iMyanmarHouse.com - Best Property Website for Myanmar
×



ဝိတ္ခ်ေနတဲ႕သူေတြအတြက္ မနက္ခင္းမွာ လုပ္တတ္တဲ႕အေလ့က်င့္ေတြဟာ လဲ အဓိကသက္ေရာက္မူရွိေနပါတယ္။ ဒီမွာေတာ့ သိပၸံပညာရွင္ေတြေျပာျပထားတဲ႕ ကၽြန္ေတာ္တို႕ရဲ႕ ကုိယ္ခႏၶာမွာ မညီမွ်မူေတြ ျဖစ္ေပၚေစျပီး ဝိတ္အပုိေတြတက္ေစနုိင္တဲ႕ မနက္ခင္း အေလ့က်င့္ေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္။

၁- မနက္စာေကာင္းေကာင္းစားဖုိ႕ျငင္းဆန္ျခင္း

ကၽြန္္ေတာ္တို႕ဘာစားတယ္ဆုိတာထက္ ကၽြန္ေတာ္တို႕ဘယ္အခ်ိန္မွာစားလဲဆုိတာက ပုိအေရးပါပါတယ္။ မနက္ခင္း စာ ေကာင္းေကာင္းစားေပးျခင္း နဲ႕ညဘက္မွာေလ်ာ့ စားျခင္းက ဝိတ္ခ်တဲ႕ေနရာမွာ အေကာင္းဆုံး စိတ္ကူးျဖစ္ပါတယ္။

ဒါဟာ ဘာေၾကာင့္လဲဆုိေတာ့ လူတစ္ေယာက္ရဲ႕ဇီဝကမၼျဖစ္စဥ္ဟာ တစ္ေန႕တာလုံး မတူညီနုိင္ပါဘူး။ သိပၸံပညာရွင္ေတြ အၾကံေပးခ်င္တာေတာ့ ကယ္လိုရီမ်ားတဲ႕မနက္စာကုိ လုံးဝ မျငင္းဆန္သင့္ပါဘူး။ ျမန္မာဆုိရိုးတစ္ခုအတုိင္းပါပဲ “မနက္ကုိ ဘုရင္လုိ စား၊ ေန႕လည္ကုိ မင္းသားေလး လိုစား ၊ ညစား ကုိေတာ့ ခ်ဳိ႕တဲ႕သူလုိ စား” ။

၂- ေနေရာင္ေအာက္မွာ လမ္းမေလ်ာက္ျခင္း



မ်ားေသာအားျဖင့္ ေနေရာင္က အဆီေတြကုိေလာင္ကၽြမ္းနိုင္ေစပါတယ္။ အဆီေတြဟာ ေနေရာင္နဲ႕ေတြရင္ ပမာဏေသးသြားေၾကာင္း သုေတသနျပဳခ်က္ေတြမွာလဲသက္ေသျပ ဖူးပါတယ္

။ေနေရာင္ျခည္နည္းတဲ႕ ေဆာင္းရာသီေတြမွာ လူေတြဟာ ဝလြယ္ၾကျပီး ေနေရာင္ထဲမွာ အခ်ိန္အမ်ားၾကီးေနျခင္းကေတာ့ ေကာင္းတဲ႕စိတ္ကူးတစ္ခုမဟုတ္ပါဘူး။ ဆရာ ဝန္ေတြကေတာ့ မနက္ခင္းေနေရာင္ ေႏြးေႏြးေလးထဲမွာ လမ္းေလ်ာက္ေစခ်င္ၾကပါတယ္။

၃- မနက္ခင္းနုိးထခ်ိန္မွာေရတစ္ဖန္ခြက္ေသာက္ရန္ေမ့ျခင္း



အရြယ္ေရာက္ျပီျဖစ္တဲ႕လူတစ္ေယာက္ရဲ႕ ကုိယ္ခႏၶာက ေရဓာတ္ ၅၀ ကေန ၆၀ နဲ႕ဖြဲ႕စည္း ထားတာပါ။ ဒါေၾကာင့္ မနက္ခင္းနုိးထခ်ိန္မွာ ေရတစ္ဖန္ခြက္ေသာက္သင့္ပါတယ္။ ေရက ဇီဝကမၼျဖစ္စဥ္ေတြကုိ ေကာင္းမြန္ေစျပီး အဆီတက္လာေတြကုိလဲ ေလ်ာ့က်ေစပါတယ္။ ေနာက္ျပီး ကုိယ္တြင္းအဆိပ္အေတာက္ ေတြလဲ ဖယ္ရွားေပးပါေသးတယ္။

၄- ေလ့က်င့္ခန္းမလုပ္ျခင္း

မနက္ခင္းေလ့က်င့္ခန္းလုပ္ျခင္းက အစာ စားခ်င္စိတ္ကုိ ေလ်ာ့နည္းေစျပီး ဇီဝကမၼျဖစ္စဥ္ ကုိေကာင္းမြန္ေစပါတယ္။ ကယ္လုိရီေလာင္ကၽြမ္းမူေတြကုိလဲ သိသာေစပါတယ္။

Credit:xyznews

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ဝိတ်ချနေတဲ့သူတွေအတွက် မနက်ခင်းမှာ လုပ်တတ်တဲ့အလေ့ကျင့်တွေဟာ လဲ အဓိကသက်ရောက်မူရှိနေပါတယ်။ ဒီမှာတော့ သိပ္ပံပညာရှင်တွေပြောပြထားတဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာမှာ မညီမျှမူတွေ ဖြစ်ပေါ်စေပြီး ဝိတ်အပိုတွေတက်စေနိုင်တဲ့ မနက်ခင်း အလေ့ကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁- မနက်စာကောင်းကောင်းစားဖို့ငြင်းဆန်ခြင်း

ကျွန်တော်တို့ဘာစားတယ်ဆိုတာထက် ကျွန်တော်တို့ဘယ်အချိန်မှာစားလဲဆိုတာက ပိုအရေးပါပါတယ်။ မနက်ခင်း စာ ကောင်းကောင်းစားပေးခြင်း နဲ့ညဘက်မှာလျော့ စားခြင်းက ဝိတ်ချတဲ့နေရာမှာ အကောင်းဆုံး စိတ်ကူးဖြစ်ပါတယ်။

ဒါဟာ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ရဲ့ဇီဝကမ္မဖြစ်စဉ်ဟာ တစ်နေ့တာလုံး မတူညီနိုင်ပါဘူး။ သိပ္ပံပညာရှင်တွေ အကြံပေးချင်တာတော့ ကယ်လိုရီများတဲ့မနက်စာကို လုံးဝ မငြင်းဆန်သင့်ပါဘူး။ မြန်မာဆိုရိုးတစ်ခုအတိုင်းပါပဲ “မနက်ကို ဘုရင်လို စား၊ နေ့လည်ကို မင်းသားလေး လိုစား ၊ ညစား ကိုတော့ ချို့တဲ့သူလို စား” ။

၂- နေရောင်အောက်မှာ လမ်းမလျောက်ခြင်း

များသောအားဖြင့် နေရောင်က အဆီတွေကိုလောင်ကျွမ်းနိုင်စေပါတယ်။ အဆီတွေဟာ နေရောင်နဲ့တွေရင် ပမာဏသေးသွားကြောင်း သုတေသနပြုချက်တွေမှာလဲသက်သေပြ ဖူးပါတယ်

။နေရောင်ခြည်နည်းတဲ့ ဆောင်းရာသီတွေမှာ လူတွေဟာ ဝလွယ်ကြပြီး နေရောင်ထဲမှာ အချိန်အများကြီးနေခြင်းကတော့ ကောင်းတဲ့စိတ်ကူးတစ်ခုမဟုတ်ပါဘူး။ ဆရာ ဝန်တွေကတော့ မနက်ခင်းနေရောင် နွေးနွေးလေးထဲမှာ လမ်းလျောက်စေချင်ကြပါတယ်။

၃- မနက်ခင်းနိုးထချိန်မှာရေတစ်ဖန်ခွက်သောက်ရန်မေ့ခြင်း

အရွယ်ရောက်ပြီဖြစ်တဲ့လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာက ရေဓာတ် ၅၀ ကနေ ၆၀ နဲ့ဖွဲ့စည်း ထားတာပါ။ ဒါကြောင့် မနက်ခင်းနိုးထချိန်မှာ ရေတစ်ဖန်ခွက်သောက်သင့်ပါတယ်။ ရေက ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေပြီး အဆီတက်လာတွေကိုလဲ လျော့ကျစေပါတယ်။ နောက်ပြီး ကိုယ်တွင်းအဆိပ်အတောက် တွေလဲ ဖယ်ရှားပေးပါသေးတယ်။

၄- လေ့ကျင့်ခန်းမလုပ်ခြင်း

မနက်ခင်းလေ့ကျင့်ခန်းလုပ်ခြင်းက အစာ စားချင်စိတ်ကို လျော့နည်းစေပြီး ဇီဝကမ္မဖြစ်စဉ် ကိုကောင်းမွန်စေပါတယ်။ ကယ်လိုရီလောင်ကျွမ်းမူတွေကိုလဲ သိသာစေပါတယ်။

Credit:xyznews

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top