iMyanmarHouse.com - Best Property Website for Myanmar
×

ေပါင္မုန္႔ညိဳေတြဟာ ပံုမွန္ေပါင္မုန္႔ျဖဴေတြထက္စာရင္ က်န္းမာေရးနဲ႔ပိုညီညြတ္တဲ့ အစားအစာေတြျဖစ္ပါတယ္။ ေပါင္မုန္႔ညိဳကို ဂ်ံဳမႈန္႔စစ္စစ္နဲ႔ ျပဳလုပ္ထားပါတယ္။ ဂ်ံဳဆန္ထဲမွာ ပါဝင္တဲ့ အာဟာရဓာတ္ေတြအားလံုး ေပါင္မုန္႔ညိဳထဲမွာ လံုလံုေလာက္ေလာက္ ပါဝင္ပါတယ္။

ေပါင္မုန္႔ညိဳတစ္ခ်ပ္မွာ ပ႐ိုတိန္း (၃.၉) ဂရမ္၊ ကာဘိုဟုိက္ဒရိတ္ (၂၃.၆) ဂရမ္၊ အမွ်င္ဓာတ္ (၂.၈) ဂရမ္၊ ကယ္လ္ဆီယမ္ (၁၅.၂) ဂရမ္၊ သံဓာတ္ (၁.၄) မီလီဂရမ္၊ မဂၢနီစီယမ္ (၃၇.၃) မီလီဂရမ္တို႔အျပင္ တျခားအာဟာရဓာတ္ေတြလည္း ၾကြယ္ဝစြာပါဝင္ပါတယ္။ ဒါေၾကာင့္ ဝမ္းခ်ဳပ္ေရာဂါ၊ ႏွလံုးေရာဂါ၊ ဆီးခ်ိဳေရာဂါတို႔ကိုလည္း ေပ်ာက္ကင္းသက္သာေစႏိုင္ပါတယ္။ ၿပီးေတာ့ ကယ္လိုရီနည္းပါးတဲ့အတြက္ ကိုယ္အေလးခ်ိန္ကိုလည္း က်ဆင္းေစႏိုင္ပါတယ္။ အမ်ိဳးသမီးေတြ ေပါင္မုန္႔ညိဳစားမယ္ဆိုရင္ သည္းေျခေက်ာက္တည္ျခင္းကုိ ေလ်ာ့နည္းေစႏုိင္ပါတယ္။

၂။ ပ်ားရည္နဲ႔ အုတ္ဂ်ံဳမႈန္႔ေပါင္မုန္႔

ပ်ားရည္နဲ႔ အုတ္ဂ်ံဳမႈန္႔ေပါင္မုန္႔ကေတာ့ ကာဘိုဟိုက္ဒရိတ္ ၾကြယ္ဝပါတယ္။ ပ်ားရည္နဲ႔ အုတ္ဂ်ံဳမႈန္႔ေပါင္မုန္႔မွာေတာ့ ကာဘိုဟိုက္ဒရိတ္ (၄၉) ဂရမ္၊ အမွ်င္ဓာတ္ (၅) ဂရမ္၊ ကယ္လိုရီ (၂၆၀) ပါဝင္ပါတယ္။ ပ်ားရည္ေရာ၊ အုတ္ဂ်ံဳမႈန္႔ေရာဟာ က်န္းမာေရးအက်ိဴး ေက်းဇူးေတြ ပါဝင္တဲ့အတြက္ ဒီႏွစ္ခုကိုေရာၿပီး ျပဳလုပ္ထားတဲ့ ေပါင္မုန္႔ေလးကေတာ့ အာဟာရနဲ႔ ဗိုက္တာမင္ေတြ အထူးၾကြယ္ဝတာကို အျငင္းပြားေနဖုိ႔ေတာင္ မလိုပါဘူး။

အေနာက္ႏိုင္ငံသားေတြကေတာ့ ဒီေပါင္မုန္႔ေလးကို ေျမေအာက္ရထားစီးရင္း စားတတ္ၾကပါတယ္။ အုတ္ဂ်ံဳမႈန္႔နဲ႔ ပ်ားရည္ေပါင္မုန္႔ကို ေပါင္မုန္႔အမ်ိဳးအစားေတြထဲမွာ အာဟာရအၾကြယ္ဝဆံုး ေပါင္မုန္႔လို႔ေတာင္ သတ္မွတ္ထားၾကပါတယ္။ အမ်ိဳးသမီးေတြ စားေပးမယ္ဆိုရင္ ရင္သားကင္ဆာမျဖစ္ေအာင္ ကာကြယ္ႏိုင္ပါတယ္။

၃။ ႐ိုင္းဂ်ံဳေပါင္မုန္႔

႐ိုင္းဂ်ံဳေပါင္မုန္႔ကေတာ့ ႐ိုင္းဂ်ံဳမႈန္႔နဲ႔ ႐ိုး႐ိုးဂ်ံဳမႈန္႔ကိုေရာၿပီး ျပဳလုပ္ထားတာျဖစ္ပါတယ္။ အစကေတာ့ ဥေရာပတိုက္မွာသာ ႐႐ွိႏိုင္ၿပီး အခုေနာက္ပိုင္းမွာေတာ့ ကမၻာ့ေနရာအႏွံ႕အျပားမွာ ရ႐ွိႏိုင္ပါၿပီ။ ႐ိုင္းဂ်ံဳေပါင္မုန္႔ဟာ ပံုသ႑ာန္အမ်ိဳးမ်ိဳး၊ အ႐ြယ္အစား အမ်ိဳးမ်ိဳးနဲ႔ လာတတ္ပါတယ္။ ႐ိုင္းဂ်ံဳေပါင္မုန္႔ကေတာ့ အမွ်င္ဓာတ္အထူးၾကြယ္ဝၿပီး အဆီဓာတ္ မဆိုစေလာက္ပဲ ပါဝင္ပါတယ္။ ဒါေၾကာင့္ ကိုလက္စ္ထေရာကို ထိန္းခ်ဳပ္ႏိုင္ၿပီး ဝိတ္က်ေစႏိုင္ပါတယ္။ ဒါ့အျပင္ ကိုယ္အေလးခ်ိန္နဲ႔ ဆက္စပ္တဲ့ ေရာဂါေတြျဖစ္တဲ့ ႏွလံုးေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ ေလျဖတ္ေလငန္းေရာဂါတို႔ကိုလည္း ကာကြယ္ႏိုင္ပါတယ္။

၄။ သစ္သီးေပါင္မုန္႔

သစ္သီးေပါင္မုန္႔ကေတာ့ လိေမၼာ္သီးခြံ၊ စပ်စ္သီးေျခာက္၊ တရုတ္ဆီးသီးေျခာက္ စတဲ့ သစ္သီးေျခာက္ေတြကို သၾကားနဲ႔ေရာၿပီး ႐ိုး႐ိုးေပါင္မုန္႔ထဲမွာ ေပါင္းစပ္ျပဳလုပ္ထားတာပါ။ သစ္သီးေပါင္မုန္႔ရဲ႕ အရသာကို ပုိမိုေကာင္းမြန္ေစဖို႔အတြက္ ၾကက္ဥ၊ သစ္ၾကံပိုးေခါက္မႈန္႔ စတာေတြပါ ေရာယွက္ျပဳလုပ္ေပးထားပါတယ္။

သစ္သီးေပါင္မုန္႔ကေတာ့ ပ႐ိုတိန္းနဲ႔ အမွ်င္ၾကြယ္ဝၿပီး ေသြးလည္ပတ္မႈနဲ႔ ေသြးတြင္း ဟီ႐ိုဂလိုဘင္ ထုတ္လုပ္မႈကို ပိုမိုေကာင္းမြန္ေစပါတယ္။ ဒါေၾကာ့္ ေသြးတိုးသမားေတြ၊ အရိုးေပ်ာ့ေရာဂါသည္ေတြ စားသံုးေပးဖို႔ အထူးသင့္ေတာ္ပါတယ္။

Source: Stylecraze

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပေါင်မုန့်ညိုတွေဟာ ပုံမှန်ပေါင်မုန့်ဖြူတွေထက်စာရင် ကျန်းမာရေးနဲ့ပိုညီညွတ်တဲ့ အစားအစာတွေဖြစ်ပါတယ်။ ပေါင်မုန့်ညိုကို ဂျုံမှုန့်စစ်စစ်နဲ့ ပြုလုပ်ထားပါတယ်။ ဂျုံဆန်ထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေအားလုံး ပေါင်မုန့်ညိုထဲမှာ လုံလုံလောက်လောက် ပါဝင်ပါတယ်။

ပေါင်မုန့်ညိုတစ်ချပ်မှာ ပရိုတိန်း (၃.၉) ဂရမ်၊ ကာဘိုဟိုက်ဒရိတ် (၂၃.၆) ဂရမ်၊ အမျှင်ဓာတ် (၂.၈) ဂရမ်၊ ကယ်လ်ဆီယမ် (၁၅.၂) ဂရမ်၊ သံဓာတ် (၁.၄) မီလီဂရမ်၊ မဂ္ဂနီစီယမ် (၃၇.၃) မီလီဂရမ်တို့အပြင် တခြားအာဟာရဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်ရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါတို့ကိုလည်း ပျောက်ကင်းသက်သာစေနိုင်ပါတယ်။ ပြီးတော့ ကယ်လိုရီနည်းပါးတဲ့အတွက် ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေနိုင်ပါတယ်။ အမျိုးသမီးတွေ ပေါင်မုန့်ညိုစားမယ်ဆိုရင် သည်းခြေကျောက်တည်ခြင်းကို လျော့နည်းစေနိုင်ပါတယ်။

၂။ ပျားရည်နဲ့ အုတ်ဂျုံမှုန့်ပေါင်မုန့်

ပျားရည်နဲ့ အုတ်ဂျုံမှုန့်ပေါင်မုန့်ကတော့ ကာဘိုဟိုက်ဒရိတ် ကြွယ်ဝပါတယ်။ ပျားရည်နဲ့ အုတ်ဂျုံမှုန့်ပေါင်မုန့်မှာတော့ ကာဘိုဟိုက်ဒရိတ် (၄၉) ဂရမ်၊ အမျှင်ဓာတ် (၅) ဂရမ်၊ ကယ်လိုရီ (၂၆၀) ပါဝင်ပါတယ်။ ပျားရည်ရော၊ အုတ်ဂျုံမှုန့်ရောဟာ ကျန်းမာရေးအကျိူး ကျေးဇူးတွေ ပါဝင်တဲ့အတွက် ဒီနှစ်ခုကိုရောပြီး ပြုလုပ်ထားတဲ့ ပေါင်မုန့်လေးကတော့ အာဟာရနဲ့ ဗိုက်တာမင်တွေ အထူးကြွယ်ဝတာကို အငြင်းပွားနေဖို့တောင် မလိုပါဘူး။

အနောက်နိုင်ငံသားတွေကတော့ ဒီပေါင်မုန့်လေးကို မြေအောက်ရထားစီးရင်း စားတတ်ကြပါတယ်။ အုတ်ဂျုံမှုန့်နဲ့ ပျားရည်ပေါင်မုန့်ကို ပေါင်မုန့်အမျိုးအစားတွေထဲမှာ အာဟာရအကြွယ်ဝဆုံး ပေါင်မုန့်လို့တောင် သတ်မှတ်ထားကြပါတယ်။ အမျိုးသမီးတွေ စားပေးမယ်ဆိုရင် ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

၃။ ရိုင်းဂျုံပေါင်မုန့်

ရိုင်းဂျုံပေါင်မုန့်ကတော့ ရိုင်းဂျုံမှုန့်နဲ့ ရိုးရိုးဂျုံမှုန့်ကိုရောပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။ အစကတော့ ဥရောပတိုက်မှာသာ ရရှိနိုင်ပြီး အခုနောက်ပိုင်းမှာတော့ ကမ္ဘာ့နေရာအနှံ့အပြားမှာ ရရှိနိုင်ပါပြီ။ ရိုင်းဂျုံပေါင်မုန့်ဟာ ပုံသဏ္ဍာန်အမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုးနဲ့ လာတတ်ပါတယ်။ ရိုင်းဂျုံပေါင်မုန့်ကတော့ အမျှင်ဓာတ်အထူးကြွယ်ဝပြီး အဆီဓာတ် မဆိုစလောက်ပဲ ပါဝင်ပါတယ်။ ဒါကြောင့် ကိုလက်စ်ထရောကို ထိန်းချုပ်နိုင်ပြီး ဝိတ်ကျစေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်နဲ့ ဆက်စပ်တဲ့ ရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်လေငန်းရောဂါတို့ကိုလည်း ကာကွယ်နိုင်ပါတယ်။

၄။ သစ်သီးပေါင်မုန့်

သစ်သီးပေါင်မုန့်ကတော့ လိမ္မော်သီးခွံ၊ စပျစ်သီးခြောက်၊ တရုတ်ဆီးသီးခြောက် စတဲ့ သစ်သီးခြောက်တွေကို သကြားနဲ့ရောပြီး ရိုးရိုးပေါင်မုန့်ထဲမှာ ပေါင်းစပ်ပြုလုပ်ထားတာပါ။ သစ်သီးပေါင်မုန့်ရဲ့ အရသာကို ပိုမိုကောင်းမွန်စေဖို့အတွက် ကြက်ဥ၊ သစ်ကြံပိုးခေါက်မှုန့် စတာတွေပါ ရောယှက်ပြုလုပ်ပေးထားပါတယ်။

သစ်သီးပေါင်မုန့်ကတော့ ပရိုတိန်းနဲ့ အမျှင်ကြွယ်ဝပြီး သွေးလည်ပတ်မှုနဲ့ သွေးတွင်း ဟီရိုဂလိုဘင် ထုတ်လုပ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါကြော့် သွေးတိုးသမားတွေ၊ အရိုးပျော့ရောဂါသည်တွေ စားသုံးပေးဖို့ အထူးသင့်တော်ပါတယ်။

Source: Stylecraze

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top