iMyanmarHouse.com - Best Property Website for Myanmar
×

ေခါင္းကဆံပင္ေတြအဆီျပန္လာၿပီဆိုတာနဲ႕ ေခါင္းေလွ်ာ္ဖို႕လုိေနၿပီလို႕ မႀကာခဏေတြးေကာင္းေတြးတတ္ႀကမွာပါ။ ဒါေပမယ့္လည္း ေခါင္းခဏခဏေလွ်ာ္တာဟာ ေခါင္းကိုသန္႕ရွင္းေစတာမွန္ေသာ္ၿငားလည္း တဖက္ကျပန္ႀကည့္မယ္ဆိုရင္ မေကာင္းပါဘူး။

ေခါင္းမေလွ်ာ္ဘဲ ရက္အနည္းငယ္ႀကာလာတဲ့အခါမွာ ထြက္လာတဲ့သဘာ၀အဆီေတြက သင့္ဆံပင္ကို အာဟာရျဖစ္ေစၿပီး ဆံပင္တစ္ေခ်ာင္းစီကိုလည္း က်န္းမာႏူးညံ့ေစပါတယ္။ ေခါင္းကိုမႀကာခဏေလွ်ာ္တဲ့အခါ အဆီေတြကိုျမန္ျမန္ထြက္လာေစၿပီး အလြန္အဆီျပန္ျခင္းကို ျဖစ္ေစႏုိင္ပါတယ္။ ဒါေႀကာင့္ ေခါင္းကိုခဏခဏေလွ်ာ္စရာမလိုဘဲ ဆံပင္ေတြကိုဂရုစိုက္ႏိုင္မယ့္ နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။

၁။ သံုးစြဲသည့္ေခါင္းေလွ်ာ္ရည္

အခ်ိဳ႕ဆံေကသာပစၥည္းေတြက ေျခာက္ေသြ႕ပ်က္စီးေနတဲ့ ဆံေကသာကို ျပန္လည္အာဟာရျဖည့္တင္းေပးႏုိင္တာမွန္ေပမယ့္လည္း အလြန္အမင္းအသံုးမျပဳဖို႕ေတာ့အေရးႀကီးပါတယ္။ ဆံပင္အလွဆီအမ်ားႀကီးသံုးျခင္း သို႕မဟုတ္ ဆံပင္ေပါင္းတင္တာကို အမ်ားႀကီးလုပ္မိတဲ့အခါေတြမွာ ဆံပင္ေတြကို ပိုမိုလ်င္ျမန္စြာ ညစ္ပတ္လာေစႏုိင္ပါတယ္။

၂။ ေခါင္းကိုမႀကာခဏမၿဖီးပါႏွင့္။ေခါင္းၿဖီးလိုက္တဲ့အခါ ဆံပင္ေမႊးညင္းေပါက္ေလးေတြကို အဆီအမ်ားအျပားထုတ္ဖုိ႕ အခ်က္ေပးလုိက္တာနဲ႕ အတူတူပဲျဖစ္လုိ ဆူးဘီးေတြနဲ႕ ၿဖီးမယ့္အစား ရိုးရိုးဘီးကိုအသံုးျပဳေပးပါ။ ၿဖီးသည့္အခါမွာလည္း ဦးေရျပားကိုမထိပါႏွင့္။

၃။ ေခါင္းကိုခဏခဏမကိုင္ပါႏွင့္။

ေခါင္းၿဖီးသည့္နည္းတူပင္ ဆံပင္ကိုခဏခဏကိုင္ျခင္းက ဆံပင္ေမႊးညွင္းေတြကို သဘာ၀အဆီထုတ္လုပ္ဖုိ႕ တြန္းအားေပးလုိက္သလုိ ျဖစ္သြားႏုိင္ပါတယ္။

၄။ ေလွ်ာ္မယ့္အစား ပံုစံေျပာင္းႀကည့္ပါ။

ဆံပင္ကတျဖည္းျဖည္းနဲ႕ အဆီျပန္လာၿပီလုိ႕ထင္ရတာနဲ႕ ေခါင္းေလွ်ာ္လုိက္မယ့္အစား ဆံပင္ပံုစံဒီဇိုင္းေလးေတြ အမ်ိဳးမ်ိဳးေျပာင္းႀကည့္ပါ။ ဆံပင္အလွျပင္ပစၥည္းေတြနဲ႕ ကိရိယာေတြကို အသံုးျပဳတာနည္းေလေလ သင့္ဆံပင္လည္း ပိုမုိသန္႕ရွင္းေလေလပါပဲ။

၅။ ဆံပင္အလွျပင္ပစၥည္းေတြကို အပူေလွ်ာ့သံုးပါ။

ဆံပင္ေလမႈတ္စက္၊ ေကာက္စက္၊ ေျဖာင့္စက္ စသျဖင့္ အသံုးျပဳေတာ့မယ္ဆိုရင္ အပူခ်ိန္ကိုအတန္ငယ္ေလွ်ာ့သံုးေပးပါ။ အပူခ်ိန္မ်ားျခင္းက ဆံပင္ေမႊးညွင္းေလးေတြကို အဆီပိုထြက္ေအာင္ ျဖစ္ေပၚေစႏုိင္ေသာေႀကာင့္ပါ။

၆။ ေခါင္းအံုးစြပ္ကို မႀကာခဏေလွ်ာ္ေပးပါ။

သင္တေနကုန္သြားလာထားၿပီးေတာ့ မ်က္ႏွာနဲ႕ဆံပင္ေပၚမွာတင္က်န္လာတဲ့ ဖုန္ေတြအကုန္လံုးဟာ ညအိပ္တဲ့အခါမွာ ထုိေခါင္းအံုးစြပ္ေတြေပၚတင္က်န္သြားႏုိင္တာေႀကာင့္ ျဖစ္ႏုိင္လွ်င္ တပတ္ကိုတႀကိမ္ေလွ်ာ္ဖြပ္ေပးပါ။

၇။ ေႏြရာသီႏွင့္ေဆာင္းရာသီေတြမွာ ဦးထုပ္ေဆာင္းပါ။

အေအးဒဏ္ႏွင့္အပူဒဏ္တုိ႕သည္ အသားအေရကို ကာကြယ္ရန္အတြက္ sebum ကိုထုတ္လုပ္ေပးရာမွ ဆံပင္အျမစ္ေတြမွာ အဆီမ်ားၿပီး ခၽြဲက်ိက်ိျဖစ္လာေစႏုိင္ပါတယ္။

Credit : My Style
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ခေါင်းကဆံပင်တွေအဆီပြန်လာပြီဆိုတာနဲ့ ခေါင်းလျှော်ဖို့လိုနေပြီလို့ မကြာခဏတွေးကောင်းတွေးတတ်ကြမှာပါ။ ဒါပေမယ့်လည်း ခေါင်းခဏခဏလျှော်တာဟာ ခေါင်းကိုသန့်ရှင်းစေတာမှန်သော်ငြားလည်း တဖက်ကပြန်ကြည့်မယ်ဆိုရင် မကောင်းပါဘူး။

ခေါင်းမလျှော်ဘဲ ရက်အနည်းငယ်ကြာလာတဲ့အခါမှာ ထွက်လာတဲ့သဘာဝအဆီတွေက သင့်ဆံပင်ကို အာဟာရဖြစ်စေပြီး ဆံပင်တစ်ချောင်းစီကိုလည်း ကျန်းမာနူးညံ့စေပါတယ်။ ခေါင်းကိုမကြာခဏလျှော်တဲ့အခါ အဆီတွေကိုမြန်မြန်ထွက်လာစေပြီး အလွန်အဆီပြန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုခဏခဏလျှော်စရာမလိုဘဲ ဆံပင်တွေကိုဂရုစိုက်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ သုံးစွဲသည့်ခေါင်းလျှော်ရည်

အချို့ဆံကေသာပစ္စည်းတွေက ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာကို ပြန်လည်အာဟာရဖြည့်တင်းပေးနိုင်တာမှန်ပေမယ့်လည်း အလွန်အမင်းအသုံးမပြုဖို့တော့အရေးကြီးပါတယ်။ ဆံပင်အလှဆီအများကြီးသုံးခြင်း သို့မဟုတ် ဆံပင်ပေါင်းတင်တာကို အများကြီးလုပ်မိတဲ့အခါတွေမှာ ဆံပင်တွေကို ပိုမိုလျင်မြန်စွာ ညစ်ပတ်လာစေနိုင်ပါတယ်။

၂။ ခေါင်းကိုမကြာခဏမဖြီးပါနှင့်။ခေါင်းဖြီးလိုက်တဲ့အခါ ဆံပင်မွှေးညင်းပေါက်လေးတွေကို အဆီအများအပြားထုတ်ဖို့ အချက်ပေးလိုက်တာနဲ့ အတူတူပဲဖြစ်လို ဆူးဘီးတွေနဲ့ ဖြီးမယ့်အစား ရိုးရိုးဘီးကိုအသုံးပြုပေးပါ။ ဖြီးသည့်အခါမှာလည်း ဦးရေပြားကိုမထိပါနှင့်။

၃။ ခေါင်းကိုခဏခဏမကိုင်ပါနှင့်။

ခေါင်းဖြီးသည့်နည်းတူပင် ဆံပင်ကိုခဏခဏကိုင်ခြင်းက ဆံပင်မွှေးညှင်းတွေကို သဘာဝအဆီထုတ်လုပ်ဖို့ တွန်းအားပေးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။

၄။ လျှော်မယ့်အစား ပုံစံပြောင်းကြည့်ပါ။

ဆံပင်ကတဖြည်းဖြည်းနဲ့ အဆီပြန်လာပြီလို့ထင်ရတာနဲ့ ခေါင်းလျှော်လိုက်မယ့်အစား ဆံပင်ပုံစံဒီဇိုင်းလေးတွေ အမျိုးမျိုးပြောင်းကြည့်ပါ။ ဆံပင်အလှပြင်ပစ္စည်းတွေနဲ့ ကိရိယာတွေကို အသုံးပြုတာနည်းလေလေ သင့်ဆံပင်လည်း ပိုမိုသန့်ရှင်းလေလေပါပဲ။

၅။ ဆံပင်အလှပြင်ပစ္စည်းတွေကို အပူလျှော့သုံးပါ။

ဆံပင်လေမှုတ်စက်၊ ကောက်စက်၊ ဖြောင့်စက် စသဖြင့် အသုံးပြုတော့မယ်ဆိုရင် အပူချိန်ကိုအတန်ငယ်လျှော့သုံးပေးပါ။ အပူချိန်များခြင်းက ဆံပင်မွှေးညှင်းလေးတွေကို အဆီပိုထွက်အောင် ဖြစ်ပေါ်စေနိုင်သောကြောင့်ပါ။

၆။ ခေါင်းအုံးစွပ်ကို မကြာခဏလျှော်ပေးပါ။

သင်တနေကုန်သွားလာထားပြီးတော့ မျက်နှာနဲ့ဆံပင်ပေါ်မှာတင်ကျန်လာတဲ့ ဖုန်တွေအကုန်လုံးဟာ ညအိပ်တဲ့အခါမှာ ထိုခေါင်းအုံးစွပ်တွေပေါ်တင်ကျန်သွားနိုင်တာကြောင့် ဖြစ်နိုင်လျှင် တပတ်ကိုတကြိမ်လျှော်ဖွပ်ပေးပါ။

၇။ နွေရာသီနှင့်ဆောင်းရာသီတွေမှာ ဦးထုပ်ဆောင်းပါ။

အအေးဒဏ်နှင့်အပူဒဏ်တို့သည် အသားအရေကို ကာကွယ်ရန်အတွက် sebum ကိုထုတ်လုပ်ပေးရာမှ ဆံပင်အမြစ်တွေမှာ အဆီများပြီး ချွဲကျိကျိဖြစ်လာစေနိုင်ပါတယ်။

Credit : My Style

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top