iMyanmarHouse.com - Best Property Website for Myanmar
×

ပထမဆံုးေတြ႕ေသာသူဟာ သင့္ကို ေနာက္တၾကိမ္ေတြ႕ခ်င္တယ္ဆိုတာ ေၿပာဆိုဆက္ဆံမူအေပၚတြင္ အမ်ားၾကီးမူတည္ပါတယ္။

ဘယ္လိုလုပ္ရင္ တန္ဖိုးရွိၿပီး ဆဲြေဆာင္မူရွိေသာသူၿဖစ္ေအာင္ လုပ္သင့္ေသာနည္းေလးကို ေရးလိုက္ပါတယ္။

၁.သူ႕ရဲ႕ နာမည္ကို မေမ့ရန္ႏွင့္ စကားေၿပာေသာအခါ သူနာမည္ကို ေခၚၿပီးမွ ကိစၥကိုေၿပာပါ။

လူအမ်ားစုဟာ ကိုယ္ရဲ႕နာမည္ကို ေသေသခ်ာခ်ာမွတ္မိေသာသူႏွင့္ မမွတ္မိေသာသူ ဘယ္လိုထင္မလဲ။လြယ္လြယ္ေလးပါ။ကိုယ့္ရဲ႕နာမည္ကို မွတ္ထားေပးေသာသူသာလွ်င္ ကိုယ္ကုိအေလးထားေသာသူလို႕ သတ္မွတ္မွာ အမွန္ပါ။

၂.လက္ႏွင့္ေၿခေထာက္ကို သတိထားပါ။

လူေတြမွာ ကိုယ္ကသတိမထားမိေသာအခ်ိန္အတြင္းမွာ မလုပ္သင့္ေသာအက်င့္ေလးေတြကို လုပ္မိတတ္ပါတယ္။
ဥပမာ။ ။လက္သည္းကိုက္ၿခင္း၊ ေၿခေထာက္ကိုလွုပ္ေနၿခင္း၊ ေခါင္းကုတ္ေနၿခင္း၊ သန္းေနၿခင္း စသည္ၿဖင့္

၃.အသံကိုက်ယ္က်ယ္ေၿပာၿပီး ၿပံဳးၿပံဳးရႊင္ရႊင္ၿဖစ္ေနပါေစ။

အသံကိုက်ယ္က်ယ္လို႕ဆိုပင္မဲ့ တက္တက္ၾကြၾကြ ေၿပာဆိုရန္ဆိုလိုပါတယ္။ရယ္သင့္ေသာေနရာမွာ ရယ္ပါ။ၿပံဳးသင့္ေသာေနရာတြင္ ၿပံဳးပါ။ထိုမွသာလွ်င္ နားေထာင္ေနေသာသူမွာလည္း တက္တက္ၾကြၾကြရွိလာမွာပါ။

၄.ဟန္မေဆာင္ပဲ မသိေသာကိစၥကို ရဲရဲတင္းတင္း မသိဘူးလုိ႕ ေၿဖပါ။

မသိေသာကိစၥကို သိသလုိဆရာၾကီးလုပ္ၿပီး ဟုတ္သလိုိလိုေၿဖလိုက္ၿပီး တကယ္စမ္းစစ္လိုက္ေသာအခါ သင္ဟာညာေၿပာေသာသူအၿဖစ္ နားေထာင္သူက သတ္မွတ္လိုက္ပါလိ္မ့္မယ္။

ဒါေၾကာင့္မသိေသာကိစၥကို မသိပါလို႕ေၿပာသင့္ပါတယ္။ထိုသို႕ေၿပာၿပီးမွ ဒီကိစၥကို ဆက္ၿပီးေလ့လာၿပီး ၿပန္ေၿပာမယ္လို႕ဆိုရင္ ဘယ္သူ႕အမုန္းမွမခံရပဲ ပိုလို႕ေတာင္ တန္ဖိုးထားမွာပါ။

၅.သူေၿပာေသာ အေၾကာင္းႏွင့္ ပတ္သက္ၿပီး ဘုမေၿပာပါနဲ႕။

ေၿပာေနသူရဲ႕ကိစၥကို ၾကားဝင္ေၿပာၿပီး မဟုတ္ဘူး မွားေနတယ္လို႕ ဘုမေၿပာပါနဲ႕။ ေၿပာေနသူရဲ႕စကားက ဆံုးမွသာလွ်င္ အေၾကာင္းရဲ႕ အဆိုးအေကာင္းကို ေသေသခ်ာခ်ာ ရွင္းၿပၿပီးမွ ၿငင္းၿခင္းက အေကာင္းဆံုးၿဖစ္ပါတယ္။

၆.သူေၿပာေနေသာစကားကို လွုိက္လွိုက္လဲလဲ နားေထာင္ေပးပါ။

သူေၿပာေနေသာအေၾကာင္း စိ္တ္ပါဝင္စားနားေထာင္သင့္ပါတယ္။ဒါမွသာလွ်င္ ေၿပာေနသူမွာလည္း အားရွိလာမွာၿဖစ္ပါတယ္။

၇.ခ်ီးက်ဳးတတ္ဖို႕လိုပါတယ္။

လူတိုင္းဟာ ကိုယ္ကိုေတာ္တယ္လို႕ လွတယ္လို႕ေၿပာရင္ သေဘာက်တာအမွန္ပါ။တခ်ိဳ႕ကိစၥေတြမွာေတာ့ ေၿပာတိုင္းလဲမေကာင္းပါ။

ထိုအခ်ိန္မ်ိဳးမွာ ေၿပာေနေသာေနရာမွာမရွိေသာ ပတ္သက္ေသာသူကို ခ်ီးက်ဳးစကားေၿပာရင္ အဆင္ေၿပသြားမွာပါ။

၈.အတင္းေၿပာတာကို လိုရင္းတိုရွင္းၿဖင့္ စကားၿဖတ္လိုက္ပါ။

သူကသူတပါးမေကာင္းေၾကာင္းကို ေၿပာလာရင္ ဟုတ္လား ေလာက္ၿဖင့္ စကားကိုၿဖတ္ႏုိင္ေအာင္ ၾကိဳးစားပါ။
အတင္းအေၿပာခံေနရေသာသူကို ကိုယ့္ရဲ႕ထင္ၿမင္ခ်က္ေတြကို ေပးေနရင္ စကားမ်ားလွ်င္ အမွားပါတတ္ပါတယ္။


Credit:Chelmo Team

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပထမဆုံးတွေ့သောသူဟာ သင့်ကို နောက်တကြိမ်တွေ့ချင်တယ်ဆိုတာ ပြောဆိုဆက်ဆံမူအပေါ်တွင် အများကြီးမူတည်ပါတယ်။

ဘယ်လိုလုပ်ရင် တန်ဖိုးရှိပြီး ဆွဲဆောင်မူရှိသောသူဖြစ်အောင် လုပ်သင့်သောနည်းလေးကို ရေးလိုက်ပါတယ်။

၁.သူ့ရဲ့ နာမည်ကို မမေ့ရန်နှင့် စကားပြောသောအခါ သူနာမည်ကို ခေါ်ပြီးမှ ကိစ္စကိုပြောပါ။

လူအများစုဟာ ကိုယ်ရဲ့နာမည်ကို သေသေချာချာမှတ်မိသောသူနှင့် မမှတ်မိသောသူ ဘယ်လိုထင်မလဲ။လွယ်လွယ်လေးပါ။ကိုယ့်ရဲ့နာမည်ကို မှတ်ထားပေးသောသူသာလျှင် ကိုယ်ကိုအလေးထားသောသူလို့ သတ်မှတ်မှာ အမှန်ပါ။

၂.လက်နှင့်ခြေထောက်ကို သတိထားပါ။

လူတွေမှာ ကိုယ်ကသတိမထားမိသောအချိန်အတွင်းမှာ မလုပ်သင့်သောအကျင့်လေးတွေကို လုပ်မိတတ်ပါတယ်။
ဥပမာ။ ။လက်သည်းကိုက်ခြင်း၊ ခြေထောက်ကိုလှုပ်နေခြင်း၊ ခေါင်းကုတ်နေခြင်း၊ သန်းနေခြင်း စသည်ဖြင့်

၃.အသံကိုကျယ်ကျယ်ပြောပြီး ပြုံးပြုံးရွှင်ရွှင်ဖြစ်နေပါစေ။

အသံကိုကျယ်ကျယ်လို့ဆိုပင်မဲ့ တက်တက်ကြွကြွ ပြောဆိုရန်ဆိုလိုပါတယ်။ရယ်သင့်သောနေရာမှာ ရယ်ပါ။ပြုံးသင့်သောနေရာတွင် ပြုံးပါ။ထိုမှသာလျှင် နားထောင်နေသောသူမှာလည်း တက်တက်ကြွကြွရှိလာမှာပါ။

၄.ဟန်မဆောင်ပဲ မသိသောကိစ္စကို ရဲရဲတင်းတင်း မသိဘူးလို့ ဖြေပါ။

မသိသောကိစ္စကို သိသလိုဆရာကြီးလုပ်ပြီး ဟုတ်သလိုလိုဖြေလိုက်ပြီး တကယ်စမ်းစစ်လိုက်သောအခါ သင်ဟာညာပြောသောသူအဖြစ် နားထောင်သူက သတ်မှတ်လိုက်ပါလိမ့်မယ်။

ဒါကြောင့်မသိသောကိစ္စကို မသိပါလို့ပြောသင့်ပါတယ်။ထိုသို့ပြောပြီးမှ ဒီကိစ္စကို ဆက်ပြီးလေ့လာပြီး ပြန်ပြောမယ်လို့ဆိုရင် ဘယ်သူ့အမုန်းမှမခံရပဲ ပိုလို့တောင် တန်ဖိုးထားမှာပါ။

၅.သူပြောသော အကြောင်းနှင့် ပတ်သက်ပြီး ဘုမပြောပါနဲ့။

ပြောနေသူရဲ့ကိစ္စကို ကြားဝင်ပြောပြီး မဟုတ်ဘူး မှားနေတယ်လို့ ဘုမပြောပါနဲ့။ ပြောနေသူရဲ့စကားက ဆုံးမှသာလျှင် အကြောင်းရဲ့ အဆိုးအကောင်းကို သေသေချာချာ ရှင်းပြပြီးမှ ငြင်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

၆.သူပြောနေသောစကားကို လှိုက်လှိုက်လဲလဲ နားထောင်ပေးပါ။

သူပြောနေသောအကြောင်း စိတ်ပါဝင်စားနားထောင်သင့်ပါတယ်။ဒါမှသာလျှင် ပြောနေသူမှာလည်း အားရှိလာမှာဖြစ်ပါတယ်။

၇.ချီးကျုးတတ်ဖို့လိုပါတယ်။

လူတိုင်းဟာ ကိုယ်ကိုတော်တယ်လို့ လှတယ်လို့ပြောရင် သဘောကျတာအမှန်ပါ။တချို့ကိစ္စတွေမှာတော့ ပြောတိုင်းလဲမကောင်းပါ။

ထိုအချိန်မျိုးမှာ ပြောနေသောနေရာမှာမရှိသော ပတ်သက်သောသူကို ချီးကျုးစကားပြောရင် အဆင်ပြေသွားမှာပါ။

၈.အတင်းပြောတာကို လိုရင်းတိုရှင်းဖြင့် စကားဖြတ်လိုက်ပါ။

သူကသူတပါးမကောင်းကြောင်းကို ပြောလာရင် ဟုတ်လား လောက်ဖြင့် စကားကိုဖြတ်နိုင်အောင် ကြိုးစားပါ။
အတင်းအပြောခံနေရသောသူကို ကိုယ့်ရဲ့ထင်မြင်ချက်တွေကို ပေးနေရင် စကားများလျှင် အမှားပါတတ်ပါတယ်။


Credit:Chelmo Team


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top