iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Trend Myanmar
#Unicode Version
အမျိုးသမီးတွေရဲ့ အလှတရားအတွက် အဓိပ္ပါယ်ဖွင့်ဆိုမှု အမျိုးမျိုးရှိနိုင်ပေမဲ့ တင်ပါးအလှက မိန်းကလေးတစ်ယောက်ရဲ့ ကျန်းမာရေးအတွက်ရော၊ အလှအပအတွက်ရော ကောင်းကျိုးပြုဆဲဆိုတာ အလွန့်ကို လက်ခံချင်စရာကောင်းတဲ့အချက်တစ်ခုပါ။ ခန္ဓာကိုယ် အောက်ပိုင်းဖွံ့ထွားခြင်းက ဇနီးကောင်း တစ်ယောက်ဖြစ်စေဖို့အတွက်လည်း အကျိုးပြုပါတယ်လို့ ပညာရှင်များက သိပ္ပံနည်းကျ တင်ပြထားပါတယ်။ မီဒီယာတွေ၊ ကျန်းမာရေးဆိုင်ရာ သုတေသနတော်တော်များများမှာ ဖော်ပြကြတဲ့အတိုင်း တင်ပါးကြီးတဲ့ အမျိုးသမီးတွေက ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ တခြားအဝလွန်ခြင်းနဲ့ ဆက်စပ်နေတဲ့ရောဂါတွေဖြစ်ပွားနိုင်တဲ့ အန္တရာယ်ကနေ တော်တော်များများ ကာကွယ်ပြီးသားဖြစ်ပါတယ်။ တင်ပါးနဲ့ ပေါင်မှာရှိတဲ့ပိုများနေတဲ့ အလေးချိန်က သကြားဓာတ်နဲ့ အဆီဓာတ်တွေကို ချေဖျက်ပေးနိုင်တဲ့ ဟော်မုန်းဓာတ်တွေကို ပိုထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် တင်ပါးကြီးတဲ့မိန်းမကို ပိုင်ဆိုင်ထားရတာဟာ ကျန်းမာသန်စွမ်းတဲ့ ဇနီးကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ လုပ်ငန်းစဉ်တွေကို တိုးတက်ကောင်းမွန်စေတဲ့ အကျုးိပြုအဆီဓာတ် အိုမီဂါ-၃ ဓာတ်ကို ပုံမှန်အားဖြင့် တင်ပါးနဲ့ ပေါင်တွင်းမှာသိုလှောင်ထားလေ့ရှိပါတယ်တဲ့။ ဒီတော့တင်ပါးကြီးတဲ့ အမျိုးသမီးတွေမှာ သိုလှောင်စရာ နေရာပိုမိုများပြားတဲ့အတွက် ပိုပြီး IQ မြင့်တယ်လို့ဆိုပါတယ်။ ဒါကြောင့် အောက်ပိုင်းဖွံ့ထွားခြင်းက ဉာဏ်ရည်ထက်မြက်တဲ့ ဇနီးကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာရဲ့ သင်္ကေတဖြစ်ပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ၂၀၁၀ ခုနှစ်ကပြုလုပ်တဲ့ သုတေသနအရ တင်ပါးကြီးတဲ့အမျိုးသမီးတွေက ပိုပြီးအောင်မြင်ထူးချွန်တဲ့ သားသမီးတွေ မွေးဖွားပေးနိုင်ပါတယ်လို့ သက်သေပြခဲ့ပါတယ်။ မိခင်နို့မှာပါတဲ့အဆီဓာတ်က ခန္ဓာကိုယ်အောက်ပိုင်းကလာတာဖြစ်ပြီး အိုမီဂါ-၃ အကျိုးပြုအဆီဓာတ်ပိုများခြင်းက ကလေးအတွက် ထူးခြားကောင်းမွန်းတဲ့ အာဟာရဖြစ်စေပြီး ပိုမိုကျန်းမာပျော်ရွှင်တဲ့ သားသမီးများဖြစ်စေတယ်လို့ ဆိုပါတယ်။ ပုံမှန်အရွယ်အစားရှိတဲ့ မိန်းမတစ်ယောက်ထက် အောက်ပိုင်းဖွံ့ထွားတဲ့မိန်းမတွေရဲ့ သန္ဓေအောင်နိုင်စွမ်း ပိုများတဲ့အတွက် သားသမီးများများပိုင်ဆိုင်စေနိုင်မယ့်သူဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။ ခါးနဲ့တင်ပါးအချိုးနိမ့်လေ ဓမ္မတာမမှန်မကန်ဖြစ်စေနိုင်မှုနည်းလေဖြစ်တာကြောင့် အလွန်မှန်ကန်တဲ့ ရာသီစက်ဝန်းရှိစေပါတယ်။ ဒါကြောင့် မမျိုးဥကြွေခြင်းအချိန်မှန် ဖြစ်စေတာကြောင့် သန္ဓေအောင်လွယ်ခြင်းဖြစ်ပါတယ်။ အမျိုးသားများကို ဆွဲဆောင်နိုင်တယ်။ တင်ပါးလှတဲ့အမျိုးသမီးတွေက အမျိုးသားတွေကို မသိစိတ်နဲ့တောင် ဆွဲဆောင်နိုင်တယ်လို့ဆိုပါတယ်။ နောက်တစ်ချက်ကတော့၄၅ ဒီဂရီ လောက်ကော့ညွတ်နေတဲ့ တင်ပါးအခုံးအဝိုက်က ခါးကို ထိခိုက်မှုမရှိစေဘဲ ကလေးမွေးဖွားစေနိုင်တယ်လို့ဆိုပါတယ်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top