iMyanmarHouse.com - Best Property Website for Myanmar
×











သင်ဟာ အကောင်းမြင်တတ်သူလား၊ ဒါမှမဟုတ် လက်တွေ့ကျကျတွေးတတ်သူလား ဆိုတာ လမ်းခွဲတော့မယ့်သူတစ်ယောက်ရဲ့ ပြောသွားတဲ့စကားတွေကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ တစ်ခါတစ်လေ ကိုယ်ချစ်ရသူက ကိုယ့်ကို လမ်းခွဲစကားပြောနေတာကို ကိုယ်ကအဟုတ်မှတ်ပြီး လမ်းခွဲစကားပြောလို့ ပြောမှန်းမသိအောင် ဖြစ်ဖူးကြတယ်ဆိုရင် လမ်းခွဲစကားပြောတဲ့အခါ သုံးလေ့ရှိတဲ့ အသုံးအနှုန်းလေးတွေကို ပြောပြပေးချင်ပါတယ်။

၁။နင့်ကြောင့်မဟုတ်ပါဘူး။ ငါ့ကြောင့်ပါ လို့ တစ်ဖက်လူက ပြောလာတဲ့အခါ
အကောင်းမြင်တတ်သူတွေးပုံက - ဒါနင့်ပြသနာမဟုတ်ပါဘူး။ နင်က ပြည့်စုံတဲ့သူပါ။ အားလုံးငါ့ကြောင့်ချည်းပါပဲလို့ ထင်တတ်ကြပါတယ်။လက်တွေ့ကျကျတွေးတတ်သူ တွေးပုံက  - ဒါ နင့်ကြောင့်ပါပဲ။ ဒါတွေဖြစ်လာတာ အားလုံးနင့်ကြောင့်ပဲလို့ ပြောချင်မှန်း သိတယ်။

၂။ငါ့အတွက် သီးသန့်နေရာလေးတစ်ခု လိုအပ်လာပြီလို့ တစ်ဖက်လူက ပြောလာတဲ့အခါ
အကောင်းမြင်တတ်သူတွေးပုံက တော့ -  ငါ့ကို နောက်တစ်လှမ်းဆုတ်ပြီး ငါတို့အချစ်ရေး အခြေအနေကောင်းလာအောင် လုပ်ပေးဖို့ တောင်းဆိုတာဖြစ်မယ်။လက်တွေ့ကျကျတွေးတတ်သူ တွေးပုံက- ဒါ ငါ နင့်နဲ့ အဝေးဆုံးမှာ ရှိချင်နေပြီလို ပြောတာပဲ။

၃။ ငါတို့နှစ်ယောက်က တစ်ပုံစံတည်းဖြစ်နေတယ် လို့ တစ်ဖက်လူက ပြောလာတဲ့အခါ
အကောင်းမြင်တတ်သူတွေးပုံကတော့ - ငါတို့နှစ်ယောက်က ဂရုစိုက်တတ်တာရော၊ ချစ်စရာကောင်းတာ၊ ရယ်စရာကောင်းတာတွေအစ အားလုံးတူကြတယ်လို့ တွေးပါလိမ့်မယ်။လက်တွေ့ကျကျတွေးသူကတော့ - ဒါငါ့ကို ပျင်းနေပြီလို့ ပြောတာပဲ ဆိုတာ သိပါတယ်။

၎။ငါတို့သူငယ်ချင်းတွေလို နေကြရအောင်လို့ တစ်ဖက်လူက ပြောလာတဲ့အခါ
အကောင်းမြင်တတ်သူတွေးပုံကတော့ ချစ်သူရည်းစားဆိုပေမယ့် သူငယ်ချင်းလိုလည်း ဆက်ဆံတတ်မှသာ အချစ်ရေးက ပိုသာယာလာလိမ့်မယ်။လက်တွေ့ကျကျ တွေးတတ်သူကတော့ - ငါနင်နဲ့ အတူနေဖို့လည်း မတွေးတော့ဘူး၊ ပေါ့ပေါ့ပါးပါးပဲ အေးဆေးနေချင်တယ်။

၅။ငါ ဘာမှကြိုမပြောနိုင်ဘူး။ ကတိလည်း မပေးနိုင်တော့ဘူးလို့ တစ်ဖက်လူက ပြောလာတဲ့အခါ
အကောင်းမြင်တတ်သူ တွေးပုံကတော့  - ငါ ရေရှည် ဒီအချစ်ရေးအတွက် အဆင်သင့် မဖြစ်သေးဘူး။ ခဏတာပဲဖြစ်ဦးမယ်။ နောက်ပိုင်းပိုအဆင်ပြေချင် ပြေသွားနိုင်တယ်။လက်တွေ့ကျကျတွေးတတ်သူကတော့ - ငါ့မှာ နင်နဲ့ပတ်သက်ပြီး အနာဂတ်အတွက် ဘာအိပ်မက်စိတ်ကူးမှ မရှိတော့ဘူး။

၆။အလုပ်ကိုပဲ အာရုံပိုစိုက်ချင်တယ်လို့ တစ်ဖက်သူက ပြောလာတဲ့အခါ
အကောင်းမြင်တတ်သူ တွေးပုံကတော့  - အလုပ်တွေဆက်လုပ်ပြီး အောင်မြင်လာမှ အချစ်ရေးဘက်ကို ပြန်စဉ်းစားမယ်။လက်တွေ့ကျကျတွေးတတ်သူကတော့ - အချစ်အတွက် အချိန်ပေးနေတာထက် အလုပ်လုပ်နေတာက ပိုကောင်းတယ်။

၇။နင်က ဒီ့ထက်ပိုကောင်းတဲ့လူနဲ့ ထိုက်တန်ပါတယ်လို့ တစ်ဖက်လူက ဆိုလာတဲ့အခါ
အကောင်းမြင်တတ်သူကတော့  - ငါ့အတွက်သူတွေးပေးရှာတယ်။ ငါဟာ သူနဲ့မထိုက်တန်ဘူးဆိုတာချည်း တွေးနေတယ်။ တကယ်တော့ အချစ်မျာ ဒါတွေမရှိဘူး။လက်တွေ့ကျကျတွေးမြင်တတ်သူကတော့ - ငါ့ကို လမ်းခွဲစကားဆိုတာထက် ခုလို အေးအေးလေးနဲ့ ဇာတ်လမ်းပြီးသွားအောင် လုပ်နေတာပဲ။

ကဲ ဒီလောက်ဆို သင့်ချစ်သူက သင့်ကိုလမ်းခွဲဖို့ပြောနေတာလား။ နှစ်ယောက်စလုံးအတွက် ထည့်စဉ်းစားတွေးပေးနေတာလားဆိုတာ သိလောက်ပြီပေါ့နော်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top