iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ဳိးသား အမ်ားစုက အစာကို စနစ္တက် ေရြးခ်ယ္ၿပီး စားေလ့ မရွိၾကပါဘူး။  ဒါ့အျပင္ က်န္းမာေရးကိုလည္း ဂ႐ုမစိုက္ဘဲ လ်စ္လ်ဴ႐ႈထားေလ့ ရွိၾကပါတယ္။ ဒီအခ်က္ဟာ အမ်ဳိးသားေတြရဲ႕ သက္ရွည္ က်န္းမာေရးကို အဟန္႔အတား ျဖစ္ေစတဲ့ အခ်က္တစ္ခု ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ဇနီးမယားေတြကပဲ သင့္အမ်ဳိးသား အတြက္ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့အစာေတြ ပါဝင္ေအာင္ ျပင္ဆင္ေပးသင့္ပါတယ္။

(၁) ဂ်ဳံမႈန္႔အၾကမ္း

အမ်ဳိးသားေတြအတြက္ အေကာင္းဆံုးနံနက္စာမွာ ဂ်ဳံမႈန္႔အၾကမ္း ပါဝင္သင့္ပါတယ္။ ဒါမွသာ ႏွလံုးေရာဂါ ျဖစ္ႏႈန္း ေလ်ာ့က်မႈ ရွိမွာပါ။ ခ်က္ၿပီးသား ဂ်ဳံမႈန္႔အၾကမ္း တစ္ခြက္မွာ ေပ်ာ္ဝင္တဲ့ အမွ်င္ဓာတ္ သံုးဂရမ္ ပါဝင္တာေၾကာင့္ ၾကာၾကာ ဗိုက္ျပည့္ေစၿပီး ေသြးတြင္း သၾကားဓာတ္ တည္ၿငိမ္ကာ ေသြးတြင္းကို လက္စထေရာအဆင့္ ေလ်ာ့က်မႈ ရွိေစပါတယ္။ ဂ်ဳံမႈန္႔အၾကမ္းမွာ ကိုယ္ခံစြမ္းအား ေကာင္းေစတဲ့ သြပ္ဓာတ္၊ စိတ္ဖိစီးမႈ တြန္းလွန္ေပးတဲ့ ဗီတာမင္ဘီနဲ႔ အင္တီေအာက္ဆီးဒင့္ အစြမ္းရွိတဲ့ တျခား ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ ပါဝင္ပါတယ္။

(၂) ငွက္ေပ်ာသီး

ငွက္ေပ်ာသီးမွာ ပိုတက္စီယမ္ အမ်ားအျပား ပါဝင္တဲ့အတြက္ အမ်ဳိးသားေတြရဲ႕ ေသြးဖိအားကို ထိန္းညႇိေပးႏိုင္သလို ႂကြက္တက္တာမ်ဳိး မျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။ ငွက္ေပ်ာသီးမွာ ေရာင္ရမ္းမႈ ေလ်ာ့က်ေစတဲ့ အစြမ္းရွိတာေၾကာင့္ အဆစ္နဲ႔ ႂကြက္သားေတြကို တစ္ေန႔လံုး နာက်င္ကိုက္ခဲမႈ ကင္းေဝးေစပါတယ္။ အမွ်င္ဓာတ္ပါဝင္မႈ ျမင့္မားတာေၾကာင့္ ငွက္ေပ်ာသီးကို စားေပးရင္ကို လက္စထေရာ ေလ်ာ့က်ေစၿပီး အူမႀကီးကင္ဆာ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ မဂၢနီဆီယမ္ ပါဝင္တာေၾကာင့္ ေလျဖတ္တဲ့ အႏၲရာယ္ကိုလည္း ေလ်ာ့က်ေစပါတယ္။

(၃) ခရမ္းခ်ဥ္သီး

ခရမ္းခ်ဥ္သီးမွာ လိုင္ကိုပင္း ပါဝင္ၿပီး ဆီးက်ိတ္က်န္းမာေရး ေကာင္းမြန္ေစတဲ့အတြက္ အမ်ဳိးသားေတြအတြက္ စံျပ အစာပါ။ အစြမ္းထက္ ကာ႐ိုတီးႏြိဳက္ ျဖစ္တာေၾကာင့္ ခရမ္းခ်ဥ္သီးကို အနီေရာင္ ျဖစ္ေစတဲ့အျပင္ ဆီးက်ိတ္ကင္ဆာ ျဖစ္ႏႈန္းကိုပါ ေလ်ာ့က်ေစပါတယ္။ ခရမ္းခ်ဥ္သီးကို မစားခင္ အရင္ခ်က္ပါ။ အပူေပးလိုက္တဲ့အခါ လိုင္ကိုပင္းကို စုပ္ယူအား ပိုေကာင္းေစလို႔ပါ။

(၄) ဘလူးဘယ္ရီသီး

ဘလူးဘယ္ရီသီး တစ္ေအာင္စမွာ ဗီတာမင္၊ သတၱဳဓာတ္နဲ႔ အမွ်င္ဓာတ္ မ်ားမ်ား ပါဝင္ပါတယ္။ ဘလူးဘယ္ရီသီးကို အျပာေရာင္ ျဖစ္ေစတဲ့ အစြမ္းထက္ အင္တီေအာက္ဆီးဒင့္ဟာ အန္သိုဆိုင္ယာနင္ ခႏၶာကိုယ္ထဲက အစြမ္းထက္ ဖရီးရယ္ဒီကယ္ေတြကို တြန္းလွန္ေပးႏိုင္ပါတယ္။

(၅) သံလြင္ဆီ

တစ္ေန႔ သံလြင္ဆီ ထမင္းစားဇြန္း ႏွစ္ဇြန္းစား႐ံုနဲ႔ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစၿပီး စိတ္ခံစားမႈ ေကာင္းမြန္ေစကာ ေရာဂါေဝဒနာကို တြန္းလွန္ေပးႏိုင္ပါတယ္။ သံလြင္ဆီမွာ မျပည့္ဝဆီအျပင္ ဗီတာမင္အီးနဲ႔ ကာ႐ိုတီးႏြိဳက္ေတြလို အစြမ္းထက္ အင္တီေအာက္ဆီးဒင့္ေတြလည္း ပါဝင္တာေၾကာင့္ ေသြးတိုး က်ေစၿပီး ကင္ဆာေရာဂါ ႀကီးထြားႏႈန္းကို ခ်ဳိးႏွိမ္ေပးကာ ပန္းနာရင္က်ပ္ ေရာဂါနဲ႔ အဆစ္ေရာင္နာ ျဖစ္ႏႈန္းကို ေလ်ာ့က်ေစပါတယ္။ သံလြင္ဆီမွာ ေရာင္ရမ္းမႈက်ေစတဲ့ အာနိသင္ရွိၿပီး နာက်င္ကိုက္ခဲမႈနဲ႔ ေရာင္ရမ္းမႈကို ေလ်ာ့က်ေစပါတယ္။

(၆) သစ္ၾကားသီး

သစ္ၾကားသီးမွာပါတဲ့ ပ႐ိုတင္းဓာတ္၊ အမွ်င္ဓာတ္၊ ဆီလီနီယမ္၊ မဂၢနီဆီယမ္နဲ႔ ဗီတာမင္အီးတို႔ဟာ ဆီးက်ိတ္ကို အကာအကြယ္ ေပးႏိုင္ပါတယ္။ သစ္ၾကားသီးကို ပံုမွန္စားသူေတြဟာ ေသြးတြင္းစုစုေပါင္း ကုိလက္စထေရာအဆင့္ ၅ ဒသမ ၄ ရာခိုင္ႏႈန္း၊ မေကာင္းတဲ့ ကိုလက္စေရာ ၉ ဒသမ ၈ ရာခိုင္ႏႈန္း ေလ်ာ့က်မႈ ရွိေၾကာင္း အေမရိကန္ အာဟာရ ဂ်ာနယ္ရဲ႕ ေလ့လာမႈအရ သိရပါတယ္။

(၇) ပန္းေဂၚဖီစိမ္း

ပန္းေဂၚဖီစိမ္းမွာ ကိုယ္ခံစြမ္းအား ေကာင္းေစတဲ့ ဗီတာမင္ေအ၊ စီနဲ႔ အီးတို႔အျပင္ မဂၢနီဆီယမ္နဲ႔ ပိုတက္စီယမ္စတဲ့ သတၱဳဓာတ္ေတြလည္း ပါဝင္တာေၾကာင့္ ေသြးဖိအားကို ထိန္းႏိုင္တဲ့အျပင္ ႏွလံုးေရာဂါနဲ႔ ကင္ဆာျဖစ္ႏႈန္းကို ေလ်ာ့က် ေစပါတယ္။

(၈) အဆီမ်ားေသာငါး

အဆီမ်ားတဲ့ ငါးမွာ အိုမီဂါ ၃ ဖက္တီးအက္စစ္ ပါဝင္တာေၾကာင့္ ႏွလံုးေရာဂါ ျဖစ္ႏႈန္းကို ေလ်ာ့က်ေစပါတယ္။ ထရစ္ပတိုဖန္ အာဟာရဓာတ္လည္း ပါဝင္တဲ့အတြက္ တစ္ေန႔လံုး စိတ္တည္ၿငိမ္ လန္းဆန္းေစၿပီး အိပ္ေရးဝဝ အိပ္ေပ်ာ္ေစပါတယ္။

(၉) ပဲမည္း

ဆိုဒီယမ္၊ အဆီနဲ႔ ကိုလက္စထေရာ ပါဝင္မႈ နည္းၿပီး အမွ်င္ဓာတ္မ်ားတဲ့ ပဲမည္းကို စားတာေၾကာင့္ တစ္ေန႔လံုး စြမ္းအင္ ျပည့္ဝေစပါတယ္။ ပဲက အေရာင္ပိုရင့္ ေလေလ၊ အင္တီေအာက္ဆီးဒင့္ ပမာဏ ပိုမ်ားေလေလ ျဖစ္ပါတယ္။ အင္တီေအာက္ဆီးဒင့္ ပါဝင္မႈမ်ားတဲ့ အစာေတြကို စားတာေၾကာင့္ ကင္ဆာနဲ႔ ႏွလံုးေရာဂါ ျဖစ္ႏႈန္းကို ေလ်ာ့က်ေစပါတယ္။

(၁၀) လက္ဖက္စိမ္း လက္ဖက္ရည္

လက္ဖက္စိမ္း လက္ဖက္ရည္ ေသာက္တာေၾကာင့္ ကက္တီခ်င္လို အင္တီေအာက္ဆီးဒင့္ ရရွိေစၿပီး ကင္ဆာဆဲလ္ေတြကို ဟန္႔တားေပးႏိုင္ကာ ကိုယ္ခံစြမ္း အားေကာင္းေစတဲ့ အင္ဇိုင္းထုတ္လုပ္မႈကို အားေပးပါတယ္။

Credit : ေကအမ္
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမျိုးသား အများစုက အစာကို စနစ်တကျ ရွေးချယ်ပြီး စားလေ့ မရှိကြပါဘူး။  ဒါ့အပြင် ကျန်းမာရေးကိုလည်း ဂရုမစိုက်ဘဲ လျစ်လျူရှုထားလေ့ ရှိကြပါတယ်။ ဒီအချက်ဟာ အမျိုးသားတွေရဲ့ သက်ရှည် ကျန်းမာရေးကို အဟန့်အတား ဖြစ်စေတဲ့ အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဇနီးမယားတွေကပဲ သင့်အမျိုးသား အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေ ပါဝင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။

(၁) ဂျုံမှုန့်အကြမ်း

အမျိုးသားတွေအတွက် အကောင်းဆုံးနံနက်စာမှာ ဂျုံမှုန့်အကြမ်း ပါဝင်သင့်ပါတယ်။ ဒါမှသာ နှလုံးရောဂါ ဖြစ်နှုန်း လျော့ကျမှု ရှိမှာပါ။ ချက်ပြီးသား ဂျုံမှုန့်အကြမ်း တစ်ခွက်မှာ ပျော်ဝင်တဲ့ အမျှင်ဓာတ် သုံးဂရမ် ပါဝင်တာကြောင့် ကြာကြာ ဗိုက်ပြည့်စေပြီး သွေးတွင်း သကြားဓာတ် တည်ငြိမ်ကာ သွေးတွင်းကို လက်စထရောအဆင့် လျော့ကျမှု ရှိစေပါတယ်။ ဂျုံမှုန့်အကြမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှု တွန်းလှန်ပေးတဲ့ ဗီတာမင်ဘီနဲ့ အင်တီအောက်ဆီးဒင့် အစွမ်းရှိတဲ့ တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

(၂) ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်စီယမ် အများအပြား ပါဝင်တဲ့အတွက် အမျိုးသားတွေရဲ့ သွေးဖိအားကို ထိန်းညှိပေးနိုင်သလို ကြွက်တက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ငှက်ပျောသီးမှာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့် အဆစ်နဲ့ ကြွက်သားတွေကို တစ်နေ့လုံး နာကျင်ကိုက်ခဲမှု ကင်းဝေးစေပါတယ်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ငှက်ပျောသီးကို စားပေးရင်ကို လက်စထရော လျော့ကျစေပြီး အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မဂ္ဂနီဆီယမ် ပါဝင်တာကြောင့် လေဖြတ်တဲ့ အန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။

(၃) ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း ပါဝင်ပြီး ဆီးကျိတ်ကျန်းမာရေး ကောင်းမွန်စေတဲ့အတွက် အမျိုးသားတွေအတွက် စံပြ အစာပါ။ အစွမ်းထက် ကာရိုတီးနွိုက် ဖြစ်တာကြောင့် ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေတဲ့အပြင် ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်းကိုပါ လျော့ကျစေပါတယ်။ ခရမ်းချဉ်သီးကို မစားခင် အရင်ချက်ပါ။ အပူပေးလိုက်တဲ့အခါ လိုင်ကိုပင်းကို စုပ်ယူအား ပိုကောင်းစေလို့ပါ။

(၄) ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီး တစ်အောင်စမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ် များများ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးကို အပြာရောင် ဖြစ်စေတဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်ဟာ အန်သိုဆိုင်ယာနင် ခန္ဓာကိုယ်ထဲက အစွမ်းထက် ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၅) သံလွင်ဆီ

တစ်နေ့ သံလွင်ဆီ ထမင်းစားဇွန်း နှစ်ဇွန်းစားရုံနဲ့ ကိုယ်အလေးချိန် လျော့ကျစေပြီး စိတ်ခံစားမှု ကောင်းမွန်စေကာ ရောဂါဝေဒနာကို တွန်းလှန်ပေးနိုင်ပါတယ်။ သံလွင်ဆီမှာ မပြည့်ဝဆီအပြင် ဗီတာမင်အီးနဲ့ ကာရိုတီးနွိုက်တွေလို အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေလည်း ပါဝင်တာကြောင့် သွေးတိုး ကျစေပြီး ကင်ဆာရောဂါ ကြီးထွားနှုန်းကို ချိုးနှိမ်ပေးကာ ပန်းနာရင်ကျပ် ရောဂါနဲ့ အဆစ်ရောင်နာ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ သံလွင်ဆီမှာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိပြီး နာကျင်ကိုက်ခဲမှုနဲ့ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

(၆) သစ်ကြားသီး

သစ်ကြားသီးမှာပါတဲ့ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဆီလီနီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်အီးတို့ဟာ ဆီးကျိတ်ကို အကာအကွယ် ပေးနိုင်ပါတယ်။ သစ်ကြားသီးကို ပုံမှန်စားသူတွေဟာ သွေးတွင်းစုစုပေါင်း ကိုလက်စထရောအဆင့် ၅ ဒသမ ၄ ရာခိုင်နှုန်း၊ မကောင်းတဲ့ ကိုလက်စရော ၉ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျမှု ရှိကြောင်း အမေရိကန် အာဟာရ ဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။

(၇) ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ ဗီတာမင်အေ၊ စီနဲ့ အီးတို့အပြင် မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်စတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းနိုင်တဲ့အပြင် နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နှုန်းကို လျော့ကျ စေပါတယ်။

(၈) အဆီများသောငါး

အဆီများတဲ့ ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် နှလုံးရောဂါ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ ထရစ်ပတိုဖန် အာဟာရဓာတ်လည်း ပါဝင်တဲ့အတွက် တစ်နေ့လုံး စိတ်တည်ငြိမ် လန်းဆန်းစေပြီး အိပ်ရေးဝဝ အိပ်ပျော်စေပါတယ်။

(၉) ပဲမည်း

ဆိုဒီယမ်၊ အဆီနဲ့ ကိုလက်စထရော ပါဝင်မှု နည်းပြီး အမျှင်ဓာတ်များတဲ့ ပဲမည်းကို စားတာကြောင့် တစ်နေ့လုံး စွမ်းအင် ပြည့်ဝစေပါတယ်။ ပဲက အရောင်ပိုရင့် လေလေ၊ အင်တီအောက်ဆီးဒင့် ပမာဏ ပိုများလေလေ ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ အစာတွေကို စားတာကြောင့် ကင်ဆာနဲ့ နှလုံးရောဂါ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၁၀) လက်ဖက်စိမ်း လက်ဖက်ရည်

လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာကြောင့် ကက်တီချင်လို အင်တီအောက်ဆီးဒင့် ရရှိစေပြီး ကင်ဆာဆဲလ်တွေကို ဟန့်တားပေးနိုင်ကာ ကိုယ်ခံစွမ်း အားကောင်းစေတဲ့ အင်ဇိုင်းထုတ်လုပ်မှုကို အားပေးပါတယ်။

Credit : ကေအမ်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top