iMyanmarHouse.com - Best Property Website for Myanmar
×









Photo : လှယဉ်ကျေး FB

Credit : Duwun

မကြာခင် ရုံတင်ပြသတော့မယ့် မုဒြာခေါ်ရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ထားတဲ့ လှယဉ်ကျေးတစ်ယောက် ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ကြုံနေရတာပါ။

သူမပါဝင်ထားတဲ့ မောင့်အိမ်သူ ရုပ်ရှင်ဇာတ်ကားထဲက ဦးလူမင်းနဲ့ အတူ သရုပ်ဆောင် ထားတဲ့ ဇာတ်ဝင်ခန်းတွေကို ဖြတ်ပြီး မဟုတ်တာတွေ ရေးကာ သူမကို တိုက်ခိုက်နေကြတာ ဖြစ်တယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

“မုဒြာရဲ့ခေါ်သံ …တင်ခါနီးမှ မောင့်အိမ်သူထဲကဦးလူမင်းနဲ့ဇာတ်ဝင်ခန်းတွေဖြတ်ပြီး မဟုတ်တာတွေရေးနေတာ ဘာလို့ပါလဲ။မောင့်အိမ်သူ.. အပျော်မယ် မိန်းကလေး ဇာတ်ရုပ်မှာ ဇာတ်အလိုကျ ရွံစရကောင်အောင် မိတ်ကပ်၊ ဆံပင်၊အဝတ်စား၊ အမူယာကအစ တစ်စိမှ မေတ္တာ မထားနိုင်အောင် သရုပ်ဆောင်ခဲ့တယ်။

မုဒြာခေါ်သံ… ရိုးရိုးယဉ်ယဉ်မြန်မာ မိန်းကလေး၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ကိုချစ်မြတ်နိုးသူ၊ အဝတ်စား၊ အမူယာ၊ အပြောဆို ကအစ ငေချာ ပြင်ဆင်ပြီးသရုပ်ဆောင်ခဲ့ပါတယ်။

၂ ကားလုံးမှာ လိုအပ်တာတွေတော့ရှိမှာပါ။ဒါပေမယ့် မောင့်အိမ်သူကြည်ပြီးတွေ မုဒြာခေါ်သံကြည်ပြီးရင် ဇာတ်ရုပ်နှစ်ခုကို ဘယ်လောက်အောင်ပြင်ဆင်ထား သရုပ်ဆောင်ထားလဲ သိမှာပါ။

ဦးလူမင်းနဲ့ပုံတွေကို ဇာတ်ဝင်ခန်းထဲကဖြတ်ပြီး အပြင်ကတကယ့်ပုံတွေလို caption တွေရေးတင်နေတာ ဘာရည်ရွယ်ချက်ပါလဲ ” ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။

သရုပ်ဆောင် တစ်ယောက်အနေနဲ့ မတူတဲ့ ဇာတ်ရုပ်နှစ်ကို ကွဲထွက်အောင် သရုပ်ဆောင်နိုင်ခဲ့လို့ ဂုဏ်ယူမိတယ်ဆိုပြီး သူမက ဆက်လက်ပြောပြထားပါသေးတယ်။

လှယဉ်ကျေးအနေနဲ့ မောင့်အိမ်သူ ဇာတ်ကားထဲမှာ အပျော်မယ်တစ်ယောက်ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ဇာတ်အရှိန်ပိုမိုမြင့်စေခဲ့ပြီး ပရိသတ်အားပေးမှုရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

Photo : လှယဉ်ကျေး FB

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top