iMyanmarHouse.com - Best Property Website for Myanmar
×

နာနတ္သီးကို ေစ်းခ်ိဳခ်ိဳနဲ႔ ရႏိုင္ၿပီး ေပါမ်ားတဲ့ ကာလေတြဟာ အလြန္ ေပ်ာ္စရာေကာင္းပါတယ္။ ဘာေၾကာင့္လဲဆိုရင္ အရသာ ရွိၿပီး ပံုစံမ်ိဳးစံုနဲ႔ လုပ္စားႏိုင္တဲ့ အသီးတစ္မ်ိဳး ျဖစ္လို႔ပါ။ ေဖ်ာ္ေသာက္မလား ၊ ဟင္းခ်က္စားမလား၊ ဒီအတိုင္း စားမလား အားလံုးဟာ အရသာ ရွိလွပါတယ္။

နာနတ္သီးကို ဘရာဇီးလ္နဲ႔ ပါရာေဂြးႏုိင္ငံေတြရွိတဲ့ ေတာင္အေမရိကတစ္၀ိုက္ကေန စတင္တာ ျဖစ္ပါတယ္။ နာနတ္ပင္ေတြကို ကိုလံဘတ္စ္ေတြ႔ရွိခဲ့ၿပီး ဥေရာပကို ယူေဆာင္လာတာ ျဖစ္ပါတယ္။ နာနာတ္သီးဟာ ခ်ိဳျမၿပီး ေမႊးပ်ံ႔တဲ့ အနံ႔ရွိတာေၾကာင့္ လူအေတာ္မ်ားမ်ား ႏွစ္သက္ေစတဲ့ အသီးျဖစ္လာခဲ့ပါတယ္။ သုေတသန ပညာရွင္ေတြရဲ႕ ေတြ႔ရွိခ်က္အရေတာ့ နာနတ္သီးမွာ အစာေၾကလြယ္တဲ့ အင္ဇိုင္းဓာတ္ တစ္မ်ိဳးနဲ႔ ဗီတာမင္စီ ၾကြယ္၀စြာ ပါ၀င္ပါတယ္။ ရာသီစာမို႔ ေပါေပါမ်ားမ်ား စားေနရတဲ့ နာနတ္သီးမွာ က်န္းမာေရး အက်ိဳးေက်းဇူးေတြ ရွိေၾကာင္းကို ဗဟုသုတ အျဖစ္ မွ်ေ၀ခ်င္ပါတယ္။

နာနတ္သီးကေန အဓိကေပးတဲ့ အက်ိဳးေက်းဇူးေတြကေတာ့ အမ်ားႀကီးပါ။ ဒီထဲကမွ ၇ခ်က္ကေတာ့
၁။ လက္သည္း၊ ေျခသည္းကို သန္မာေစၿပီး ဆံပင္ကြ်တ္ျခင္းကို ကာကြယ္ေပးႏုိင္ပါတယ္။ နာနတ္သီးရဲ႕ သတၱဳရည္ကို Lotion အေနနဲ႔ သံဳးလုိ႔ရပါတယ္။ လတ္ဆတ္တဲ့ နာနတ္သီးသတၱဳရည္ စားပြဲတင္ဇြန္း ၁ဇြန္း၊ ၾကက္ဥအကာ၊ သံပုရာရည္ ဇြန္းေသးတစ္ဇြန္း တို႔ကို ေရာေမႊၿပီး လက္သည္းေျခသည္းေတြကို လိမ္းေပးလို႔ ရပါတယ္။ ေန႔တိုင္းသံုးေပးမယ္ဆိုရင္ လက္သည္းေျခသည္း ပိုးေတြကို သက္သာေစၿပီး လက္သည္းေျခသည္းေတြကို လွပေစပါတယ္။ ဗီတာမင္စီ ပါ၀င္တာေၾကာင့္ ဆံပင္ကြ်တ္ျခင္းကို ကာကြယ္ေပးႏုိင္ၿပီး  ဆံပင္ကို မေလွ်ာ္ခင္ လိမ္းေပးထားျခင္းျဖင့္ ေဗာက္ကိုလည္း သက္သာေစႏုိင္ပါတယ္။

၂။ အသားအေရကို ေခ်ာေမႊ႔ေစၿပီး လွပႏုိင္ပါတယ္။

ဗီတာမင္ စီဟာ  ၀က္ၿခံနဲ႔ အမဲစက္ေတြကို သက္သာေစႏုိင္တဲ့ အတြက္ နာနတ္သီးဟာ အသားအေရ အတြက္ အလြန္ေကာင္းမြန္ေစတဲ့ အသီးပါ။ နာနတ္သီးသတၱဳရည္ကို မ်က္ႏွာေပၚ လိမ္းၿပီး ၁၀မိနစ္ေလာက္ ထားပါ။ မ်က္ႏွာ တင္းတင္းေလး ခံစားရၿပီး ေျခာက္သြားတဲ့ အခါ ေရနဲ႔ ေဆးခ်လုိက္ပါ။ ေသြးလည္ပတ္မႈ ေကာင္းေစၿပီး မေကာင္းတဲ့ ဆဲလ္အေသေတြကို ဖယ္ရွားေပးတဲ့ အတြက္ မ်က္ႏွာဟာ ၾကည္ၿပီးေတာ့ ေတာက္ပလာပါလိမ့္မယ္။ ခႏၶာကိုယ္ရွိ လက္ေမာင္း၊ ေျခေထာက္၊ ေျခသလံုး၊ ေနာက္ေက်ာဘက္ ႏွင့္ ဝမ္းဗိုက္သားေနရာတုိ႔ကို ေပါင္းတင္လိုပါက၊ နာနတ္သီးေဖ်ာ္ရည္ စားပြဲတင္ဇြန္း ၁-ဇြန္း (သို႔မဟုတ္) နာနတ္သီးမွည့္မွည့္တစ္စိတ္တို ့အျပင္ ႏြားႏို႔ ဖန္ခြက္တစ္ဝက္ခန္႔၊ ၾကက္ဥ တစ္လံုး၊ သံပရာရည္/နႏြင္းမႈန္႕/ဂ်ံဳမႈန္႕အနည္းငယ္တို႔ ေရာစပ္ေပးၿပီးမွ လိမ္းက်ံေပးရပါမည္္။ မိနစ္ ၂၀ ခန္ ့ၾကာေသာအခါတြင္ ေရေႏြး ေႏြးျဖင့္ ျပန္လည္ ေဆးေၾကာေပးျခင္းျဖင့္ အသားအရည္ႏူးညံ ့ေခ်ာေမြ ့လာပါလိမ့္မည္။

၃။ အေအးမိ ႏွာေစး ေခ်ာင္းဆိုးျခင္းကို သက္သာေစႏုိင္ပါတယ္။

ဗီတာမင္စီဟာ ကိုယ္ခႏၶာအတြင္းမွာ ရွိတဲ့ ကိုယ္ခံအားကို တိုးတက္ေစႏုိင္တဲ့ အတြက္ ရာသီဥတုေၾကာင့္ ျဖစ္ေစတဲ့ ဖ်ားနာျခင္းနဲ႔ ေခ်ာင္းဆိုးျခင္းတို႔ကို ကာကြယ္ဖို႔ နာနတ္သီး စားေပးသင့္ပါတယ္။ အေအးမိပါက နာနတ္သီးေဖ်ာ္ရည္ ၈ ေအာင္စကို ပ်ားရည္လက္ဖက္ရည္ဇြန္း ၂ ဇြန္းစာနဲ႔ ေရာေမႊလိုက္ၿပီး ေသာက္ေပးႏိုင္ပါတယ္။

၄။ အစာေခ်စနစ္ကို ေကာင္းမြန္ေစႏုိင္ပါတယ္။

ကယ္လဆီယမ္၊ ပိုတက္စီယမ္၊ အမွ်င္နဲ႔ ဗီတာမင္စီဓာတ္တို႔ ေပါၾကြယ္တဲ့ နာနတ္သီးကို အစားအစာ စားၿပီးခ်ိန္ေတြမွာ စားေပးရင္ အစာေခ်ဖ်က္အားကို ေကာင္းမြန္ေစၿပီး အူေတြရဲ႕ လုပ္ေဆာင္ခ်က္ကို ေခ်ာေမြ႔ေစႏုိင္ပါတယ္။

၅။ သြားနဲ႔ ခံတြင္းကို က်န္းမာေစႏုိင္ပါတယ္။

Antioxidant ဓာတ္ေပါင္းေတြဟာ ခံတြင္း က်န္းမာေရးကို ေကာင္းမြန္ေစၿပီး သြားဖံုးေရာဂါနဲ႔ သြားဖံုးေရာင္ရမ္းမႈ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

၆။ အျမင္အာရံုကို တိုးတက္ေစႏုိင္ပါတယ္။

နာနတ္သီးမွာ ပါ၀င္တဲ့ Beta-Carotene ဟာ အျမင္အာရံုကို ပိုမိုေကာင္းမြန္ေစဖို႔ အတြက္ ကူညီေပးပါတယ္။

၇။ အရိုးေတြကို သန္မာေစႏိုင္ပါတယ္.

နာနတ္သီးလက္ဖက္ရည္ တစ္ပန္းကန္စာ စားရင္ တစ္ေန႔တာ လိုအပ္ေနတဲ့ မဂၢနီးစ္ကို ရရွိႏုိင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အရိုးနဲ႔ တြယ္ဆက္တစ္သွ်ဳဴးေတြကို သန္မာလာေအာင္ အထူးစြမ္းေဆာင္ႏိုင္ပါတယ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နာနတ်သီးကို ဈေးချိုချိုနဲ့ ရနိုင်ပြီး ပေါများတဲ့ ကာလတွေဟာ အလွန် ပျော်စရာကောင်းပါတယ်။ ဘာကြောင့်လဲဆိုရင် အရသာ ရှိပြီး ပုံစံမျိုးစုံနဲ့ လုပ်စားနိုင်တဲ့ အသီးတစ်မျိုး ဖြစ်လို့ပါ။ ဖျော်သောက်မလား ၊ ဟင်းချက်စားမလား၊ ဒီအတိုင်း စားမလား အားလုံးဟာ အရသာ ရှိလှပါတယ်။

နာနတ်သီးကို ဘရာဇီးလ်နဲ့ ပါရာဂွေးနိုင်ငံတွေရှိတဲ့ တောင်အမေရိကတစ်ဝိုက်ကနေ စတင်တာ ဖြစ်ပါတယ်။ နာနတ်ပင်တွေကို ကိုလံဘတ်စ်တွေ့ရှိခဲ့ပြီး ဥရောပကို ယူဆောင်လာတာ ဖြစ်ပါတယ်။ နာနာတ်သီးဟာ ချိုမြပြီး မွှေးပျံ့တဲ့ အနံ့ရှိတာကြောင့် လူအတော်များများ နှစ်သက်စေတဲ့ အသီးဖြစ်လာခဲ့ပါတယ်။ သုတေသန ပညာရှင်တွေရဲ့ တွေ့ရှိချက်အရတော့ နာနတ်သီးမှာ အစာကြေလွယ်တဲ့ အင်ဇိုင်းဓာတ် တစ်မျိုးနဲ့ ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ရာသီစာမို့ ပေါပေါများများ စားနေရတဲ့ နာနတ်သီးမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိကြောင်းကို ဗဟုသုတ အဖြစ် မျှဝေချင်ပါတယ်။

နာနတ်သီးကနေ အဓိကပေးတဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါ။ ဒီထဲကမှ ၇ချက်ကတော့
၁။ လက်သည်း၊ ခြေသည်းကို သန်မာစေပြီး ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ နာနတ်သီးရဲ့ သတ္တုရည်ကို Lotion အနေနဲ့ သုံးလို့ရပါတယ်။ လတ်ဆတ်တဲ့ နာနတ်သီးသတ္တုရည် စားပွဲတင်ဇွန်း ၁ဇွန်း၊ ကြက်ဥအကာ၊ သံပုရာရည် ဇွန်းသေးတစ်ဇွန်း တို့ကို ရောမွှေပြီး လက်သည်းခြေသည်းတွေကို လိမ်းပေးလို့ ရပါတယ်။ နေ့တိုင်းသုံးပေးမယ်ဆိုရင် လက်သည်းခြေသည်း ပိုးတွေကို သက်သာစေပြီး လက်သည်းခြေသည်းတွေကို လှပစေပါတယ်။ ဗီတာမင်စီ ပါဝင်တာကြောင့် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး  ဆံပင်ကို မလျှော်ခင် လိမ်းပေးထားခြင်းဖြင့် ဗောက်ကိုလည်း သက်သာစေနိုင်ပါတယ်။

၂။ အသားအရေကို ချောမွှေ့စေပြီး လှပနိုင်ပါတယ်။

ဗီတာမင် စီဟာ  ဝက်ခြံနဲ့ အမဲစက်တွေကို သက်သာစေနိုင်တဲ့ အတွက် နာနတ်သီးဟာ အသားအရေ အတွက် အလွန်ကောင်းမွန်စေတဲ့ အသီးပါ။ နာနတ်သီးသတ္တုရည်ကို မျက်နှာပေါ် လိမ်းပြီး ၁၀မိနစ်လောက် ထားပါ။ မျက်နှာ တင်းတင်းလေး ခံစားရပြီး ခြောက်သွားတဲ့ အခါ ရေနဲ့ ဆေးချလိုက်ပါ။ သွေးလည်ပတ်မှု ကောင်းစေပြီး မကောင်းတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးတဲ့ အတွက် မျက်နှာဟာ ကြည်ပြီးတော့ တောက်ပလာပါလိမ့်မယ်။ ခန္ဓာကိုယ်ရှိ လက်မောင်း၊ ခြေထောက်၊ ခြေသလုံး၊ နောက်ကျောဘက် နှင့် ဝမ်းဗိုက်သားနေရာတို့ကို ပေါင်းတင်လိုပါက၊ နာနတ်သီးဖျော်ရည် စားပွဲတင်ဇွန်း ၁-ဇွန်း (သို့မဟုတ်) နာနတ်သီးမှည့်မှည့်တစ်စိတ်တို့အပြင် နွားနို့ ဖန်ခွက်တစ်ဝက်ခန့်၊ ကြက်ဥ တစ်လုံး၊ သံပရာရည်/နနွင်းမှုန့်/ဂျုံမှုန့်အနည်းငယ်တို့ ရောစပ်ပေးပြီးမှ လိမ်းကျံပေးရပါမည်။ မိနစ် ၂၀ ခန့်ကြာသောအခါတွင် ရေနွေး နွေးဖြင့် ပြန်လည် ဆေးကြောပေးခြင်းဖြင့် အသားအရည်နူးညံ့ချောမွေ့လာပါလိမ့်မည်။

၃။ အအေးမိ နှာစေး ချောင်းဆိုးခြင်းကို သက်သာစေနိုင်ပါတယ်။

ဗီတာမင်စီဟာ ကိုယ်ခန္ဓာအတွင်းမှာ ရှိတဲ့ ကိုယ်ခံအားကို တိုးတက်စေနိုင်တဲ့ အတွက် ရာသီဥတုကြောင့် ဖြစ်စေတဲ့ ဖျားနာခြင်းနဲ့ ချောင်းဆိုးခြင်းတို့ကို ကာကွယ်ဖို့ နာနတ်သီး စားပေးသင့်ပါတယ်။ အအေးမိပါက နာနတ်သီးဖျော်ရည် ၈ အောင်စကို ပျားရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာနဲ့ ရောမွှေလိုက်ပြီး သောက်ပေးနိုင်ပါတယ်။

၄။ အစာချေစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။

ကယ်လဆီယမ်၊ ပိုတက်စီယမ်၊ အမျှင်နဲ့ ဗီတာမင်စီဓာတ်တို့ ပေါကြွယ်တဲ့ နာနတ်သီးကို အစားအစာ စားပြီးချိန်တွေမှာ စားပေးရင် အစာချေဖျက်အားကို ကောင်းမွန်စေပြီး အူတွေရဲ့ လုပ်ဆောင်ချက်ကို ချောမွေ့စေနိုင်ပါတယ်။

၅။ သွားနဲ့ ခံတွင်းကို ကျန်းမာစေနိုင်ပါတယ်။

Antioxidant ဓာတ်ပေါင်းတွေဟာ ခံတွင်း ကျန်းမာရေးကို ကောင်းမွန်စေပြီး သွားဖုံးရောဂါနဲ့ သွားဖုံးရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၆။ အမြင်အာရုံကို တိုးတက်စေနိုင်ပါတယ်။

နာနတ်သီးမှာ ပါဝင်တဲ့ Beta-Carotene ဟာ အမြင်အာရုံကို ပိုမိုကောင်းမွန်စေဖို့ အတွက် ကူညီပေးပါတယ်။

၇။ အရိုးတွေကို သန်မာစေနိုင်ပါတယ်.

နာနတ်သီးလက်ဖက်ရည် တစ်ပန်းကန်စာ စားရင် တစ်နေ့တာ လိုအပ်နေတဲ့ မဂ္ဂနီးစ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အရိုးနဲ့ တွယ်ဆက်တစ်သျှုူးတွေကို သန်မာလာအောင် အထူးစွမ်းဆောင်နိုင်ပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top