iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ညကို ၈ နာရီအိပ္ရင္ ခႏၶာကိုယ္အတြက္ေရာ စိတ္အာ႐ံုအတြက္ပါ ခြန္အားျဖစ္ဆိုတာေတာ့ သိပါရဲ႕။ ဒါေပမဲ့ ညတိုင္းလိုလို ညဥ့္နက္သြားၿပီး အိပ္ရာဝင္ေနာက္က်ရတာလည္း အၿမဲတမ္းလိုလိုပါပဲ။ ေနာက္ေန႔မနက္မွာ အိပ္ခ်င္မူးတူးနဲ႔ ႐ံုးကိုသြားၿပီး အလုပ္မွာငိုက္ေနရတာ ေတာ္ေတာ္ဆိုးပါတယ္။ ျဖစ္ႏိုင္သမွ်ေတာ့ အိပ္ရာဝင္ခ်ိန္ေတြ ေနာက္မက်ေအာင္ သတိထားသင့္ပါတယ္။

၁။ မွတ္ဉာဏ္ေလ်ာ့က်

အိပ္ေရးမဝတဲ့အခါ ဦးေႏွာက္ရဲ႕ စြမ္းေဆာင္ရည္ က်ဆင္းၿပီး ေမ့ေလ်ာ့လြယ္ပါတယ္။ မနက္စာ ဘာစားသလဲဆုိတာကို ညေနမွာျပန္ေျပာဖုိ႔ေတာင္ အေတာ္စဥ္းစားလိုက္ရတာမ်ိဳးဟာ အိပ္ေရးမဝတဲ့ေန႔ေတြမွာ ၾကံဳရတယ္မဟုတ္လား။

၂။ ေခ်ာင္းဆိုးအေအးမိ

အိပ္ရာဝင္ေနာက္က်ျခင္းေၾကာင့္ အိပ္ေရးမဝဘဲ အိပ္ရာထရတဲ့ေန႔ေတြမွာ ကိုယ္ခံစြမ္းအားကလည္း က်ဆင္းရလို႔ Nuffield Health ေဆးပညာဂ်ာနယ္က ေဖာ္ျပဖူးပါတယ္။ ေရာဂါပိုးမႊားေတြလည္း ဝင္လြယ္ၿပီး ႏွာေစးေခ်ာင္းဆိုးတာ ပိုျဖစ္ႏိုင္တဲ့အခ်ိန္ပါပဲ။

၂။ ေခ်ာင္းဆိုးအေအးမိ

အိပ္ရာဝင္ေနာက္က်ျခင္းေၾကာင့္ အိပ္ေရးမဝဘဲ အိပ္ရာထရတဲ့ေန႔ေတြမွာ ကိုယ္ခံစြမ္းအားကလည္း က်ဆင္းရလို႔ Nuffield Health ေဆးပညာဂ်ာနယ္က ေဖာ္ျပဖူးပါတယ္။ ေရာဂါပိုးမႊားေတြလည္း ဝင္လြယ္ၿပီး ႏွာေစးေခ်ာင္းဆိုးတာ ပိုျဖစ္ႏိုင္တဲ့အခ်ိန္ပါပဲ။

၄။ စိတ္တိုလြယ္

ထစ္ခနဲဆို စိတ္ဆိုးလြယ္၊ စိတ္တိုလြယ္ေနပါတယ္။ ဘာမဟုတ္တာေလးနဲ႔ ျပႆနာတက္ရတဲ့အထိကို ျဖစ္သြားရျခင္းဟာ အိပ္ေရးမဝျခင္းေၾကာင့္ပါပဲ။ ဒီလိုေန႔မွာ ခ်စ္သူနဲ႔ခ်ိန္းထားရင္ ျပႆနာတက္ၿပီး FA ဘဝ ေရာက္သြားႏိုင္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ညဥ့္သန္းေခါင္ေက်ာ္ထိေအာင္ ဖုန္းကိုသံုးတာ၊ ဇာတ္လမ္းၾကည့္တာေတြကို ေလွ်ာ့ႏိုင္သမွ် ေလွ်ာ့ခ်ၿပီး အိပ္ေရးဝ၀ အိပ္ႏိုင္ဖုိ႔ကို ဦးစားေပးပါလို႔ တုိက္တြန္းလိုက္ပါရေစ။

Credit : Duwun


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်ညကို ၈ နာရီအိပ်ရင် ခန္ဓာကိုယ်အတွက်ရော စိတ်အာရုံအတွက်ပါ ခွန်အားဖြစ်ဆိုတာတော့ သိပါရဲ့။ ဒါပေမဲ့ ညတိုင်းလိုလို ညဥ့်နက်သွားပြီး အိပ်ရာဝင်နောက်ကျရတာလည်း အမြဲတမ်းလိုလိုပါပဲ။ နောက်နေ့မနက်မှာ အိပ်ချင်မူးတူးနဲ့ ရုံးကိုသွားပြီး အလုပ်မှာငိုက်နေရတာ တော်တော်ဆိုးပါတယ်။ ဖြစ်နိုင်သမျှတော့ အိပ်ရာဝင်ချိန်တွေ နောက်မကျအောင် သတိထားသင့်ပါတယ်။

၁။ မှတ်ဉာဏ်လျော့ကျ

အိပ်ရေးမဝတဲ့အခါ ဦးနှောက်ရဲ့ စွမ်းဆောင်ရည် ကျဆင်းပြီး မေ့လျော့လွယ်ပါတယ်။ မနက်စာ ဘာစားသလဲဆိုတာကို ညနေမှာပြန်ပြောဖို့တောင် အတော်စဉ်းစားလိုက်ရတာမျိုးဟာ အိပ်ရေးမဝတဲ့နေ့တွေမှာ ကြုံရတယ်မဟုတ်လား။

၂။ ချောင်းဆိုးအအေးမိ

အိပ်ရာဝင်နောက်ကျခြင်းကြောင့် အိပ်ရေးမဝဘဲ အိပ်ရာထရတဲ့နေ့တွေမှာ ကိုယ်ခံစွမ်းအားကလည်း ကျဆင်းရလို့ Nuffield Health ဆေးပညာဂျာနယ်က ဖော်ပြဖူးပါတယ်။ ရောဂါပိုးမွှားတွေလည်း ဝင်လွယ်ပြီး နှာစေးချောင်းဆိုးတာ ပိုဖြစ်နိုင်တဲ့အချိန်ပါပဲ။

၂။ ချောင်းဆိုးအအေးမိ

အိပ်ရာဝင်နောက်ကျခြင်းကြောင့် အိပ်ရေးမဝဘဲ အိပ်ရာထရတဲ့နေ့တွေမှာ ကိုယ်ခံစွမ်းအားကလည်း ကျဆင်းရလို့ Nuffield Health ဆေးပညာဂျာနယ်က ဖော်ပြဖူးပါတယ်။ ရောဂါပိုးမွှားတွေလည်း ဝင်လွယ်ပြီး နှာစေးချောင်းဆိုးတာ ပိုဖြစ်နိုင်တဲ့အချိန်ပါပဲ။

၄။ စိတ်တိုလွယ်

ထစ်ခနဲဆို စိတ်ဆိုးလွယ်၊ စိတ်တိုလွယ်နေပါတယ်။ ဘာမဟုတ်တာလေးနဲ့ ပြဿနာတက်ရတဲ့အထိကို ဖြစ်သွားရခြင်းဟာ အိပ်ရေးမဝခြင်းကြောင့်ပါပဲ။ ဒီလိုနေ့မှာ ချစ်သူနဲ့ချိန်းထားရင် ပြဿနာတက်ပြီး FA ဘဝ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ညဥ့်သန်းခေါင်ကျော်ထိအောင် ဖုန်းကိုသုံးတာ၊ ဇာတ်လမ်းကြည့်တာတွေကို လျှော့နိုင်သမျှ လျှော့ချပြီး အိပ်ရေးဝ၀ အိပ်နိုင်ဖို့ကို ဦးစားပေးပါလို့ တိုက်တွန်းလိုက်ပါရစေ။

Credit : Duwun




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top