iMyanmarHouse.com - Best Property Website for Myanmar
×
၁။ လိမ္မော်သီး
၃။ တလည်းသီး
၎။ ပဲပုပ်
၅။ စတော်ဘယ်ရီ
Credit:Trend Myanmar
Unicode Version
အသက်ကြီးလာတဲ့ တစ်နေ့ ရင်သားပြောင်းလဲမှုတွေ မလွဲမသွေ တွေ့ကြုံရမှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ ရာသီနဲ့သက်ဆိုင်တဲ့အချိန်လေးတွေမှာ မိမိရင်သား ပိုမိုတင်းရင်းပြည့်ဖြိုးလာပြီး တခြားအချိန်တွေမှာ အနည်းငယ်လျှော့နေတော သတိထားမိပါလိမ့်မယ်။
ရင်သားတွေ ရင့်ရော်တဲ့အခါ အလေးချိန်၊ ဟော်မုန်းပြောင်းလဲမှုနဲ့ ကလေးနို့ချိုတိုက်ကျွေးခြင်းတို့ကြောင့် အိကျလာပါလိမ့်မယ်။ အိုမင်းရင့်ရော်တဲ့အခါ အသားအရေ ပျော့ပျောင်းအိကျပါတယ်။ ဒါ့ကြောင့် အရွယ်အစားမကြီးလဲ ညွတ်ပြီး ပို၍နှိမ့်ကျနေပါလိမ့်မယ်။ ကြီးတဲ့ရင်သားတွေသာ ညွတ်ကျတာလို့ လူတွေ ထင်ကြတယ်။ ဒါပေမယ့် သေးငယ်တဲ့ရင်သွားတွေလည်း ညွတ်ကျနေတာပါလို့ ဒေါက်တာ Hazen က ဆိုပါတယ်။  ရင်သား ကျစ်လစ်နေစေဖို့ အထောက်အကူပြုနိုင်တဲ့ အစားအစာ (၅) ခု ရှိပါတယ်။
၁။ လိမ္မော်သီး
လိမ္မော်သီးက ရင်သားဆဲလ်ပျက်စီးမှု ကာကွယ်ပေးတဲ့ ဓာတ်ဆန့်ကျင်ပစ္စည်း beta-carotene ကြွယ်ဝစွာ ပါဝင်ပါတယ်။ ရင်သားကြီးထွားဖွံ့ဖြိုးမှု မြင့်တင်ပေးတဲ့ Calcium နဲ့ vitamin B6 တို့လည်း ကြွယ်ဝပါတယ်။
၂။ ဟင်းသီးဟင်းရွက်စိမ်းများ
ဟင်းနုနွယ်၊ ပန်းဂေါ်ပီစိမ်းနဲ့ ကိုက်လန်စတဲ့ ဟင်းသီးဟင်းရွက်စိမ်းတွေက ရင်သားတစ်သျှူးတွေအထောက်အပြုတယ်လို့ သိရတဲ့ phytoestrogens တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။
၃။ တလည်းသီး
တလည်းသီးမှာ ဆဲလ်အသစ်ဖြစ်ထွန်းမှုအထောက်အကူဖြစ်စေပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှု ကာကွယ်ပေးတဲ့ ဓာတ်ဆန့်ကျင်ပစ္စည်းတွေပါဝင်ပါတယ်။ တလည်းသီးက ရင်သားကင်ဆာရောဂါအန္တရာယ် လျှော့နည်းစေပြီး ရင်သားတွေ ကျစ်လစ်စေပါတယ်။
၄။ ပဲပုပ်
Issflavones ကြွယ်ဝတဲ့ ပဲပုပ်က ရင်သားတစ်သျှူး ပိုမိုကြီးမားစေပါတယ်။ အဲဒီအပြင် ရင်းသားကြီးထွားဖွံ့ဖြိုးမှု အားပေးတဲ့ oestrogen ဓာတ်တွေ အတော်အသင့် ပါရှိပါတယ်။
၅။ စတော်ဘယ်ရီ
Phytoestrogen နဲ့ allagic acid ပေါကြွယ်ဝတဲ့ စတော်ဘယ်ရီသီးက ရင်သားအသားရေကြည်လင်ချောမွေ့ပြီး တင်းရင်းစေပါတယ်။
Credit:Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top