iMyanmarHouse.com - Best Property Website for Myanmar
×

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခႏၶာကိုယ္မွာ ဒဏ္ရာရယ္လို႔ျဖစ္လာတဲ့အခါ အဲဒီဒဏ္ရာကို ဘယ္လိုမ်ိဳး ေစာင့္ေရွာက္မႈေတြလုပ္မလဲဆိုတာနဲ႔ အနာက်က္ျမန္ေအာင္ ဘယ္လိုေနထိုင္စားေသာက္မလဲဆိုတာက သိထားသင့္ပါတယ္။ ဘာေၾကာင့္ပဲ ထိခိုက္ဒဏ္ရာျဖစ္ျဖစ္ ရရွိလာတဲ့ဒဏ္ရာကို အမႈမဲ့အမွတ္မဲ့ထားလိုက္လို႔မရပါဘူး။ အနာက်က္ျမန္ေအာင္၊ မွန္ကန္ျပီး က်န္းမာေရးနဲ႔ညီညြတ္ေအာင္ စားေသာက္ေနထိုင္ဖို႔လိုအပ္ပါတယ္။

ထိခိုက္ဒဏ္ရာတစ္ခုရထားတဲ့အခါ ပံုမွန္စားေနက်အတိုင္း စားခ်င္တာမ်န္သမွ်ကိုစားေနလို႔မျဖစ္ပါဘူး။ စားသံုးတဲ့အစားအစာေတြထဲမွာ အနာက်က္ျမန္ေစျပီး ေရာဂါကာကြယ္ေစတဲ့ ကိုယ္ခံအားကိုတက္ေစမယ့္ ဗီတာမင္ နဲ႔ သတၱဳဓာတ္ေတြပါဝင္တဲ့ အစားအေသာက္ေတြကို စားသံုးဖို႔ကေတာ္ေတာ္ေလးအေရးပါပါတယ္။ ေအာက္မွာေတာ့ အနာက်က္တာကို လ်င္ျမန္ေစမယ့္ အစားအေသာက္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

အနာက်က္ျမန္ေစမယ့္ အစားအေသာက္ေတြကဘာေတြျဖစ္မလဲ

နႏြင္း

ဟင္းခ်က္ရာမွာသံုးေလ့ရွိၾကတဲ့ အရာတစ္မ်ိုးပါ။ နႏြင္းကေတာ္ေတာ္ေေလးေဆးဖက္ဝင္တယ္လို႔လည္းသိထားၾကျပီးျဖစ္မွာပါ။ နႏြင္းမွာပါတဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္းတစ္မ်ိဳးက ေရာင္ရမ္းမႈကို သက္သာေစျပီး အနာက်က္ျမန္ေစႏိုင္စြမ္းရွိပါတယ္။ ေရွးလူၾကီးေတြဆိုရင္ အနာေပၚမွာ နႏြင္းသိပ္တာ၊ နႏြင္းေရေဖ်ာ္ျပီးလူးတာမ်ိဳးေတြလုပ္ၾကပါတယ္။ နႏြင္းနဲ႔ ၾကပ္ထုတ္ထိုးတာမ်ိဳးလည္းရွိပါတယ္။

ပ်ားရည္

ပ်ားရည္ကို သဘာဝအာဟာရတစ္မ်ိဳးအျဖစ္နဲ႔ ေန႔စဥ္ ေဆးျဖစ္ဝါးျဖစ္ေသာက္သံုးတာမ်ိဳးလည္းရွိပါတယ္။ ပ်ားရည္မွာ ဗီတာမင္နဲ႔ အမိုင္ႏိုအက္ဆစ္ဓာတ္ေတြက အခ်ိဳဓာတ္ထက္ပိုမိုပါဝင္ေနတတ္ပါတယ္။ ပ်ားရည္ကို အနာေပၚလူးေပးရင္လည္း ေရာင္ရမ္းတာ၊နာက်င္တာ နဲ႔ အနာတဝိုက္နီျမန္းနာက်င္တာေတြကို သက္သာေစႏိုင္ပါတယ္။ ပ်ားရည္မွာပါတဲ့ ပိုးေသေစႏိုင္တဲ့ အာနိသင္ေတြက အနာထဲကို ပိုးမဝင္ေအာင္ တားဆီးေပးပါတယ္။

ႏို႔ထြက္ပစၥည္းေတြ

ႏြားႏို႔ နဲ႔ ဒိန္ခ်ဥ္တို႔လိုမ်ိဳး ႏို႔ထြက္ပစၥည္းေတြမွာ ပရိုတင္းနဲ႔ ဇင့္ဓာတ္ပါဝင္မႈမ်ားတာေၾကာင့္ အနာက်က္ေစဖို႔အေထာက္အကူျပဳေပးပါတယ္။ သိပၸံနည္းက်အေထာက္အထားေတြအရ ႏို႔မွာပါတဲ့ ပရိုတင္းဓာတ္က အနာက်က္ျမန္ေစႏုိင္တယ္လို႔ သိရပါတယ္။

အဆီမပါတဲ့ အသား

ႏို႔ထြက္ပစၥည္းေတြလိုပဲ အသားမွာလည္း အနာက်က္ျမန္ေစတဲ့ ပရိုတင္းနဲ႔ ဇင့္ဓာတ္ေတြပါဝင္ေနပါတယ္။ အနာက်က္ေစႏိုင္ဖို႔အတြက္ ေန႔စဥ္စားသံုးတဲ့အစားအေသာက္ေတြထဲမွာ အသားတစ္တံုးေလာက္ထည့္ျပီးစားေပးမယ္ဆိုရင္ အနာက်က္ျမန္ေစမွာျဖစ္ပါတယ္။

ကန္စြန္းဥ

ကန္စြန္းဥမွာလည္း အနာက်က္ျမန္ေစတယ္လို႔သိထားၾကတဲ့  ဗီတာမင္ A၊ B နဲ႔ ဓာတ္တိုးဆန္႔က်င္အာနိသင္ေတြပိုင္ဆိုင္ထားတဲ့ ဗီတာမင္ C ေတြပါဝင္ေနပါတယ္။ ဒါေၾကာင့္ အနာက်က္ျမန္ေစဖို႔ဆိုရင္ ကန္စြန္းဥကလည္း ေမ့မထားသင့္တဲ့အစားအေသာက္တစ္မ်ိဳးပါ။

အခြံမာသီးနဲ႔အေစ့အဆန္မ်ား

ဖရံုေစ့နဲ႔ႏွမ္းတို႔လိုမ်ိဳး အေစ့အဆန္ေတြမ်ာ ဇင့္ဓာတ္ၾကြယ္ဝစြာပါဝင္ေနပါတယ္။ ဇင့္က ကိုယ္ခံအားစနစ္ေကာင္းမြန္ေစဖို႔အတြက္ မရွိမျဖစ္လိုအပ္တဲ့ဓာတ္တစ္မ်ိဳးပါ။ ဇင့္က အနာက်က္ေစဖို႔အတြက္ နဲ႔ ဆဲလ္ၾကီးထြားဖို႔အတြက္လိုအပ္တဲ့ သတၱဳဓာတ္တစ္မ်ိုးလည္းျဖစ္ပါတယ္။

ခရမ္းခ်ဥ္သီး

ခရမ္းခ်ဥ္သီးက အနာထဲကို ပိုးမဝင္ေရာက္ ကာကြယ္ေပးႏိုင္သလို အနာက်က္ျမန္ေစေအာင္လည္းလုပ္ေဆာင္ေပးပါတယ္။ ခရမ္းခ်ဥ္သီးက ဆဲလ္ေတြထိခိုက္ပ်က္စီးတာမ်ိဳးမျဖစ္ေအာင္ ကာကြယ္ေပးသလို ကိုယ္ခံအားစနစ္ကိုလည္း အားျဖည့္ေပးပါတယ္။ ေန႔စဥ္စားသံုးတဲ့အစားအေသာက္ေတြထဲမွာ ခရမ္းခ်ဥ္သီးတစ္ကြင္းေလာက္ထည့္စားတာမ်ိဳးပဲျဖစ္ျဖစ္၊ ခရမ္းခ်ဥ္သီးကို ဟင္းအႏွစ္ခ်က္ျပီးစားတာ၊ သုတ္စားတာမ်ိဳးျဖစ္ျဖစ္လုပ္ျပီးစားမယ္ဆိုရင္ အနာက်က္ျမန္ေစမွာ အေသအခ်ာပါပဲ။

ပန္းေဂၚဖီစိမ္း

ပန္းေဂၚဖီစိမ္းမွာ phytonutrients ေတြျမင့္မားစြာပါရွိပါတယ္။ အဆိုပါ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြကရာင္ရမ္းမႈေတြကို သက္သာေစႏိုင္ျပီး ကိုယ္ခံအားစနစ္ကိုလည္း တိုးျမင့္ေစပါတယ္။ ပန္းေဂၚဖီစိမ္းမွာပါတဲ့ ဗီတာမင္ C  ကအနာက်က္ေစႏိုင္သလို ပ်က္စီးစုတ္ျပဲသြားတဲ့ တစ္ရႈးေတြကို ျပဳျပင္ေပးျပီး ၾကီးထြားေစပါတယ္။ ေန႔စဥ္စားသံုးတဲ့အစားအေသာက္ေတြထဲမွာ ပန္းေဂၚဖီစိမ္းေၾကာ္ကို နည္းနည္းထည့္စားေပးတာက အနာက်က္ေစမွာျဖစ္ပါတယ္။

ပဲပိစပ္

ပဲပိစပ္မွာ အစားေျခစနစ္ရဲ႕ လုပ္ငန္းေဆာင္တာေတြကို ေကာင္းမြန္ေစႏိုင္တဲ့ ဗီတာမင္ A၊C၊D၊E နဲ႔ K တို႔လိုမ်ိဳး ဗီတာမင္ ဓာတ္ေတြၾကြယ္ ဝစြာပါဝင္ေနပါတယ္။ ပဲပိစပ္က ကိုယ္ခံအားစနစ္ေကာင္းမြန္ေအာင္ အေထာက္အကူျပဳႏိုင္သလို အေရျပားက်န္းမာေအာင္လည္း အေထာက္အကူျပဳေပးပါတယ္။ ေန႔စဥ္စားသံုးတဲ့ အစားအေသာက္ေတြထဲမွာ ပဲပိစပ္ကိုထည့္ျပီးစားသံုးေပးမယ္ အနာက်က္ျမန္ေစမွာလည္းျဖစ္ပါတယ္။

ေခ်ာကလက္

အခ်ိဳၾကိဳက္တဲ့သူေတြအတြက္ သတင္းေကာင္းတစ္ရပ္ပါ။ ေခ်ာကလက္ကက်န္းမာေရးကိုေကာင္းမြန္ေအာင္လည္း အေထာက္အကူျပဳ ေပးပါတယ္။ ေခ်ာကလက္ရဲ႕ေနာက္ထပ္အာနိသင္တစ္ခုက အနာက်က္ေစႏိုင္တာပါ။ က်န္းမာေရးဆိုင္ရာ အစီရင္ခံစာေတြမွာ အနက္ေရာင္ ေခ်ာကလက္က ေသြးဖိအားကို ထိန္းညွိေပးႏိုင္တယ္၊လို႔လည္းေဖာ္ျပထားပါတယ္။ ေခ်ာကလက္က ခႏၶာကိုယ္ရဲ႕ ေအာက္ဆီဂ်င္၊ အာဟာရဓာတ္ေတြနဲ႔ ဗီတာမင္ေတြကို ထုတ္လႊတ္မႈမွာ အေထာက္အကူျပဳေပးပါတယ္။ ေခ်ာကလက္စားသံုးေပးမယ္ဆိုရင္ အနာကို ပိုးမဝင္ေအာင္ကာကြယ္ျပီးရာေရာက္မယ့္အျပင္ အနာကိုက်က္ေစႏိုင္မွာျဖစ္ပါတယ္။

အရည္ေသာက္ပါ

ေနာက္ဆံုးတစ္ခ်က္အေနနဲ႔ ေျပာျပခ်င္တာက အနာက်က္ေအာင္အရည္မ်ားမ်ားေသာက္ဖို႔ပါ။ အရည္ဓာတ္လံုေလာက္မႈကလည္း အနာက်က္ ေအာင္အေထာက္အကူျပဳေပးပါတယ္။ အရည္ေသာက္ပါဆိုတဲ့ေနရာမွာလည္း ေကာ္ဖီ၊လက္ဖက္ရည္နဲ႔အရက္လိုမ်ိဳးေသာက္စရာေတြကိုေျပာခ်င္တာမဟုတ္ပါဘူး။ က်န္းမာေရးနဲ႔ အညီညြတ္ဆံုးေသာက္စရာကေတာ့ ေရပါ။ လိေမၼာ္သီးကိုေဖ်ာ္ထားတဲ့ သစ္သီးေဖ်ာ္ရည္ နဲ႔ အျခားက်န္းမာေရးနဲ႔ညီညြတ္တဲ့ ဟင္းရည္တစ္မ်ိဳးမ်ိဳးကိုေသာက္ေပးလို႔ရပါတယ္။

ထိခိုက္ဒဏ္ရာရတဲ့အခါမ်ိဳးမွာ အခုေဖာ္ျပခဲ့တဲ့ အစားအစာေတြကို အာဟာရမွ်တေအာင္စားသံုးေပးျပီး အနာျမန္ျမန္က်က္ေအာင္လုပ္ေဆာင္ႏိုင္ၾကပါေစေၾကာင္း။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှာ ဒဏ်ရာရယ်လို့ဖြစ်လာတဲ့အခါ အဲဒီဒဏ်ရာကို ဘယ်လိုမျိုး စောင့်ရှောက်မှုတွေလုပ်မလဲဆိုတာနဲ့ အနာကျက်မြန်အောင် ဘယ်လိုနေထိုင်စားသောက်မလဲဆိုတာက သိထားသင့်ပါတယ်။ ဘာကြောင့်ပဲ ထိခိုက်ဒဏ်ရာဖြစ်ဖြစ် ရရှိလာတဲ့ဒဏ်ရာကို အမှုမဲ့အမှတ်မဲ့ထားလိုက်လို့မရပါဘူး။ အနာကျက်မြန်အောင်၊ မှန်ကန်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်နေထိုင်ဖို့လိုအပ်ပါတယ်။

ထိခိုက်ဒဏ်ရာတစ်ခုရထားတဲ့အခါ ပုံမှန်စားနေကျအတိုင်း စားချင်တာမျန်သမျှကိုစားနေလို့မဖြစ်ပါဘူး။ စားသုံးတဲ့အစားအစာတွေထဲမှာ အနာကျက်မြန်စေပြီး ရောဂါကာကွယ်စေတဲ့ ကိုယ်ခံအားကိုတက်စေမယ့် ဗီတာမင် နဲ့ သတ္တုဓာတ်တွေပါဝင်တဲ့ အစားအသောက်တွေကို စားသုံးဖို့ကတော်တော်လေးအရေးပါပါတယ်။ အောက်မှာတော့ အနာကျက်တာကို လျင်မြန်စေမယ့် အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အနာကျက်မြန်စေမယ့် အစားအသောက်တွေကဘာတွေဖြစ်မလဲ

နနွင်း

ဟင်းချက်ရာမှာသုံးလေ့ရှိကြတဲ့ အရာတစ်မျိုးပါ။ နနွင်းကတော်တော်ေလေးဆေးဖက်ဝင်တယ်လို့လည်းသိထားကြပြီးဖြစ်မှာပါ။ နနွင်းမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးက ရောင်ရမ်းမှုကို သက်သာစေပြီး အနာကျက်မြန်စေနိုင်စွမ်းရှိပါတယ်။ ရှေးလူကြီးတွေဆိုရင် အနာပေါ်မှာ နနွင်းသိပ်တာ၊ နနွင်းရေဖျော်ပြီးလူးတာမျိုးတွေလုပ်ကြပါတယ်။ နနွင်းနဲ့ ကြပ်ထုတ်ထိုးတာမျိုးလည်းရှိပါတယ်။

ပျားရည်

ပျားရည်ကို သဘာဝအာဟာရတစ်မျိုးအဖြစ်နဲ့ နေ့စဉ် ဆေးဖြစ်ဝါးဖြစ်သောက်သုံးတာမျိုးလည်းရှိပါတယ်။ ပျားရည်မှာ ဗီတာမင်နဲ့ အမိုင်နိုအက်ဆစ်ဓာတ်တွေက အချိုဓာတ်ထက်ပိုမိုပါဝင်နေတတ်ပါတယ်။ ပျားရည်ကို အနာပေါ်လူးပေးရင်လည်း ရောင်ရမ်းတာ၊နာကျင်တာ နဲ့ အနာတဝိုက်နီမြန်းနာကျင်တာတွေကို သက်သာစေနိုင်ပါတယ်။ ပျားရည်မှာပါတဲ့ ပိုးသေစေနိုင်တဲ့ အာနိသင်တွေက အနာထဲကို ပိုးမဝင်အောင် တားဆီးပေးပါတယ်။

နို့ထွက်ပစ္စည်းတွေ

နွားနို့ နဲ့ ဒိန်ချဉ်တို့လိုမျိုး နို့ထွက်ပစ္စည်းတွေမှာ ပရိုတင်းနဲ့ ဇင့်ဓာတ်ပါဝင်မှုများတာကြောင့် အနာကျက်စေဖို့အထောက်အကူပြုပေးပါတယ်။ သိပ္ပံနည်းကျအထောက်အထားတွေအရ နို့မှာပါတဲ့ ပရိုတင်းဓာတ်က အနာကျက်မြန်စေနိုင်တယ်လို့ သိရပါတယ်။

အဆီမပါတဲ့ အသား

နို့ထွက်ပစ္စည်းတွေလိုပဲ အသားမှာလည်း အနာကျက်မြန်စေတဲ့ ပရိုတင်းနဲ့ ဇင့်ဓာတ်တွေပါဝင်နေပါတယ်။ အနာကျက်စေနိုင်ဖို့အတွက် နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ အသားတစ်တုံးလောက်ထည့်ပြီးစားပေးမယ်ဆိုရင် အနာကျက်မြန်စေမှာဖြစ်ပါတယ်။

ကန်စွန်းဥ

ကန်စွန်းဥမှာလည်း အနာကျက်မြန်စေတယ်လို့သိထားကြတဲ့  ဗီတာမင် A၊ B နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေပိုင်ဆိုင်ထားတဲ့ ဗီတာမင် C တွေပါဝင်နေပါတယ်။ ဒါကြောင့် အနာကျက်မြန်စေဖို့ဆိုရင် ကန်စွန်းဥကလည်း မေ့မထားသင့်တဲ့အစားအသောက်တစ်မျိုးပါ။

အခွံမာသီးနဲ့အစေ့အဆန်များ

ဖရုံစေ့နဲ့နှမ်းတို့လိုမျိုး အစေ့အဆန်တွေမျာ ဇင့်ဓာတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ဇင့်က ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ဓာတ်တစ်မျိုးပါ။ ဇင့်က အနာကျက်စေဖို့အတွက် နဲ့ ဆဲလ်ကြီးထွားဖို့အတွက်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးလည်းဖြစ်ပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက အနာထဲကို ပိုးမဝင်ရောက် ကာကွယ်ပေးနိုင်သလို အနာကျက်မြန်စေအောင်လည်းလုပ်ဆောင်ပေးပါတယ်။ ခရမ်းချဉ်သီးက ဆဲလ်တွေထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင် ကာကွယ်ပေးသလို ကိုယ်ခံအားစနစ်ကိုလည်း အားဖြည့်ပေးပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ခရမ်းချဉ်သီးတစ်ကွင်းလောက်ထည့်စားတာမျိုးပဲဖြစ်ဖြစ်၊ ခရမ်းချဉ်သီးကို ဟင်းအနှစ်ချက်ပြီးစားတာ၊ သုတ်စားတာမျိုးဖြစ်ဖြစ်လုပ်ပြီးစားမယ်ဆိုရင် အနာကျက်မြန်စေမှာ အသေအချာပါပဲ။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ phytonutrients တွေမြင့်မားစွာပါရှိပါတယ်။ အဆိုပါ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကရာင်ရမ်းမှုတွေကို သက်သာစေနိုင်ပြီး ကိုယ်ခံအားစနစ်ကိုလည်း တိုးမြင့်စေပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ ဗီတာမင် C  ကအနာကျက်စေနိုင်သလို ပျက်စီးစုတ်ပြဲသွားတဲ့ တစ်ရှုးတွေကို ပြုပြင်ပေးပြီး ကြီးထွားစေပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ပန်းဂေါ်ဖီစိမ်းကြော်ကို နည်းနည်းထည့်စားပေးတာက အနာကျက်စေမှာဖြစ်ပါတယ်။

ပဲပိစပ်

ပဲပိစပ်မှာ အစားခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေနိုင်တဲ့ ဗီတာမင် A၊C၊D၊E နဲ့ K တို့လိုမျိုး ဗီတာမင် ဓာတ်တွေကြွယ် ဝစွာပါဝင်နေပါတယ်။ ပဲပိစပ်က ကိုယ်ခံအားစနစ်ကောင်းမွန်အောင် အထောက်အကူပြုနိုင်သလို အရေပြားကျန်းမာအောင်လည်း အထောက်အကူပြုပေးပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ပဲပိစပ်ကိုထည့်ပြီးစားသုံးပေးမယ် အနာကျက်မြန်စေမှာလည်းဖြစ်ပါတယ်။

ချောကလက်

အချိုကြိုက်တဲ့သူတွေအတွက် သတင်းကောင်းတစ်ရပ်ပါ။ ချောကလက်ကကျန်းမာရေးကိုကောင်းမွန်အောင်လည်း အထောက်အကူပြု ပေးပါတယ်။ ချောကလက်ရဲ့နောက်ထပ်အာနိသင်တစ်ခုက အနာကျက်စေနိုင်တာပါ။ ကျန်းမာရေးဆိုင်ရာ အစီရင်ခံစာတွေမှာ အနက်ရောင် ချောကလက်က သွေးဖိအားကို ထိန်းညှိပေးနိုင်တယ်၊လို့လည်းဖော်ပြထားပါတယ်။ ချောကလက်က ခန္ဓာကိုယ်ရဲ့ အောက်ဆီဂျင်၊ အာဟာရဓာတ်တွေနဲ့ ဗီတာမင်တွေကို ထုတ်လွှတ်မှုမှာ အထောက်အကူပြုပေးပါတယ်။ ချောကလက်စားသုံးပေးမယ်ဆိုရင် အနာကို ပိုးမဝင်အောင်ကာကွယ်ပြီးရာရောက်မယ့်အပြင် အနာကိုကျက်စေနိုင်မှာဖြစ်ပါတယ်။

အရည်သောက်ပါ

နောက်ဆုံးတစ်ချက်အနေနဲ့ ပြောပြချင်တာက အနာကျက်အောင်အရည်များများသောက်ဖို့ပါ။ အရည်ဓာတ်လုံလောက်မှုကလည်း အနာကျက် အောင်အထောက်အကူပြုပေးပါတယ်။ အရည်သောက်ပါဆိုတဲ့နေရာမှာလည်း ကော်ဖီ၊လက်ဖက်ရည်နဲ့အရက်လိုမျိုးသောက်စရာတွေကိုပြောချင်တာမဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးသောက်စရာကတော့ ရေပါ။ လိမ္မော်သီးကိုဖျော်ထားတဲ့ သစ်သီးဖျော်ရည် နဲ့ အခြားကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းရည်တစ်မျိုးမျိုးကိုသောက်ပေးလို့ရပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့အခါမျိုးမှာ အခုဖော်ပြခဲ့တဲ့ အစားအစာတွေကို အာဟာရမျှတအောင်စားသုံးပေးပြီး အနာမြန်မြန်ကျက်အောင်လုပ်ဆောင်နိုင်ကြပါစေကြောင်း။

Credit : Mizzima

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top