iMyanmarHouse.com - Best Property Website for Myanmar
×

ဒီလိုအခ်ိန္မွာ နာက်င္၊ ေဒါသထြက္ၿပီး ကမာၻေလာကႀကီးကို မ်က္ႏွာမျပခ်င္ေလာက္ေအာင္ ျဖစ္ေနမွာပါ။ ဒါေပမဲ့ သင့္ရဲ႕ ဂုဏ္သိကၡာနဲ႔ ဘဝကို သင္ကိုယ္တုိင္ ထိခိုက္ေအာင္ မလုပ္မိေစဖုိ႔ ဒီအခ်က္ေတြကို ဘယ္ေတာ့မွ မလုပ္သင့္ပါဘူး။

၁။ ဘယ္သူ႔ကိုမွ အျပစ္မတင္ပါနဲ႔

သင့္ရည္းစားေဟာင္းကို အျပစ္တင္မိတာနဲ႔ တၿပိဳင္နက္ သင္ကိုယ္သင္လည္း အျပစ္တင္မိလာပါလိမ့္မယ္။ ဘယ္သူ႔ေၾကာင့္ ျဖစ္တယ္ဆုိတာ အေရးမႀကီးပါဘူး။ အခ်စ္ေရးတစ္ခု တည္ေဆာက္ဖုိ႔ဆုိတာ ႏွစ္ဦးႏွစ္ဖက္ ဟန္ခ်က္ညီမွသာ ျဖစ္တယ္ဆုိတာ သတိရပါ။

၂။ မေတြေဝပါနဲ႔

ဆက္ေလွ်ာက္သြားပါ။ ေနာက္ျပန္မလွည့္ပါနဲ႔။ သင္ခ်ခဲ့တဲ့ ဆံုးျဖတ္ခ်က္ကို ယံုၾကည္လိုက္ပါ။ ေပ်ာ္ရႊင္စရာေတြ ရွိခဲ့တာ မွန္ေပမဲ့လို႔ ဘာေၾကာင့္ လမ္းခြဲလုိက္တယ္ဆုိတဲ့အခ်က္ကိုေတာ့ မေမ့ပါနဲ႔။

၃။ သိပ္ၿပီး ေၾကကြဲမေနပါနဲ႔

သင္ ေသမသြားပါဘူး။ တဖန္ ျပန္ၿပီး ေပ်ာ္ရႊင္ရဦးမွာပါ။ သင့္ဘဝက ဘယ္ေလာက္ဆုိးေၾကာင္း လူေတြကို လုိက္မေျပာပါနဲ႔။ အနာဂတ္ဆုိတာ စိတ္လႈပ္ရွားစရာေတြ၊ ဆန္းၾကယ္မႈေတြနဲ႔ ျပည့္ေနတာပါ။

၄။ ဘဝကို ေရွ႕ဆက္ဖို႔ မေမ့ပါနဲ႔

ဝမ္းနည္းေၾကကြဲလို႔ ရပါတယ္။ ဒါေပမဲ့ အေႏွးနဲ႔ အျမန္ဆုိသလို ပူေဆြးတမ္းတေနတာေတြ ရပ္တန္႔ရပါမယ္။ သင့္ဘဝတိုးတက္ဖို႔ ပန္းတုိင္တစ္ခုခ်ပါ။ အဲဒါမွ ကိုယ့္ကိုကိုယ္ယံုၾကည္မႈလည္း တည္ေဆာက္ႏိုင္မယ္။

၅။ ဖုန္းမဆက္ပါနဲ႔

သူ႔ဆီ အဆက္မျပတ္ မက္ေဆ့ေတြ ပို႔ၿပီး ရန္ေတြ႕ေနမယ္ဆုိရင္ သင္ဟာ အ႐ူးတစ္ေယာက္လို ျဖစ္ေနပါလိမ့္မယ္။ ရည္းစားေဟာင္းက သင့္ကို စိတ္ပ်က္စရာ အ႐ူးတစ္ေယာက္လို႔ ထင္မွာ သင္မေၾကာက္ဘူးလား။

၆။ အရင္က ရည္းစားေဟာင္းေတြကိုလည္း ဖုန္းမဆက္ပါနဲ႔

ျပတ္ၿပီးသား သူေတြကို ျပန္ၿပီး ဆက္သြယ္ဖို႔ မႀကိဳးစားပါနဲ႔။ ျပတ္ခဲ့တယ္ဆုိမွေတာ့ အဆင္မေျပမႈေတြ ရွိခဲ့လို႔ေပါ့။ ရည္းစားေဟာင္းနဲ႔ ျပန္္ဆက္ဖုိ႔ စဥ္းစားတာက ေထြးၿပီးသား တံေတြးျပန္ၿမိဳဖုိ႔ ႀကိဳးစားတာနဲ႔ အတူတူပဲမို႔ ဘယ္ေတာ့မွ မလုပ္သင့္ပါဘူး။

၇။ ကလဲ့စားေခ်ဖုိ႔ မႀကိဳးစားပါနဲ႔

သူ မနာလိုေအာင္၊ နာက်င္ေအာင္ ႀကိဳးစားတာဟာ သင့္အတြက္ ေကာင္းက်ဳိး ဘာမွ မရွိပါဘူး။ သင္သာ ေဒါသေတြ၊ ေမာဟေတြနဲ႔ ပူေလာင္ရပါလိမ့္မယ္။ သင့္အေပၚ ေကာင္းတဲ့သူေတြ႕ရင္သာ အဲဒီလူကို အတည္တြဲဖုိ႔ ျပန္စည္းစားပါ။

၈။ သူငယ္ခ်င္းအတြဲေတြကို မနာလို မျဖစ္ပါနဲ႔

လူတိုင္းက အခ်စ္ခံခ်င္ၾကသူေတြခ်ည္းပါပဲ။ ဒါေပမဲ့ တစ္ခါတရံမွာ ကိုယ္ စိတ္ညစ္ေနခ်ိန္ သူမ်ား ေပ်ာ္ေနတာကို မ႐ႈစိမ့္ႏိုင္ ျဖစ္တတ္တယ္။ အဲဒီလုိ စိတ္မ်ဳိး သူငယ္ခ်င္းေတြအေပၚ မထားပါနဲ႔။ သူတုိ႔ေတြ ေပ်ာ္ရႊင္သလို သင့္ကိုလည္း သူတုိ႔က ေပ်ာ္ရႊင္ေစခ်င္ပါတယ္။

Credit : Duwun


ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode


ဒီလိုအချိန်မှာ နာကျင်၊ ဒေါသထွက်ပြီး ကမ္ဘာလောကကြီးကို မျက်နှာမပြချင်လောက်အောင် ဖြစ်နေမှာပါ။ ဒါပေမဲ့ သင့်ရဲ့ ဂုဏ်သိက္ခာနဲ့ ဘဝကို သင်ကိုယ်တိုင် ထိခိုက်အောင် မလုပ်မိစေဖို့ ဒီအချက်တွေကို ဘယ်တော့မှ မလုပ်သင့်ပါဘူး။

၁။ ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့

သင့်ရည်းစားဟောင်းကို အပြစ်တင်မိတာနဲ့ တပြိုင်နက် သင်ကိုယ်သင်လည်း အပြစ်တင်မိလာပါလိမ့်မယ်။ ဘယ်သူ့ကြောင့် ဖြစ်တယ်ဆိုတာ အရေးမကြီးပါဘူး။ အချစ်ရေးတစ်ခု တည်ဆောက်ဖို့ဆိုတာ နှစ်ဦးနှစ်ဖက် ဟန်ချက်ညီမှသာ ဖြစ်တယ်ဆိုတာ သတိရပါ။

၂။ မတွေဝေပါနဲ့

ဆက်လျှောက်သွားပါ။ နောက်ပြန်မလှည့်ပါနဲ့။ သင်ချခဲ့တဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်လိုက်ပါ။ ပျော်ရွှင်စရာတွေ ရှိခဲ့တာ မှန်ပေမဲ့လို့ ဘာကြောင့် လမ်းခွဲလိုက်တယ်ဆိုတဲ့အချက်ကိုတော့ မမေ့ပါနဲ့။

၃။ သိပ်ပြီး ကြေကွဲမနေပါနဲ့

သင် သေမသွားပါဘူး။ တဖန် ပြန်ပြီး ပျော်ရွှင်ရဦးမှာပါ။ သင့်ဘဝက ဘယ်လောက်ဆိုးကြောင်း လူတွေကို လိုက်မပြောပါနဲ့။ အနာဂတ်ဆိုတာ စိတ်လှုပ်ရှားစရာတွေ၊ ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတာပါ။

၄။ ဘဝကို ရှေ့ဆက်ဖို့ မမေ့ပါနဲ့

ဝမ်းနည်းကြေကွဲလို့ ရပါတယ်။ ဒါပေမဲ့ အနှေးနဲ့ အမြန်ဆိုသလို ပူဆွေးတမ်းတနေတာတွေ ရပ်တန့်ရပါမယ်။ သင့်ဘဝတိုးတက်ဖို့ ပန်းတိုင်တစ်ခုချပါ။ အဲဒါမှ ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်း တည်ဆောက်နိုင်မယ်။

၅။ ဖုန်းမဆက်ပါနဲ့

သူ့ဆီ အဆက်မပြတ် မက်ဆေ့တွေ ပို့ပြီး ရန်တွေ့နေမယ်ဆိုရင် သင်ဟာ အရူးတစ်ယောက်လို ဖြစ်နေပါလိမ့်မယ်။ ရည်းစားဟောင်းက သင့်ကို စိတ်ပျက်စရာ အရူးတစ်ယောက်လို့ ထင်မှာ သင်မကြောက်ဘူးလား။

၆။ အရင်က ရည်းစားဟောင်းတွေကိုလည်း ဖုန်းမဆက်ပါနဲ့

ပြတ်ပြီးသား သူတွေကို ပြန်ပြီး ဆက်သွယ်ဖို့ မကြိုးစားပါနဲ့။ ပြတ်ခဲ့တယ်ဆိုမှတော့ အဆင်မပြေမှုတွေ ရှိခဲ့လို့ပေါ့။ ရည်းစားဟောင်းနဲ့ ပြန်ဆက်ဖို့ စဉ်းစားတာက ထွေးပြီးသား တံတွေးပြန်မြိုဖို့ ကြိုးစားတာနဲ့ အတူတူပဲမို့ ဘယ်တော့မှ မလုပ်သင့်ပါဘူး။

၇။ ကလဲ့စားချေဖို့ မကြိုးစားပါနဲ့

သူ မနာလိုအောင်၊ နာကျင်အောင် ကြိုးစားတာဟာ သင့်အတွက် ကောင်းကျိုး ဘာမှ မရှိပါဘူး။ သင်သာ ဒေါသတွေ၊ မောဟတွေနဲ့ ပူလောင်ရပါလိမ့်မယ်။ သင့်အပေါ် ကောင်းတဲ့သူတွေ့ရင်သာ အဲဒီလူကို အတည်တွဲဖို့ ပြန်စည်းစားပါ။

၈။ သူငယ်ချင်းအတွဲတွေကို မနာလို မဖြစ်ပါနဲ့

လူတိုင်းက အချစ်ခံချင်ကြသူတွေချည်းပါပဲ။ ဒါပေမဲ့ တစ်ခါတရံမှာ ကိုယ် စိတ်ညစ်နေချိန် သူများ ပျော်နေတာကို မရှုစိမ့်နိုင် ဖြစ်တတ်တယ်။ အဲဒီလို စိတ်မျိုး သူငယ်ချင်းတွေအပေါ် မထားပါနဲ့။ သူတို့တွေ ပျော်ရွှင်သလို သင့်ကိုလည်း သူတို့က ပျော်ရွှင်စေချင်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top