iMyanmarHouse.com - Best Property Website for Myanmar
×

ေမး။ ဆရာရွင့္ ကြ်န္မရဲ့စိတ္အေႀကာင္းေမးခ်င္လို႔ပါ။ ကြ်န္မနဲ႔ကြ်န္မအမ်ိဳးသား အတူေနတဲ့အခါ ကြ်န္မေယာက္်ား ကေျပာပါတယ္ ကြ်န္မကို ေက်ာက္ရုပ္ႀကီးက်ေနတာပဲတဲ့။ သူ႔ကိုစိတ္ပါေသးရဲ့ လားလို႔လဲ ေမးပါတယ္။ ကြ်န္မဘာလို႔အဲဒီ႔လိုျဖစ္ေနရတာလဲ။ အမွန္တိုင္းေျပာရရင္ ကြ်န္မတို႔အိမ္ေထာင္သက္ ၂ ႏွစ္ျပည့္ခါနီးေပ မယ့္ ကြ်န္မရွက္တုန္းပဲ။ ကေလးတစ္ေယာက္ ရသြားေပမယ့္ ရွက္ေနတုန္းပဲ။ အဲဒါဘာျဖစ္လို႔ပါလည္းရွင္။ သူ႔အေပၚတာဝန္မေက်သလို ခံစားရပါတယ္။ သူ႔အေပၚ တာဝန္ေက်ခ်င္ပါတယ္ရွင့္။ ေျပာျပေပးပါဦး။

ေျဖ။ ေမးတဲ့သူဟာ အခုလိုေမးသင့္တယ္လို႔ထင္တဲ့၊ စိတ္ဆႏၵရွိေနတာဟာ အလားအလာအေတာ္ၾကီး ေကာင္းပါ တယ္။ ရွက္စိတ္ရွိတာ ပံုမွန္ပါ၊ လူဆန္ပါတယ္။ အၾကံတခုေပးခ်င္တာက ဒီလိုရွက္စိတ္ဟာ “ၾကိဳက္မရွက္၊ ငိုက္မရွက္၊ ငတ္မရွက္" ဆိုတာ လူတိုင္းအသိပါ။ ေျပာဘို႔ မယဥ္ေက်းတဲ့ မရွက္တရား ေနာက္ တပါးကေတာ့ “တရားဝင္ အၾကင္လင္မယား ႏွစ္ဦးသားဟာ ဆက္ဆံရာမွာ
ရွက္ေနစရာ မလိုဘူး”။ ဒါျဖင့္ရင္“အရွက္ကိုမရွိရေတာ့မွာလား”ဆိုတာေတာ့လဲမဟုတ္ပါ။ လင္မယားေတြ ေပါင္းလာၾကတာ ႏွစ္ေတြ အမ်ားၾကီးၾကာေပမဲ့လဲ ဘယ္အေရးကိစၥမွာမဆို သူသူကိုယ္ကုိယ္ ရွက္ေနၾကရေသးတာပါ။ အဖိုးၾကီး၊ အဖြါးၾကီးျဖစ္တဲ့အထိပါ။

ဒါေပမဲ့ အခုေမးလာသူလို လိုအပ္ခ်က္ရယ္လို႔ရွိလာျပီဆိုရင္ေတာ့ ျပင္ယူရပါလိမ့္မယ္။ တႏွစ္က သတင္းစာမွာ ဖတ္ရတယ္။ ကမာၻ႔နံပါတ္တစ္ အားကစားမယ္တေယာက္ ရုပ္ရည္ကလဲ အင္မတန္ေခ်ာ ပါတယ္။ သူ႔ (ဘြိဳင္း-ဖရင္း) က ေျပာတယ္ “အိပ္ယာထဲမွာဆို ဒီမိန္းကေလးဟာ သစ္တံုးလိုဘဲ” တဲ့။ သူတို႔ဆီကေတာ့ အၾကင္လင္မယားမျဖစ္ေသးလဲ အဲလို ေနၾကတာကထံုးစံပါ။ နာမည္ၾကီးသူဆိုရင္ သတင္းလိုက္သူေတြကလဲ ေရွာင္လို႔မရဘူး။ ျပန္ေျပာေပါ့ “က်မတေယာက္တည္း မဟုတ္ဘူး (ဆယ္လီဘရက္တီ) အပ်ိဳမလဲ က်မလိုပါဘဲ” လို႔။

ျမန္မာအရပ္စကားတခုလဲ ရွိေသးတယ္။ “မယားေကာင္းဆိုတာ အိပ္ယာထဲမွာ ျပည့္တန္ဆာလို ေနရ-က်င့္ရတယ္” တဲ့။ ဒီအၾကံေပးခ်က္ဟာ လက္ေတြ႔ဘဝေတြကေန လာပံုရတယ္။ တခုရွိတာက ကိုယ္ခႏၶာ ေရာင္းစားသူေတြ၊ ေငြယူျပီး လိင္ဇာတ္ကား ရိုက္ေပးသူေတြဟာ ၾကည့္တဲ့သူေတြပို သေဘာက်၊ အားက်ေစေအာင္ တမင္တကာ သရုပ္ေဆာင္ၾကရတယ္။ ဥပမာ အမ်ိဳးသမီးေတြက ခံစားမႈရွိေနသေယာင္၊ သာယာေနသေယာင္ သရုပ္ေဆာင္ၾကတယ္။ ဒါတင္မကဘူး လိင္ဆႏၵ ျပည့္ဝ ျပီးစီးတာကိုပါ အတုလုပ္ေလ့ရွိတယ္။ ဒါကို Women Fake Orgasm လို႔ေခၚတယ္။

ဒီလိုအတုလုပ္ၾကတာက ေၾကးစာမိန္းမေတြမွ မဟုတ္ေသးဘူး။ အေနာက္ႏိုင္ငံေတြမွာ (ျမန္မာႏိုင္ငံမ်ာေတာ့ ေလ့လာမႈ မရွိလို႔ မေျပာႏိုင္ပါ။) အတြဲထားတဲ့ အမ်ိဳးသမီးမ်ားကလဲ ျပီးစီးမႈ အတုလုပ္တတ္ၾကတယ္။  အေမရိကန္၊ ကေနဒါ၊ ယူေကနဲ႔ ၾသစေၾတးလ် မွာ ေယာက္်ား-မိန္မေပါင္း ငါးေသာင္းကို ေလ့လာမႈလုပ္ေတာ့ ၃ ပံု ၁ ပံုေသာ အမ်ိဳးသမီးေတြက (ေအာ္ဂဇင္) ရသေယာင္ေဆာင္ပါသတဲ့။ (ကိုလန္ဘီယာ) က Farnaz Kaighobadi ကေနလုပ္တဲ့ သုေတသနအရ ၄ဝ-၆ဝ% အမ်ိဳးသမီးေတြက အဲလိုအတုလုပ္ၾကရတာဟာ Mate retention tactic သူတို႔ ေယာက္်ားေဖၚေတြ သူတို႔ဆီကေန ခြါမသြားေစေအာင္လုပ္ရတဲ့ ဗ်ဴဟာလို႔ ဆိုပါတယ္။

ေနာက္တခုလဲ ၾကားဘူးၾကမွာပါ။ “ေယာက္်ားသား ေဖါက္ျပားတာဟာ သူ႔မိန္းမက အလိုကို လိုသလို မျဖည့္ႏိုင္ လို႔” ဆိုတာ။ ဒီအခ်က္က တဝက္တပ်က္သာ မွန္ပါမယ္။ ေဖါက္ျပားခ်င္သူ ဆိုတာ ေယာက္်ားျဖစ္ျဖစ္ မိန္းမျဖစ္ျဖစ္ စ (ဇ) ရွိသူေတြက ဇနီးမယား၊ ေယာက္်ား ခင္ပြန္းဘက္ က ေျပာစရာမလိုေပမဲ့ ေဖါက္ျပန္္ၾကပါတယ္။

လင္မယားေနၾကရာမွာ အခ်ိန္ကာလအရ တိုးတက္လာၾကရတယ္။ ေမးတဲ့သူလဲ တိုးတက္လာေအာင္ လုပ္သင့္ပါတယ္။ ပိုျပီး နားလည္လာရမယ္။ သာယာမႈရွာတဲ့ေနရာမ်ိဳးမွာ ပိုျပီးသာယာမႈကိုျဖစ္လာေစ သင့္တယ္။ ခြင့္လႊတ္စရာမ်ိဳးကို ပိုျပီး ခြင့္လြတ္လာၾကတာမ်ိဳးလိုပါဘဲ။ အျပန္အလွန္ပါဘဲ။ ေယာက္်ား လုပ္သူကလဲ နားလည္မႈ ျပန္ေပးဘို႔လိုတယ္။ မိန္းမသဘာဝဟာ တမ်ိဳးဆိုတာ သိသင့္တယ္။ ပိုးျပီးရွက္ တတ္တယ္။ လိင္စိတ္ျဖစ္လာတာ အခ်ိန္ပိုယူတယ္။ အခါတိုင္း အျပီးမသတ္ေပမဲ့ သိပ္ကိစၥမရွိတတ္ဘူး။ လစဥ္ဓမၼတာနဲ႔အတူ ေဟာ္မုန္းသတၠိေၾကာင့္ လိင္စိတ္ အတက္အက် ရွိတတ္တယ္။ အိမ္ေထာင္မက် ခင္ဘဝ၊ ေနာက္ခံ (လိင္) က်န္းမာေရးသုတ ဆိုတာမ်ိဳးကို တမင္တကာ လိုက္ရွာေနတတ္သူမ်ိဳး ဆိုတာ ေယာက္်ားေတြနဲ႔ယွဥ္ရင္ အေရအတြက္နည္းပါးတယ္။ ဒီေတာ့ လိုေနတယ္ထင္ရင္ ျပင္ လာေစေအာင္ ကူညီရမယ္။ သုတအရလိုေနရင္ သုတျဖည့္ေပးပါ။ က်န္းမာေရးေၾကာင့္ဆိုရင္ ခြင့္လြတ္ေပးပါ။ တိုးတက္လာတိုင္း အသိအမွတ္ျပဳေပးပါ။

လိင္မႈကိစၥဟာ တျခားအေရးအရာေတြလိုဘဲ။ ႏွစ္ဦးႏွစ္ဘက္ ပါဝင္ပတ္သက္ရတယ္။ လက္လုပ္တီးတာ လက္ႏွစ္ဖက္ ပါရသလိုမ်ိဳး။ လက္ႏွစ္ဖက္ေတာ့ ဟုတ္ပါရဲ႕ တဖက္လက္ဝါးက ျဖန္႔ေကာ့ထားရင္ မည္တဲ့ လက္ခုပ္သံက မျပီသဘူး။ တက္ညီ-လက္ညီ ရွိၾကတာ ေကာင္းတဲ့ဂုဏ္တရပ္ပါ။ ေရွ႕သြား၊ ေနာက္လိုက္ ညီၾကတယ္ဆိုတာ အမ်ားအျမင္သာ ျဖစ္တယ္။ ဘက္ညီတယ္ဆိုတာမွာ အတူေနတဲ့ကိစၥလဲ ပါသင့္တယ္။

စိတ္မပ်က္ပါနဲ႔။ အားငယ္စရာမဟုတ္ပါ။ အိမ္ေထာင္ေရး ပိုသာယာတာ အခုေမးတဲ့သူမွာ ေသျခာေပါက္ျဖစ္ လာမယ္လို႔ ယူဆပါတယ္။ ဖတ္ပါ၊ လိုက္နာပါ။ ေမးျမန္းပါ၊ လိုက္လုပ္ပါ။ ကိုယ့္က ေက်ာက္ရုပ္ (သစ္တံုး) လိုျဖစ္မေနေအာင္ လိုေသးရင္ ဆရာဝန္ကိုေမးပါ။

Credit: ေဒါက္တာတင့္ေဆြ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မေး။ ဆရာရှင့် ကျွန်မရဲ့စိတ်အကြောင်းမေးချင်လို့ပါ။ ကျွန်မနဲ့ကျွန်မအမျိုးသား အတူနေတဲ့အခါ ကျွန်မယောက်ျား ကပြောပါတယ် ကျွန်မကို ကျောက်ရုပ်ကြီးကျနေတာပဲတဲ့။ သူ့ကိုစိတ်ပါသေးရဲ့ လားလို့လဲ မေးပါတယ်။ ကျွန်မဘာလို့အဲဒီ့လိုဖြစ်နေရတာလဲ။ အမှန်တိုင်းပြောရရင် ကျွန်မတို့အိမ်ထောင်သက် ၂ နှစ်ပြည့်ခါနီးပေ မယ့် ကျွန်မရှက်တုန်းပဲ။ ကလေးတစ်ယောက် ရသွားပေမယ့် ရှက်နေတုန်းပဲ။ အဲဒါဘာဖြစ်လို့ပါလည်းရှင်။ သူ့အပေါ်တာဝန်မကျေသလို ခံစားရပါတယ်။ သူ့အပေါ် တာဝန်ကျေချင်ပါတယ်ရှင့်။ ပြောပြပေးပါဦး။

ဖြေ။ မေးတဲ့သူဟာ အခုလိုမေးသင့်တယ်လို့ထင်တဲ့၊ စိတ်ဆန္ဒရှိနေတာဟာ အလားအလာအတော်ကြီး ကောင်းပါ တယ်။ ရှက်စိတ်ရှိတာ ပုံမှန်ပါ၊ လူဆန်ပါတယ်။ အကြံတခုပေးချင်တာက ဒီလိုရှက်စိတ်ဟာ “ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်" ဆိုတာ လူတိုင်းအသိပါ။ ပြောဘို့ မယဉ်ကျေးတဲ့ မရှက်တရား နောက် တပါးကတော့ “တရားဝင် အကြင်လင်မယား နှစ်ဦးသားဟာ ဆက်ဆံရာမှာ
ရှက်နေစရာ မလိုဘူး”။ ဒါဖြင့်ရင်“အရှက်ကိုမရှိရတော့မှာလား”ဆိုတာတော့လဲမဟုတ်ပါ။ လင်မယားတွေ ပေါင်းလာကြတာ နှစ်တွေ အများကြီးကြာပေမဲ့လဲ ဘယ်အရေးကိစ္စမှာမဆို သူသူကိုယ်ကိုယ် ရှက်နေကြရသေးတာပါ။ အဖိုးကြီး၊ အဖွါးကြီးဖြစ်တဲ့အထိပါ။

ဒါပေမဲ့ အခုမေးလာသူလို လိုအပ်ချက်ရယ်လို့ရှိလာပြီဆိုရင်တော့ ပြင်ယူရပါလိမ့်မယ်။ တနှစ်က သတင်းစာမှာ ဖတ်ရတယ်။ ကမ္ဘာ့နံပါတ်တစ် အားကစားမယ်တယောက် ရုပ်ရည်ကလဲ အင်မတန်ချော ပါတယ်။ သူ့ (ဘွိုင်း-ဖရင်း) က ပြောတယ် “အိပ်ယာထဲမှာဆို ဒီမိန်းကလေးဟာ သစ်တုံးလိုဘဲ” တဲ့။ သူတို့ဆီကတော့ အကြင်လင်မယားမဖြစ်သေးလဲ အဲလို နေကြတာကထုံးစံပါ။ နာမည်ကြီးသူဆိုရင် သတင်းလိုက်သူတွေကလဲ ရှောင်လို့မရဘူး။ ပြန်ပြောပေါ့ “ကျမတယောက်တည်း မဟုတ်ဘူး (ဆယ်လီဘရက်တီ) အပျိုမလဲ ကျမလိုပါဘဲ” လို့။

မြန်မာအရပ်စကားတခုလဲ ရှိသေးတယ်။ “မယားကောင်းဆိုတာ အိပ်ယာထဲမှာ ပြည့်တန်ဆာလို နေရ-ကျင့်ရတယ်” တဲ့။ ဒီအကြံပေးချက်ဟာ လက်တွေ့ဘဝတွေကနေ လာပုံရတယ်။ တခုရှိတာက ကိုယ်ခန္ဓာ ရောင်းစားသူတွေ၊ ငွေယူပြီး လိင်ဇာတ်ကား ရိုက်ပေးသူတွေဟာ ကြည့်တဲ့သူတွေပို သဘောကျ၊ အားကျစေအောင် တမင်တကာ သရုပ်ဆောင်ကြရတယ်။ ဥပမာ အမျိုးသမီးတွေက ခံစားမှုရှိနေသယောင်၊ သာယာနေသယောင် သရုပ်ဆောင်ကြတယ်။ ဒါတင်မကဘူး လိင်ဆန္ဒ ပြည့်ဝ ပြီးစီးတာကိုပါ အတုလုပ်လေ့ရှိတယ်။ ဒါကို Women Fake Orgasm လို့ခေါ်တယ်။

ဒီလိုအတုလုပ်ကြတာက ကြေးစာမိန်းမတွေမှ မဟုတ်သေးဘူး။ အနောက်နိုင်ငံတွေမှာ (မြန်မာနိုင်ငံမျာတော့ လေ့လာမှု မရှိလို့ မပြောနိုင်ပါ။) အတွဲထားတဲ့ အမျိုးသမီးများကလဲ ပြီးစီးမှု အတုလုပ်တတ်ကြတယ်။  အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ သြစတြေးလျ မှာ ယောက်ျား-မိန်မပေါင်း ငါးသောင်းကို လေ့လာမှုလုပ်တော့ ၃ ပုံ ၁ ပုံသော အမျိုးသမီးတွေက (အော်ဂဇင်) ရသယောင်ဆောင်ပါသတဲ့။ (ကိုလန်ဘီယာ) က Farnaz Kaighobadi ကနေလုပ်တဲ့ သုတေသနအရ ၄ဝ-၆ဝ% အမျိုးသမီးတွေက အဲလိုအတုလုပ်ကြရတာဟာ Mate retention tactic သူတို့ ယောက်ျားဖေါ်တွေ သူတို့ဆီကနေ ခွါမသွားစေအောင်လုပ်ရတဲ့ ဗျူဟာလို့ ဆိုပါတယ်။

နောက်တခုလဲ ကြားဘူးကြမှာပါ။ “ယောက်ျားသား ဖေါက်ပြားတာဟာ သူ့မိန်းမက အလိုကို လိုသလို မဖြည့်နိုင် လို့” ဆိုတာ။ ဒီအချက်က တဝက်တပျက်သာ မှန်ပါမယ်။ ဖေါက်ပြားချင်သူ ဆိုတာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် စ (ဇ) ရှိသူတွေက ဇနီးမယား၊ ယောက်ျား ခင်ပွန်းဘက် က ပြောစရာမလိုပေမဲ့ ဖေါက်ပြန်ကြပါတယ်။

လင်မယားနေကြရာမှာ အချိန်ကာလအရ တိုးတက်လာကြရတယ်။ မေးတဲ့သူလဲ တိုးတက်လာအောင် လုပ်သင့်ပါတယ်။ ပိုပြီး နားလည်လာရမယ်။ သာယာမှုရှာတဲ့နေရာမျိုးမှာ ပိုပြီးသာယာမှုကိုဖြစ်လာစေ သင့်တယ်။ ခွင့်လွှတ်စရာမျိုးကို ပိုပြီး ခွင့်လွတ်လာကြတာမျိုးလိုပါဘဲ။ အပြန်အလှန်ပါဘဲ။ ယောက်ျား လုပ်သူကလဲ နားလည်မှု ပြန်ပေးဘို့လိုတယ်။ မိန်းမသဘာဝဟာ တမျိုးဆိုတာ သိသင့်တယ်။ ပိုးပြီးရှက် တတ်တယ်။ လိင်စိတ်ဖြစ်လာတာ အချိန်ပိုယူတယ်။ အခါတိုင်း အပြီးမသတ်ပေမဲ့ သိပ်ကိစ္စမရှိတတ်ဘူး။ လစဉ်ဓမ္မတာနဲ့အတူ ဟော်မုန်းသတ္ကိကြောင့် လိင်စိတ် အတက်အကျ ရှိတတ်တယ်။ အိမ်ထောင်မကျ ခင်ဘဝ၊ နောက်ခံ (လိင်) ကျန်းမာရေးသုတ ဆိုတာမျိုးကို တမင်တကာ လိုက်ရှာနေတတ်သူမျိုး ဆိုတာ ယောက်ျားတွေနဲ့ယှဉ်ရင် အရေအတွက်နည်းပါးတယ်။ ဒီတော့ လိုနေတယ်ထင်ရင် ပြင် လာစေအောင် ကူညီရမယ်။ သုတအရလိုနေရင် သုတဖြည့်ပေးပါ။ ကျန်းမာရေးကြောင့်ဆိုရင် ခွင့်လွတ်ပေးပါ။ တိုးတက်လာတိုင်း အသိအမှတ်ပြုပေးပါ။

လိင်မှုကိစ္စဟာ တခြားအရေးအရာတွေလိုဘဲ။ နှစ်ဦးနှစ်ဘက် ပါဝင်ပတ်သက်ရတယ်။ လက်လုပ်တီးတာ လက်နှစ်ဖက် ပါရသလိုမျိုး။ လက်နှစ်ဖက်တော့ ဟုတ်ပါရဲ့ တဖက်လက်ဝါးက ဖြန့်ကော့ထားရင် မည်တဲ့ လက်ခုပ်သံက မပြီသဘူး။ တက်ညီ-လက်ညီ ရှိကြတာ ကောင်းတဲ့ဂုဏ်တရပ်ပါ။ ရှေ့သွား၊ နောက်လိုက် ညီကြတယ်ဆိုတာ အများအမြင်သာ ဖြစ်တယ်။ ဘက်ညီတယ်ဆိုတာမှာ အတူနေတဲ့ကိစ္စလဲ ပါသင့်တယ်။

စိတ်မပျက်ပါနဲ့။ အားငယ်စရာမဟုတ်ပါ။ အိမ်ထောင်ရေး ပိုသာယာတာ အခုမေးတဲ့သူမှာ သေခြာပေါက်ဖြစ် လာမယ်လို့ ယူဆပါတယ်။ ဖတ်ပါ၊ လိုက်နာပါ။ မေးမြန်းပါ၊ လိုက်လုပ်ပါ။ ကိုယ့်က ကျောက်ရုပ် (သစ်တုံး) လိုဖြစ်မနေအောင် လိုသေးရင် ဆရာဝန်ကိုမေးပါ။

Credit: ဒေါက်တာတင့်ဆွေ

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top