iMyanmarHouse.com - Best Property Website for Myanmar
×




အစာမကြဖြစ်ခြင်း




ကင်ဆာ


ဝက်ခြံ


Credit : Myfood

သင်္ဘောရွက်မှာ Phytonutrients ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အားကောင်းတဲ့ Antioxidants ဓာတ်တွေပါဝင်ပါတယ်။

သင်္ဘောရွက်ကို ကျိုပြီးသောက်ရင် ဒီလို ဓာတ်တွေအများကြီးရရှိပါတယ်။ ရေပွက်ပွက်ဆူတဲ့အထဲကို သင်္ဘောရွက် အနည်းငယ်ထည့်ပြီး အိုးထဲက ရေတစ်ဝက်လောက် ခမ်းသွားတဲ့အထိ တည်လိုက်ပါ။ ပြီးရင် မီးဖိုပေါ်ကချပြီး အရည်ကို ချက်ခြင်းသောက်တာ သို့မဟုတ် သိမ်းထားပြီးမှ သောက်လို့ရပါတယ်။

ကျန်းမာရေး အကျိုးကျေးဇူး

အစာမကြဖြစ်ခြင်း

အစာအိမ် အချဉ်ရည်အပေါ်ဆန်ခြင်း (Heartburn) ၊ အစာအိမ် နာခြင်းစသည့် အစာအိမ်ပိုင်းဆိုင်ရာ ပြဿနာတွေကို သင်္ဘောရွက်နဲ့ ကူညီဖြေရှင်းလို့ရပါတယ်။

သင်္ဘောရွက်တွေမှာရှိတဲ့အင်ဇိုင်းဓာတ်တွေက ပရိုတင်းနဲ့ ကစီဓာတ်တွေ ချေဖျက်မှုကို ကူညီပေးပါတယ်။

အစာအိမ်အတွင်းသားတွေရဲ့ ရောင်ရမ်းမှုကို လျော့ချပေးပြီး ဘက်တီးရီးယားတွေကို ဖျက်ဆီးပေးပါတယ်။ တစ်နေ့ကို သင်္ဘောရွက် ရေနွေးကြမ်း ၂ ကြိမ်ကနေ ၃ ကြိမ်စားပေးပါ။

ကင်ဆာ

သင်္ဘောရွက်မှာ အားကောင်းတဲ့ Antioxidants ဓာတ်တွေပါဝင်တာကြောင့် ကင်ဆာလိုမျိုး ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အကျိတ်ကြီးထွားမှုကနေ ဖြစ်လာတဲ့ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ စသည့် ကင်ဆာတို့ကို သင်္ဘောရွက် ရေနွေးကြမ်းကိုသောက်သုံးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။

ဝက်ခြံ

သင်္ဘောရွက်ကို ကြိတ်ပြီးရလာတဲ့ အနှစ်ကို ရေအနည်းငယ်နဲ့ စပ်ကာ ဝက်ခြံဖြစ်တဲ့နေရာမှာ လိမ်းပေးပြီး ခြောက်အောင်ထားလိုက်ပါ။ ပြီးရင် ရေးဆေးချလိုက်ပါ။ ဒီလိုမျိုး ပုံမှန်လိမ်းပေးရင် ဝက်ခြံပျောက်သွားပါလိမ့်မယ်။

Credit : Myfood

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top