iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသားေတြက မားစ္ၿဂိဳဟ္ကလာၿပီး အမ်ိဳးသမီးေတြက ဗီးနပ္စ္ၿဂိဳဟ္က လာတယ္လို႔ဆိုပၚတယ္။ က်ား နဲ႔ မ မွာ လိုအပ္ခ်က္ စိတ္ဆႏၵ နဲ႔ အျပဳအမူေတြက တေယာက္နဲ႔တေယာက္ ကြာျခားခ်က္ေတြ႐ွိတာေၾကာင့္ စိတ္ေရာကိုယ္ပါေပ်ာ္ရႊင္ရတဲ့ ႏွစ္ကိုယ္တူဘဝကို တည္ေဆာက္ၾကဖို႔ဆိုရင္ တေယာက္သဘာဝ တေယာက္ သိထားၾကဖို႔ လိုလာပါတယ္။ အို သိ္ပ္ခ်စ္ဖို႔ေကာင္းတဲ့ အမ်ိဳးသမီး ဆိုတာမ်ိဳး ေယာက်ာၤးေတြဘက္က ခံစားလာရဖို႔ သူတို႔ ႀကိဳက္ႏွစ္သက္တတ္တဲ့ အျပဳအမူေလးေတြ ၾကည့္ၾကရေအာင္လား။

1. သူ႕ကို ပူးကပ္ေပြ႕ဖက္ထားတာမ်ိဳး ကိုယ္လက္တြဲေဖာ္နဲ႔ အထိအေတြ႕အရေရာ စိတ္ခံစားမွဳအရေရာ နီးကပ္စြာထိေတြ႕ရင္းႏွီးေနရတာမ်ိဳး သူတို႔သိပ္ျမတ္ႏိုးပါတယ္။ သူ႔ရင္ခြင္ထဲ ကိုယ္က ႏူးညံ့စြာတိုးဝင္တာမ်ိဳး၊ သူ႕ပခံုးအေပၚအသာအယာမွီတာမ်ိဳးက သူ႕တို႔အတြက္ ကိုယ္နဲ႔ပတ္သက္ၿပီး တေလာကလံုးကိုပိုင္ဆိုင္ထားရသလိုမ်ိဳး စိတ္ပိုင္းဆိုင္ရာ စိတ္ခ်လံုျခံဳေစမွာပါ။

2. သူကိုယ့္ကို နမ္းၿပီးတဲ့အခါ ကိုယ္ျပံဳးတဲ့အျပံဳးေလး ဒီလိုတံု႔ျပန္မွဳမ်ိဳးက သူအသည္းအႀကီးႀကီးခိုက္ေစမွာပါ။ သူနမ္းတာ ကိုယ္ကျမတ္ႏိုးပါတယ္ဆိုတဲ့ ခံစားခ်က္မ်ိဳးျပန္ရတာမ်ိဳး ေယာက်ာၤးေလးတိုင္း လိုအပ္ၾကပါတယ္။

3. သူ႕ကို သူမသိလည္း ကိုယ္ကေငးေနတာမ်ိဳး အဲ့လိုအခ်ိန္ေတြ သူ႕ကို ကိုယ္ကေငးေနတုန္း ကိုယ့္ကိုသူ အငိုက္ဖမ္းမိသြားရင္ သူတအားေပ်ာ္ပါတယ္။ ရထားစီးေနတုန္း ပါတီပြဲေရာက္ေနတုန္း တေယာက္နဲ႔တေယာက္ လွမ္းေနတဲ့အခ်ိန္ေတြ အဲ့လို သံေယာဇဥ္ေဝ့သီေနတဲ့ အေငးေလးေတြနဲ႔ သူ႕ကိုျပဳစားထားႏိုင္ပါတယ္။ ဒါ့ထက္ပိုၿပီး သူသိပ္ႀကိဳက္တဲ့ ဖီလင္ေတာ့ မ႐ွိေတာ့ေလာက္ေအာင္ပဲ။

4. သူလုပ္သလို ကိုယ္ကလိုက္တုလုပ္တာမ်ိဳး သိသိသာသာႀကီးလိုက္လုပ္ရင္ေတာ့ ေခ်ာ္ေတာေငါ့သလို ျဖစ္ကုန္မွာေပါ့။ အသာအယာေလး ႏူးညံ့စြာ မသိမသာ သူဆံပင္သပ္ရင္ ကိုယ္က လိုက္သပ္ျဖစ္တာမ်ိဳးေပါ့။ သူ႕ကို ဆြဲေဆာင္ႏိုင္ပါလိမ့္မယ္။

5. ကိုယ္က႐ိုးသားေပးတာမ်ိဳး ေရ႐ွည္လက္တြဲၾကဖို႔ ရည္ရြယ္ထားရင္ တဦးေပၚတဦး ႐ိုးသားၾကတာအေကာင္းဆံုးပါ။ က်ားမ မေရြး တဖက္သားရဲ႕႐ိုးသားမွဳကို တန္ဖိုးထားၾကပါတယ္။

6. သူေျပာတဲ့ဟာသေတြကို လိုက္ရယ္ေပးတာ အမ်ိဳးသားေတြ အမ်ိဳးသမီးေတြဆီက အလိုခ်င္ဆံုးထဲက တခ်က္ပၚပဲ။ သူဟာသေျပာတဲ့အခ်ိန္ ကိုယ္က စိတ္လိုလက္ရ ရယ္ေမာမိရင္ ဖရဏာပီတိ ဂြမ္းဆီထိၿပီး သူတအားေက်နပ္ပါတယ္။

7. သူ႕ဆံပင္ေလးေတြ ထိုးဖြကစားတာ အတူတူ႐ုပ္႐ွင္ၾကည့္ေနရင္ပဲျဖစ္ျဖစ္၊ သူကားေမာင္းေနတုန္းပဲျဖစ္ျဖစ္ သူ႕ရဲ႕ဆံပင္ေလးေတြကို အသာအယာထိုးဖြေဆာ့ကစား ယုယပြတ္သပ္ေပးတာက သူ႕ကိုဘယ္ေလာက္တြယ္တာလဲဆိုတာ သူခံစားမိေစပါတယ္။ သူအရမ္းေပ်ာ္မွာပၚ။

8. လြမ္းရင္လြမ္းတဲ့အေၾကာင္း ေျပာတာမ်ိဳး ခဏခြဲခြာေနရတဲ့ အခါမ်ဳိးေတြမွာ ဖုန္းေခၚ စာပို႔ၿပီး ဘယ္ေလာက္လြမ္းရေၾကာင္း အလြမ္းေျပဖြင့္ေျပာေပးပါ။ သူ႔ကို ေပ်ာ္ရႊင္ေစပါတယ္။

9. ကိုယ္ခႏၶာခ်င္းထိေတြ႕ရတာ သူသိပ္ႀကိဳက္ပၚတယ္ သေဘာက လိင္ကိစၥကိုဆိုလိုတာမဟုတ္ပဲ စိတ္ကူးေပါက္ရင္ေပါက္သလို သူ႕ကိုေပြ႕ဖက္ေပးတာ၊ ပါးေလးကို နမ္းေမႊးေပးတာ၊ သူ႔နဲ႕ေဘးခ်င္းကပ္ထိုင္ေနရင္ သူ႕ဒူးေခါင္းေလး ေပါင္ေလးအေပၚ ကိုယ့္လက္ေလး တင္ထားေပးတာ၊ လမ္းသြားေနရင္း လက္နဲ႔သိုင္းဖက္ထားေပးတာမ်ိဳးေတြေပါ့။ လိင္ကိစၥထက္ကိုပိုၿပီး ကိုယ့္ကို စြဲလမ္းႏွစ္ၿခိဳက္ေစမယ့္ အရာေတြပါ။​တိုက္​ခန္​းေပၚမွ အမ်ိဳးသားတစ္​ဦး ခုန္​ခ်မႈျဖစ္ပြား

10. ခ်ီးက်ဴးေပးပါ ကိုယ့္လက္တြဲေဖာ္ေယာက်ာၤးကို အျမဲခ်ီးက်ဴးေပးဖို႔ လိုပါတယ္။ ခ်ီးက်ဴးေပးျခင္းက သူတို႔ကို အသိအမွတ္ျပဳတဲ့သေဘာျဖစ္ေစၿပီး တကယ္ခ်စ္ျမတ္ႏိုးခံရတဲ့ စိတ္ေပ်ာ္ရႊင္မွဳကို ရေစပါတယ္။ သူ႔ကို သူ႕အ႐ွိအတိုင္း ကိုယ္က ေက်နပ္လက္ခံတဲ့ သေဘာျဖစ္ေစၿပီး သူေျပာတာ သူလုပ္တာေလးေတြကို ကိုယ္က အျမဲခ်စ္သက္ဝင္ေနပံု ခံစားရေစတာေၾကာင့္ပါ။

11. အၾကံဥာဏ္ေတာင္းပါ
ကိုယ္က ေလးစားလို႔ တန္ဖိုးထားလို႔ သူ႕ဆီက ကိုယ္အခက္အခဲအေပၚ ဘယ္လိုျမင္တယ္ ဘယ္လိုေလးလုပ္လို႔ရမလဲ ဆိုတာ အၾကံဥာဏ္ေတာင္းျဖစ္တယ္ဆိုရင္ ဒါ ကိူယ့္လက္တြဲေဖာ္အတြက္ အခြငိ့ထူးခံ ခံစားမွဳပါပဲ။ သူ႕ဆီက အၾကံဥာဏ္ နဲ႔ သူ႕အျမင္ကို အျမဲေမးေပးပါ။

12. သူ႕ရဲ႕ ကိုယ္ပိုင္လြတ္လပ္ခ်ိန္ Personal Space ကို နားလည္လက္ခံေပးပါလိုအပ္တဲ့အခ်ိန္ ေဘာ္ဒါသင္းပင္းေတြနဲ႔ လြတ္လြတ္လပ္လပ္သြားပါေစ။ သြားဖို႔အားေပးပါ။ ကိုယ္လည္း ကိုယ့္မိန္းကေလးသူငယ္ခ်င္းအခ်င္းခ်င္း ဆံုလို႔ရတာပဲ။ တခါတေလမွ ဘာအေၾကာင္းနဲ႔ျဖစ္ျဖစ္ သူတေယာက္တည္းေနခ်င္တဲ့အခါမ်ိဳးေတြဆို ျပသာနာမ႐ွာပဲ နားလည္လက္ခံေပးပါ။ ဒီလိုနားလည္ေပးမွဳက သူ႕ကို စိတ္ခ်လံုျခံဳေစတဲ့ အထူးတလည္ခ်စ္ျမတ္ႏိုးမွဳလို႔ သူခံစားရမွာပါ။

Credit : Luck Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမျိုးသားတွေက မားစ်ဂြိုဟ်ကလာပြီး အမျိုးသမီးတွေက ဗီးနပ်စ်ဂြိုဟ်က လာတယ်လို့ဆိုပါ်တယ်။ ကျား နဲ့ မ မှာ လိုအပ်ချက် စိတ်ဆန္ဒ နဲ့ အပြုအမူတွေက တယောက်နဲ့တယောက် ကွာခြားချက်တွေရှိတာကြောင့် စိတ်ရောကိုယ်ပါပျော်ရွှင်ရတဲ့ နှစ်ကိုယ်တူဘဝကို တည်ဆောက်ကြဖို့ဆိုရင် တယောက်သဘာဝ တယောက် သိထားကြဖို့ လိုလာပါတယ်။ အို သိပ်ချစ်ဖို့ကောင်းတဲ့ အမျိုးသမီး ဆိုတာမျိုး ယောကျာၤးတွေဘက်က ခံစားလာရဖို့ သူတို့ ကြိုက်နှစ်သက်တတ်တဲ့ အပြုအမူလေးတွေ ကြည့်ကြရအောင်လား။

1. သူ့ကို ပူးကပ်ပွေ့ဖက်ထားတာမျိုး ကိုယ်လက်တွဲဖော်နဲ့ အထိအတွေ့အရရော စိတ်ခံစားမှုအရရော နီးကပ်စွာထိတွေ့ရင်းနှီးနေရတာမျိုး သူတို့သိပ်မြတ်နိုးပါတယ်။ သူ့ရင်ခွင်ထဲ ကိုယ်က နူးညံ့စွာတိုးဝင်တာမျိုး၊ သူ့ပခုံးအပေါ်အသာအယာမှီတာမျိုးက သူ့တို့အတွက် ကိုယ်နဲ့ပတ်သက်ပြီး တလောကလုံးကိုပိုင်ဆိုင်ထားရသလိုမျိုး စိတ်ပိုင်းဆိုင်ရာ စိတ်ချလုံခြုံစေမှာပါ။

2. သူကိုယ့်ကို နမ်းပြီးတဲ့အခါ ကိုယ်ပြုံးတဲ့အပြုံးလေး ဒီလိုတုံ့ပြန်မှုမျိုးက သူအသည်းအကြီးကြီးခိုက်စေမှာပါ။ သူနမ်းတာ ကိုယ်ကမြတ်နိုးပါတယ်ဆိုတဲ့ ခံစားချက်မျိုးပြန်ရတာမျိုး ယောကျာၤးလေးတိုင်း လိုအပ်ကြပါတယ်။

3. သူ့ကို သူမသိလည်း ကိုယ်ကငေးနေတာမျိုး အဲ့လိုအချိန်တွေ သူ့ကို ကိုယ်ကငေးနေတုန်း ကိုယ့်ကိုသူ အငိုက်ဖမ်းမိသွားရင် သူတအားပျော်ပါတယ်။ ရထားစီးနေတုန်း ပါတီပွဲရောက်နေတုန်း တယောက်နဲ့တယောက် လှမ်းနေတဲ့အချိန်တွေ အဲ့လို သံယောဇဉ်ဝေ့သီနေတဲ့ အငေးလေးတွေနဲ့ သူ့ကိုပြုစားထားနိုင်ပါတယ်။ ဒါ့ထက်ပိုပြီး သူသိပ်ကြိုက်တဲ့ ဖီလင်တော့ မရှိတော့လောက်အောင်ပဲ။

4. သူလုပ်သလို ကိုယ်ကလိုက်တုလုပ်တာမျိုး သိသိသာသာကြီးလိုက်လုပ်ရင်တော့ ချော်တောငေါ့သလို ဖြစ်ကုန်မှာပေါ့။ အသာအယာလေး နူးညံ့စွာ မသိမသာ သူဆံပင်သပ်ရင် ကိုယ်က လိုက်သပ်ဖြစ်တာမျိုးပေါ့။ သူ့ကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။

5. ကိုယ်ကရိုးသားပေးတာမျိုး ရေရှည်လက်တွဲကြဖို့ ရည်ရွယ်ထားရင် တဦးပေါ်တဦး ရိုးသားကြတာအကောင်းဆုံးပါ။ ကျားမ မရွေး တဖက်သားရဲ့ရိုးသားမှုကို တန်ဖိုးထားကြပါတယ်။

6. သူပြောတဲ့ဟာသတွေကို လိုက်ရယ်ပေးတာ အမျိုးသားတွေ အမျိုးသမီးတွေဆီက အလိုချင်ဆုံးထဲက တချက်ပါ်ပဲ။ သူဟာသပြောတဲ့အချိန် ကိုယ်က စိတ်လိုလက်ရ ရယ်မောမိရင် ဖရဏာပီတိ ဂွမ်းဆီထိပြီး သူတအားကျေနပ်ပါတယ်။

7. သူ့ဆံပင်လေးတွေ ထိုးဖွကစားတာ အတူတူရုပ်ရှင်ကြည့်နေရင်ပဲဖြစ်ဖြစ်၊ သူကားမောင်းနေတုန်းပဲဖြစ်ဖြစ် သူ့ရဲ့ဆံပင်လေးတွေကို အသာအယာထိုးဖွဆော့ကစား ယုယပွတ်သပ်ပေးတာက သူ့ကိုဘယ်လောက်တွယ်တာလဲဆိုတာ သူခံစားမိစေပါတယ်။ သူအရမ်းပျော်မှာပါ်။

8. လွမ်းရင်လွမ်းတဲ့အကြောင်း ပြောတာမျိုး ခဏခွဲခွာနေရတဲ့ အခါမျိုးတွေမှာ ဖုန်းခေါ် စာပို့ပြီး ဘယ်လောက်လွမ်းရကြောင်း အလွမ်းပြေဖွင့်ပြောပေးပါ။ သူ့ကို ပျော်ရွှင်စေပါတယ်။

9. ကိုယ်ခန္ဓာချင်းထိတွေ့ရတာ သူသိပ်ကြိုက်ပါ်တယ် သဘောက လိင်ကိစ္စကိုဆိုလိုတာမဟုတ်ပဲ စိတ်ကူးပေါက်ရင်ပေါက်သလို သူ့ကိုပွေ့ဖက်ပေးတာ၊ ပါးလေးကို နမ်းမွှေးပေးတာ၊ သူ့နဲ့ဘေးချင်းကပ်ထိုင်နေရင် သူ့ဒူးခေါင်းလေး ပေါင်လေးအပေါ် ကိုယ့်လက်လေး တင်ထားပေးတာ၊ လမ်းသွားနေရင်း လက်နဲ့သိုင်းဖက်ထားပေးတာမျိုးတွေပေါ့။ လိင်ကိစ္စထက်ကိုပိုပြီး ကိုယ့်ကို စွဲလမ်းနှစ်ခြိုက်စေမယ့် အရာတွေပါ။တိုက်ခန်းပေါ်မှ အမျိုးသားတစ်ဦး ခုန်ချမှုဖြစ်ပွား

10. ချီးကျူးပေးပါ ကိုယ့်လက်တွဲဖော်ယောကျာၤးကို အမြဲချီးကျူးပေးဖို့ လိုပါတယ်။ ချီးကျူးပေးခြင်းက သူတို့ကို အသိအမှတ်ပြုတဲ့သဘောဖြစ်စေပြီး တကယ်ချစ်မြတ်နိုးခံရတဲ့ စိတ်ပျော်ရွှင်မှုကို ရစေပါတယ်။ သူ့ကို သူ့အရှိအတိုင်း ကိုယ်က ကျေနပ်လက်ခံတဲ့ သဘောဖြစ်စေပြီး သူပြောတာ သူလုပ်တာလေးတွေကို ကိုယ်က အမြဲချစ်သက်ဝင်နေပုံ ခံစားရစေတာကြောင့်ပါ။

11. အကြံဉာဏ်တောင်းပါ
ကိုယ်က လေးစားလို့ တန်ဖိုးထားလို့ သူ့ဆီက ကိုယ်အခက်အခဲအပေါ် ဘယ်လိုမြင်တယ် ဘယ်လိုလေးလုပ်လို့ရမလဲ ဆိုတာ အကြံဉာဏ်တောင်းဖြစ်တယ်ဆိုရင် ဒါ ကိူယ့်လက်တွဲဖော်အတွက် အခွငိ့ထူးခံ ခံစားမှုပါပဲ။ သူ့ဆီက အကြံဉာဏ် နဲ့ သူ့အမြင်ကို အမြဲမေးပေးပါ။

12. သူ့ရဲ့ ကိုယ်ပိုင်လွတ်လပ်ချိန် Personal Space ကို နားလည်လက်ခံပေးပါလိုအပ်တဲ့အချိန် ဘော်ဒါသင်းပင်းတွေနဲ့ လွတ်လွတ်လပ်လပ်သွားပါစေ။ သွားဖို့အားပေးပါ။ ကိုယ်လည်း ကိုယ့်မိန်းကလေးသူငယ်ချင်းအချင်းချင်း ဆုံလို့ရတာပဲ။ တခါတလေမှ ဘာအကြောင်းနဲ့ဖြစ်ဖြစ် သူတယောက်တည်းနေချင်တဲ့အခါမျိုးတွေဆို ပြသာနာမရှာပဲ နားလည်လက်ခံပေးပါ။ ဒီလိုနားလည်ပေးမှုက သူ့ကို စိတ်ချလုံခြုံစေတဲ့ အထူးတလည်ချစ်မြတ်နိုးမှုလို့ သူခံစားရမှာပါ။

Credit : Luck Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top