iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ႏွစ္ထက္တစ္ႏွစ္ ေကာ္ဖီေသာက္သံုးတဲ့ လူဦးေရပမာဏဟာ တိုးပြားလို႕လာေနပါတယ္။ အလြန္႕အလြန္ အရသာရွိလွတဲ့ ေကာ္ဖီတစ္ခြက္ကို ျပဳလုပ္ဖို႕ဆိုတာဟာ အႏုပညာတစ္ခုျဖစ္ၿပီး အေျခခံနည္းလမ္းေလးေတြကို လုိက္နာမယ္ဆိုရင္ ဘယ္လုိလုပ္ရလဲဆိုတာကို သင္ယူႏုိင္ပါတယ္။

ဒါေႀကာင့္ အနည္းဆံုး တစ္ႀကိမ္ေလာက္ေတာ့ ျပဳလုပ္မိတဲ့ ေကာ္ဖီေဖ်ာ္တဲ့အမွားနဲ႕ ပတ္သက္ၿပီး ေဖာ္ျပေပးခ်င္ပါတယ္။

၁။ ပိုက္ဆံေခၽြတာျခင္း

ေကာ္ဖီရဲ႕ေစ်းႏႈန္းက သူ႕ရဲ႕အရသာနဲ႕ တုိက္ရိုက္ဆက္စပ္မႈရွိေနလို႕ အရသာရွိတဲ့ေကာ္ဖီတစ္ခြက္ကေတာ့ ေစ်းမသက္သာႏုိင္ပါဘူး။

၂။ ေကာ္ဖီႀကိတ္စက္အသံုးမျပဳျခင္း

အခ်ိဳ႕လူေတြက အပင္ပန္းမခံလို၊ အခ်ိန္အကုန္မခံလိုတဲ့အတြက္ ႀကိတ္ၿပီးသားေကာ္ဖီကို ၀ယ္ယူႀကပါတယ္။ ႀကိတ္ၿပီးသားေကာ္ဖီမႈန္႕ေတြက စူပါမားကတ္ေတြရဲ႕စင္ေတြမွာ အခ်ိန္အႀကာႀကီးရွိေနၿပီးျဖစ္လုိ႕ အနံ႕အရသာပါ ေျပာင္းလဲသြားႏုိင္ပါတယ္။

၃။ ေကာ္ဖီေစ့ေတြကို စနစ္တက် မသိမ္းဆည္းမိျခင္း

ေလ၊ အလင္းေရာင္ႏွင့္ အပူေတြက ေကာ္ဖီေစ့ေတြအတြက္ အဓိကအႏၱရာယ္မ်ားျဖစ္လို႕ ထုပ္ပိုးတဲ့အခါမွာ အထူးသတိထားရပါမယ္။ ေလအလံုပိတ္ထားဖို႕လိုအပ္လို႕ အိတ္ေတြနဲ႕သိမ္းဆည္းမည့္အစား ဘူးေလးေတြနဲ႕ စနစ္တက်အလံုပိတ္သိမ္းဆည္းျခင္းက အေကာင္းဆံုးပါ။

၄။ ၁ အခ်ိဳး ၁၀ စည္းမ်ဥ္းကို မလိုက္နာျခင္း

ေကာ္ဖီေဖ်ာ္တဲ့အခါမွာ ေကာ္ဖီမႈန္႕ ၁ ဇြန္းကို ေရ ၁၀ မီလီလီတာနဲ႕ ေရာစပ္ေဖ်ာ္ျခင္းက ကၽြမ္းက်င္ပညာရွင္မ်ား ေထာက္ခံထားတာပါ။ ေရအမ်ားႀကီးထည့္လိုက္မယ္ဆိုရင္ အေကာင္းဆံုးေကာ္ဖီေတာင္မွ ရြက္ႀကမ္းေရက်ိဳဘ၀ေရာက္သြားပါလိမ့္မယ္။

၅။ ခြက္ကို မွန္မွန္ကန္ကန္ မသံုးမိျခင္း

ေကာ္ဖီရဲ႕အရသာကို အျပည့္ခံစားႏိုင္ဖုိ႕အတြက္ မွန္ကန္သင့္ေတာ္တဲ့ ခြက္ကိုအသံုးျပဳဖို႕လိုအပ္ပါတယ္။ အနားၿပီး ၂၀၀ မီလီလီတာရွိတဲ့ ခြက္ေတြက ေကာ္ဖီကို အခ်ိန္ႀကာႀကာပူေႏြးေနေစပါတယ္။

၆။ ေကာ္ဖီေစ့ေတြကို ေရခဲေသတၱာထဲမွာသိမ္းဆည္းျခင္း

ေရခဲေသတၱာက အနံ႕ေတြကို စုပ္ယူသြားႏိုင္စြမ္းရွိလို႕ ေကာ္ဖီသည္လည္းပဲ ထိုအထဲမွာ မသိမ္းဆည္းသင့္တဲ့ ပစၥည္းေတြထဲမွာ တစ္ခုအပါအ၀င္ပါ။ ထည့္လိုက္မိပါက ေကာ္ဖီရဲ႕ အနံ႕ေရာ အရသာပါ အဆိုးဆံုးျဖစ္သြားမွာပါ။

၇။ ေအးစက္ေနတဲ့ ေကာ္ဖီကိုေသာက္သံုးျခင္း

ေကာ္ဖီကို အရသာရွိရွိေဖ်ာ္ၿပီးေသာ္လည္း တခါတေလမွာ အလုပ္ေတြရႈပ္လို႕ ေသာက္ဖုိ႕ေမ့သြားတတ္ပါတယ္။ ခ်က္ခ်င္းမေသာက္မိေတာ့ ေအးစက္သြားတဲ့ေကာ္ဖီဟာ အရသာခါးသြားၿပီး အနံ႕လည္းတမ်ိဳးေျပာင္းသြားႏိုင္ပါတယ္။

၈။ ပါ၀င္ပစၥည္းအမ်ားႀကီးထည့္ျခင္း

ေကာ္ဖီတြင္ Antioxidants ပါ၀င္ၿပီးသြားျဖစ္လို႕ နုိ႕ထပ္ထည့္စရာမလိုပါဘူး။ သုိ႕ေသာ္လည္း အခ်ိဳ႕သူမ်ားက ႏို႕ထပ္ထည့္မွ အရသာေတြ႕ႀကတာျဖစ္လို႕ ထည့္သြင္းေသာက္သံုးတတ္ႀကပါတယ္။ ဒါေပမယ့္ ႏို႕ သို႕မဟုတ္ သႀကား အမ်ားႀကီးထည့္လိုက္ျခင္းက လတ္ဆတ္တဲ့ေကာ္ဖီရဲ႕ အရသာကို ပ်က္စီးသြားေစႏိုင္ပါတယ္။

၉။ တခါတည္းအမ်ားႀကီး၀ယ္ျခင္း

ေကာ္ဖီေတြကို ေလွာ္ၿပီးေနာက္ သံုးပတ္ထက္ပိုၿပီး မသံုးဖို႕အႀကံေပးခ်က္ေတြရွိပါတယ္။ နည္းနည္းခ်င္း၀ယ္ၿပီး လတ္လတ္ဆတ္ဆတ္ေသာက္သုံးျခင္းက ေမႊးရနံ႕သင္းတဲ့ ေကာ္ဖီတစ္ခြက္ရဲ႕ အရသာကို ခံစားမိေစမွာပါ။

၁၀။ ေကာ္ဖီေဖ်ာ္စက္ကို မႀကာခဏ သန္႕ရွင္းေရးမလုပ္ျခင္း

အျခားစက္ပစၥည္းေတြလိုပဲ ေကာ္ဖီေဖ်ာ္စက္လည္းပဲ မႀကာမႀကာ သန္႕ရွင္းေရးလုပ္ေပးဖို႕ လုိအပ္ပါတယ္။ ထိုသုိ႕လုပ္ေပးျခင္းက ေကာ္ဖီရဲ႕ေမႊးပ်ံ႕တဲ့ ရနံ႕ကိုထိန္းသိမ္းႏိုင္ေစရံုသာမက ဘတ္တီးရီးယားေတြ ေကာ္ဖီထဲ၀င္ေရာက္ျခင္းမွ ကာကြယ္ေပးႏိုင္ပါတယ္။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တစ်နှစ်ထက်တစ်နှစ် ကော်ဖီသောက်သုံးတဲ့ လူဦးရေပမာဏဟာ တိုးပွားလို့လာနေပါတယ်။ အလွန့်အလွန် အရသာရှိလှတဲ့ ကော်ဖီတစ်ခွက်ကို ပြုလုပ်ဖို့ဆိုတာဟာ အနုပညာတစ်ခုဖြစ်ပြီး အခြေခံနည်းလမ်းလေးတွေကို လိုက်နာမယ်ဆိုရင် ဘယ်လိုလုပ်ရလဲဆိုတာကို သင်ယူနိုင်ပါတယ်။

ဒါကြောင့် အနည်းဆုံး တစ်ကြိမ်လောက်တော့ ပြုလုပ်မိတဲ့ ကော်ဖီဖျော်တဲ့အမှားနဲ့ ပတ်သက်ပြီး ဖော်ပြပေးချင်ပါတယ်။

၁။ ပိုက်ဆံချွေတာခြင်း

ကော်ဖီရဲ့ဈေးနှုန်းက သူ့ရဲ့အရသာနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိနေလို့ အရသာရှိတဲ့ကော်ဖီတစ်ခွက်ကတော့ ဈေးမသက်သာနိုင်ပါဘူး။

၂။ ကော်ဖီကြိတ်စက်အသုံးမပြုခြင်း

အချို့လူတွေက အပင်ပန်းမခံလို၊ အချိန်အကုန်မခံလိုတဲ့အတွက် ကြိတ်ပြီးသားကော်ဖီကို ဝယ်ယူကြပါတယ်။ ကြိတ်ပြီးသားကော်ဖီမှုန့်တွေက စူပါမားကတ်တွေရဲ့စင်တွေမှာ အချိန်အကြာကြီးရှိနေပြီးဖြစ်လို့ အနံ့အရသာပါ ပြောင်းလဲသွားနိုင်ပါတယ်။

၃။ ကော်ဖီစေ့တွေကို စနစ်တကျ မသိမ်းဆည်းမိခြင်း

လေ၊ အလင်းရောင်နှင့် အပူတွေက ကော်ဖီစေ့တွေအတွက် အဓိကအန္တရာယ်များဖြစ်လို့ ထုပ်ပိုးတဲ့အခါမှာ အထူးသတိထားရပါမယ်။ လေအလုံပိတ်ထားဖို့လိုအပ်လို့ အိတ်တွေနဲ့သိမ်းဆည်းမည့်အစား ဘူးလေးတွေနဲ့ စနစ်တကျအလုံပိတ်သိမ်းဆည်းခြင်းက အကောင်းဆုံးပါ။

၄။ ၁ အချိုး ၁၀ စည်းမျဉ်းကို မလိုက်နာခြင်း

ကော်ဖီဖျော်တဲ့အခါမှာ ကော်ဖီမှုန့် ၁ ဇွန်းကို ရေ ၁၀ မီလီလီတာနဲ့ ရောစပ်ဖျော်ခြင်းက ကျွမ်းကျင်ပညာရှင်များ ထောက်ခံထားတာပါ။ ရေအများကြီးထည့်လိုက်မယ်ဆိုရင် အကောင်းဆုံးကော်ဖီတောင်မှ ရွက်ကြမ်းရေကျိုဘဝရောက်သွားပါလိမ့်မယ်။

၅။ ခွက်ကို မှန်မှန်ကန်ကန် မသုံးမိခြင်း

ကော်ဖီရဲ့အရသာကို အပြည့်ခံစားနိုင်ဖို့အတွက် မှန်ကန်သင့်တော်တဲ့ ခွက်ကိုအသုံးပြုဖို့လိုအပ်ပါတယ်။ အနားပြီး ၂၀၀ မီလီလီတာရှိတဲ့ ခွက်တွေက ကော်ဖီကို အချိန်ကြာကြာပူနွေးနေစေပါတယ်။

၆။ ကော်ဖီစေ့တွေကို ရေခဲသေတ္တာထဲမှာသိမ်းဆည်းခြင်း

ရေခဲသေတ္တာက အနံ့တွေကို စုပ်ယူသွားနိုင်စွမ်းရှိလို့ ကော်ဖီသည်လည်းပဲ ထိုအထဲမှာ မသိမ်းဆည်းသင့်တဲ့ ပစ္စည်းတွေထဲမှာ တစ်ခုအပါအဝင်ပါ။ ထည့်လိုက်မိပါက ကော်ဖီရဲ့ အနံ့ရော အရသာပါ အဆိုးဆုံးဖြစ်သွားမှာပါ။

၇။ အေးစက်နေတဲ့ ကော်ဖီကိုသောက်သုံးခြင်း

ကော်ဖီကို အရသာရှိရှိဖျော်ပြီးသော်လည်း တခါတလေမှာ အလုပ်တွေရှုပ်လို့ သောက်ဖို့မေ့သွားတတ်ပါတယ်။ ချက်ချင်းမသောက်မိတော့ အေးစက်သွားတဲ့ကော်ဖီဟာ အရသာခါးသွားပြီး အနံ့လည်းတမျိုးပြောင်းသွားနိုင်ပါတယ်။

၈။ ပါဝင်ပစ္စည်းအများကြီးထည့်ခြင်း

ကော်ဖီတွင် Antioxidants ပါဝင်ပြီးသွားဖြစ်လို့ နို့ထပ်ထည့်စရာမလိုပါဘူး။ သို့သော်လည်း အချို့သူများက နို့ထပ်ထည့်မှ အရသာတွေ့ကြတာဖြစ်လို့ ထည့်သွင်းသောက်သုံးတတ်ကြပါတယ်။ ဒါပေမယ့် နို့ သို့မဟုတ် သကြား အများကြီးထည့်လိုက်ခြင်းက လတ်ဆတ်တဲ့ကော်ဖီရဲ့ အရသာကို ပျက်စီးသွားစေနိုင်ပါတယ်။

၉။ တခါတည်းအများကြီးဝယ်ခြင်း

ကော်ဖီတွေကို လှော်ပြီးနောက် သုံးပတ်ထက်ပိုပြီး မသုံးဖို့အကြံပေးချက်တွေရှိပါတယ်။ နည်းနည်းချင်းဝယ်ပြီး လတ်လတ်ဆတ်ဆတ်သောက်သုံးခြင်းက မွှေးရနံ့သင်းတဲ့ ကော်ဖီတစ်ခွက်ရဲ့ အရသာကို ခံစားမိစေမှာပါ။

၁၀။ ကော်ဖီဖျော်စက်ကို မကြာခဏ သန့်ရှင်းရေးမလုပ်ခြင်း

အခြားစက်ပစ္စည်းတွေလိုပဲ ကော်ဖီဖျော်စက်လည်းပဲ မကြာမကြာ သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါတယ်။ ထိုသို့လုပ်ပေးခြင်းက ကော်ဖီရဲ့မွှေးပျံ့တဲ့ ရနံ့ကိုထိန်းသိမ်းနိုင်စေရုံသာမက ဘတ်တီးရီးယားတွေ ကော်ဖီထဲဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

Credit : My Food

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top