iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္အေလးခ်ိန္ကို ေလ်ာ့ခ်ေပး

ေရနဲ႔ သံပုရာရည္ေဖ်ာ္ေသာက္ရင္ ခႏၶာကို္ယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္ၿပီး ကိုယ္အေလးခ်ိန္ကို ေလ်ာ့ခ်ေပးပါတယ္။

ကိုယ္ခံအားကို ေကာင္းမြန္

သံပုရာသီးမွာ ဗီတာမင္ စီနဲ႔ ဘက္တီးရီးယားေတြေသေစႏိုင္တဲ့ အစြမ္းသတၱိေတြပါ၀င္တာေၾကာင့္ ကိုယ္ခံအားစနစ္ကို ျမွင့္တင္ေပးပါတယ္။ အဲ့ဒီအျပင္ Free Radicals ေတြကိုလည္း ေလ်ာ့ခ်ေပးပါတယ္။

ေရခဲေသတၱာထဲက အနံ႔ဆိုးေတြ ဖယ္ရွားေပး

ေရခဲေသတၱာထဲမွာ အစားအစာေတြ စုပံုေနရင္ ၾကာလာရင္ အနံ႔ဆိုးေတြထြက္လာတတ္ပါတယ္။ အစားအစာေတြကိုဖယ္ထုတ္လိုက္ၿပီး သံပုရာသီးကို ဂြမ္းထဲထည့္ကာ ေရခဲေသတၱာထဲထည့္ထားပါ။

ၿပီးရင္ နာရီအနည္းငယ္ေလာက္ ေရခဲေသတၱာထဲမွာထည့္ထားလုိက္ပါ။ ဒါဆိုရင္ သံပုရာသီးအနံ႔လည္း ေမႊးသြားပါလိမ့္မယ္။

Air Freshener အျဖစ္လည္းသံုးလို႔ရ

သင့္အိမ္မွာ အနံ႔အသက္ဆိုးေတြရွိေနရင္ သံပုရာသီးကို Air Freshener အျဖစ္သံုးလို႔ရပါတယ္။

ပါ၀င္ပစၥည္းမ်ား

သံပုရာသီး ၁လံုး

ေရ ၃ ခြက္

ရွာလကာရည္ စားပြဲတင္ဇြန္း ၂ ဇြန္း

Baking Soda စားပြဲတင္ဇြန္း ၄ ဇြန္း

ျပဳလုပ္နည္း

သံပုရာသီးအခြံကို ေရထဲထည့္ထားၿပီး ဆူပြက္ေအာင္လုပ္လိုက္ပါ။ ၿပီးရင္ ရွာလကာရည္ထည့္ၿပီး ၅ မိနစ္ေလာက္ပြက္ေအာင္လုပ္ပါ။ မီးဖိုေပၚကေန ဖယ္ၿပီး အေအးခံလိုက္ပါ။

Baking Soda ကို Spray ဗူးထဲထည့္ၿပီး ခုနက ျပဳတ္ထားတဲ့အရည္ကိုထည့္ကာ ေရာလိုက္ပါ။

ၿပီးရင္ တစ္အိမ္လံုးကို ျဖန္းလိုက္ပါ။

အုိးခြက္ေဆးတဲ့ အစိမ္းဖက္ေတြကို သန္႔ရွင္းေရးလုပ္ႏိုင္


သံပုရာသီးမွာ စြမ္းအားျမင့္ Antibacterial ဓာတ္ေတြပါ၀င္ပါတယ္။

ပါ၀င္ပစၥည္းမ်ား

သံပုရာသီး ၂လံုး

Baking Soda စားပြဲတင္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း

သံပုရာသီး ၂လံုးထဲက အရည္နဲ႔ Baking Soda နဲ႔ ေရာၿပီး ခြက္တစ္ခြက္ထဲထည့္ပါ။ၿပီးရင္ အိုးခြက္ေဆးတဲ့ အစိမ္းဖက္ကို အဲ့အရည္နဲ႔ေဆးပါ။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ်အလေးချိန်ကို လျော့ချပေး

ရေနဲ့ သံပုရာရည်ဖျော်သောက်ရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ကိုယ်အလေးချိန်ကို လျော့ချပေးပါတယ်။

ကိုယ်ခံအားကို ကောင်းမွန်

သံပုရာသီးမှာ ဗီတာမင် စီနဲ့ ဘက်တီးရီးယားတွေသေစေနိုင်တဲ့ အစွမ်းသတ္တိတွေပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ အဲ့ဒီအပြင် Free Radicals တွေကိုလည်း လျော့ချပေးပါတယ်။

ရေခဲသေတ္တာထဲက အနံ့ဆိုးတွေ ဖယ်ရှားပေး

ရေခဲသေတ္တာထဲမှာ အစားအစာတွေ စုပုံနေရင် ကြာလာရင် အနံ့ဆိုးတွေထွက်လာတတ်ပါတယ်။ အစားအစာတွေကိုဖယ်ထုတ်လိုက်ပြီး သံပုရာသီးကို ဂွမ်းထဲထည့်ကာ ရေခဲသေတ္တာထဲထည့်ထားပါ။

ပြီးရင် နာရီအနည်းငယ်လောက် ရေခဲသေတ္တာထဲမှာထည့်ထားလိုက်ပါ။ ဒါဆိုရင် သံပုရာသီးအနံ့လည်း မွှေးသွားပါလိမ့်မယ်။

Air Freshener အဖြစ်လည်းသုံးလို့ရ

သင့်အိမ်မှာ အနံ့အသက်ဆိုးတွေရှိနေရင် သံပုရာသီးကို Air Freshener အဖြစ်သုံးလို့ရပါတယ်။

ပါဝင်ပစ္စည်းများ

သံပုရာသီး ၁လုံး

ရေ ၃ ခွက်

ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း

Baking Soda စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း

သံပုရာသီးအခွံကို ရေထဲထည့်ထားပြီး ဆူပွက်အောင်လုပ်လိုက်ပါ။ ပြီးရင် ရှာလကာရည်ထည့်ပြီး ၅ မိနစ်လောက်ပွက်အောင်လုပ်ပါ။ မီးဖိုပေါ်ကနေ ဖယ်ပြီး အအေးခံလိုက်ပါ။

Baking Soda ကို Spray ဗူးထဲထည့်ပြီး ခုနက ပြုတ်ထားတဲ့အရည်ကိုထည့်ကာ ရောလိုက်ပါ။

ပြီးရင် တစ်အိမ်လုံးကို ဖြန်းလိုက်ပါ။

အိုးခွက်ဆေးတဲ့ အစိမ်းဖက်တွေကို သန့်ရှင်းရေးလုပ်နိုင်


သံပုရာသီးမှာ စွမ်းအားမြင့် Antibacterial ဓာတ်တွေပါဝင်ပါတယ်။

ပါဝင်ပစ္စည်းများ

သံပုရာသီး ၂လုံး

Baking Soda စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

သံပုရာသီး ၂လုံးထဲက အရည်နဲ့ Baking Soda နဲ့ ရောပြီး ခွက်တစ်ခွက်ထဲထည့်ပါ။ပြီးရင် အိုးခွက်ဆေးတဲ့ အစိမ်းဖက်ကို အဲ့အရည်နဲ့ဆေးပါ။

Credit : My Food

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top