iMyanmarHouse.com - Best Property Website for Myanmar
×

၀ိတ္မေလွ်ာ့ခင္႐ိုက္ထားတဲ့ဓာတ္ပံုနဲ႔  ၀ိတ္ေလွ်ာ့ၿပီးေနာက္ ႐ိုက္လိုက္တဲ့ဓာတ္ပံုဟာ ၀ိတ္ခ်ေနသူေတြအတြက္  အေကာင္းဆံုးစိတ္ခြန္အား လႈံ႔ေဆာ္မႈျဖစ္ေစပါတယ္လို႔ ေလ့လာမႈ တစ္ခုက ေဖာ္ျပထားပါတယ္။ ၀ိတ္ေလွ်ာ့ခ်ျခင္းအစီအစဥ္မွာပါ၀င္တဲ့ အသက္ 16 ႏွစ္မွ 72 ၾကား ေစတနာ့၀န္ထမ္းေတြကို ၀ိတ္မခ်ခင္မွာ ကိုယ္လံုးေပၚဓာတ္ပံု႐ိုက္ေစၿပီး 16 ပတ္ ၾကာၿပီးေနာက္ ျပန္လည္ေလ့လာခဲ့ရာ ေစတနာ့၀န္ထမ္း  90 ရာခိုင္ႏႈန္းဟာ  ၄င္းတို႔သတ္မွတ္ထားတဲ့ ကို္ယ္အေလးခ်ိန္စံႏႈန္းကိုေရာက္ေအာင္ လုပ္ႏိုင္ေၾကာင္းေတြ႕ရွိခ့ဲၾကပါတယ္။

ခႏၶာကိုယ္အစိတ္အပိုင္းေတြကို တိုင္းတာၾကည့္တဲ့ကိန္းဂဏန္းေတြ၊ ေပါင္ခ်ိန္ေတြထက္ ဓာတ္ပံုကပိုၿပီး ဘာေၾကာင့္စိတ္အားလႈံ႕ေဆာ္မႈျဖစ္ေစရသလဲဆိုတာကုိ   ဆန္းစစ္ၾကည့္ရာမွာ ဓာတ္ပံုကပိုၿပီး ကိုယ့္ကုိယ္ကို ဘယ္ေလာက္ ၀ ေနၿပီလဲဆိုတာ ရွင္းရွင္းလင္းလင္းသိရွိေစတာေၾကာင့္လို႔ သိရွိရပါတယ္။ ဒါကပဲ ၀ိတ္ေလွ်ာ့ခ်မယ္ဆိုတဲ့ဆံုးျဖတ္ခ်က္ကို ခိုင္မာေစတဲ့အျပင္ ၀ိတ္မခ်ခင္႐ိုက္ထားတဲ့ဓာတ္ပံုနဲ႔ ၀ိတ္ေလွ်ာ့ေနစဥ္အတြင္း ဒါမွမဟုတ္ ၀ိတ္ေလွ်ာ့ၿပီးေနာက္႐ိုက္တဲ့ဓာတ္ပံုကို ႏႈိင္းယွဥ္ၾကည့္တဲ့အခါ ကိုယ္ဘယ္ေလာက္၀ိတ္က်သြားၿပီျဖစ္ေၾကာင္း၊  ၀ိတ္ထပ္က်ဖို႔ဘယ္ေလာက္ႀကိဳးစားဖို႔လိုေသးေၾကာင္း ပိုမိုသိရွိေစတာျဖစ္တဲ့အတြက္  ၀ိတ္က်ခ်င္စိတ္ကို ျမႇင့္တင္ေပးလိုက္သလို ျဖစ္သြားပါတယ္။ ဒါ့ေၾကာင့္ ၀ိတ္ေလွ်ာ့မယ္ဆိုရင္ တစ္လ တစ္ခါေလာက္ ဓာတ္ပံု႐ိုက္ၾကည့္ဖို႔ တိုက္တြန္းလိုက္ပါတယ္။

Credit : drmyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဝိတ်မလျှော့ခင်ရိုက်ထားတဲ့ဓာတ်ပုံနဲ့  ဝိတ်လျှော့ပြီးနောက် ရိုက်လိုက်တဲ့ဓာတ်ပုံဟာ ဝိတ်ချနေသူတွေအတွက်  အကောင်းဆုံးစိတ်ခွန်အား လှုံ့ဆော်မှုဖြစ်စေပါတယ်လို့ လေ့လာမှု တစ်ခုက ဖော်ပြထားပါတယ်။ ဝိတ်လျှော့ချခြင်းအစီအစဉ်မှာပါဝင်တဲ့ အသက် 16 နှစ်မှ 72 ကြား စေတနာ့ဝန်ထမ်းတွေကို ဝိတ်မချခင်မှာ ကိုယ်လုံးပေါ်ဓာတ်ပုံရိုက်စေပြီး 16 ပတ် ကြာပြီးနောက် ပြန်လည်လေ့လာခဲ့ရာ စေတနာ့ဝန်ထမ်း  90 ရာခိုင်နှုန်းဟာ  ၎င်းတို့သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်စံနှုန်းကိုရောက်အောင် လုပ်နိုင်ကြောင်းတွေ့ရှိခဲ့ကြပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တိုင်းတာကြည့်တဲ့ကိန်းဂဏန်းတွေ၊ ပေါင်ချိန်တွေထက် ဓာတ်ပုံကပိုပြီး ဘာကြောင့်စိတ်အားလှုံ့ဆော်မှုဖြစ်စေရသလဲဆိုတာကို   ဆန်းစစ်ကြည့်ရာမှာ ဓာတ်ပုံကပိုပြီး ကိုယ့်ကိုယ်ကို ဘယ်လောက် ၀ နေပြီလဲဆိုတာ ရှင်းရှင်းလင်းလင်းသိရှိစေတာကြောင့်လို့ သိရှိရပါတယ်။ ဒါကပဲ ဝိတ်လျှော့ချမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို ခိုင်မာစေတဲ့အပြင် ဝိတ်မချခင်ရိုက်ထားတဲ့ဓာတ်ပုံနဲ့ ဝိတ်လျှော့နေစဉ်အတွင်း ဒါမှမဟုတ် ဝိတ်လျှော့ပြီးနောက်ရိုက်တဲ့ဓာတ်ပုံကို နှိုင်းယှဉ်ကြည့်တဲ့အခါ ကိုယ်ဘယ်လောက်ဝိတ်ကျသွားပြီဖြစ်ကြောင်း၊  ဝိတ်ထပ်ကျဖို့ဘယ်လောက်ကြိုးစားဖို့လိုသေးကြောင်း ပိုမိုသိရှိစေတာဖြစ်တဲ့အတွက်  ဝိတ်ကျချင်စိတ်ကို မြှင့်တင်ပေးလိုက်သလို ဖြစ်သွားပါတယ်။ ဒါ့ကြောင့် ဝိတ်လျှော့မယ်ဆိုရင် တစ်လ တစ်ခါလောက် ဓာတ်ပုံရိုက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Credit : drmyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top