iMyanmarHouse.com - Best Property Website for Myanmar
×

အသက္အရြယ္တျဖည္းျဖည္းရလာတာနဲ႔အမွ် ခႏၶာကိုယ္အဂၤါအစိတ္အပိုင္းေတြက ငယ္ရြယ္စဥ္တုန္းကလို က်န္းမာေနမွာမဟုတ္ေတာ့ပါဘူး။ တျဖည္းျဖည္းနဲ႔ ယိုယြင္းပ်က္စီးလာေနပါၿပီ။ အသက္႐ွင္ရပ္တည္ဖို႔အတြက္ အေရးႀကီးဆံုး အဂၤါအစိတ္အပိုင္းတစ္ခုျဖစ္တဲ့ ႏွလုံးကလည္း ထိုနည္းတူပါပဲ။ အသက္ (၄၀) ေက်ာ္လာၿပီဆိုတာနဲ႔ ႏွလံုးက်န္းမာေရးကို အရင္ကထက္ ပိုဂ႐ုစိုက္သင့္ပါတယ္။

ဒါ့ေၾကာင့္ အသက္ (၄၀) အရြယ္မွာ ဘယ္လိုအစားအစာေတြကို စားသံုးသင့္လဲဆိုတာ ေဖာ္ျပေပးလိုက္ရပါတယ္။

ခရမ္းခ်ဥ္သီး

ခရမ္းခ်ဥ္သီးထဲမွာ ေတြ႔ရတဲ့ Lycopene လို႔ေခၚေသာ Antioxidant က ေသြးလႊတ္ေၾကာနံရံကို သန္႔စင္ေပးၿပီး ေသြးေၾကာပိတ္ဆို႔ျခင္းမွ ကာကြယ္ေပးပါတယ္။ ဒါ့ေၾကာင့္ ဒီနီနီရဲရဲအသီးကို ေန႔စဥ္မွန္မွန္မွီဝဲေပးလိုက္ပါ။ ဒါေပမဲ့ ခရမ္းခ်ဥ္သီးေဆာ့စ္ကေတာ့ သၾကားပါဝင္မႈမ်ားတဲ့အတြက္ေၾကာင့္ ႏွလံုးက်န္းမာေရးအတြက္ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးျဖစ္ေစပါတယ္။

နႏြင္းမႈန္႔

နႏြင္းမႈန္႔က ေရာင္ရမ္းမႈကို ေလ်ာ့ခ်ေပးတဲ့ ဟင္းခတ္မႈန္႔တစ္ခုပါပဲ။ ႏွလံုးက်န္းမာေရးက အယ္လ္ဇိုင္းမားေရာဂါ၊ စိတ္က်ေရာဂါတို႔နဲ႔ ဆက္စပ္ေနတာေၾကာင့္ ႏွလံုးေရာင္ရမ္းမႈကို ေလ်ာ့ခ်ဖို႔အတြက္ဆိုရင္ နႏြင္းမႈန္႔က အေကာင္းဆံုးေဆးစြမ္းေကာင္းတစ္လက္ပါပဲ။

ဖရဲသီး

Lycopene နဲ႔ ပိုတက္ဆီယမ္တို႔ ၾကြယ္ဝစြာပါဝင္တဲ့ ဖရဲသီးက ေသြးေပါင္တက္ျခင္းကို ေလ်ာ့ခ်ေပးၿပီး ဗီတာမင္ စီလည္း ၾကြယ္ဝစြာပါဝင္တဲ့အတြက္ေၾကာင့္ သင့္က်န္းမာေရးအတြက္ အထူးစားသံုးသင့္တဲ့ အစားအစာပဲျဖစ္ပါတယ္။

ဝက္မိုးခိုသား

ႏွလံုးက်န္းမာေရးအတြက္ဆိုရင္ ဝက္သားရဲ႕ အျခားအစိတ္အပိုင္းေတြထက္ ဝက္မိုးခိုသားက အေကာင္းဆံုးပါပဲ။ ဝက္မိုးခိုသားထဲမွာ ပိုတက္ဆီယမ္ဓာတ္အျပင္ မဂၢနီဆီယမ္ဓာတ္ကိုပါ ထပ္မံေတြ႔႐ွိရတာေၾကာင့္ ေသြးေပါင္ခ်ိန္ကို ေလ်ာ့ခ်ရာမွာ အေထာက္အပံ့ေပးပါတယ္။ ဒါေပမဲ့ ေသြးတိုးသမားေတြကေတာ့ စားသံုးသင့္ မစားသံုးသင့္ကို ဆရာဝန္ထံမွ ခြင့္ျပဳခ်က္ရယူသင့္ပါတယ္။

ဟင္းႏုႏြယ္

အစိမ္းေရာင္ဟင္းသီးဟင္းရြက္ေတြက က်န္းမာေရးအတြက္ ေကာင္းမြန္ပါတယ္။ ထိုထဲကမွ ဟင္းႏုႏြယ္ကေတာ့ နံပါတ္ (၁) ဗိုလ္စြဲထားတဲ့ ဟင္းရြက္ပဲျဖစ္ပါတယ္။ ပိုတက္ဆီယမ္နဲ႔ မဂၢနီဆီယမ္ဓာတ္တို႔ ၾကြယ္ဝစြာ ပါဝင္တဲ့အျပင္ ေသြးလႊတ္ေၾကာ ပိတ္ဆို႔မႈမွကာကြယ္ေပးၿပီး ေသြးလႊတ္ေၾကာနံရံကို သန္႔စင္ေပးတဲ့ Lutein လို႔ေခၚေသာ Antioxidant တစ္မ်ိဳးလည္း ပါဝင္တယ္လို႔ ကြ်မ္းက်ယ္ပညာ႐ွင္မ်ားက ေျပာၾကားထားပါတယ္။

ဘယ္ရီသီးမ်ား

ဘလက္ဘယ္ရီ၊ ဘလူးဘယ္ရီ၊ ရက္စ္ဘယ္ရီ၊ စေတာ္ဘယ္ရီ စတဲ့ သစ္သီးမ်ားက Antioxidant မ်ား ၾကြယ္ဝစြာပါဝင္တဲ့အတြက္ေၾကာင့္ ေသြးတြင္းသၾကားဓာတ္ မျမင့္မားေစဘဲ ခ်ိဳၿမိန္တဲ့အရသာကို ေပးစြမ္းတဲ့ သစ္သီးေတြပဲျဖစ္ပါတယ္။

ေခ်ာကလက္မဲ၊ ေထာပတ္သီး၊ ပန္းသီး၊ ကိုက္လံ၊ ငွက္ေပ်ာသီး၊ ေျမပဲျပဳတ္၊ ကန္စြန္းဥ၊ ဂ်င္း၊ ပန္းေဂၚဖီစိမ္း၊ သံပုရာသီး၊ သံပု႐ိုသီး၊ ေ႐ွာက္သီး၊ သံလြင္ဆီ၊ လက္ဖက္စိမ္း၊ ၾကက္သြန္ျဖဴ၊ ၾကက္ဥအကာ စတဲ့ အစားအစာေတြကလည္း ႏွလံုးက်န္းမာေရးအတြက္ အထူးေကာင္းမြန္တာေၾကာင့္ မေမ့မေလ်ာ့စားသံုးသင့္ပါတယ္။

Credit:myfoodmyanmar

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အသက်အရွယ်တဖြည်းဖြည်းရလာတာနဲ့အမျှ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတွေက ငယ်ရွယ်စဉ်တုန်းကလို ကျန်းမာနေမှာမဟုတ်တော့ပါဘူး။ တဖြည်းဖြည်းနဲ့ ယိုယွင်းပျက်စီးလာနေပါပြီ။ အသက်ရှင်ရပ်တည်ဖို့အတွက် အရေးကြီးဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နှလုံးကလည်း ထိုနည်းတူပါပဲ။ အသက် (၄၀) ကျော်လာပြီဆိုတာနဲ့ နှလုံးကျန်းမာရေးကို အရင်ကထက် ပိုဂရုစိုက်သင့်ပါတယ်။

ဒါ့ကြောင့် အသက် (၄၀) အရွယ်မှာ ဘယ်လိုအစားအစာတွေကို စားသုံးသင့်လဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးထဲမှာ တွေ့ရတဲ့ Lycopene လို့ခေါ်သော Antioxidant က သွေးလွှတ်ကြောနံရံကို သန့်စင်ပေးပြီး သွေးကြောပိတ်ဆို့ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် ဒီနီနီရဲရဲအသီးကို နေ့စဉ်မှန်မှန်မှီဝဲပေးလိုက်ပါ။ ဒါပေမဲ့ ခရမ်းချဉ်သီးဆော့စ်ကတော့ သကြားပါဝင်မှုများတဲ့အတွက်ကြောင့် နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်စေပါတယ်။

နနွင်းမှုန့်

နနွင်းမှုန့်က ရောင်ရမ်းမှုကို လျော့ချပေးတဲ့ ဟင်းခတ်မှုန့်တစ်ခုပါပဲ။ နှလုံးကျန်းမာရေးက အယ်လ်ဇိုင်းမားရောဂါ၊ စိတ်ကျရောဂါတို့နဲ့ ဆက်စပ်နေတာကြောင့် နှလုံးရောင်ရမ်းမှုကို လျော့ချဖို့အတွက်ဆိုရင် နနွင်းမှုန့်က အကောင်းဆုံးဆေးစွမ်းကောင်းတစ်လက်ပါပဲ။

ဖရဲသီး

Lycopene နဲ့ ပိုတက်ဆီယမ်တို့ ကြွယ်ဝစွာပါဝင်တဲ့ ဖရဲသီးက သွေးပေါင်တက်ခြင်းကို လျော့ချပေးပြီး ဗီတာမင် စီလည်း ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် သင့်ကျန်းမာရေးအတွက် အထူးစားသုံးသင့်တဲ့ အစားအစာပဲဖြစ်ပါတယ်။

ဝက်မိုးခိုသား

နှလုံးကျန်းမာရေးအတွက်ဆိုရင် ဝက်သားရဲ့ အခြားအစိတ်အပိုင်းတွေထက် ဝက်မိုးခိုသားက အကောင်းဆုံးပါပဲ။ ဝက်မိုးခိုသားထဲမှာ ပိုတက်ဆီယမ်ဓာတ်အပြင် မဂ္ဂနီဆီယမ်ဓာတ်ကိုပါ ထပ်မံတွေ့ရှိရတာကြောင့် သွေးပေါင်ချိန်ကို လျော့ချရာမှာ အထောက်အပံ့ပေးပါတယ်။ ဒါပေမဲ့ သွေးတိုးသမားတွေကတော့ စားသုံးသင့် မစားသုံးသင့်ကို ဆရာဝန်ထံမှ ခွင့်ပြုချက်ရယူသင့်ပါတယ်။

ဟင်းနုနွယ်

အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ထိုထဲကမှ ဟင်းနုနွယ်ကတော့ နံပါတ် (၁) ဗိုလ်စွဲထားတဲ့ ဟင်းရွက်ပဲဖြစ်ပါတယ်။ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်တဲ့အပြင် သွေးလွှတ်ကြော ပိတ်ဆို့မှုမှကာကွယ်ပေးပြီး သွေးလွှတ်ကြောနံရံကို သန့်စင်ပေးတဲ့ Lutein လို့ခေါ်သော Antioxidant တစ်မျိုးလည်း ပါဝင်တယ်လို့ ကျွမ်းကျယ်ပညာရှင်များက ပြောကြားထားပါတယ်။

ဘယ်ရီသီးများ

ဘလက်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ စတော်ဘယ်ရီ စတဲ့ သစ်သီးများက Antioxidant များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် သွေးတွင်းသကြားဓာတ် မမြင့်မားစေဘဲ ချိုမြိန်တဲ့အရသာကို ပေးစွမ်းတဲ့ သစ်သီးတွေပဲဖြစ်ပါတယ်။

ချောကလက်မဲ၊ ထောပတ်သီး၊ ပန်းသီး၊ ကိုက်လံ၊ ငှက်ပျောသီး၊ မြေပဲပြုတ်၊ ကန်စွန်းဥ၊ ဂျင်း၊ ပန်းဂေါ်ဖီစိမ်း၊ သံပုရာသီး၊ သံပုရိုသီး၊ ရှောက်သီး၊ သံလွင်ဆီ၊ လက်ဖက်စိမ်း၊ ကြက်သွန်ဖြူ၊ ကြက်ဥအကာ စတဲ့ အစားအစာတွေကလည်း နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်တာကြောင့် မမေ့မလျော့စားသုံးသင့်ပါတယ်။

Credit:myfoodmyanmar

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top