iMyanmarHouse.com - Best Property Website for Myanmar
×

ထမင္းက ျမန္မာလူမ်ိဳးေတြအဓိကစားသံုးတဲ့အစားအစာတစ္ခုပါ။ ထမင္းက ဘယ္လိုအေရာင္အဆင္း ဘယ္လိုအရသာရွိတယ္ဆိုတာကိုေတာ့ အထူးတလည္ေျပာျပဖို႔လိုမယ္မထင္ပါဘူး။ တစ္ေန႔ကို အနည္းဆံုး ၂ ၾကိမ္ေလာက္စားျဖစ္ေနတဲ့ ထမင္းက ခႏၶာကိုယ္အတြက္ ဘယ္ေလာက္ေတာင္ အက်ိဳးျပဳေပးေနလဲဆိုတာကိုေတာ့ သိပ္သတိမထားမိၾကပါဘူး။ အေရွ႕ေတာင္အာရွႏိုင္ငံေတြက ျပည္သူေတြက ထမင္းကိုအဓိကထားစားသံုးၾကပါတယ္။ ဒီလိုမ်ိဳး ေန႔စဥ္စားသံုးျဖစ္ေနတဲ့ ထမင္းက ခႏၶာကိုယ္ကို ဘယ္ေလာက္ထိ အက်ိဳးျပဳေပးေနလဲဆိုတာကို အခုေဆာင္းပါးေလးထဲမွာ ေျပာျပေပးခ်င္ပါတယ္။
ထမင္းကေန ဘယ္လိုအာဟာရဓာတ္ေတြရရွိႏိုင္သလဲ

ထမင္းမွာ ခႏၶာကိုယ္အတြက္ စြမ္းအင္ေပးတဲ့ ကာဗိုဟိုက္ဒရိတ္၊ ကိုယ္တြင္း ကယ္လ္ဆီယမ္နဲ႔ေဖာ့စဖရိတ္ဓာတ္ကိုေတြကို ထိန္းညွိေပးဖို႔လိုအပ္တဲ့ အာဟာရဓာတ္တစ္မ်ိဳးျဖစ္တဲ့ ဗီတာမင္ D၊ အရိုးေတြၾကံ႕ခိုင္သန္စြမ္းဖို႔အတြက္လိုအပ္တဲ့ ကယ္လ္ဆီယမ္၊ အစာေတြကိုေၾကညက္ေစဖို႔နဲ႔ အူလမ္းေၾကာင္းကအာဟာရဓာတ္ေတြစုပ္ယူမႈကို အားျဖည့္ေပးတဲ့ အမွ်င္ဓာတ္၊ ခႏၶာကိုယ္ရဲ႕ ေသြးဆဲလ္ေတြကို တိုးပြားေစႏိုင္တဲ့ သံဓာတ္၊ ခႏၶာကိုယ္ရဲ႕ ေသြးပမာဏနဲ႔ ေရဓာတ္ပမာဏကို ထိန္းညွိေပးတဲ့ သတၱဳဓာတ္တစ္မ်ိဳးျဖစ္တဲ့ ဆိုဒီယမ္တို႔ပါဝင္ပါတယ္။
ထမင္းစားရင္ ဘယ္လိုအက်ိဳးေက်းဇူးေတြရရွိႏိုင္မလဲ

ဦးေႏွာက္ရဲ႕ လုပ္ငန္းစဥ္ေတြကို အေထာက္အပံ႔ေပးတယ္

စိတ္က်န္းမာေရးေကာင္းမြန္ေစဖို႔အတြက္ ကာဗိုဟိုက္ဒရိတ္က အရမး္ကိုအေရးပါတဲ့ အခန္းက႑ကေနပါဝင္ေနပါတယ္။ ခႏၶာကိုယ္ထဲမွာ ကာဗိုဟိုက္ဒရိတ္မရွိဘူးဆိုရင္ အားမရွိသလိုခံစားရမွာျဖစ္ပါတယ္။ ေတြးေခၚစဥ္းစားမႈေတြကို ေကာင္းေကာင္းမလုပ္နိုင္ဘဲ စိတ္ရႈပ္တာ၊ စိတ္ဓာတ္က်တာေတြေတာင္ခံစားလာရႏိုင္ပါတယ္။ ဒီလိုေတြမျဖစ္ေစဖို႔ဆိုရင္ေတာ့ ထမင္းကိုပံုမွန္စားေပးဖို႔လိုပါမယ္။

အေရျပားက်န္းမာေစႏိုင္ပါတယ္

ထမင္းက ခႏၶာကိုယ္အတြက္ စြမ္းအင္အဓိကရရွိႏိုင္တဲ့ အစားအေသာက္ျဖစ္ရံုတင္မကဘဲ အေရျပားကိုက်န္းမာေစႏိုင္တဲ႔ အမွ်င္ဓာတ္ေတြကိုပါ ရရွိေစႏိုင္တဲ႔ အစားအစာတစ္ခုပါ။ အမွ်င္ဓာတ္က ခႏၶာကိုယ္ရဲ႕ အစာေျခစနစ္အတြင္းက အဆိပ္အေတာက္ေတြ၊ ဘက္တီးရီးယားေတြ နဲ႔ မိႈပိုးေတြကိုဖယ္ရွားေပးပါတယ္။ ဒီလိုမ်ိဳးလုပ္ေဆင္ေပးတာက ဝက္ျခံျဖစ္တာနဲ႔ အသားအေရမြဲေျခာက္ေျခာက္ျဖစ္တာေတြ ေလ်ာ့ပါးသက္သာေစျပီး အေရျပားကိုက်န္းမာေစႏိုင္ပါတယ္။

ကိုယ္ဝန္ေဆာင္ေတြအတြက္ သင့္ေတာ္တယ္

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဗီတာမင္ D ခ်ိဳ႕တဲ့သူေတြအေနနဲ႔ ေသြးတိုးျဖစ္တာနဲ႔ကိုယ္အဂၤါထိခိုက္ပ်က္စီးတာေတြျဖစ္ႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္ကာလမွာ ထမင္းကို အသင့္အတင့္စားသံုးေပးမယ္ဆိုရင္ အခုေျပာခဲ့တဲ့ ျပႆနာေတြကေန ကင္းေဝးေစမွာျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဗီတာမင္ D ပမာဏမ်ားလြန္းရင္လည္း ကေလးက အသက္ ၂ ႏွစ္အရြယ္အတြင္းမွာ အစားအေသာက္ဓာတ္မတည့္တာေတြျဖစ္နိုင္ေျခမ်ားပါတယ္။ ဒါေၾကာင့္ ထမင္းကိုအမ်ားၾကီးမစားဖို႔ေတာ့ ေျပာခ်င္ပါတယ္။

ႏွလံုးက်န္းမာေစႏိုင္တယ္

ထမင္းမွာ ကာဗိုဟိုက္ဒရိတ္ၾကြယ္ဝစြာပါဝင္တဲ့အျပင္ ႏွလံုးက်န္းမာေစနိုင္တဲ႔ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြနဲ႔ ခႏၶာကိုယ္အတြက္ အက်ိဳးျပဳတဲ႔ ကိုလက္စထေရာေတြပါဝင္ေနပါတယ္။

အဆီမတက္ေစပါဘူး

အခ်ိဳ႕သူေတြက ထမင္းစားရင္ အဆီတက္တယ္လို႔ထင္ေနၾကပါတယ္။ တကယ္ေတာ့မဟုတ္ပါဘူး။ ထမင္းက ကာဗိုဟိုက္ဒရိတ္ပါဝင္မႈ မ်ားတယ္ဆိုေပမယ့္ ကိုယ္အေလးခ်ိန္ေတာ့မတက္ေစပါူး။ ထမင္းမွမဟုတ္ပါဘူး၊ အလြန္အကၽြံစားရင္ ဘယ္အစားအစာမဆို ကိုယ္အေလးခ်ိန္တက္ေစနိုင္တယ္ဆိုတာကို သတိရပါ။

အက်ိဳးျပဳဘက္တီးရီးယားေတြ ျဖစ္ေပၚလာေစတယ္

ထမင္းမွာ အူမၾကီးက်န္းမာေရးကို အေထာက္အကူျပဳတဲ့ အက်ိဳးျပဳဘက္တီးရီးယားေတြေပါက္ဖြားလာေအာင္ လႈံ႔ေဆာ္ေပးႏိုင္စြမ္းရွိပါတယ္။ ဒီဘက္တီးရီးယားေတြက ဝမ္းေလွ်ာတာ၊ဝမ္းကိုက္တာေတြမျဖစ္ေအာင္လုပ္ေဆာင္ေပးပါတယ္။ ေနာက္တစ္ခုက ထမင္းက ခႏၶာကိုယ္အတြက္ ေန႔စဥ္လိုအပ္တဲ့ အာဟာရဓာတ္ေတြကိုျဖည့္ေပးပါတယ္။

ေသြးအားနည္းေရာဂါကို ကာကြယ္ေပးတယ္

ထမင္းမွာပါတဲ့ သံဓာတ္က ဟီမိုဂလိုဘင္ေတြကိုျဖစ္ေပၚေစႏိုင္ပါတယ္။ ခႏၶာကိုယ္ထဲမွာ ဟီမိုဂလိုဘင္အေရအတြက္ မ်ားလာတဲ့အခါ ေသြးအားနည္းေဝဒနာခံစားရႏိုင္ေျခကိုနည္းသြားေစမွာျဖစ္ပါတယ္။

ကင္ဆာျဖစ္ႏိုင္ေျခကိုေလ်ာ႔က်ေစႏိုင္တယ္

ခႏၶာကိုယ္ထဲမွာ အမွ်င္ဓာတ္နည္းတဲ့အခါ အစာအိမ္နဲ႕အူလမ္းေၾကာင္းကိုထိခိုက္ေစႏိုင္တဲ႔ အူမၾကီးကင္ဆာလိုမ်ိဳး ကင္ဆာေရာဂါကိုျဖစ္ေစႏိုင္ပါတယ္။ ဒီလိုေဝဒနာေတြမျဖစ္ေအာင္ အမွ်င္ဓာတ္ပါတဲ့ အစားအစာေတြကို စားသံုးေပးလို႔ရသလို ထမင္းကိုစားသံုးေပးလည္းရပါတယ္။ ထမင္းမွာအမွ်င္ဓာတ္ၾကြယ္ဝတာေၾကာင့္ အစာေျခစနစ္ကို ေကာင္းမြန္ေစႏိုင္တဲ့အျပင္ အူမၾကီးကင္ဆာ၊ သားအိမ္ကင္ဆာနဲ႔ သားအိမ္ေခါင္းကင္ဆာေတြမျဖစ္ေအာင္ကာကြယ္ေပးသလို ရင္သားကင္ဆာျဖစ္ႏိုင္ေျခကိုလည္းေလ်ာ႔က်ေစပါတယ္။

အသက္ၾကီးတဲ႔သူေတြမွာ အရိုးပြေရာဂါမျဖစ္ေအာင္ကာကြယ္ေပးတယ္

ထမင္းမွာ ဗီတာမင္ D ၾကြယ္ဝစြာပါဝင္တာေၾကာင့္ အသက္အရြယ္ၾကီးရင့္သူေတြအတြက္  အထူးသင့္ေတာ္ပါတယ္။ အသက္အရြယ္ၾကီးရင့္လာေလေလ ကိုယ္တြင္းက ဗီတာမင္ နဲ႔ သတၱဳဓာတ္ေတြေလ်ာ့နည္းလာေလေလပါ။ ဒါေၾကာင့္ အသက္ကီးရင့္လတဲ့သူေတြကို က်နးမာေနေစဖို႔အတြက္ ဗီတာမင္ D ျပည့္ဝေနေအာင္လုပ္ေဆာင္ေပးဖို႔လိုပါမယ္။ ေနေရာင္ျခည္ကေနလည္း ဗီတာမင္ D ရႏိုင္သလို ထမင္းကေနလည္း ဗီတာမင္ D ရရွိႏိုင္ပါတယ္။ ဒါေၾကာင့္ အသက္အရြယ္ၾကီးရင့္လာသူေတြမွာ အရိုးပြေရာဂါမျဖစ္ေစဖို႔ အတြက္ ဗီတာမင္ D ရရွိေအာင္ ထမင္းေကၽြးေပးလို႔ရပါတယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ထမင်းက မြန်မာလူမျိုးတွေအဓိကစားသုံးတဲ့အစားအစာတစ်ခုပါ။ ထမင်းက ဘယ်လိုအရောင်အဆင်း ဘယ်လိုအရသာရှိတယ်ဆိုတာကိုတော့ အထူးတလည်ပြောပြဖို့လိုမယ်မထင်ပါဘူး။ တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်လောက်စားဖြစ်နေတဲ့ ထမင်းက ခန္ဓာကိုယ်အတွက် ဘယ်လောက်တောင် အကျိုးပြုပေးနေလဲဆိုတာကိုတော့ သိပ်သတိမထားမိကြပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေက ပြည်သူတွေက ထမင်းကိုအဓိကထားစားသုံးကြပါတယ်။ ဒီလိုမျိုး နေ့စဉ်စားသုံးဖြစ်နေတဲ့ ထမင်းက ခန္ဓာကိုယ်ကို ဘယ်လောက်ထိ အကျိုးပြုပေးနေလဲဆိုတာကို အခုဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။
ထမင်းကနေ ဘယ်လိုအာဟာရဓာတ်တွေရရှိနိုင်သလဲ

ထမင်းမှာ ခန္ဓာကိုယ်အတွက် စွမ်းအင်ပေးတဲ့ ကာဗိုဟိုက်ဒရိတ်၊ ကိုယ်တွင်း ကယ်လ်ဆီယမ်နဲ့ဖော့စဖရိတ်ဓာတ်ကိုတွေကို ထိန်းညှိပေးဖို့လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ ဗီတာမင် D၊ အရိုးတွေကြံ့ခိုင်သန်စွမ်းဖို့အတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ အစာတွေကိုကြေညက်စေဖို့နဲ့ အူလမ်းကြောင်းကအာဟာရဓာတ်တွေစုပ်ယူမှုကို အားဖြည့်ပေးတဲ့ အမျှင်ဓာတ်၊ ခန္ဓာကိုယ်ရဲ့ သွေးဆဲလ်တွေကို တိုးပွားစေနိုင်တဲ့ သံဓာတ်၊ ခန္ဓာကိုယ်ရဲ့ သွေးပမာဏနဲ့ ရေဓာတ်ပမာဏကို ထိန်းညှိပေးတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ ဆိုဒီယမ်တို့ပါဝင်ပါတယ်။
ထမင်းစားရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ

ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေကို အထောက်အပံ့ပေးတယ်

စိတ်ကျန်းမာရေးကောင်းမွန်စေဖို့အတွက် ကာဗိုဟိုက်ဒရိတ်က အရမ်းကိုအရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ကာဗိုဟိုက်ဒရိတ်မရှိဘူးဆိုရင် အားမရှိသလိုခံစားရမှာဖြစ်ပါတယ်။ တွေးခေါ်စဉ်းစားမှုတွေကို ကောင်းကောင်းမလုပ်နိုင်ဘဲ စိတ်ရှုပ်တာ၊ စိတ်ဓာတ်ကျတာတွေတောင်ခံစားလာရနိုင်ပါတယ်။ ဒီလိုတွေမဖြစ်စေဖို့ဆိုရင်တော့ ထမင်းကိုပုံမှန်စားပေးဖို့လိုပါမယ်။

အရေပြားကျန်းမာစေနိုင်ပါတယ်

ထမင်းက ခန္ဓာကိုယ်အတွက် စွမ်းအင်အဓိကရရှိနိုင်တဲ့ အစားအသောက်ဖြစ်ရုံတင်မကဘဲ အရေပြားကိုကျန်းမာစေနိုင်တဲ့ အမျှင်ဓာတ်တွေကိုပါ ရရှိစေနိုင်တဲ့ အစားအစာတစ်ခုပါ။ အမျှင်ဓာတ်က ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်အတွင်းက အဆိပ်အတောက်တွေ၊ ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေကိုဖယ်ရှားပေးပါတယ်။ ဒီလိုမျိုးလုပ်ဆေင်ပေးတာက ဝက်ခြံဖြစ်တာနဲ့ အသားအရေမွဲခြောက်ခြောက်ဖြစ်တာတွေ လျော့ပါးသက်သာစေပြီး အရေပြားကိုကျန်းမာစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်တွေအတွက် သင့်တော်တယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင် D ချို့တဲ့သူတွေအနေနဲ့ သွေးတိုးဖြစ်တာနဲ့ကိုယ်အင်္ဂါထိခိုက်ပျက်စီးတာတွေဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ထမင်းကို အသင့်အတင့်စားသုံးပေးမယ်ဆိုရင် အခုပြောခဲ့တဲ့ ပြဿနာတွေကနေ ကင်းဝေးစေမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင် D ပမာဏများလွန်းရင်လည်း ကလေးက အသက် ၂ နှစ်အရွယ်အတွင်းမှာ အစားအသောက်ဓာတ်မတည့်တာတွေဖြစ်နိုင်ခြေများပါတယ်။ ဒါကြောင့် ထမင်းကိုအများကြီးမစားဖို့တော့ ပြောချင်ပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်

ထမင်းမှာ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်တဲ့အပြင် နှလုံးကျန်းမာစေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ကိုလက်စထရောတွေပါဝင်နေပါတယ်။

အဆီမတက်စေပါဘူး

အချို့သူတွေက ထမင်းစားရင် အဆီတက်တယ်လို့ထင်နေကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ ထမင်းက ကာဗိုဟိုက်ဒရိတ်ပါဝင်မှု များတယ်ဆိုပေမယ့် ကိုယ်အလေးချိန်တော့မတက်စေပါူး။ ထမင်းမှမဟုတ်ပါဘူး၊ အလွန်အကျွံစားရင် ဘယ်အစားအစာမဆို ကိုယ်အလေးချိန်တက်စေနိုင်တယ်ဆိုတာကို သတိရပါ။

အကျိုးပြုဘက်တီးရီးယားတွေ ဖြစ်ပေါ်လာစေတယ်

ထမင်းမှာ အူမကြီးကျန်းမာရေးကို အထောက်အကူပြုတဲ့ အကျိုးပြုဘက်တီးရီးယားတွေပေါက်ဖွားလာအောင် လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။ ဒီဘက်တီးရီးယားတွေက ဝမ်းလျှောတာ၊ဝမ်းကိုက်တာတွေမဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။ နောက်တစ်ခုက ထမင်းက ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေကိုဖြည့်ပေးပါတယ်။

သွေးအားနည်းရောဂါကို ကာကွယ်ပေးတယ်

ထမင်းမှာပါတဲ့ သံဓာတ်က ဟီမိုဂလိုဘင်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဟီမိုဂလိုဘင်အရေအတွက် များလာတဲ့အခါ သွေးအားနည်းဝေဒနာခံစားရနိုင်ခြေကိုနည်းသွားစေမှာဖြစ်ပါတယ်။

ကင်ဆာဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်တယ်

ခန္ဓာကိုယ်ထဲမှာ အမျှင်ဓာတ်နည်းတဲ့အခါ အစာအိမ်နဲ့အူလမ်းကြောင်းကိုထိခိုက်စေနိုင်တဲ့ အူမကြီးကင်ဆာလိုမျိုး ကင်ဆာရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒီလိုဝေဒနာတွေမဖြစ်အောင် အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို စားသုံးပေးလို့ရသလို ထမင်းကိုစားသုံးပေးလည်းရပါတယ်။ ထမင်းမှာအမျှင်ဓာတ်ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေနိုင်တဲ့အပြင် အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတွေမဖြစ်အောင်ကာကွယ်ပေးသလို ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်းလျော့ကျစေပါတယ်။

အသက်ကြီးတဲ့သူတွေမှာ အရိုးပွရောဂါမဖြစ်အောင်ကာကွယ်ပေးတယ်

ထမင်းမှာ ဗီတာမင် D ကြွယ်ဝစွာပါဝင်တာကြောင့် အသက်အရွယ်ကြီးရင့်သူတွေအတွက်  အထူးသင့်တော်ပါတယ်။ အသက်အရွယ်ကြီးရင့်လာလေလေ ကိုယ်တွင်းက ဗီတာမင် နဲ့ သတ္တုဓာတ်တွေလျော့နည်းလာလေလေပါ။ ဒါကြောင့် အသက်ကီးရင့်လတဲ့သူတွေကို ကျနးမာနေစေဖို့အတွက် ဗီတာမင် D ပြည့်ဝနေအောင်လုပ်ဆောင်ပေးဖို့လိုပါမယ်။ နေရောင်ခြည်ကနေလည်း ဗီတာမင် D ရနိုင်သလို ထမင်းကနေလည်း ဗီတာမင် D ရရှိနိုင်ပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးရင့်လာသူတွေမှာ အရိုးပွရောဂါမဖြစ်စေဖို့ အတွက် ဗီတာမင် D ရရှိအောင် ထမင်းကျွေးပေးလို့ရပါတယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top