iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူမရွိေသးတဲ႔ Single ေလးေတြအတြက္ ၂၀၁၈ တစ္နွစ္လံုးစာ အခ်စ္ေဗဒင္ ေဟာစာတမ္းကို ေဖာ္ျပေပးလိုက္ပါတယ္။ အားလံုးပဲ အခ်စ္ေရးမွာ အဆင္ေျပ ေပ်ာ္ရႊင္ၾကပါေစေနာ္။

၁။ Aries – မိႆရာသီဖြား (မတ္လ ၂၁ ရက္ – ဧၿပီလ ၁၉ ရက္)
၂၀၁၈ ခုႏွစ္ကေတာ့ မိႆရာသီဖြားေတြအတြက္ အခ်စ္ေရးမွာ ကံေကာင္းတဲ့ႏွစ္ပါပဲ။ အခုလာမယ့္ႏွစ္မွာ တစ္ဘဝလံုး အတူလက္တြဲသြားမယ့္ခ်စ္သူနဲ႔ ေရစက္ဆံုရပါလိမ့္မယ္။ ဖူးစာရွင္လို႔ ဆိုရမယ့္ခ်စ္သူမ်ိဳးနဲ႔ ဆံုရမွာပါ။ အဲဒီလူက ၂၀၁၈ ခုႏွစ္မွာ ဆံုရတဲ့သူျဖစ္ႏိုင္သလို သိကြ်မ္းျပီးသားလူလည္း ျဖစ္ေနႏိုင္ပါတယ္။

၂။ Taurus – ၿပိႆရာသီဖြား ( ဧၿပီလ ၂၀ ရက္ – ေမလ ၂၁ ရက္ )
ျပိႆရာသီဖြားေတြကေတာ့ အခ်စ္ဆံုးသူငယ္ခ်င္းနဲ႔ ဖူးစာဆံုရပါလိမ့္မယ္။ ႏွစ္ေယာက္လံုးတြဲျဖစ္ခ်င္မွလည္း တြဲျဖစ္ပါလိမ့္မယ္။ ဒါေပမဲ့ ဒီႏွစ္မွာ အဲဒီအခ်စ္က ပိုမိုေလးနက္ခိုင္ျမဲလာပါလိမ့္မယ္။ သင့္ဘဝရဲ႕က်န္ရွိတဲ့ေန႔ရက္ေတြကို အေဖာ္ျပဳသြားရမယ့္လူက သူပါပဲ။

၃။ Gemini – ေမထုန္ရာသီဖြား ( ေမလ ၂၂ ရက္ – ဇြန္လ ၂၀ ရက္ )
အခ်စ္ကို မေမွ်ာ္လင့္ထားတဲ့ေနရာမွာေတြ႔ၾကံဳရပါလိမ့္မယ္။ အဲဒီခ်စ္သူကေတာ့ သင္ကိုယ္တိုင္ပါပဲ။ ေမထုန္ရာသီဖြားေတြက သူမ်ားေတြရဲ႕အေတြးေတြ ခံစားခ်က္ေတြကို အေလးေပးတတ္သူေတြမို႔လို႔ ကိုယ့္ကိုကိုယ္ေမ့ထားသလို ျဖစ္ေနတတ္ပါတယ္။ ဒီလာမယ့္ႏွစ္ဟာ သင္ဟာဘယ္လိုလူဆိုတာကို နားလည္လာျပီး ကိုယ့္တန္ဖိုးကိုယ္ သိလာမယ့္ႏွစ္ပါပဲ။

၄။ Cancer – ကရကဋ္ ရာသီဖြား ( ဇြန္လ ၂၂ ရက္ – ဇူလိုင္ ၂၂ ရက္ )
ကံဆိုးစြာနဲ႔ပဲ ကရကဋ္ ရာသီဖြားေတြအတြက္ ေရွ႕ႏွစ္မွာဆံုရမယ့္အခ်စ္က သင္ရည္မွန္းထားသလိုမဟုတ္ပါဘူး။ ဒါေပမဲ့ ဘယ္လိုပဲျဖစ္ျဖစ္ သင္သေဘာက်လက္ခံမိမဲ့အခ်စ္ဆိုတာေတာ့ ေသခ်ာပါတယ္။ ၾကာၾကာျမဲမယ့္ အခ်စ္မ်ိဳးမဟုတ္ေပမဲ့ အခ်စ္စစ္တစ္ခုပါပဲ။ ကုန္ဆံုးရက္သတ္မွတ္ထားျပီးသားဆိုေပမဲ့ တန္ဖိုးထားသင့္တဲ့ အခ်စ္မ်ိဳးနဲ႔ဆံုရမွာပါ။

၅။ Leo – သိဟ္ရာသီဖြား (ဇူလိုင္လ ၂၃ ရက္ – ၾသဂုတ္လ ၂၂ ရက္ )
၂၀၁၈ မွာ သင့္ကိုေစာင့္ၾကိဳေနတာကေတာ့ ေရွးေရစက္ေတြပါပဲ။ ျပန္ဆံုရေတာ့မွာ မဟုတ္ဘူးလို႔ထင္ထားတဲ့လူနဲ႔ ဖူးစာဆံုရမွာပါ။ အခ်စ္ေဟာင္းလည္းျဖစ္ႏိုင္သလို ျပန္မဆံုျဖစ္ေတာ့တဲ့ သူငယ္ခ်င္းနဲ႔လည္းျဖစ္ႏိုင္ပါတယ္။ ကိုယ့္ဘဝထဲကို ျပန္ဝင္လာမယ္လို႔ ထင္မွတ္မထားတဲ့သူျဖစ္ေနမွာေတာ့ အေသအခ်ာပါပဲ။ အဲဒီလူနဲ႔ ျပန္ဆံုရတဲ့အခါ အရင္လိုရင္းႏွီးခ်စ္ခင္ေနဆဲပဲဆိုတဲ့ ခံစားခ်က္မ်ိဳး ခံစားရပါလိမ့္မယ္။

၆။ Virgo – ကန္ရာသီဖြား ( ၾသဂုတ္လ ၂၃ ရက္ – စက္တင္ဘာလ ၂၂ ရက္ )
၂၀၁၇ မွာ အခ်စ္ေရးကံမေကာင္းခဲ့ဘူးဆိုတာကို ကန္ရာသီဖြားေတြ ကိုယ့္ကိုကိုယ္သာ အသိဆံုးပါ။ ကံမေကာင္းခဲ့ဘူးဆိုတာထက္ အခ်စ္ေရးနဲ႔ ပတ္သတ္ရင္ ဒီႏွစ္က အဆိုးဆံုးလို႔ေတာင္ သတ္မွတ္ရမယ့္ႏွစ္ပါပဲ။ ဒါေပမဲ့ အဲဒါေတြက အလကားမျဖစ္ပါဘူး။ ဒီလိုအဆိုးေတြ ၾကံဳရတယ္ဆိုတာ ၂၀၁၈ မွာၾကံဳေတြ႔ရမယ့္အခ်စ္အတြက္ အသင့္ျဖစ္ေစဖို႔အတြက္ပါပဲ။ ဒါေၾကာင့္ ၾကံဳလာရမယ့္ဖူးစာရွင္ကို လက္ခံျပီးခ်စ္ႏိုင္ဖို႔ အသင့္ျပင္ထားလိုက္ပါေတာ့။

၇။ Libra – တူရာသီဖြား ( စက္တင္ဘာ ၂၃ ရက္ – ေအာက္တိုဘာလ ၂၂ ရက္ )
အခ်ိန္အေတာ္ၾကာေအာင္ ဘာေၾကာင့္ခ်စ္သူေကာင္းေကာင္းမရခဲ့လဲဆိုတာကို သင့္ကိုယ္သင္ေကာင္းေကာင္းသိပါတယ္။ အရင္ခ်စ္သူအေပၚထားရွိတဲ့ ခံစားခ်က္ေတြကို သင္မေမ့ေပ်ာက္ႏိုင္ေသးပါဘူး အဲဒီခံစားခ်က္ေတြေၾကာင့္ အသစ္ထားရေလာက္ေအာင္ သင္မတည္ျငိမ္ႏိုင္ေသးတာပါ။ ဒါေပမဲ့ ၂၀၁၈ မွာေတာ့ သင္ကကံေကာင္းသူပါပဲ။ အဆက္ေဟာင္းက သင့္ဘဝထဲကို ျပန္ဝင္လာျပီး သင့္ကို တစ္ဖန္ခ်စ္ခြင့္ေပးပါလိမ့္မယ္။

၈။ Scorpio – ၿဗိစာၦရာသီဖြား ( ေအာက္တိုဘာလ ၂၃ ရက္ – ႏို၀င္ဘာလ ၂၂ ရက္ )
၂၀၁၈ မွာ ရိုးရွင္းတဲ့အခ်စ္နဲ႔ ၾကံဳဆံုရမယ့္သူေတြပါ။ တစ္ဘဝလံုးခ်စ္ရမယ့္သူနဲ႔ ဆံုေတြ႔ရပါလိမ့္မယ္။ ဒီအခ်ိန္္အခါမွာ အသက္ရွင္ေနရတာ ဘယ္ေလာက္တန္ဖိုးရွိတယ္ဆိုတာကို သိလာရမယ့္ႏွစ္ပါပဲ။ ကိုယ့္ဘဝကိုယ္ ပိုျပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းလာႏိုင္ပါလိမ့္မယ္။

၉။ Sagittarius – ဓႏုရာသီဖြား ( ႏို၀င္ဘာလ ၂၃ ရက္ – ဒီဇင္ဘာလ ၂၁ ရက္ )
သင္နဲ႔လိုက္ဖက္တဲ့ ဖူးစာဖက္ကို ၂၀၁၈ မွာ ဆံုေတြ႔ရပါလိမ့္မယ္။ လက္ထပ္ျပီး ကေလးေတြရတဲ့အထိေပါင္းရမယ့္ ခ်စ္သူမ်ိဳးမဟုတ္္ေပမဲ့ အဲဒီခ်စ္သူက ဘယ္သူနဲ႔မွမတူဘဲ သင္နဲ႔လက္တြဲညီျပီး လိုက္ဖက္တဲ့ခ်စ္သူမ်ိဳးပါ။

၁၀။ Capricorn – မကာရရာသီဖြား ( ဒီဇင္ဘာလ ၂၂ ရက္ – ဇန္န၀ါရီလ ၂၀ ရက္ )
၂၀၁၈ မွာ ဆြဲေဆာင္မႈရွိတဲ့ခ်စ္သူတစ္ေယာက္ကို ဆံုေတြ႔ရပါလိမ့္မယ္။ ဆြဲေဆာင္မႈရွိတဲ့ ခ်စ္သူနဲ႔ဆိုေတာ့ ဆႏၵကို သိကၡာနဲ႔ ဆင္ျခင္တံုတရားေပါင္းျပီး ထိန္းကြပ္ႏိုင္ဖို႔ေတာ့ လိုပါတယ္။ ဒါမွသာ မလိုလားအပ္တဲ့ ျပႆနာေတြကို ေရွာင္ရွားႏိုင္မွာပါ။

၁၁။ Aquarius – ကံုရာသီဖြား ( ဇန္န၀ါရီလ ၂၁ ရက္ – ေဖေဖာ္၀ါရီလ ၁၈ ရက္ )
အခ်စ္ဦးနဲ႔ ျပန္ဆံုရပါလိမ့္မယ္။ ၂၀၁၈ မွာ သင့္အခ်စ္ဦးက သင့္ဘဝထဲကို ျပန္ဝင္လာေတာ့မွာမို႔လို႔ လန္႔မသြားဖို႔လိုပါတယ္။ သင္လည္း အေတြ႔အၾကံဳမ်ားခဲ့ျပီဆိုေတာ့ အခ်စ္ဦးကို ဘယ္ေလာက္ရင့္က်က္လာေၾကာင္းျပလိုက္ပါ။

၁၂။ Pisces – မိန္ရာသီဖြား ( ေဖေဖာ္၀ါရီလ ၁၉ ရက္ – မတ္လ ၂၀ ရက္)
ဒီလာမယ့္ႏွစ္မွာ မိႆရာသီဖြားေတြလိုပဲ သင့္ရဲ႕စိတ္ရွည္သည္းခံမႈက အက်ိဳးေပးပါလိမ့္မယ္။ ၂၀၁၈ မွာ ဖူးစာဖက္ကို သင္ေတြ႔ရမွာျဖစ္ျပီး အဲဒီဖူးစာဖက္ကလည္း သင္အျမဲစိတ္ကူးယဥ္အိပ္မက္မက္ခဲ့ရတဲ့ ခ်စ္သူပါပဲ။ ေမွ်ာ္လင့္ခ်က္မဲ့ေနျပီလို႔ထင္ထားတဲ့ စိတ္ကူးယဥ္အိပ္မက္ေတြ အမွန္တကယ္ျဖစ္လာေတာ့မွာျဖစ္ျပီး ဒီအတြက္ ၂၀၁၈ မွာ သင္က အရမ္းေပ်ာ္ရမယ့္လူတစ္ေယာက္ပါပဲ။

Credit : Lwinpyin
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချစ်သူမရှိသေးတဲ့ Single လေးတွေအတွက် ၂၀၁၈ တစ်နှစ်လုံးစာ အချစ်ဗေဒင် ဟောစာတမ်းကို ဖော်ပြပေးလိုက်ပါတယ်။ အားလုံးပဲ အချစ်ရေးမှာ အဆင်ပြေ ပျော်ရွှင်ကြပါစေနော်။

၁။ Aries – မိဿရာသီဖွား (မတ်လ ၂၁ ရက် – ဧပြီလ ၁၉ ရက်)
၂၀၁၈ ခုနှစ်ကတော့ မိဿရာသီဖွားတွေအတွက် အချစ်ရေးမှာ ကံကောင်းတဲ့နှစ်ပါပဲ။ အခုလာမယ့်နှစ်မှာ တစ်ဘဝလုံး အတူလက်တွဲသွားမယ့်ချစ်သူနဲ့ ရေစက်ဆုံရပါလိမ့်မယ်။ ဖူးစာရှင်လို့ ဆိုရမယ့်ချစ်သူမျိုးနဲ့ ဆုံရမှာပါ။ အဲဒီလူက ၂၀၁၈ ခုနှစ်မှာ ဆုံရတဲ့သူဖြစ်နိုင်သလို သိကျွမ်းပြီးသားလူလည်း ဖြစ်နေနိုင်ပါတယ်။

၂။ Taurus – ပြိဿရာသီဖွား ( ဧပြီလ ၂၀ ရက် – မေလ ၂၁ ရက် )
ပြိဿရာသီဖွားတွေကတော့ အချစ်ဆုံးသူငယ်ချင်းနဲ့ ဖူးစာဆုံရပါလိမ့်မယ်။ နှစ်ယောက်လုံးတွဲဖြစ်ချင်မှလည်း တွဲဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီနှစ်မှာ အဲဒီအချစ်က ပိုမိုလေးနက်ခိုင်မြဲလာပါလိမ့်မယ်။ သင့်ဘဝရဲ့ကျန်ရှိတဲ့နေ့ရက်တွေကို အဖော်ပြုသွားရမယ့်လူက သူပါပဲ။

၃။ Gemini – မေထုန်ရာသီဖွား ( မေလ ၂၂ ရက် – ဇွန်လ ၂၀ ရက် )
အချစ်ကို မမျှော်လင့်ထားတဲ့နေရာမှာတွေ့ကြုံရပါလိမ့်မယ်။ အဲဒီချစ်သူကတော့ သင်ကိုယ်တိုင်ပါပဲ။ မေထုန်ရာသီဖွားတွေက သူများတွေရဲ့အတွေးတွေ ခံစားချက်တွေကို အလေးပေးတတ်သူတွေမို့လို့ ကိုယ့်ကိုကိုယ်မေ့ထားသလို ဖြစ်နေတတ်ပါတယ်။ ဒီလာမယ့်နှစ်ဟာ သင်ဟာဘယ်လိုလူဆိုတာကို နားလည်လာပြီး ကိုယ့်တန်ဖိုးကိုယ် သိလာမယ့်နှစ်ပါပဲ။

၄။ Cancer – ကရကဋ် ရာသီဖွား ( ဇွန်လ ၂၂ ရက် – ဇူလိုင် ၂၂ ရက် )
ကံဆိုးစွာနဲ့ပဲ ကရကဋ် ရာသီဖွားတွေအတွက် ရှေ့နှစ်မှာဆုံရမယ့်အချစ်က သင်ရည်မှန်းထားသလိုမဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သင်သဘောကျလက်ခံမိမဲ့အချစ်ဆိုတာတော့ သေချာပါတယ်။ ကြာကြာမြဲမယ့် အချစ်မျိုးမဟုတ်ပေမဲ့ အချစ်စစ်တစ်ခုပါပဲ။ ကုန်ဆုံးရက်သတ်မှတ်ထားပြီးသားဆိုပေမဲ့ တန်ဖိုးထားသင့်တဲ့ အချစ်မျိုးနဲ့ဆုံရမှာပါ။

၅။ Leo – သိဟ်ရာသီဖွား (ဇူလိုင်လ ၂၃ ရက် – သြဂုတ်လ ၂၂ ရက် )
၂၀၁၈ မှာ သင့်ကိုစောင့်ကြိုနေတာကတော့ ရှေးရေစက်တွေပါပဲ။ ပြန်ဆုံရတော့မှာ မဟုတ်ဘူးလို့ထင်ထားတဲ့လူနဲ့ ဖူးစာဆုံရမှာပါ။ အချစ်ဟောင်းလည်းဖြစ်နိုင်သလို ပြန်မဆုံဖြစ်တော့တဲ့ သူငယ်ချင်းနဲ့လည်းဖြစ်နိုင်ပါတယ်။ ကိုယ့်ဘဝထဲကို ပြန်ဝင်လာမယ်လို့ ထင်မှတ်မထားတဲ့သူဖြစ်နေမှာတော့ အသေအချာပါပဲ။ အဲဒီလူနဲ့ ပြန်ဆုံရတဲ့အခါ အရင်လိုရင်းနှီးချစ်ခင်နေဆဲပဲဆိုတဲ့ ခံစားချက်မျိုး ခံစားရပါလိမ့်မယ်။

၆။ Virgo – ကန်ရာသီဖွား ( သြဂုတ်လ ၂၃ ရက် – စက်တင်ဘာလ ၂၂ ရက် )
၂၀၁၇ မှာ အချစ်ရေးကံမကောင်းခဲ့ဘူးဆိုတာကို ကန်ရာသီဖွားတွေ ကိုယ့်ကိုကိုယ်သာ အသိဆုံးပါ။ ကံမကောင်းခဲ့ဘူးဆိုတာထက် အချစ်ရေးနဲ့ ပတ်သတ်ရင် ဒီနှစ်က အဆိုးဆုံးလို့တောင် သတ်မှတ်ရမယ့်နှစ်ပါပဲ။ ဒါပေမဲ့ အဲဒါတွေက အလကားမဖြစ်ပါဘူး။ ဒီလိုအဆိုးတွေ ကြုံရတယ်ဆိုတာ ၂၀၁၈ မှာကြုံတွေ့ရမယ့်အချစ်အတွက် အသင့်ဖြစ်စေဖို့အတွက်ပါပဲ။ ဒါကြောင့် ကြုံလာရမယ့်ဖူးစာရှင်ကို လက်ခံပြီးချစ်နိုင်ဖို့ အသင့်ပြင်ထားလိုက်ပါတော့။

၇။ Libra – တူရာသီဖွား ( စက်တင်ဘာ ၂၃ ရက် – အောက်တိုဘာလ ၂၂ ရက် )
အချိန်အတော်ကြာအောင် ဘာကြောင့်ချစ်သူကောင်းကောင်းမရခဲ့လဲဆိုတာကို သင့်ကိုယ်သင်ကောင်းကောင်းသိပါတယ်။ အရင်ချစ်သူအပေါ်ထားရှိတဲ့ ခံစားချက်တွေကို သင်မမေ့ပျောက်နိုင်သေးပါဘူး အဲဒီခံစားချက်တွေကြောင့် အသစ်ထားရလောက်အောင် သင်မတည်ငြိမ်နိုင်သေးတာပါ။ ဒါပေမဲ့ ၂၀၁၈ မှာတော့ သင်ကကံကောင်းသူပါပဲ။ အဆက်ဟောင်းက သင့်ဘဝထဲကို ပြန်ဝင်လာပြီး သင့်ကို တစ်ဖန်ချစ်ခွင့်ပေးပါလိမ့်မယ်။

၈။ Scorpio – ဗြိစ္ဆာရာသီဖွား ( အောက်တိုဘာလ ၂၃ ရက် – နိုဝင်ဘာလ ၂၂ ရက် )
၂၀၁၈ မှာ ရိုးရှင်းတဲ့အချစ်နဲ့ ကြုံဆုံရမယ့်သူတွေပါ။ တစ်ဘဝလုံးချစ်ရမယ့်သူနဲ့ ဆုံတွေ့ရပါလိမ့်မယ်။ ဒီအချိန်အခါမှာ အသက်ရှင်နေရတာ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို သိလာရမယ့်နှစ်ပါပဲ။ ကိုယ့်ဘဝကိုယ် ပိုပြီး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလာနိုင်ပါလိမ့်မယ်။

၉။ Sagittarius – ဓနုရာသီဖွား ( နိုဝင်ဘာလ ၂၃ ရက် – ဒီဇင်ဘာလ ၂၁ ရက် )
သင်နဲ့လိုက်ဖက်တဲ့ ဖူးစာဖက်ကို ၂၀၁၈ မှာ ဆုံတွေ့ရပါလိမ့်မယ်။ လက်ထပ်ပြီး ကလေးတွေရတဲ့အထိပေါင်းရမယ့် ချစ်သူမျိုးမဟုတ်ပေမဲ့ အဲဒီချစ်သူက ဘယ်သူနဲ့မှမတူဘဲ သင်နဲ့လက်တွဲညီပြီး လိုက်ဖက်တဲ့ချစ်သူမျိုးပါ။

၁၀။ Capricorn – မကာရရာသီဖွား ( ဒီဇင်ဘာလ ၂၂ ရက် – ဇန်နဝါရီလ ၂၀ ရက် )
၂၀၁၈ မှာ ဆွဲဆောင်မှုရှိတဲ့ချစ်သူတစ်ယောက်ကို ဆုံတွေ့ရပါလိမ့်မယ်။ ဆွဲဆောင်မှုရှိတဲ့ ချစ်သူနဲ့ဆိုတော့ ဆန္ဒကို သိက္ခာနဲ့ ဆင်ခြင်တုံတရားပေါင်းပြီး ထိန်းကွပ်နိုင်ဖို့တော့ လိုပါတယ်။ ဒါမှသာ မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်မှာပါ။

၁၁။ Aquarius – ကုံရာသီဖွား ( ဇန်နဝါရီလ ၂၁ ရက် – ဖေဖော်ဝါရီလ ၁၈ ရက် )
အချစ်ဦးနဲ့ ပြန်ဆုံရပါလိမ့်မယ်။ ၂၀၁၈ မှာ သင့်အချစ်ဦးက သင့်ဘဝထဲကို ပြန်ဝင်လာတော့မှာမို့လို့ လန့်မသွားဖို့လိုပါတယ်။ သင်လည်း အတွေ့အကြုံများခဲ့ပြီဆိုတော့ အချစ်ဦးကို ဘယ်လောက်ရင့်ကျက်လာကြောင်းပြလိုက်ပါ။

၁၂။ Pisces – မိန်ရာသီဖွား ( ဖေဖော်ဝါရီလ ၁၉ ရက် – မတ်လ ၂၀ ရက်)
ဒီလာမယ့်နှစ်မှာ မိဿရာသီဖွားတွေလိုပဲ သင့်ရဲ့စိတ်ရှည်သည်းခံမှုက အကျိုးပေးပါလိမ့်မယ်။ ၂၀၁၈ မှာ ဖူးစာဖက်ကို သင်တွေ့ရမှာဖြစ်ပြီး အဲဒီဖူးစာဖက်ကလည်း သင်အမြဲစိတ်ကူးယဉ်အိပ်မက်မက်ခဲ့ရတဲ့ ချစ်သူပါပဲ။ မျှော်လင့်ချက်မဲ့နေပြီလို့ထင်ထားတဲ့ စိတ်ကူးယဉ်အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတော့မှာဖြစ်ပြီး ဒီအတွက် ၂၀၁၈ မှာ သင်က အရမ်းပျော်ရမယ့်လူတစ်ယောက်ပါပဲ။

Credit : Lwinpyin

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top