iMyanmarHouse.com - Best Property Website for Myanmar
×

"အခ်စ္ေရးမွာ ေစာေစာစီးစီး ေမးထားသင့္တဲ့ ေမးခြန္း (၆) ခု"

ခ်စ္ခင္စဆိုၿပီး အေပ်ာ္လြန္ေနလို႔လည္း မျဖစ္ျပန္ပါဘူး။

ခ်စ္စခင္စ အခ်ိန္ဆိုတာ ေပ်ာ္႐ႊင္မႈေတြနဲ႔သာ ျပည့္ႏွက္ေနတတ္တဲ့ အခ်ိန္ျဖစ္ပါတယ္။ သင့္အေနနဲ႔ တစ္စံုတစ္ေယာက္ကို ေ႐ႊလက္တြဲဖို႔ စဥ္းစားေနၿပီဆိုရင္ ဒီေမးခြန္းေတြကို ေစာေစာစီးစီး ေမးျမန္းထားသင့္ပါတယ္။

အထူးသျဖင့္ အမ်ိဳးသမီးေတြဘက္က ေစာေစာစီးစီး ေမးထားသင့္တဲ့ ေမးခြန္းမ်ိဳးေတြပါ။

၁။ မႀကိဳက္တာရွိလား

သင္တို႔ႏွစ္ဦးၾကားက ဆက္ဆံေရးထဲမွာ သူမႀကိဳက္တာ၊ အဆင္မေျပတာ၊ ေျပာင္းလဲခ်င္တာ ရွိလား ေမးသင့္ပါတယ္။ ဘာမွမရွိဘူးဆိုရင္ေတာ့ သူဟာ ေရွ႕ေရးကို ႀကိဳမေတြးပဲ ေပါ့ေပါ့တန္တန္ပဲ ေတြးထားသူလို႔ အၾကမ္းဖ်ဥ္း ယူဆႏုိင္ပါတယ္။

၂။ ဘယ္ေလာက္ ခ်မ္းသာလဲ

သူေဌးကုိမွ ႀကိဳက္ရမယ္ ဆိုလိုတာ မဟုတ္ပါဘူး။ သူ႔ရဲ႕ပုိင္ဆုိင္မႈကို ၾကည့္ၿပီး ဘာဆက္လုပ္ရမယ္ဆိုတာ စဥ္းစားလို႔ရေအာင္ သူ႔ကို ပြင့္ပြင့္လင္းလင္း ေမးရမွာပါ။ မခ်မ္းသာတာ ျပႆနာမဟုတ္ပါဘူး။ ရွိတာထက္ ပိုေျပာထားတာကမွ ျပႆနာပါ။

၃။ အျမင္မတူတာေတြကို ဘယ္လိုညႇိမလဲ

ဘယ္ေလာက္ပဲ ခ်စ္ၾကတယ္ဆိုဆို အရာရာမွာ အျမင္မတူတာေတာ့ ရွိၾကမွာပါပဲ။ ႏွစ္ဦးသား အျမင္မတူတာေတြ ျဖစ္လာတဲ့အခါ ဘယ္လိုညႇိႏိႈင္းတတ္သူဲဆိုတာ သင့္ဘက္က အကဲခပ္ထားဖို႔ လိုပါတယ္။ သူ႔ကိုလည္း ပြင့္ပြင့္လင္းလင္း ေမးထားဖို႔ လိုရပါတယ္။

၄။ ေငြသံုးၾကမ္းသလား/ ဘယ္လိုေလွ်ာ့မလဲ

သူဟာ ပိုက္ဆံရွာေကာင္းသူ ျဖစ္သလို ေငြသံုးၾကမ္းသူလည္း ျဖစ္ႏုိင္ပါတယ္။ ဘယ္လိုေလွ်ာ့မလဲဆိုတာ သူ႔ကို မျဖစ္မေန ေမးရမယ့္ေမးခြန္းပါ။ လုပ္ငန္းရွင္ႀကီး ျဖစ္ေနရင္ေတာင္မွ ေငြသံုးၾကမ္းသူ မျဖစ္သင့္ပါဘူး။

၅။ ဘာသာေရးကိစၥ

ဘာသာမတူမွ ဘာသာေရးကိစၥေတြ ေဆြးေႏြးရမွာ မဟုတ္ပါဘူး။ ဘာသာတူ ျဖစ္ေနရင္ေတာင္မွ ဘုရားသြား၊ ေက်ာင္းတတ္ ကိစၥေတြ အတူတူ လုပ္ႏိုင္ၾကမလားဆိုတာ ေဆြးေႏြးထားသင့္ပါတယ္။ သင္က ေမြးေန႔တုိင္း ဘုရားသြားတာ၊ တနဂၤေႏြေန႔တိုင္း ဘုရားေက်ာင္းတတ္တာေတြကို သူ လိုုက္ေပးႏုိင္မလား ေမးထားသင့္ပါတယ္။

၆။ ဘာေမွ်ာ္လင့္ထားသလဲ

ဒါအေရးႀကီးတဲ့ အခ်က္ျဖစ္ပါတယ္။ သင္တို႔ႏွစ္ဦး ထူေထာင္တဲ့ ဘဝဆီက သူ ဘာကို မေမွ်ာ္လင့္တာလဲဆုိတာ ေမးထားရမွာပါ။ သင္က အိမ္မႈကိစၥအခ်ိဳ႕ကို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပ်က္ကြက္တဲ့အခါ သူ ဘယ္လိုလုပ္မလဲ စသျဖင့္ ေမးထာသင့္ပါတယ္။ ႏွစ္ဦးသားမွာ ရွိၾကတဲ့ လူမႈဆက္ဆံေရး အေျခအေနကို နားလည္ႏုိင္မလား ဆိုတာမ်ိဳးလည္း ေမးသင့္ပါတယ္။

Source : Bold

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
"အချစ်ရေးမှာ စောစောစီးစီး မေးထားသင့်တဲ့ မေးခွန်း (၆) ခု"

ချစ်ခင်စဆိုပြီး အပျော်လွန်နေလို့လည်း မဖြစ်ပြန်ပါဘူး။

ချစ်စခင်စ အချိန်ဆိုတာ ပျော်ရွှင်မှုတွေနဲ့သာ ပြည့်နှက်နေတတ်တဲ့ အချိန်ဖြစ်ပါတယ်။ သင့်အနေနဲ့ တစ်စုံတစ်ယောက်ကို ရွှေလက်တွဲဖို့ စဉ်းစားနေပြီဆိုရင် ဒီမေးခွန်းတွေကို စောစောစီးစီး မေးမြန်းထားသင့်ပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေဘက်က စောစောစီးစီး မေးထားသင့်တဲ့ မေးခွန်းမျိုးတွေပါ။

၁။ မကြိုက်တာရှိလား

သင်တို့နှစ်ဦးကြားက ဆက်ဆံရေးထဲမှာ သူမကြိုက်တာ၊ အဆင်မပြေတာ၊ ပြောင်းလဲချင်တာ ရှိလား မေးသင့်ပါတယ်။ ဘာမှမရှိဘူးဆိုရင်တော့ သူဟာ ရှေ့ရေးကို ကြိုမတွေးပဲ ပေါ့ပေါ့တန်တန်ပဲ တွေးထားသူလို့ အကြမ်းဖျဉ်း ယူဆနိုင်ပါတယ်။

၂။ ဘယ်လောက် ချမ်းသာလဲ

သူဌေးကိုမှ ကြိုက်ရမယ် ဆိုလိုတာ မဟုတ်ပါဘူး။ သူ့ရဲ့ပိုင်ဆိုင်မှုကို ကြည့်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာ စဉ်းစားလို့ရအောင် သူ့ကို ပွင့်ပွင့်လင်းလင်း မေးရမှာပါ။ မချမ်းသာတာ ပြဿနာမဟုတ်ပါဘူး။ ရှိတာထက် ပိုပြောထားတာကမှ ပြဿနာပါ။

၃။ အမြင်မတူတာတွေကို ဘယ်လိုညှိမလဲ

ဘယ်လောက်ပဲ ချစ်ကြတယ်ဆိုဆို အရာရာမှာ အမြင်မတူတာတော့ ရှိကြမှာပါပဲ။ နှစ်ဦးသား အမြင်မတူတာတွေ ဖြစ်လာတဲ့အခါ ဘယ်လိုညှိနှိုင်းတတ်သူဲဆိုတာ သင့်ဘက်က အကဲခပ်ထားဖို့ လိုပါတယ်။ သူ့ကိုလည်း ပွင့်ပွင့်လင်းလင်း မေးထားဖို့ လိုရပါတယ်။

၄။ ငွေသုံးကြမ်းသလား/ ဘယ်လိုလျှော့မလဲ

သူဟာ ပိုက်ဆံရှာကောင်းသူ ဖြစ်သလို ငွေသုံးကြမ်းသူလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုလျှော့မလဲဆိုတာ သူ့ကို မဖြစ်မနေ မေးရမယ့်မေးခွန်းပါ။ လုပ်ငန်းရှင်ကြီး ဖြစ်နေရင်တောင်မှ ငွေသုံးကြမ်းသူ မဖြစ်သင့်ပါဘူး။

၅။ ဘာသာရေးကိစ္စ

ဘာသာမတူမှ ဘာသာရေးကိစ္စတွေ ဆွေးနွေးရမှာ မဟုတ်ပါဘူး။ ဘာသာတူ ဖြစ်နေရင်တောင်မှ ဘုရားသွား၊ ကျောင်းတတ် ကိစ္စတွေ အတူတူ လုပ်နိုင်ကြမလားဆိုတာ ဆွေးနွေးထားသင့်ပါတယ်။ သင်က မွေးနေ့တိုင်း ဘုရားသွားတာ၊ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတတ်တာတွေကို သူ လိုုက်ပေးနိုင်မလား မေးထားသင့်ပါတယ်။

၆။ ဘာမျှော်လင့်ထားသလဲ

ဒါအရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ သင်တို့နှစ်ဦး ထူထောင်တဲ့ ဘဝဆီက သူ ဘာကို မမျှော်လင့်တာလဲဆိုတာ မေးထားရမှာပါ။ သင်က အိမ်မှုကိစ္စအချို့ကို အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်တဲ့အခါ သူ ဘယ်လိုလုပ်မလဲ စသဖြင့် မေးထာသင့်ပါတယ်။ နှစ်ဦးသားမှာ ရှိကြတဲ့ လူမှုဆက်ဆံရေး အခြေအနေကို နားလည်နိုင်မလား ဆိုတာမျိုးလည်း မေးသင့်ပါတယ်။

Source : Bold

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top