iMyanmarHouse.com - Best Property Website for Myanmar
×

French toast (ေပါင္မုန္႔ၾကက္ဥေၾကာ္) ေတြဟာ အေကာင္းဆံုးမနက္စာတစ္မ်ိဳးပါပဲ။ သူတို႔ဟာ ျပဳလုပ္ရတာလည္းလြယ္ကူတယ္။ ပါဝင္ပစၥည္းနဲ႔ ျပဳလုပ္ခ်ိန္လည္း နည္းပါးတယ္။ ေနာက္ၿပီး စားရတာလည္း အရသာရွိပါတယ္။

ဒါေပမယ္႔ တစ္ခုရွိတာက ေပါင္မုန္႔ၾကက္ဥေၾကာ္ေတြဟာ က်န္းမာေရးနဲ႔ညီညႊတ္ဖို႔လည္း လိုပါေသးတယ္။ အဆီအရမ္းမ်ားတဲ႔ ေပါင္မုန္႔ၾကက္ဥေၾကာ္ေတြဟာ လူကိုဝိတ္တက္ေစၿပီး အဆီေတြလည္း ပိုမ်ားလာေစႏိုင္ပါတယ္။ ဒီေန႔မွာေတာ့ က်န္းမာေရးနဲ႔လည္း ညီညြတ္ၿပီး အဆီအရမ္းမမ်ားတဲ့ အုန္းသီးေပါင္မုန္႔ၾကက္ဥေၾကာ္ လုပ္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ပါဝင္ပစၥည္းမ်ား

ဒီေပါင္မုန္႔ၾကက္ဥေၾကာ္ (French Toast) ေလးကိုျပဳလုပ္ဖို႔ ေပါင္မုန္႔ (၁) ခ်ပ္ရယ္၊ သစ္ၾကံပိုးေခါက္မႈန္႔ လက္ဖက္ရည္ဇြန္း (၁) ဇြန္းရယ္၊ သၾကားညိဳ လက္ဖက္ရည္ဇြန္း (၁) ဇြန္းခြဲခန္႔၊ ၾကက္ဥတစ္လံုး၊ အုန္းႏိုု႔ (၁/၂) ခြက္နဲ႔ ဆားအနည္းငယ္လိုအပ္ပါတယ္။

ျပဳလုပ္နည္း

ျပဳလုပ္နည္းကေတာ႔ အရင္ဆံုး ပန္းကန္ျပားတစ္ခ်ပ္ေပၚမွာ အဆီနည္းတဲ႔ေထာပတ္ကိုသုတ္လိမ္းလိုက္ၿပီး ေပါင္မုန္႔ကို ပန္းကန္ျပားေပၚမွာတင္လိုက္ပါ။ ေထာပတ္သုတ္ၿပီးရင္ သစ္ၾကံပိုးေခါက္မႈန္႔နဲ႔ သၾကားညိဳကို ေပါင္မုန္႔ေပၚ ျဖဴးေပးလိုက္ပါ။

ၿပီးရင္ ၾကက္ဥရယ္၊ ႏို႔ရယ္၊ ဆားရယ္ကို ပန္းကန္လံုးတစ္လံုးထဲ ထည္႔ၿပီး ေရာသမေမႊလိုက္ပါ။ ရလာတဲ႔အႏွစ္ကို ေပါင္မုန္႔ေပၚကိုေလာင္းခ်ေပးလိုက္ပါ။ ၿပီးရင္ေတာ႔ ပန္းကန္ျပားအေပၚကေန ေနာက္ထပ္ပန္းကန္ျပားတစ္ခ်ပ္ (သို႔) အလူမီနီယမ္ခဲစကၠဴနဲ႔အုပ္ၿပီး (၁၅) မိနစ္ေလာက္ထားေပးလိုက္ပါ။

ၿပီးရင္ မိုက္ခရုိေဝ႔ဖ္ (microwave) မီးဖိုထဲထည္႔ၿပီး (၅) မိနစ္ေလာက္ ထားလိုက္ရင္ အုန္းသီးနံ႔ေလးေမႊးၿပီး သင္းေနတဲ့ အုန္းသီးေပါင္မုန္႔ ၾကက္ဥေၾကာ္ေလးကို အရသာ႐ွိ႐ွိ သံုးေဆာင္ႏိုင္ပါၿပီ။

Source: Indianspot

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
French toast (ပေါင်မုန့်ကြက်ဥကြော်) တွေဟာ အကောင်းဆုံးမနက်စာတစ်မျိုးပါပဲ။ သူတို့ဟာ ပြုလုပ်ရတာလည်းလွယ်ကူတယ်။ ပါဝင်ပစ္စည်းနဲ့ ပြုလုပ်ချိန်လည်း နည်းပါးတယ်။ နောက်ပြီး စားရတာလည်း အရသာရှိပါတယ်။

ဒါပေမယ့် တစ်ခုရှိတာက ပေါင်မုန့်ကြက်ဥကြော်တွေဟာ ကျန်းမာရေးနဲ့ညီညွှတ်ဖို့လည်း လိုပါသေးတယ်။ အဆီအရမ်းများတဲ့ ပေါင်မုန့်ကြက်ဥကြော်တွေဟာ လူကိုဝိတ်တက်စေပြီး အဆီတွေလည်း ပိုများလာစေနိုင်ပါတယ်။ ဒီနေ့မှာတော့ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး အဆီအရမ်းမများတဲ့ အုန်းသီးပေါင်မုန့်ကြက်ဥကြော် လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

ဒီပေါင်မုန့်ကြက်ဥကြော် (French Toast) လေးကိုပြုလုပ်ဖို့ ပေါင်မုန့် (၁) ချပ်ရယ်၊ သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်းရယ်၊ သကြားညို လက်ဖက်ရည်ဇွန်း (၁) ဇွန်းခွဲခန့်၊ ကြက်ဥတစ်လုံး၊ အုန်းနိုု့ (၁/၂) ခွက်နဲ့ ဆားအနည်းငယ်လိုအပ်ပါတယ်။

ပြုလုပ်နည်း

ပြုလုပ်နည်းကတော့ အရင်ဆုံး ပန်းကန်ပြားတစ်ချပ်ပေါ်မှာ အဆီနည်းတဲ့ထောပတ်ကိုသုတ်လိမ်းလိုက်ပြီး ပေါင်မုန့်ကို ပန်းကန်ပြားပေါ်မှာတင်လိုက်ပါ။ ထောပတ်သုတ်ပြီးရင် သစ်ကြံပိုးခေါက်မှုန့်နဲ့ သကြားညိုကို ပေါင်မုန့်ပေါ် ဖြူးပေးလိုက်ပါ။

ပြီးရင် ကြက်ဥရယ်၊ နို့ရယ်၊ ဆားရယ်ကို ပန်းကန်လုံးတစ်လုံးထဲ ထည့်ပြီး ရောသမမွှေလိုက်ပါ။ ရလာတဲ့အနှစ်ကို ပေါင်မုန့်ပေါ်ကိုလောင်းချပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်ပြားအပေါ်ကနေ နောက်ထပ်ပန်းကန်ပြားတစ်ချပ် (သို့) အလူမီနီယမ်ခဲစက္ကူနဲ့အုပ်ပြီး (၁၅) မိနစ်လောက်ထားပေးလိုက်ပါ။

ပြီးရင် မိုက်ခရိုဝေ့ဖ် (microwave) မီးဖိုထဲထည့်ပြီး (၅) မိနစ်လောက် ထားလိုက်ရင် အုန်းသီးနံ့လေးမွှေးပြီး သင်းနေတဲ့ အုန်းသီးပေါင်မုန့် ကြက်ဥကြော်လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Indianspot

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top