iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္ကြဲျပီးေနာက္ Scarlett Johansson ဟာ အဓိပၸါယ္ရိွတဲ့စကား ေတာ္ေတာ္မ်ားမ်ား ထုတ္ေဖာ္ေျပာဆုိလာခဲ့ပါတယ္။ တစ္လင္တစ္မယားစနစ္အေၾကာင္း သိေကာင္းစရာအခ်က္ေတြ ေျပာဆုိခဲ့ကာသူမေျပာသြားတဲ့အခ်က္ေတြဟာ အခ်စ္ေရးဆက္ဆံမႈနဲ႔ ပတ္သက္ျပီး သိပ္အေရးၾကီးတဲ့အေၾကာင္းအရာေတြျဖစ္ပါတယ္။

မၾကာေသးမီက Playboy နဲ႔ အင္တာဗ်ဴးတစ္ခုမွာ တစ္လင္တစ္မယားဓေလ့့အေပၚ သူမရဲ႕ခံစားခ်က္အေၾကာင္း အဓိကအေရးပါတဲ့ သိေကာင္းစရာအခ်က္ေတြ ေျပာသြားတဲ့အျပင္ သူမရဲ႕ အိမ္ေထာင္ဘဝႏွစ္ၾကိမ္ဆက္တုိက္ ဘာေၾကာင့္ ျပဳိကြဲသြားခဲ့သလဲဆုိတာ ခုလုိေျပာဆိုထားပါတယ္။

"အိမ္ေထာင္ျပဳတာ သိပ္ရုိမန္တစ္ဆန္တယ္၊ ေကာင္းမြန္တဲ့အၾကံအစည္တစ္ခုလည္းျဖစ္သလုိ ဒီလုိလက္ေတြ႔အသက္ရွင္တာက လွပတင့္တယ္တဲ့ အရာတစ္ခုျဖစ္ပါတယ္။ တစ္လင္တစ္မယားစနစ္က်င့္သုံးလူတစ္ေယာက္ျဖစ္တာ အလုိအေလ်ာက္ျဖစ္လာတယ္လုိ႔ မယူဆဘူး။အိမ္ေထာင္ျပဳတာ အိမ္ေထာင္မျပဳတာနဲ႔ ကြဲျပားျခားနားပါတယ္။ ဒီႏွစ္ခု အတူတူပဲလုိ႔ ေျပာတဲ့သူေတြ လိမ္ေနတာပါ။ ၁၀ ႏွစ္အတူေနျပီးမွ လက္ထပ္ဖုိ႔ ဆုံးျဖတ္ၾကတဲ့ သူငယ္ခ်င္းေတြ က်မမွာ ရိွပါတယ္။ မဂၤလာေဆာင္တဲ့ေန႔ ဒါမွမဟုတ္ မဂၤလာေဆာင္ျပီးတဲ့အခ်ိန္မွာ သူတုိ႔ကို က်မ ေမးမယ္။ ျခားနားမႈရိွလားလုိ႔။ လုံးဝ ျခားနားပါတယ္။ အဲဒါ တာဝန္ယူျခင္းပဲ ျဖစ္တယ္"လုိ႔ သူမ ဆုိပါတယ္။ 

Scarlett ဟာ Ryan Reynolds နဲ႔ ၂၀၀၈ ကေန ၂၀၁၁ အထိ အိမ္ေထာင္က်ခဲ့ျပီး သူမရဲ႕ ဒုတိယေျမာက္အိမ္ေထာင္ဘက္  ျပင္သစ္လူမ်ဳိး ဂ်ာနယ္လစ္(စ္) Roman Dauriac နဲ႔ ေတာ့ ဇန္နဝါရီလတုန္းက လမ္းခြဲျပတ္စဲခဲ့သူ ျဖစ္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အိမ်ထောင်ကွဲပြီးနောက် Scarlett Johansson ဟာ အဓိပ္ပါယ်ရှိတဲ့စကား တော်တော်များများ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ တစ်လင်တစ်မယားစနစ်အကြောင်း သိကောင်းစရာအချက်တွေ ပြောဆိုခဲ့ကာသူမပြောသွားတဲ့အချက်တွေဟာ အချစ်ရေးဆက်ဆံမှုနဲ့ ပတ်သက်ပြီး သိပ်အရေးကြီးတဲ့အကြောင်းအရာတွေဖြစ်ပါတယ်။


မကြာသေးမီက Playboy နဲ့ အင်တာဗျူးတစ်ခုမှာ တစ်လင်တစ်မယားဓလေ့အပေါ် သူမရဲ့ခံစားချက်အကြောင်း အဓိကအရေးပါတဲ့ သိကောင်းစရာအချက်တွေ ပြောသွားတဲ့အပြင် သူမရဲ့ အိမ်ထောင်ဘဝနှစ်ကြိမ်ဆက်တိုက် ဘာကြောင့် ပြိုကွဲသွားခဲ့သလဲဆိုတာ ခုလိုပြောဆိုထားပါတယ်။


"အိမ်ထောင်ပြုတာ သိပ်ရိုမန်တစ်ဆန်တယ်၊ ကောင်းမွန်တဲ့အကြံအစည်တစ်ခုလည်းဖြစ်သလို ဒီလိုလက်တွေ့အသက်ရှင်တာက လှပတင့်တယ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ တစ်လင်တစ်မယားစနစ်ကျင့်သုံးလူတစ်ယောက်ဖြစ်တာ အလိုအလျောက်ဖြစ်လာတယ်လို့ မယူဆဘူး။အိမ်ထောင်ပြုတာ အိမ်ထောင်မပြုတာနဲ့ ကွဲပြားခြားနားပါတယ်။ ဒီနှစ်ခု အတူတူပဲလို့ ပြောတဲ့သူတွေ လိမ်နေတာပါ။ ၁၀ နှစ်အတူနေပြီးမှ လက်ထပ်ဖို့ ဆုံးဖြတ်ကြတဲ့ သူငယ်ချင်းတွေ ကျမမှာ ရှိပါတယ်။ မင်္ဂလာဆောင်တဲ့နေ့ ဒါမှမဟုတ် မင်္ဂလာဆောင်ပြီးတဲ့အချိန်မှာ သူတို့ကို ကျမ မေးမယ်။ ခြားနားမှုရှိလားလို့။ လုံးဝ ခြားနားပါတယ်။ အဲဒါ တာဝန်ယူခြင်းပဲ ဖြစ်တယ်"လို့ သူမ ဆိုပါတယ်။


Scarlett ဟာ Ryan Reynolds နဲ့ ၂၀၀၈ ကနေ ၂၀၁၁ အထိ အိမ်ထောင်ကျခဲ့ပြီး သူမရဲ့ ဒုတိယမြောက်အိမ်ထောင်ဘက်  ပြင်သစ်လူမျိုး ဂျာနယ်လစ်(စ်) Roman Dauriac နဲ့ တော့ ဇန်နဝါရီလတုန်းက လမ်းခွဲပြတ်စဲခဲ့သူ ဖြစ်ပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။


မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top