iMyanmarHouse.com - Best Property Website for Myanmar
×

လူေနမႈစနစ္က ေျပာင္းလဲလာေတာ့ အဝလြန္သူေတြမ်ား တစ္ေန႔ထက္တစ္ေန႔ ပိုမ်ားလာပါတယ္။ အစားအေသာက္ေတြေၾကာင့္လည္း ျဖစ္ႏုိင္သလို အေနအထိုင္ေၾကာင့္လည္း ဝိတ္တက္ရပါတယ္။ စားပြဲခံုမွာထုိင္ၿပီး အလုပ္လုပ္ေနရသူေတြကေတာ့ မဝဘူးဆိုရင္ေတာင္ ဗိုက္ေခါက္ေလးထူေနတတ္ၾကပါတယ္။ ဒါေၾကာင့္မို႔လို႔ ဝိတ္ခ်ဖုိ႔ အၿမဲလိုလို ႀကိဳးစားရတာေပါ့။ ႐ွိသင့္တဲ့ကိုယ္အေလးခ်ိန္ ပိုေနရင္ က်န္းမာေရးကို ထိခိုက္ေစပါတယ္။ ဝိတ္ခ်ဖုိ႔ အၾကံဉာဏ္ေတာင္းမယ္ဆုိရင္ ဒီလိုလူေတြေပးတဲ့ အၾကံဉာဏ္ေတြက ထိေရာက္မႈမရွိပါဘူး။

၁။ ဘယ္ေလာက္စားစားဝိတ္မတက္သူေတြ

မ်ိဳး႐ိုးကိုက မဝတဲ့မ်ိဳး႐ိုးဆိုေတာ့ ဘယ္ေလာက္စားစား ဝိတ္မတက္ပါဘူး။ သူစားတဲ့အတိုင္း လိုက္စားေနရင္ေတာ့ ဝိတ္မက်ဘဲ ပိုေတာင္တက္လာပါဦးမယ္။

၂။ ကိုယ့္က်န္းမာေရးအေျခအေနကိုမသိသူ

ကိုယ္ရဲ႕က်န္းမာေရးအေျခအေနအရ ခႏၶာကိုယ္က လိုအပ္တာေတြကို စားသံုးေပးရတာမ်ိဳးလည္း ႐ွိပါတယ္။ ပင္ပင္ပန္းပန္း လႈပ္ရွားေနရလို႔ ထမင္းကို ပိုေတာင့္တမိပါတယ္။ ထမင္းမွာပါတဲ့ ကာဘိုဟိုက္ၿဒိတ္က လႈပ္ရွားေဆာင္ရြက္မႈေတြအတြက္ အားအင္ကို ထုတ္ေပးႏိုင္တယ္ေလ။ ဒါကို နားမလည္ဘဲ ကိုယ့္ကို ထမင္းေလွ်ာ့စားခိုင္းေနရင္ေတာ့ လက္မခံသင့္ပါဘူး။ တကယ္ဝိတ္က်ခ်င္ရင္ ထမင္းေလွ်ာ့စားရင္ေတာင္ အျခား ကာဘိုဟိုက္ၿဒိတ္ပါတဲ့ အစားအစာေတြ စားရမွာ ျဖစ္ပါတယ္။ ဆီးခ်ိဳ႐ွိေနတာမ်ိဳးဆိုရင္လည္း ဝိတ္ခ်ဖုိ႔ကို ဆရာဝန္နဲ႔ တုိင္ပင္ၿပီးမွ ဝိတ္ခ်သင့္ပါတယ္။

၃။ အလြန္အကၽြံေလွ်ာ့စားခိုင္းသူ

ကိုယ့္ကို အရမ္းဝေနၿပီ ဘာမွမစားနဲ႔ေတာ့လို႔ ေျပာလာသူ႐ွိရင္လည္း လက္မခံပါနဲ႔။ အရမ္းစားေနရင္းက ႐ုတ္တရက္ဆိုသလို အစားကို အမ်ားႀကီးေလွ်ာ့ခ်လိုက္ရင္ က်န္းမာေရးထိခိုက္သြားပါလိမ့္မယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

လူနေမှုစနစ်က ပြောင်းလဲလာတော့ အဝလွန်သူတွေများ တစ်နေ့ထက်တစ်နေ့ ပိုများလာပါတယ်။ အစားအသောက်တွေကြောင့်လည်း ဖြစ်နိုင်သလို အနေအထိုင်ကြောင့်လည်း ဝိတ်တက်ရပါတယ်။ စားပွဲခုံမှာထိုင်ပြီး အလုပ်လုပ်နေရသူတွေကတော့ မဝဘူးဆိုရင်တောင် ဗိုက်ခေါက်လေးထူနေတတ်ကြပါတယ်။ ဒါကြောင့်မို့လို့ ဝိတ်ချဖို့ အမြဲလိုလို ကြိုးစားရတာပေါ့။ ရှိသင့်တဲ့ကိုယ်အလေးချိန် ပိုနေရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဝိတ်ချဖို့ အကြံဉာဏ်တောင်းမယ်ဆိုရင် ဒီလိုလူတွေပေးတဲ့ အကြံဉာဏ်တွေက ထိရောက်မှုမရှိပါဘူး။

၁။ ဘယ်လောက်စားစားဝိတ်မတက်သူတွေ

မျိုးရိုးကိုက မဝတဲ့မျိုးရိုးဆိုတော့ ဘယ်လောက်စားစား ဝိတ်မတက်ပါဘူး။ သူစားတဲ့အတိုင်း လိုက်စားနေရင်တော့ ဝိတ်မကျဘဲ ပိုတောင်တက်လာပါဦးမယ်။

၂။ ကိုယ့်ကျန်းမာရေးအခြေအနေကိုမသိသူ

ကိုယ်ရဲ့ကျန်းမာရေးအခြေအနေအရ ခန္ဓာကိုယ်က လိုအပ်တာတွေကို စားသုံးပေးရတာမျိုးလည်း ရှိပါတယ်။ ပင်ပင်ပန်းပန်း လှုပ်ရှားနေရလို့ ထမင်းကို ပိုတောင့်တမိပါတယ်။ ထမင်းမှာပါတဲ့ ကာဘိုဟိုက်ဒြိတ်က လှုပ်ရှားဆောင်ရွက်မှုတွေအတွက် အားအင်ကို ထုတ်ပေးနိုင်တယ်လေ။ ဒါကို နားမလည်ဘဲ ကိုယ့်ကို ထမင်းလျှော့စားခိုင်းနေရင်တော့ လက်မခံသင့်ပါဘူး။ တကယ်ဝိတ်ကျချင်ရင် ထမင်းလျှော့စားရင်တောင် အခြား ကာဘိုဟိုက်ဒြိတ်ပါတဲ့ အစားအစာတွေ စားရမှာ ဖြစ်ပါတယ်။ ဆီးချိုရှိနေတာမျိုးဆိုရင်လည်း ဝိတ်ချဖို့ကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဝိတ်ချသင့်ပါတယ်။

၃။ အလွန်အကျွံလျှော့စားခိုင်းသူ

ကိုယ့်ကို အရမ်းဝနေပြီ ဘာမှမစားနဲ့တော့လို့ ပြောလာသူရှိရင်လည်း လက်မခံပါနဲ့။ အရမ်းစားနေရင်းက ရုတ်တရက်ဆိုသလို အစားကို အများကြီးလျှော့ချလိုက်ရင် ကျန်းမာရေးထိခိုက်သွားပါလိမ့်မယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top