္မယ္

သံလြင္ဆီ

သံလြင္ဆီက က်န္းမာေရးအတြက္ အေထာက္အကူျပဳပါတယ္။ သံလြင္ဆီမွာပါဝင္တဲ့  linoleic အက္ဆစ္က အစိုဓာတ္ထိန္းေပး ပါတယ္။ လက္သည္းကိုေရဓာတ္မခမ္းေျခာက္ေအာင္လုပ္ေဆာင္ေပးျပီး လက္သည္းေလးေတြကို အေရာင္ေတာက္ပေနေစမွာျဖစ္ပါတယ္။

ေထာပတ္သီး

ေထာပတ္သီးမွာ လက္သည္းကို ေတာက္ပေစတဲ့ ပရိုတင္း၊ အာဟာရဓာတ္ေတြ နဲ႔အဆီေတြပါဝင္ပါတယ္။ ေထာပတ္သီးကို ေန႔စဥ္စားသံုးေပးမယ္ဆိုရင္ phytonutrients ေတြကိုရရွိေစႏိုင္သလို ခႏၶာကိုယ္အတြက္လိုအပ္တဲ့ သတၱဳဓာတ္ေတြ နဲ႔ အျခားအေရးပါတဲ့ ဗီတာမင္ဓာတ္ေတြကိုပါရရွိေစပါတယ္။ ေထာပတ္သီးဆီကို လက္သညး္ေပၚလိမ္းေပးမယ္ဆိုရင္ လက္သည္းေျခာက္ေသြ႔မႈ ကင္းေဝးေစမွာ ျဖစ္ပါတယ္။ ေထာပတ္သီးအဆီမွာ ဓာတ္တိုးဆန္႔က်င္အစြမ္းသတၱိေတြပါဝင္ေနသလို ဗီတာမင္ A၊ B၊ B1၊ B2၊ D နဲ႔ E၊ beta-carotene နဲ႔ ပိုတက္ဆီယမ္ေတြပါဝင္ေနျပီး အဆိုပါ ဓာတ္ေတြက လက္သည္းကိုက်န္းမာေစျပီး အေရာင္ေတာက္ပေစပါတယ္။

Baby Oil

ေရနဲ႔ထိေတြ႔မႈမ်ားတာက လက္သည္းေတြကို သန္မာေစဖို႔ လိုအပ္တဲ့လက္သည္းေတြေပၚမွာရွိတဲ့ keratin ေတြကို ပ်က္စီးေစႏိုင္ပါတယ္။Baby oil ကလက္သည္းေပၚက keratin ေတြကိုထိန္းသိမ္းေပးျပီး လက္သည္းကိုထိခိုက္ပ်က္စီးမႈမရွိေအာင္ ကာကြယ္ေပးပါတယ္။

အုန္းဆီ

အုန္းဆီက ဗီတာမင္ E၊ က်န္းမာေရးနဲ႔ညီညြတ္တဲ့ အဆီေတြ၊ lauric အက္ဆစ္နဲ႔ caprylic ၊ လက္သည္း၊ေျခသည္း၊ဆံပင္ နဲ႔အေရျပားအတြက္မရွိမျဖစ္လိုအပ္တဲ့ အဆီေတြပါဝင္ေနတဲ့ သဘာဝအဆီတစ္မ်ိဳးျဖစ္သလို ကူးစက္ပိုးေတြနဲ႔မိႈပိုးေတြကို တိုက္ဖ်က္ေပးႏိုင္စြမ္းလညး္ရွိ ပါတယ္။ လက္သည္းေတြကို ေပ်ာ့ေပ်ာင္းေစျပီး လက္ကို အစိုဓာတ္ထိန္းေပးတဲ့အျပင္ လက္စြယ္မပဲ့ေအာင္လည္းထိန္းသိမ္းေပးပါတယ္။

သံပုရာရည္

သံပုရာရည္က သဘာယအစြန္းခၽြတ္ေဆးတစ္မ်ိဳးပါ။ လက္သည္းေပၚက အစြန္းအထင္းေတြကို ဖယ္ရွားေပးျပီး လက္သည္းကိုေတာက္ပေနေစမွာျဖစ္ပါတယ္။

မုန္႔ဖုတ္ေဆာ္ဒါ

လက္ကိုပံုမွန္ေဆးတာက လက္သည္းေရာ လက္ကိုပါသန္႔ရွင္းေစႏိုင္ပါတယ္။ လက္သည္းေတါကို သန္႔စင္ေအာင္လုပ္လို႔ရတဲ့ နည္းလမ္း တစ္ရပ္က မုန္႔ဖုတ္ဆိုဒါကို ေရစြတ္ထားတဲ့ သြားပြတ္တံမွာတင္ျပီး လက္သည္းလးေတြကို တိုက္ေပးပါ။ လက္သည္းရွည္သူေတြအေနနျပလည္း လက္သည္းေအာင္ဘက္ျခမ္းေလးထဲကို တိုက္ေပးပါ။ လက္သည္းပိုျပီးအေရာင္ေတာင္ခ်င္တယ္ဆိုရင္ေတာ့ မုန္ပဖုတ္ေဆာ္ဒါထဲကို သံပုရာရည္ တစ္စက္ႏွစ္စက္ေလာက္ထည့္ျပီး လက္သည္းေတြကိုသန္႔ရွင္းေပးပါ။

အထက္ပါနည္းေလးေတြအတိုင္းလုပ္ေဆာင္ျပီး လက္သည္းနီမဆိုးဘဲ လွပေတာက္ေျပာင္တဲ့လက္သည္းေလးေတြကို ပိုင္ဆိုင္ႏိုင္ကပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္း ေပးလိုက္ပါတယ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တောက်ပတဲ့အရောင်အသွေးတွေနဲ့ သစ်သီးနံ့လေးတွေမွှေးကြိုင်နေတဲ့ စွမြက်ဖွယ်အရောင်တွေရဲ့ နောက်ကွယ်က အဆိပ်ဖြစ်စေနိုင် တဲ့အရာတွေက လက်သည်းအောက်ခြေကနေ တဆင့်   သွေးကြောတွေထဲရောက်ရှိသွားပြီး ကျန်းမာရေးဆိုင်ရာထိခိုက်မှုတွေဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ လေ့လာမှုအသစ်တစ်ရပ်အရသိရပါတယ်။ လက်သည်းနီတွေထဲမှာ endocrine disruptor တစ်ရပ်ဖြစ်နိုင်ခြေရှိတဲ့ triphenyl phosphate (TPHP) ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်နေတယ်၊လို့ Environmental Working Group ကဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ လက်သည်းနီဆိုးပြီးတဲ့နောက်မှာ ၁၀ နာရီကနေ ၁၄ နာရီအကြာမှာ သွေးထဲကို TPHP တွေရောက်ရှိသွားတယ်လို့ လေ့လာမှုအရ သိရပါတယ်။

TPHP နဲ့ထိတွေ့မှုက မျိုးပွားအင်္ဂါနဲ့ ဖွံ့ဖြိုးကြီးထွားမှုအပိုင်းမှာ ပြဿနာရှိစေနိုင်တယ်၊လို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ TPHP ကို ပလပ်စတစ်နဲ့ သားရေအိမ်ထောင် ပရိဘောဂတွေပြုလုပ်တဲ့   နေရာမှာအသုံးပြုလေ့ရှိပါတယ်။

လက်သည်းနီအများစုမှာ အဆိပ်သင့်စေတယ်လို့သိထားကြတဲ့ ဓာတ်ပစ္စည်း ၃ မျိုးဖြစ်တဲ့ dibutyl phthalate (DBP)၊ toluene နဲ့ formaldehyde  တို့ပါဝင်ကြပါတယ်။ TPHP လိုမျိုးပဲ DBP ကိုလည်းပလပ်စတစ်တွေထုတ်လုပ်ရာမှာ အသုံးပြုကြပါတယ်။ အဆိုပါဓာတု ပစ္စည်း နှစ်မျိုးက ဟောမုန်းတွေကို ကမောက်ကမဖြစ်စေပြီး မျိုးပွားမှုပိုင်းမှာ ထိခိုက်မှုတွေဖြစ်ပေါ်စေနိုင်တယ်၊လို့   တွေ့ရှိခဲ့ပါတယ်။ ဥရောပ သမဂ္ဂကတော့ အဆိုပါဓာတုပစ္စည်း ၂ မျိုးကို အလှကုန်တွေနဲ့အရုပ်တွေမှာ ထည့်သွင်းလုပ်ဆောင်တာမျိုးမလုပ်ဖို့တားမြစ်ထားပါတယ်။ DBP နဲ့ ခဏတာလောက် ထိတွေ့မိတာက မအိမသာဖြစ်စေနိုင်သလို အော့အန်တာတွေ၊ ခေါင်းကိုက်တာတွေ မျက်စိကိုထိခိုက်တာမျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ရေရှည်ထိတွေ့မယ် ဆိုရင်တော့ ကျောက်ကပ်နဲ့အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

Toluene ကတော့ လက်သည်းဆိုးဆေးကို အရောင်တောက်ပစေဖို့နဲ့ ချောမွေ့စေဖို့အတွက် အသုံးပြုတဲ့ဓာတုပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ Toluene ကိုဆီဆိုင်တွေမှာလည်း ရှုရှိုက်မိနိုင်ပါတယ်။ Toluene ကဓာတ်ဆီထဲမှာပါတဲ့ စွဲလန်းစေတတ်တဲ့ဓာတ်တစ်မျိုးပါ။ Toluene ကအရေပြားမှာ အနီရောင်အဖုအပိမ့်တွေထွက်တာကိုဖြစ်စေနိုင်သလို ဗဟိုအာရုံကြော စနစ်အပေါ်မှာလည်း သက်ရောက်မှုရှိတဲ့အပြင် အားနည်းတာနဲ့ စိတ်ရှုပ်ထွေးတာမျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အချိန်ကာလကြာမြင့်စွာထိတွေ့မယ်ဆိုရင်တော့ မျိုးပွားမှုပိုင်းဆိုင်ရာ ထိခိုက်မှုတွေ နဲ့ ကြီးထွားဖွံ့ဖြိုးမှုအပိုင်းတွေမှာပါ ထိခိုက်မှုတွေရှိလာတာကို တွေ့ရှိရမှာဖြစ်ပါတယ်။

လက်သည်းနီမှာပါတဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့ နောက်ထပ်ဓာတုပစ္စည်းတစ်မျိုးက formaldehyde ပဲဖြစ်ပါတယ်။ formaldehyde ကို သတ္တဝါအသေကောင်တွေကို မပုပ်အောင် လုပ်ဆောင်ရာမှာ အသုံးပြုလေ့ရှိသလို ကောက်ပဲသီးနှံတွေ မပုပ်သိုးအောင်လည်းအသုံးပြုလေ့ရှိ ပါတယ်။ formaldehyde ကိုလက်သည်းနီအရောင်စွဲစေဖို့အတွက် လက်သည်းနီထဲမှာ ထည့်သွင်းအသုံးပြုကြတာ   ဖြစ်ပါတယ်။ formaldehyde နဲ့ အချိန်ကြာမြင့်စွာထိတွေ့နေမယ်ဆိုရင် လည်ချောင်း နဲ့ အဆုတ်ထဲမှာ မအီမသာဖြစ်တာမျိုးတွေခံစားရနိုင်ပြီး အရေပြားမှာ အနီကွက်တွေထွက်တာ နဲ့ ကင်ဆာဖြစ်တာမျိုးတွေ အထိဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

အဆိုပါ အဆိပ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေအပြင် လက်သည်းနီတွေထဲမှာ ကားမှုတ်ဆေးတွေ၊ မီးပန်းတွေနဲ့ ဒိုင်းနမိုက်တွေထဲမှာ အသုံးပြုတဲ့ nitrocellulose ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုး ပါဝင်နေပါတယ်။  လက်သည်းဆိုးတဲ့အချိန်မှာရော လက်သည်းနီဖျက်တဲ့အချိန်မှာ အသုံးပြုတဲ့ပစ္စည်းတွေမှာ မျက်စိ နဲ့ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ ဓာတ်တုပစ္စည်းတွေပါဝင်နေပါတယ်။ အဆိုပါဓာတုပစ္စည်းတေါက ကျန်းမာရေးကိုထိခိုက်စေနိုင်သလို အသက်ရှုလမ်းကြောင်းစနစ် ကိုထိခိုက်စေနိုင်သလို လက်သည်းတွေနဲပ အရေပြားကိုပါ ထိခိုက်ပျက်စီးစေ နိုင်ပါတယ်။

လေ့လာသိရှိရသလောက် အန္တရာယ်ကင်းတယ်ဆိုတဲ့ လက်သည်းဆိုးဆေးဆိုတာက မရှိသလောက်ပါပဲ။ လက်သည်းနီကြိုက်နှစ်သက်တဲ့ ပျိုမေတွေအတွက် ခန္ဓာကိုယ်ကို ထိခိုက်မှုဗတွရှိလာစေနိုင်မယ့် လက်သည်းနီတွေမဆိုးဘဲလက်သည်းလေးတွေကို သန့်ရှင်းလှပအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
လက်သည်းလေးတွေ အရောင်တောင်ပအောင် အိမ်တွင်းနည်းလမ်းလေးတွေသုံးပြီးလုပ်ဆောင်မယ်

သံလွင်ဆီ

သံလွင်ဆီက ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ သံလွင်ဆီမှာပါဝင်တဲ့  linoleic အက်ဆစ်က အစိုဓာတ်ထိန်းပေး ပါတယ်။ လက်သည်းကိုရေဓာတ်မခမ်းခြောက်အောင်လုပ်ဆောင်ပေးပြီး လက်သည်းလေးတွေကို အရောင်တောက်ပနေစေမှာဖြစ်ပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ လက်သည်းကို တောက်ပစေတဲ့ ပရိုတင်း၊ အာဟာရဓာတ်တွေ နဲ့အဆီတွေပါဝင်ပါတယ်။ ထောပတ်သီးကို နေ့စဉ်စားသုံးပေးမယ်ဆိုရင် phytonutrients တွေကိုရရှိစေနိုင်သလို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သတ္တုဓာတ်တွေ နဲ့ အခြားအရေးပါတဲ့ ဗီတာမင်ဓာတ်တွေကိုပါရရှိစေပါတယ်။ ထောပတ်သီးဆီကို လက်သည်းပေါ်လိမ်းပေးမယ်ဆိုရင် လက်သည်းခြောက်သွေ့မှု ကင်းဝေးစေမှာ ဖြစ်ပါတယ်။ ထောပတ်သီးအဆီမှာ ဓာတ်တိုးဆန့်ကျင်အစွမ်းသတ္တိတွေပါဝင်နေသလို ဗီတာမင် A၊ B၊ B1၊ B2၊ D နဲ့ E၊ beta-carotene နဲ့ ပိုတက်ဆီယမ်တွေပါဝင်နေပြီး အဆိုပါ ဓာတ်တွေက လက်သည်းကိုကျန်းမာစေပြီး အရောင်တောက်ပစေပါတယ်။

Baby Oil

ရေနဲ့ထိတွေ့မှုများတာက လက်သည်းတွေကို သန်မာစေဖို့ လိုအပ်တဲ့လက်သည်းတွေပေါ်မှာရှိတဲ့ keratin တွေကို ပျက်စီးစေနိုင်ပါတယ်။Baby oil ကလက်သည်းပေါ်က keratin တွေကိုထိန်းသိမ်းပေးပြီး လက်သည်းကိုထိခိုက်ပျက်စီးမှုမရှိအောင် ကာကွယ်ပေးပါတယ်။

အုန်းဆီ

အုန်းဆီက ဗီတာမင် E၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေ၊ lauric အက်ဆစ်နဲ့ caprylic ၊ လက်သည်း၊ခြေသည်း၊ဆံပင် နဲ့အရေပြားအတွက်မရှိမဖြစ်လိုအပ်တဲ့ အဆီတွေပါဝင်နေတဲ့ သဘာဝအဆီတစ်မျိုးဖြစ်သလို ကူးစက်ပိုးတွေနဲ့မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်စွမ်းလည်းရှိ ပါတယ်။ လက်သည်းတွေကို ပျော့ပျောင်းစေပြီး လက်ကို အစိုဓာတ်ထိန်းပေးတဲ့အပြင် လက်စွယ်မပဲ့အောင်လည်းထိန်းသိမ်းပေးပါတယ်။

သံပုရာရည်

သံပုရာရည်က သဘာယအစွန်းချွတ်ဆေးတစ်မျိုးပါ။ လက်သည်းပေါ်က အစွန်းအထင်းတွေကို ဖယ်ရှားပေးပြီး လက်သည်းကိုတောက်ပနေစေမှာဖြစ်ပါတယ်။

မုန့်ဖုတ်ဆော်ဒါ

လက်ကိုပုံမှန်ဆေးတာက လက်သည်းရော လက်ကိုပါသန့်ရှင်းစေနိုင်ပါတယ်။ လက်သည်းတေါကို သန့်စင်အောင်လုပ်လို့ရတဲ့ နည်းလမ်း တစ်ရပ်က မုန့်ဖုတ်ဆိုဒါကို ရေစွတ်ထားတဲ့ သွားပွတ်တံမှာတင်ပြီး လက်သည်းလးတွေကို တိုက်ပေးပါ။ လက်သည်းရှည်သူတွေအနေနပြလည်း လက်သည်းအောင်ဘက်ခြမ်းလေးထဲကို တိုက်ပေးပါ။ လက်သည်းပိုပြီးအရောင်တောင်ချင်တယ်ဆိုရင်တော့ မုန်ပဖုတ်ဆော်ဒါထဲကို သံပုရာရည် တစ်စက်နှစ်စက်လောက်ထည့်ပြီး လက်သည်းတွေကိုသန့်ရှင်းပေးပါ။

အထက်ပါနည်းလေးတွေအတိုင်းလုပ်ဆောင်ပြီး လက်သည်းနီမဆိုးဘဲ လှပတောက်ပြောင်တဲ့လက်သည်းလေးတွေကို ပိုင်ဆိုင်နိုင်ကပါစေကြောင်း ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top