iMyanmarHouse.com - Best Property Website for Myanmar
×

တကယ္တမ္း လြမ္းဖို႔ဆိုတာ "နင္ မသိဘူး၊ လြမ္းလြန္းလို႔ ေသႏိုင္တယ္" သီခ်င္းထဲကလိုမ်ိဳး သင္မရွိဘဲ သူ မေနတတ္ေလာက္ေအာင္ ျဖစ္သြားဖို႔ လိုပါတယ္။ သတိရတာက လြမ္းတာနဲ႔ မတူပါဘူး။ လြမ္းတယ္ဆိုတာ သင့္ေနရာမွာ အျခားအရာတစ္ခု အစားထိုးဖို႔ဆိုတာ မလြယ္တာေၾကာင့္ "ရင္ထဲလႈိက္လို႔ သိပ္ကိုလြမ္း" ျဖစ္ေနရတာပါ။ ဒီလို လိုအပ္တယ္လို႔ ခံစားေနရၿပီဆိုရင္ သင္တို႔ အခ်စ္ခရီးမွာ သင္အေတာ္ႀကီး ခရီးေရာက္ေနၿပီ ဆိုတာကုိ သိထားသင့္ပါတယ္။ ေယာက်္ားတစ္ေယာက္ရဲ့ အလြမ္းကို ရရွိဖို႔ သူ႕ရဲ႕အေတြးစိတ္ကူးေတြထဲ သင့္ ပံုရိပ္ေတြကို ၿမဲၿမံေအာင္ ခ်ည္ေႏွာင္ထားႏိုင္မွ ျဖစ္မွာပါ။

လူေတြရဲ့ အက်င့္က ရွင္းရွင္းေလးပါ။ ကိုယ္ႀကိဳက္တာ ကိုယ္လုပ္မယ္။ မႀကိဳက္တာ မလုပ္ဘူး။ လုပ္ခ်င္တာေတြ လုပ္ေနရရင္ ေပ်ာ္တယ္။ သင့္ေကာင္ေလးလည္း သင္နဲ႔ ရွိေနခ်ိန္မွာ သူႏွစ္သက္တာေတြ၊ သူ သေဘာက်ၿပီး လုပ္ခ်င္တာေတြ လုပ္ေနရမယ္ဆိုရင္ သူက ရယ္ေမာေနမယ္။ သင္ရွိေနတဲ့အခ်ိန္ေတြမွာဆို သူေပ်ာ္ေနမယ္။ သင္နဲ႔ အျပန္အလွန္ ထိေတြ႔မႈရွိၿပီး နားလည္မႈအျပည့္နဲ႔ ေႏြးေထြးမႈေတြ ရရွိေနမယ္။ သင္နဲ႔ ေနာက္တစ္ခါ ေတြ႕ရမယ္ဆိုရင္လည္း သူေပ်ာ္ေနမွာမို႔လို႔ ေမွ်ာ္ေနေတာ့မွာပါ။

ေကာင္ေလးေတြ စိတ္တိုတာ နားညီးလို႔ပါ ဆိုတာကို နားလည္ထားသင့္ပါတယ္။ သူနဲ႔ ရွိေနခ်ိန္မွာ ျဗစ္ေတာက္ ျဗစ္ေတာက္လုပ္ေနရင္ေတာ့ ဘယ္ႀကိဳက္ပါ့မလဲ။ သူလုပ္သမွ်ကို ေဘးကေန လိုက္ပြားေနမယ္ဆိုရင္ သင္နဲ႔ ေတြ႔မယ္ ခ်ိန္းလိုက္တိုင္း လန္႔ေနေတာ့မွာပါ။ ေယာက်ာ္းေလးေတြက ဒီလိုေနရာမ်ိဳးေတြမွာ မိန္းကေလးေတြထက္ ျပတ္သားၾကတာမို႔ တာ့တာ ျပသြားတတ္ၾကပါတယ္။

ေယာက်္ားေလးေတြက သူတို႔ကို စိတ္က်ဥ္းက်ပ္ေအာင္လုပ္ရင္ လံုးဝမႀကိဳက္ပါဘူး။ ေနရထိုင္ရခက္ၿပီး လူပါ က်ဥ္းက်ပ္ေအာင္ လုပ္ရင္ ပိုလို႔ေတာင္ မုန္းပါေသးတယ္။ ခ်စ္သူရည္းစားမကလို႔ လင္မယားေတြပဲ ျဖစ္ေနေန မိန္းမေတြနဲ႔ ယွဥ္ရင္ ေယာက်္ားေတြက လြတ္လပ္မႈကို ပိုေတာင့္တၾကပါတယ္။ ခ်စ္တာက ခ်စ္လို႔ ရပါတယ္။ တစ္ခ်ိန္လံုး သူ႕ကို ဖုန္းဆက္တာ၊ မတ္ေဆ့ခ်္ပို႔တာေတြ၊ ရွိသမွ် သိသမွ် အေၾကာင္းအရာေတြကို တုိင္ပင္ေျပာဆိုေဖာက္သည္ခ်ေနမယ္ဆို ကမာၻ ကမာၻအေဝးဆံုးထိ ေျပးထြက္သြားခ်င္စိတ္ ေပါက္လာပါလိမ့္မယ္။ ဒါေၾကာင့္ သူ႔အတြက္ လိုအပ္တဲ့အခ်ိန္နဲ႔ ေနရာကို ေလ့လာၿပီး သူ႔ဖာသာသူ ေအးေဆးေနပါေစ။

သင့္ကို အၿမဲတမ္းသတိရေနေအာင္ ဘာေတြလုပ္လို႔ရလဲ

သင့္ကို အၿမဲတမ္းသတိရေနေအာင္ ဘာေတြလုပ္လို႔ရလဲ

ေယာက်္ားေတြက သင္ထင္ထားတာထက္ကို ဉာဏ္အႀကီးႀကီး ပိုေကာင္းၾကပါတယ္။ သူတို႔ကို အရမ္းေၾကြေနပါၿပီဆိုတဲ့ ေကာင္မေလးေတြကို တန္းသိၾကတယ္။ သင္က သူ႕ကို သိပ္ခ်စ္ေၾကာင္း၊ သေဘာက်ေၾကာင္း မဟားဒယားႀကီး လုပ္ျပေနမယ္ဆိုရင္ သူ႔အတြက္ ရင္ခုန္စရာ မေကာင္းေတာ့ပါဘူး။ ရုပ္ရွင္ကားတစ္ကားအသစ္ထြက္တဲ့အခါ ရုပ္ရွင္အႀကိဳခံစားဖို႔ Trailer တစ္ပုဒ္ကေပးတဲ့ ဖီးလ္မ်ိဳးကို ရေအာင္ေပးႏိုင္ဖို႔ လိုပါတယ္။

Source : Sexyconfidence/youtube

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တကယ်တမ်း လွမ်းဖို့ဆိုတာ "နင် မသိဘူး၊ လွမ်းလွန်းလို့ သေနိုင်တယ်" သီချင်းထဲကလိုမျိုး သင်မရှိဘဲ သူ မနေတတ်လောက်အောင် ဖြစ်သွားဖို့ လိုပါတယ်။ သတိရတာက လွမ်းတာနဲ့ မတူပါဘူး။ လွမ်းတယ်ဆိုတာ သင့်နေရာမှာ အခြားအရာတစ်ခု အစားထိုးဖို့ဆိုတာ မလွယ်တာကြောင့် "ရင်ထဲလှိုက်လို့ သိပ်ကိုလွမ်း" ဖြစ်နေရတာပါ။ ဒီလို လိုအပ်တယ်လို့ ခံစားနေရပြီဆိုရင် သင်တို့ အချစ်ခရီးမှာ သင်အတော်ကြီး ခရီးရောက်နေပြီ ဆိုတာကို သိထားသင့်ပါတယ်။ ယောကျ်ားတစ်ယောက်ရဲ့ အလွမ်းကို ရရှိဖို့ သူ့ရဲ့အတွေးစိတ်ကူးတွေထဲ သင့် ပုံရိပ်တွေကို မြဲမြံအောင် ချည်နှောင်ထားနိုင်မှ ဖြစ်မှာပါ။

လူတွေရဲ့ အကျင့်က ရှင်းရှင်းလေးပါ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်မယ်။ မကြိုက်တာ မလုပ်ဘူး။ လုပ်ချင်တာတွေ လုပ်နေရရင် ပျော်တယ်။ သင့်ကောင်လေးလည်း သင်နဲ့ ရှိနေချိန်မှာ သူနှစ်သက်တာတွေ၊ သူ သဘောကျပြီး လုပ်ချင်တာတွေ လုပ်နေရမယ်ဆိုရင် သူက ရယ်မောနေမယ်။ သင်ရှိနေတဲ့အချိန်တွေမှာဆို သူပျော်နေမယ်။ သင်နဲ့ အပြန်အလှန် ထိတွေ့မှုရှိပြီး နားလည်မှုအပြည့်နဲ့ နွေးထွေးမှုတွေ ရရှိနေမယ်။ သင်နဲ့ နောက်တစ်ခါ တွေ့ရမယ်ဆိုရင်လည်း သူပျော်နေမှာမို့လို့ မျှော်နေတော့မှာပါ။

ကောင်လေးတွေ စိတ်တိုတာ နားညီးလို့ပါ ဆိုတာကို နားလည်ထားသင့်ပါတယ်။ သူနဲ့ ရှိနေချိန်မှာ ဗြစ်တောက် ဗြစ်တောက်လုပ်နေရင်တော့ ဘယ်ကြိုက်ပါ့မလဲ။ သူလုပ်သမျှကို ဘေးကနေ လိုက်ပွားနေမယ်ဆိုရင် သင်နဲ့ တွေ့မယ် ချိန်းလိုက်တိုင်း လန့်နေတော့မှာပါ။ ယောကျာ်းလေးတွေက ဒီလိုနေရာမျိုးတွေမှာ မိန်းကလေးတွေထက် ပြတ်သားကြတာမို့ တာ့တာ ပြသွားတတ်ကြပါတယ်။

ယောကျ်ားလေးတွေက သူတို့ကို စိတ်ကျဉ်းကျပ်အောင်လုပ်ရင် လုံးဝမကြိုက်ပါဘူး။ နေရထိုင်ရခက်ပြီး လူပါ ကျဉ်းကျပ်အောင် လုပ်ရင် ပိုလို့တောင် မုန်းပါသေးတယ်။ ချစ်သူရည်းစားမကလို့ လင်မယားတွေပဲ ဖြစ်နေနေ မိန်းမတွေနဲ့ ယှဉ်ရင် ယောကျ်ားတွေက လွတ်လပ်မှုကို ပိုတောင့်တကြပါတယ်။ ချစ်တာက ချစ်လို့ ရပါတယ်။ တစ်ချိန်လုံး သူ့ကို ဖုန်းဆက်တာ၊ မတ်ဆေ့ချ်ပို့တာတွေ၊ ရှိသမျှ သိသမျှ အကြောင်းအရာတွေကို တိုင်ပင်ပြောဆိုဖောက်သည်ချနေမယ်ဆို ကမ္ဘာ ကမ္ဘာအဝေးဆုံးထိ ပြေးထွက်သွားချင်စိတ် ပေါက်လာပါလိမ့်မယ်။ ဒါကြောင့် သူ့အတွက် လိုအပ်တဲ့အချိန်နဲ့ နေရာကို လေ့လာပြီး သူ့ဖာသာသူ အေးဆေးနေပါစေ။

သင့်ကို အမြဲတမ်းသတိရနေအောင် ဘာတွေလုပ်လို့ရလဲ

သင့်ကို အမြဲတမ်းသတိရနေအောင် ဘာတွေလုပ်လို့ရလဲ

ယောကျ်ားတွေက သင်ထင်ထားတာထက်ကို ဉာဏ်အကြီးကြီး ပိုကောင်းကြပါတယ်။ သူတို့ကို အရမ်းကြွေနေပါပြီဆိုတဲ့ ကောင်မလေးတွေကို တန်းသိကြတယ်။ သင်က သူ့ကို သိပ်ချစ်ကြောင်း၊ သဘောကျကြောင်း မဟားဒယားကြီး လုပ်ပြနေမယ်ဆိုရင် သူ့အတွက် ရင်ခုန်စရာ မကောင်းတော့ပါဘူး။ ရုပ်ရှင်ကားတစ်ကားအသစ်ထွက်တဲ့အခါ ရုပ်ရှင်အကြိုခံစားဖို့ Trailer တစ်ပုဒ်ကပေးတဲ့ ဖီးလ်မျိုးကို ရအောင်ပေးနိုင်ဖို့ လိုပါတယ်။

Source : Sexyconfidence/youtube

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top