iMyanmarHouse.com - Best Property Website for Myanmar
×


“ဒီႏွလံုးေလးကလြမ္းမိတယ္~~~ မင္းရဲ႕ဟိုးတစ္ခ်ိန္က အနမ္းကို” ဆိုတဲ႔ စိုင္းစိုင္းနဲ႕ ရဲေလးရဲ႕ “ပထမအနမ္း” သီခ်င္း ကို ဖီးလ္ဖူးၾကမွာေပါ႔။ တကယ္ေတာ႔ ဘဝမွာ ပထမအနမ္းဆိုတာ အရမ္းအေရးပါပါတယ္။

ကိုယ္ဘယ္သူ႔ကို ပထမဆံုုးအႀကိမ္ နမ္းခဲ႔တယ္ဆိုတာကို လူတိုင္းအမွတ္ရေနၾကမွာပါ။ ရည္းစားေတြ ဘယ္နေယာက္ေျပာင္းေျပာင္း၊ ဘယ္သူနဲ႔ပဲ အိမ္ေထာင္က်က်၊ ကိုယ္ ပထမဆံုး နမ္းခဲ႔တဲ႔သူကိုေတာ႔ ဘယ္သူမွ ေမ႔ႏိုင္ၾကမွာ မဟုတ္ပါဘူး။

ဒါေပမယ္႔ နမ္းတယ္ဆုိတာကလည္း ကြ်မ္းက်င္မႈ လိုပါေသးတယ္။ နမ္းတာညံ႔ရင္ ကိုယ္႔ရဲ႕ ပထမအနမ္းကို အနမ္းခံရတဲ႔သူက ဆိုးဝါးတဲ႔အနမ္းအျဖစ္ အမွတ္ရေနရင္ ဘယ္လိုလုပ္မလဲ။ တကယ္လို႔ အခုခ်ိန္ထိ ဘယ္သူ႔ကို ပထမအနမ္း မေပးဖူးေသးတဲ႔ သူေတြပါရင္ ပထမအနမ္းကို တစ္သက္လံုး အမွတ္ရေနေအာင္ ဘယ္လိုလုပ္မလဲဆိုတာကို ေဖာ္ျပေပးလို္က္ပါတယ္ေနာ္။

၁။ ႀကိဳတင္စီစဥ္ထားပါ

အဲဒီအခိုက္အတန္႔ေလးကို မဖန္တီးခင္ ႀကိဳတင္စီစဥ္ထားရပါမယ္။ မိန္းကေလးတစ္ေယာက္ကို နမ္းဖို႔အေကာင္းဆံုးအခ်ိန္ကေတာ႔ သူတို႔နဲ႔ ေကာင္းမြန္တဲ႔ အခ်ိန္တစ္ခုကို တူတူျဖတ္သန္းထားၿပီး စိတ္ထဲမွာ ရႈပ္မေနဘဲ ၿငိမ္းခ်မ္းေနေအာင္ အရင္ဖန္တီးထားၿပီးမွ နမ္းတာပါပဲ။ ေဘးနားမွာလည္း ေႏွာင္႔ယွက္မယ္႔သူမရွိတာ ေသခ်ာပါေစ။ ဥပမာ… ကားထဲမွာတို႔၊ လူရွင္းတဲ႔ ပန္းျခံထဲမွာတို႔ေပါ႔။

၂။ အခ်စ္စိတ္ေလးေတြ ႏႈိးဆြေပးပါ
အခ်စ္စိတ္ေလးေတြ ႏိုးၾကားလာေအာင္ ႏႈိးဆြေပးျခင္းက နမ္းခ်င္စိတ္ကို ျဖစ္လာေစပါတယ္။ စေနာက္တာေလးေတြ၊ က်ီစယ္တို႔ဆိတ္တာေလးေတြ၊ အသံတိုးတိုးနဲ႔ စကားေျပာတာေလးေတြက ပထမအနမ္း နမ္းခ်ိန္မွာ အေကာင္းဆံုးခံစားခ်က္ျဖစ္လာေအာင္ ကူညီေပးႏိုင္ပါတယ္။

၃။ ဖုန္းပိတ္ထားပါ

နမ္းဖို႔အခ်ိန္က်ေတာ႔မယ္ဆိုရင္ ႏွစ္ေယာက္လံုးရဲ႕ဖုန္းေတြကိုယူၿပီး ပါဝါပိတ္ရင္ပိတ္၊ မပိတ္ရင္ airplane mode on ထားလိုက္ပါ။ ဒါမွသာ နမ္းေနခ်ိန္မွာ ဖုန္းဝင္လိုက္ၿပီး ဘဝရဲ႕ အမွတ္ရစရာ အခိုက္အတန္႔ေလးကို မဖ်က္ဆီးပစ္ႏိုင္မွာပါ။ အေရးႀကီးဖုန္းလာဖို႔ ရွိတယ္ဆိုရင္ေတာ႔ silent (သို႔) vibrate လုပ္ထားလိုက္ပါ။

၄။ ေနရာေသခ်ာေရြးပါ

ကိုယ္နမ္းမယ္႔ေနရာကလည္း ရိုမန္းတစ္ဆန္ေနဖို႔ လိုပါတယ္။ ဥပမာ… ကိုယ္႔ရည္းစားကို ဖေယာင္းတိုင္ညစာစားပြဲ (candle light dinner) လိုက္ေကြ်းတာတို႔၊ ရုပ္ရွင္လိုက္ျပတာတို႔က လိင္စိတ္ ႏိုးၾကားတက္ၾကြလာေစဖို႔ အေကာင္းဆံုး ႏႈိးဆြေပးႏိုင္ပါတယ္။ ဒါေၾကာင္႔ ရိုမန္းတစ္ျဖစ္ေစမယ္႔ ေနရာကို ေသခ်ာေရြးခ်ယ္ပါ။ ပင္လယ္ကမ္းေျခဟာ ရိုမန္းတစ္ျဖစ္ေစတဲ႔ အေကာင္းဆံုး ေနရာတစ္ေနရာပါပဲ။

၅။ အထိအေတြ႕ေလးေတြေပးပါ

တစ္ခါတေလမွာ အထိအေတြ႕ေလးေတြက စကားလံုးေထာင္ေပါင္းမ်ားစြာထက္ ပုိၿပီးတာသြားပါတယ္။ ခံစားခ်က္ေတြကို ႏႈတ္ကထုတ္မေျပာဘဲ အထိအေတြ႕၊ အျပဳအမူ၊ အမူအရာေတြနဲ႔ ထုတ္ေျပာပါ။ ပါးေလးကိုကိုင္ၿပီး မ်က္လံုးခ်င္းတည္႔တည္႔ၾကည္႔ၿပီး စကားေျပာၾကည္႔ပါ။ ကိုယ္႔ရဲ႕မ်က္လံုးထဲမွာ သူ႔အေပၚထားတဲ႔ အခ်စ္စိတ္နဲ႔ ခံစားခ်က္ေတြကို ပါေအာင္ထုတ္ျပလိုက္ပါ။ ကိုယ္႔ရဲ႕ ပထမအနမ္းေလးကို သူတစ္သက္လံုး အမွတ္ရေနပါလိမ္႔မယ္။


Credit:Duwun

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


“ဒီနှလုံးလေးကလွမ်းမိတယ်~~~ မင်းရဲ့ဟိုးတစ်ချိန်က အနမ်းကို” ဆိုတဲ့ စိုင်းစိုင်းနဲ့ ရဲလေးရဲ့ “ပထမအနမ်း” သီချင်း ကို ဖီးလ်ဖူးကြမှာပေါ့။ တကယ်တော့ ဘဝမှာ ပထမအနမ်းဆိုတာ အရမ်းအရေးပါပါတယ်။

ကိုယ်ဘယ်သူ့ကို ပထမဆုံးအကြိမ် နမ်းခဲ့တယ်ဆိုတာကို လူတိုင်းအမှတ်ရနေကြမှာပါ။ ရည်းစားတွေ ဘယ်နယောက်ပြောင်းပြောင်း၊ ဘယ်သူနဲ့ပဲ အိမ်ထောင်ကျကျ၊ ကိုယ် ပထမဆုံး နမ်းခဲ့တဲ့သူကိုတော့ ဘယ်သူမှ မေ့နိုင်ကြမှာ မဟုတ်ပါဘူး။

ဒါပေမယ့် နမ်းတယ်ဆိုတာကလည်း ကျွမ်းကျင်မှု လိုပါသေးတယ်။ နမ်းတာညံ့ရင် ကိုယ့်ရဲ့ ပထမအနမ်းကို အနမ်းခံရတဲ့သူက ဆိုးဝါးတဲ့အနမ်းအဖြစ် အမှတ်ရနေရင် ဘယ်လိုလုပ်မလဲ။ တကယ်လို့ အခုချိန်ထိ ဘယ်သူ့ကို ပထမအနမ်း မပေးဖူးသေးတဲ့ သူတွေပါရင် ပထမအနမ်းကို တစ်သက်လုံး အမှတ်ရနေအောင် ဘယ်လိုလုပ်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကြိုတင်စီစဉ်ထားပါ

အဲဒီအခိုက်အတန့်လေးကို မဖန်တီးခင် ကြိုတင်စီစဉ်ထားရပါမယ်။ မိန်းကလေးတစ်ယောက်ကို နမ်းဖို့အကောင်းဆုံးအချိန်ကတော့ သူတို့နဲ့ ကောင်းမွန်တဲ့ အချိန်တစ်ခုကို တူတူဖြတ်သန်းထားပြီး စိတ်ထဲမှာ ရှုပ်မနေဘဲ ငြိမ်းချမ်းနေအောင် အရင်ဖန်တီးထားပြီးမှ နမ်းတာပါပဲ။ ဘေးနားမှာလည်း နှောင့်ယှက်မယ့်သူမရှိတာ သေချာပါစေ။ ဥပမာ… ကားထဲမှာတို့၊ လူရှင်းတဲ့ ပန်းခြံထဲမှာတို့ပေါ့။

၂။ အချစ်စိတ်လေးတွေ နှိုးဆွပေးပါ
အချစ်စိတ်လေးတွေ နိုးကြားလာအောင် နှိုးဆွပေးခြင်းက နမ်းချင်စိတ်ကို ဖြစ်လာစေပါတယ်။ စနောက်တာလေးတွေ၊ ကျီစယ်တို့ဆိတ်တာလေးတွေ၊ အသံတိုးတိုးနဲ့ စကားပြောတာလေးတွေက ပထမအနမ်း နမ်းချိန်မှာ အကောင်းဆုံးခံစားချက်ဖြစ်လာအောင် ကူညီပေးနိုင်ပါတယ်။

၃။ ဖုန်းပိတ်ထားပါ

နမ်းဖို့အချိန်ကျတော့မယ်ဆိုရင် နှစ်ယောက်လုံးရဲ့ဖုန်းတွေကိုယူပြီး ပါဝါပိတ်ရင်ပိတ်၊ မပိတ်ရင် airplane mode on ထားလိုက်ပါ။ ဒါမှသာ နမ်းနေချိန်မှာ ဖုန်းဝင်လိုက်ပြီး ဘဝရဲ့ အမှတ်ရစရာ အခိုက်အတန့်လေးကို မဖျက်ဆီးပစ်နိုင်မှာပါ။ အရေးကြီးဖုန်းလာဖို့ ရှိတယ်ဆိုရင်တော့ silent (သို့) vibrate လုပ်ထားလိုက်ပါ။

၄။ နေရာသေချာရွေးပါ

ကိုယ်နမ်းမယ့်နေရာကလည်း ရိုမန်းတစ်ဆန်နေဖို့ လိုပါတယ်။ ဥပမာ… ကိုယ့်ရည်းစားကို ဖယောင်းတိုင်ညစာစားပွဲ (candle light dinner) လိုက်ကျွေးတာတို့၊ ရုပ်ရှင်လိုက်ပြတာတို့က လိင်စိတ် နိုးကြားတက်ကြွလာစေဖို့ အကောင်းဆုံး နှိုးဆွပေးနိုင်ပါတယ်။ ဒါကြောင့် ရိုမန်းတစ်ဖြစ်စေမယ့် နေရာကို သေချာရွေးချယ်ပါ။ ပင်လယ်ကမ်းခြေဟာ ရိုမန်းတစ်ဖြစ်စေတဲ့ အကောင်းဆုံး နေရာတစ်နေရာပါပဲ။

၅။ အထိအတွေ့လေးတွေပေးပါ

တစ်ခါတလေမှာ အထိအတွေ့လေးတွေက စကားလုံးထောင်ပေါင်းများစွာထက် ပိုပြီးတာသွားပါတယ်။ ခံစားချက်တွေကို နှုတ်ကထုတ်မပြောဘဲ အထိအတွေ့၊ အပြုအမူ၊ အမူအရာတွေနဲ့ ထုတ်ပြောပါ။ ပါးလေးကိုကိုင်ပြီး မျက်လုံးချင်းတည့်တည့်ကြည့်ပြီး စကားပြောကြည့်ပါ။ ကိုယ့်ရဲ့မျက်လုံးထဲမှာ သူ့အပေါ်ထားတဲ့ အချစ်စိတ်နဲ့ ခံစားချက်တွေကို ပါအောင်ထုတ်ပြလိုက်ပါ။ ကိုယ့်ရဲ့ ပထမအနမ်းလေးကို သူတစ်သက်လုံး အမှတ်ရနေပါလိမ့်မယ်။


Credit:Duwun
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top