iMyanmarHouse.com - Best Property Website for Myanmar
×

ေက်းလက္ေတာရြာေလးရဲ႕ ေခ်ာင္က်တဲ့ တဲအိမ္ကေလးထဲမွာ အေမအိုသည္ သူမ၏ သမီးႏွင့္အတူ ေနထုိင္ၾကပါတယ္။ မိခင္ဟာ ခုိး၀ွက္ခံရမွာကုိ အလြန္တရာမွ ေၾကာက္ပါသတဲ့။ ညေရာက္တဲ့ အခါတုိင္းမွာ တံခါးလက္ကုိင္ေနရာမွာ ေသာ႔ခေလာက္ ၃ ခု တြဲခတ္ထားသတဲ့။
သမီးငယ္ကေတာ့ ရႈခင္းပန္းခ်ီကားတစ္ခ်ပ္လုိ ပ်င္းစရာေကာင္းၿပီး ဘာမွေျပာင္းလဲတုိးတက္မႈ မရွိတ့ဲ ေက်းလက္ေနဘ၀ကုိ ၿငီးေငြ႔မုန္းလွေရာေပါ့။ သူမဟာ ၿမိဳ႕ႀကီးျပႀကီးဘ၀ကုိ အားက်သည္။ သူမဟာ ေရဒီယုိထဲက နားေထာင္ပုံရိပ္ေဖာ္မိတဲ့ ခမ္းနားလွပတဲ့ ၿမိဳ႕ေနလူမႈဘ၀ ပက္၀န္းက်င္ကုိ သြားခ်င္ေနသည္။

တစ္ခုေသာ မနက္ခင္းေလးတစ္ခုမွာ သမီးငယ္ဟာ ထိုစိတ္ကူးယဥ္ဆန္တဲ့ အိပ္မက္ကုိ ေဖာ္ေဆာင္ဖုိ႔အတြက္ မိခင္ေဘးကေနၿပီး ထြက္ခြာလာခဲ့ပါတယ္။ သူမဟာ သူမမိခင္ အိပ္ေပ်ာ္ေနစဥ္မွာ အိမ္ကေနခုိးၿပီး ဆင္းလာခဲ့တာပါ။

“အေမရယ္ သမီးလုိ သမီးမုိက္မ်ဴ ိးကို မေမြးခဲ့ဘူးပဲ သေဘာထားလုိက္ပါ။”

ႏွေျမာဖုိ႔ေကာင္းသည္မွာ သည္ေလာကႀကီးဟာ သူမထင္သလုိ လွပတင့္တယ္လွတာ မဟုတ္ပါဘူး။ သူမဟာ ေနရင္းထုိင္ရင္းပင္ ပ်က္စီးျခင္းလမ္းသုိ႔ သြားမိရက္သား ျဖစ္သြားသည္။ မိမိကုိယ္ကုိ ရုန္းထြက္မရႏုိင္ေသာ ညြံထဲက်သြားသည္။ ထုိစဥ္အခါမွ သူမမွားသြားၿပီမွန္း သိရေလသည္။

၁၀ႏွစ္ခန္႔ၾကာၿပီးေနာက္ လူလားေျမာက္ၿပီးေသာ သမီးငယ္ဟာ ဒဏ္ရာရထားေသာ ႏွလုံးသား စုတ္ျပတ္ေနတဲ့ ခႏၶာကုိယ္ႏွင့္ ေက်းလက္ေတာရြာ ေမြးရပ္ဆီ ျပန္လာခဲ့တယ္။

သူမအိမ္ျပန္လာခ်ိန္ဟာ ညဥ့္နက္လွေပါ့။ မီးေရာင္မွိန္ျပျပဟာ တံခါးၾကားေလးမွ ေရးေရးေလး ထြက္လာတယ္။ သူမတံခါးကုိ အသာတၾကည္ ေခါက္လုိက္တယ္။ သုိ႔ေသာ္ ရုတ္တရက္ အမဂၤလာနမိတ္ ႀကဳိတင္ခံစားခ်က္တခုကို ခံစားမိသြားတယ္။ သူမဟာ တံခါးကုိ လွည့္ဖြင့္တဲ့အခါမွာ သူမကုိ လန္႔သြားေစတယ္။

သိပ္ကုိထူးဆန္းလုိက္တာ ယခင္က သူမမိခင္ဟာ တခါမွ တံခါးကုိ ေသာ့ခတ္ဖုိ႔ မေမ့ခဲ့ဖူးပါဘူး။ မိခင္ရဲ႕ ပိန္လွီေနတဲ့ ခႏၶာကုိယ္ဟာလဲ ေအးစက္လွတဲ့ ၾကမ္းျပင္ေပၚမွာ ေကြးလုိ႔ ေတြ႕ျမင္သူကုိ စိတ္မေကာင္းစရာ ျဖစ္ေစေလာက္တဲ့ ပုံစံေလးနဲ႔ အိပ္ေနရွာတယ္။

“အေမ…အေမ”

သမီးငယ္ ငုိယုိသံကုိ ၾကားမိတဲ့အခါ မိခင္က မ်က္လုံးေလး အသာဖြင့္ၾကည့္လုိက္ၿပီး စကားတခြန္းမွ မေျပာပဲ သမီးငယ္ရဲ႕ ႏြမ္းလ်ေနတဲ့ ပခုံးကုိ ဖက္လုိက္တယ္။ မိခင္ရဲ႕ ရင္ခြင္မွာ ၾကာျမင့္စြာ ငုိယုိၿပီးေနာက္ သမီးငယ္က ရုတ္တရက္ သိခ်င္ေဇာနဲ႔ ေမးတယ္။

“အေမရယ္ ဒီေန႔ဘာလုိ႔ တံခါးေသာ့ မခတ္တာလဲ ဟင္ လူမ်ား၀င္လာရင္ ဘယ္လုိလုပ္မလဲ။”

မိခင္က ျပန္ေျဖတယ္။

“ဒီေန႔မွ မဟုတ္ပါဘူးကြယ္။ အေမကေလ သမီးေလး ညက်ရင္ ရုတ္တရက္မ်ား ျပန္လာခဲ့ရင္ ဖြင့္မရမွာစုိးလုိ႔ ဒါေၾကာင့္ ၁၀ ႏွစ္လုံးလုံး တံခါးကုိ ေသာ့မခတ္ခဲ့ဘူး။”

မိခင္အေနနဲ႔ ၁၀ ႏွစ္ဟာ တစ္ရက္လုိပါပဲ။ သမီးငယ္ ျပန္လာမဲ့ရက္ကုိ ေမွ်ာ္ေနခဲ့တာ သမီးေလးရဲ႕ အခန္းထဲမွ အျပင္အဆင္ အထားအသုိက အစ ဟုိယခင္ အတုိင္းပင္ ပုံစံမပ်က္ ထိန္းသိမ္းထားသည္။

ထုိညတြင္ မိခင္ဟာ လြန္ခဲ့ေသာ ၁၀ ႏွစ္ခန္႔က အတုိင္း တံခါးကုိ ေသာ့ၾကပ္ၾကပ္ခတ္ကာ ပိတ္အိပ္ေလသည္။

သင္ခန္းစာ

ေသာ့မခတ္ထားေသာ တံခါး

အိမ္သားတုိ႔၏ ခ်စ္ေမတၱာဟူသည္မွာ ေမ်ွာ္လင့္ခ်က္ ပုခက္ေလးပါ။ အိမ္မိသားစု၏ ေႏြးေထြးမႈကုိ ေအာက္ေမ့သိတက္ပါေစ။ ထုိေႏြးေထြးမႈကမွ ဘဝတုိးတက္မႈကုိ ေပးလိမ့္မည္ မဟုတ္ပါလား။

Credit : Ly Health Care
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကျေးလက်တောရွာလေးရဲ့ ချောင်ကျတဲ့ တဲအိမ်ကလေးထဲမှာ အမေအိုသည် သူမ၏ သမီးနှင့်အတူ နေထိုင်ကြပါတယ်။ မိခင်ဟာ ခိုးဝှက်ခံရမှာကို အလွန်တရာမှ ကြောက်ပါသတဲ့။ ညရောက်တဲ့ အခါတိုင်းမှာ တံခါးလက်ကိုင်နေရာမှာ သော့ခလောက် ၃ ခု တွဲခတ်ထားသတဲ့။
သမီးငယ်ကတော့ ရှုခင်းပန်းချီကားတစ်ချပ်လို ပျင်းစရာကောင်းပြီး ဘာမှပြောင်းလဲတိုးတက်မှု မရှိတဲ့ ကျေးလက်နေဘဝကို ငြီးငွေ့မုန်းလှရောပေါ့။ သူမဟာ မြို့ကြီးပြကြီးဘဝကို အားကျသည်။ သူမဟာ ရေဒီယိုထဲက နားထောင်ပုံရိပ်ဖော်မိတဲ့ ခမ်းနားလှပတဲ့ မြို့နေလူမှုဘ၀ ပက်ဝန်းကျင်ကို သွားချင်နေသည်။

တစ်ခုသော မနက်ခင်းလေးတစ်ခုမှာ သမီးငယ်ဟာ ထိုစိတ်ကူးယဉ်ဆန်တဲ့ အိပ်မက်ကို ဖော်ဆောင်ဖို့အတွက် မိခင်ဘေးကနေပြီး ထွက်ခွာလာခဲ့ပါတယ်။ သူမဟာ သူမမိခင် အိပ်ပျော်နေစဉ်မှာ အိမ်ကနေခိုးပြီး ဆင်းလာခဲ့တာပါ။

“အမေရယ် သမီးလို သမီးမိုက်မျူ ိးကို မမွေးခဲ့ဘူးပဲ သဘောထားလိုက်ပါ။”

နှမြောဖို့ကောင်းသည်မှာ သည်လောကကြီးဟာ သူမထင်သလို လှပတင့်တယ်လှတာ မဟုတ်ပါဘူး။ သူမဟာ နေရင်းထိုင်ရင်းပင် ပျက်စီးခြင်းလမ်းသို့ သွားမိရက်သား ဖြစ်သွားသည်။ မိမိကိုယ်ကို ရုန်းထွက်မရနိုင်သော ညွံထဲကျသွားသည်။ ထိုစဉ်အခါမှ သူမမှားသွားပြီမှန်း သိရလေသည်။

၁၀နှစ်ခန့်ကြာပြီးနောက် လူလားမြောက်ပြီးသော သမီးငယ်ဟာ ဒဏ်ရာရထားသော နှလုံးသား စုတ်ပြတ်နေတဲ့ ခန္ဓာကိုယ်နှင့် ကျေးလက်တောရွာ မွေးရပ်ဆီ ပြန်လာခဲ့တယ်။

သူမအိမ်ပြန်လာချိန်ဟာ ညဉ့်နက်လှပေါ့။ မီးရောင်မှိန်ပြပြဟာ တံခါးကြားလေးမှ ရေးရေးလေး ထွက်လာတယ်။ သူမတံခါးကို အသာတကြည် ခေါက်လိုက်တယ်။ သို့သော် ရုတ်တရက် အမင်္ဂလာနမိတ် ကြိုတင်ခံစားချက်တခုကို ခံစားမိသွားတယ်။ သူမဟာ တံခါးကို လှည့်ဖွင့်တဲ့အခါမှာ သူမကို လန့်သွားစေတယ်။

သိပ်ကိုထူးဆန်းလိုက်တာ ယခင်က သူမမိခင်ဟာ တခါမှ တံခါးကို သော့ခတ်ဖို့ မမေ့ခဲ့ဖူးပါဘူး။ မိခင်ရဲ့ ပိန်လှီနေတဲ့ ခန္ဓာကိုယ်ဟာလဲ အေးစက်လှတဲ့ ကြမ်းပြင်ပေါ်မှာ ကွေးလို့ တွေ့မြင်သူကို စိတ်မကောင်းစရာ ဖြစ်စေလောက်တဲ့ ပုံစံလေးနဲ့ အိပ်နေရှာတယ်။

“အမေ…အမေ”

သမီးငယ် ငိုယိုသံကို ကြားမိတဲ့အခါ မိခင်က မျက်လုံးလေး အသာဖွင့်ကြည့်လိုက်ပြီး စကားတခွန်းမှ မပြောပဲ သမီးငယ်ရဲ့ နွမ်းလျနေတဲ့ ပခုံးကို ဖက်လိုက်တယ်။ မိခင်ရဲ့ ရင်ခွင်မှာ ကြာမြင့်စွာ ငိုယိုပြီးနောက် သမီးငယ်က ရုတ်တရက် သိချင်ဇောနဲ့ မေးတယ်။

“အမေရယ် ဒီနေ့ဘာလို့ တံခါးသော့ မခတ်တာလဲ ဟင် လူများဝင်လာရင် ဘယ်လိုလုပ်မလဲ။”

မိခင်က ပြန်ဖြေတယ်။

“ဒီနေ့မှ မဟုတ်ပါဘူးကွယ်။ အမေကလေ သမီးလေး ညကျရင် ရုတ်တရက်များ ပြန်လာခဲ့ရင် ဖွင့်မရမှာစိုးလို့ ဒါကြောင့် ၁၀ နှစ်လုံးလုံး တံခါးကို သော့မခတ်ခဲ့ဘူး။”

မိခင်အနေနဲ့ ၁၀ နှစ်ဟာ တစ်ရက်လိုပါပဲ။ သမီးငယ် ပြန်လာမဲ့ရက်ကို မျှော်နေခဲ့တာ သမီးလေးရဲ့ အခန်းထဲမှ အပြင်အဆင် အထားအသိုက အစ ဟိုယခင် အတိုင်းပင် ပုံစံမပျက် ထိန်းသိမ်းထားသည်။

ထိုညတွင် မိခင်ဟာ လွန်ခဲ့သော ၁၀ နှစ်ခန့်က အတိုင်း တံခါးကို သော့ကြပ်ကြပ်ခတ်ကာ ပိတ်အိပ်လေသည်။

သင်ခန်းစာ

သော့မခတ်ထားသော တံခါး

အိမ်သားတို့၏ ချစ်မေတ္တာဟူသည်မှာ မျှော်လင့်ချက် ပုခက်လေးပါ။ အိမ်မိသားစု၏ နွေးထွေးမှုကို အောက်မေ့သိတက်ပါစေ။ ထိုနွေးထွေးမှုကမှ ဘဝတိုးတက်မှုကို ပေးလိမ့်မည် မဟုတ်ပါလား။

Credit : Ly Health Care

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top