iMyanmarHouse.com - Best Property Website for Myanmar
×











သွေးတိုးခြင်း



Credit:trend myanmar



#Unicode Version

 အိပ်ရေးမဝခြင်းနဲ့ အိပ်ချိန်အလုံအလောက် မရှိခြင်းတွေဟာ ကျန်းမာရေးဆိုင်ရာ ပြသနာ အမျိုးမျိုးဖြစ်ပေါ်ခြင်းအတွက် အရင်းခံ အကြောင်းအရာတွေဖြစ်ပါတယ်။ သို့ပေမယ့် အလွန်အကျွံ အိပ်ခြင်းကလည်း ကျန်းမာရေးချို့ယွင်းမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ Gurgaon ရှိ Columbia Asia Hospital မှ Dr. Ravindra Gupta က အအိပ်လွန်ခြင်းရဲ့ လက္ခဏာတွေ နဲ့ အနှုတ်သဘောဆောင်တဲ့ ကျန်းမာရေးအကျိုးဆက်တွေကို အခုလို ရှင်းပြထားပါတယ်။

အအိပ်လွန်ခြင်းဆိုတာ ဘာလဲ

Dr. Ravindra Gupta ရဲ့ ပြောဆိုချက်အရ နေ့ဘက်မှာ အိပ်ငိုက်တာ နောက်ပြီး အိပ်ချိန်အလုံလောက် ရှိခဲ့သည့်တိုင် နုံးပြီး လုပ်ချင် ကိုင်ချင် စိတ်မရှိဖြစ်တဲ့ အခြေအနေတစ်ခုလို့ သိရပါတယ်။ နောက် တချိန်လုံး ပင်ပန်းနွမ်းလျမှု ခံစားရပြီး အတပ်ပြောရခက်တဲ့ စိတ်ခံစားချက် ဖြစ်လာပါလိမ့်မယ်။

အအိပ်လွန်ခြင်းရဲ့ လက္ခဏာတွေမှာ

ပင်ပန်းနွမ်းလျခြင်းနဲ့ ကသိအအောက်ဖြစ်ခြင်း

ရုံးခန်း သို့မဟုတ် ကားမောင်းနေတုန်း ငိုက်မှေးခြင်း

အာရုံစူးစိုက်မရဖြစ်ခြင်း  စတာတွေပဲ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေကို အဝလွန်သူတွေမှာ တွေ့ရလေ့ရှိပါတယ်။

အအိပ်လွန်ခြင်းရဲ့ အနှုတ်လက္ခဏာဆောင်တဲ့ အကျိုးဆက်များတွေကတော့

ကိုယ်အလေးချိန်တက်ခြင်း

စိတ်ကသိကအောက်ဖြစ်ခြင်း

သွေးတိုးခြင်း

အအိပ်လွန်ခြင်းကို hypersomina လို့လည်း ခေါ်ပြီး အိပ်ချိန်နည်းခြင်း၊ (နေ့၊ ည) ဆိုင်းဖြင့် အလုပ်လုပ်ခြင်း၊

အိပ်ချိန်ပုံမှန်မရှိခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။


Credit:trend myanmar



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top