iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Kalay
အမျိုးသမီးတွေအတွက် ကျောက်ချဉ်က တကယ်ပဲအသုံးဝင် သလားဆိုတာကို သေချာပြောပြပေးထားတယ်နော်
ကျောက်ချဉ်လို့ပြောလိုက်တာနဲ့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ ကျောက်ချဉ်ဟာ အလူမီနီယမ် ဆာလဖိတ် ပိုတက်ဆီယမ် ဆာလဖိတ်တို့ပါဝင်တဲ့ ဓာတုတွင်းထွက်တစ်မျိုးဖြစ်ပါတယ်။ ကျောက်ချဉ်ဟာ အမျိုးသမီးတွေအတွက်တော့ တကယ်ကို အစွမ်းထက်တဲ့ဆေးတစ်မျိုးပါပဲ။ မိန်းမပျို၊ အိမ်ထောင်သည်၊ သွေးဆုံးနေတဲ့အမျိုးသမီးတွေထိ ကျောက်ချဉ်ဟာအသုံးဝင်ပါ တယ်။ အမျိုးသမီးတွေအတွက် မိန်းမကိုယ်သန့်ရှင်းဖို့ဆိုတာ တကယ်ကိုအရေးကြီးတဲ့အချက်တစ်ခုပါပဲ။
ကျောက်ချဉ်ဟာ မိန်းမကိုယ်ယားယံတာ အနံ့ထွက်တာအပြင် သားအိမ်ခေါင်းကင်ဆာရောဂါကိုပါ ကာကွယ်ပေးတဲ့ အစွမ်း သတ္တိတွေပိုင်ဆိုင်နေတာ တကယ့်ကိုအံ့သြစရာပါပဲ။ ကလေး လိုချင်တဲ့ မေမေလောင်းတွေအတွက်လည်း ကျောက်ချဉ်ဟာ အသုံးတည့်ပါတယ်။ ဒွာရပေါက်တွေကိုလည်း ကျဉ်းစေတဲ့ သတ္တိရှိပါတယ်။ သွေးသားသန့်စင်ပြီး အသားရည်ကိုလည်း စိုပြေစေပါတယ်လို့ Excel Doctor Myanmar – EDM ဆိုတဲ့ Page တစ်ခုက ဝေမျှထားတာကိုလေ့လာဖူးပါတယ်။
အသုံးပြုပုံကတော့ ကျောက်ချဉ်ကို ရေဇလုံအကြီးတစ်ခုထဲ ထည့်ပြီး ပျော်ဝင်တဲ့ထိစောင့်ပါ။ ရေနဲ့တစ်ခါတည်းပျော်မယ့် ကျောက်ချဉ်အမှုန့်လေးတွေလည်းရှိတာမို့ ပိုပြီးအဆင်ပြေပါ တယ်နော်။ ပြီးရင်မေမေတို့အနေနဲ့ ကိုယ့်ရဲ့မိန်းမကိုယ်ကို ဆယ့်ငါးမိနစ်ခန့် သန့်စင်မှုပြုလုပ်ပေးပါ။ ဒါကိုတော့နေ့စဉ် လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ တစ်နေ့တာအတွက် ဆယ့်ငါးမိနစ်လောက် အချိန်ပေးလိုက်ခြင်းက မေမေတို့အတွက် တကယ်ကိုအကျိုးမျာျးစေမှာပါနော်။ ကျောက်ချဉ်က မိန်းမကိုယ် တင်မက ချွေးပေါက်တွေကိုပါကျဉ်းစေနိုင်တာမို့ မေမေတို့အနေနဲ့ အပျိုလေးလို ပြန်လန်းလို့ရပြီနော်။
Credit : Kalay
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top