iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Duwun
#Unicode Version
ခေတ်ပေါ်ဒီဇိုင်းတွေလည်းမဟုတ် တန်ဖိုးကြီးအမှတ်တံဆိပ်တွေလည်း မဟုတ်ပါဘဲ ဝတ်သမျှ ဖက်ရှင်ကျနေသူတွေမှာ အားကျအတုယူစရာကောင်းတဲ့ အကျင့်တွေ ရှိနေလို့ပါ။ ကိုယ်လည်း သူတို့လို ဖက်ရှင်ကျကျ လှချင်တယ်ဆိုရင်တော့ သူတို့ရဲ့အကျင့်ကောင်းလေးတွေကို အတုယူလို့ရတာပေါ့။
၁။ ဘာဝတ်ဝတ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်။ ကိုယ့်ခန္ဓာကိုယ်ပေါ်ကအဝတ်ကို စိတ်ကသိကအောင့်ဖြစ်နေတာမျိုးက တကယ်ဂွမ်းတဲ့အကျင့်ကြီးပါ။ သူတို့ကတော့ ဘာကိုပဲဝတ်ထားဝတ်ထား ယုံကြည်မှုအပြည့်ရှိနေလို့ ကိုယ်ပေါ်ကဝတ်စုံဟာ ပိုတောင် လှပသွားတတ်ပါတယ်။
၂။ အဝတ်အစားကို ဘယ်လိုဝယ်ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။ ဖြစ်ကတတ်ဆန်းလည်း မဝယ်ပါဘူး။ ဈေးကြီးတာမျိုးရွေးဝယ်တာမဟုတ်ဘဲ ခန္ဓာကိုယ်နဲ့ အဆင်ပြေမယ့်အဝတ်အစားကို သေသေချာချာဆုံးဖြတ်ချက်ချပြီးမှ ဝယ်ကြပါတယ်။
၃။ ကိုယ့်အဝတ်အစားအတွက် ကိုယ်တိုင်ရွေးချယ်တယ်။ သူများဆင်တာကို မဝတ်ပါဘူး။
၄။ နာမည်ကြီးအမှတ်တံဆိပ်တိုင်းကို စိတ်မဝင်စားဘဲ ဖက်ရှင်ကျတဲ့အဆင်နဲ့ ဒီဇိုင်းကိုသာ ဦးစားပေးတတ်ကြပါတယ်။
၅။ လူကြိုက်များ ရေပန်းစားတယ်ဆိုတိုင်းလည်း သူတို့က ဝတ်ချင်မှဝတ်တာပါ။ သူများတွေ ဘယ်လောက်ပဲစိတ်ဝင်စားနေပါစေ
ကိုယ်နဲ့လိုက်ဖက်မယ့်အရာကိုပဲ ရွေးချယ်ကြလို့ ဖက်ရှင်ကျနေကြတာပါ။
၆။ စိတ်ကူးကောင်းတွေ ကွန့်မြူးတတ်ပါတယ်။ သူများချုပ်ထားတဲ့ဒီဇိုင်းကို ပုံတူကူးချတာမျိုးမဟုတ်ဘဲ မွမ်းမံပြင်ဆင်ကာ ပိုလှတဲ့ဒီဇိုင်းကို ဖန်တီးတတ်သူတွေဖြစ်ပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top