iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြမွာ ရင္သား၊ ႏို႔သီးေခါင္းေတြ တစ္ဖက္နဲ႔တစ္ဖက္အရြယ္မညီတတ္ၾကပါဘူး။ အထူးသျဖင့္ အပ်ိဳေဖာ္ဝင္ၿပီး ႀကီးထြားဖြံ႕ၿဖိဳးတဲ့အခ်ိန္ေတြမွာ အရြယ္မတူေတာ့္ပါဘူး။ ဒါကပံုမွန္ပါပဲ။ လူေတြမွာ လက္၊ ေျခေထာက္ စတဲ့ခႏၶာကုိယ္အစိတ္အပိုင္းေတြက တစ္ဖက္နဲ႔တစ္ဖက္ အရြယ္အစား၊ ပံုစံကအနည္းငယ္ေတာ့ ကြာျခားေလ့ရွိတတ္ပါတယ္။

       မိန္းကေလးေတြ အပ်ိဳေဖာ္ဝင္လာခ်ိန္ျဖစ္တဲ့ အသက္ 8-13 ႏွစ္အရြယ္ေလာက္မွာ ႏို႔သီးေခါင္းေအာက္မွာ အနည္းငယ္ေဖာင္းလာျခင္းနဲ႔အတူ ရင္သားေတြစၿပီးႀကီးထြားလာပါတယ္။ ရင္သားတစ္ဖက္က ပိုၿပီးႀကီးထြားမႈျမန္တာ (သို႔) တျခားတစ္ဖက္မဖြံ႔ၿဖိဳးမိီ တစ္ဖက္တည္းကအရင္ဖြံ႔ၿဖိဳးလာတာမ်ိဳးေတြကို သတိထားမိမွာပါ။ ပံုမွန္အားျဖင့္ အသက္ 20 ေလာက္ေရာက္ရင္ ဒီမတူတဲ့ရင္သားႏွစ္ဖက္က အရြယ္ညီသြားတတ္ပါတယ္။ တစ္ခါတစ္ရံမွာ လံုးဝဖြံ႔ၿဖိဳးၿပီးတဲ့အထိ ရင္သားတစ္ဖက္နဲ႔တစ္ဖက္ အရြယ္မညီတာမ်ိဳးေတြလည္းရွိပါတယ္။ ဒါကလည္းပံုမွန္ပါပဲ။

       အခ်ိဳ႕ေသာမိန္းကေလးေတြက ဒီလိုရင္သားႏွစ္ဖက္အရြယ္မညီမႈအေပၚမွာ စိုးရိမ္ပူပန္ေလ့ရွိပါတယ္။ ဆရာဝန္နဲ႔ျပသၿပီး  တိုင္ပင္ေဆြးေႏြးႏိုင္ပါတယ္။ ဒီလိုရင္သားမတူညီမႈေတြကို သတိထားမိတာ က ေကာင္းတဲ့အခ်က္ပါ။ ကိုယ့္ရင္သားေတြကို ကိုယ္ဂ႐ုတစိုက္ရွိၿပီးသတိထားမိေနျခင္းျဖင့္ ပံုမမွန္တဲ့ေျပာင္းလဲမႈတစ္ခုခုရွိတာနဲ႔ တန္းၿပီးသိႏိုင္တဲ့အတြက္ က်န္းမာေရးအတြက္ေကာင္းမြန္ပါတယ္။ ကိုယ့္ရင္သားကို ကိုယ္ဘာသာကိုယ္ ဘယ္လိုစစ္ေဆးရမလဲဆိုတာကို ဆရာဝန္ဆီမွာ သင္ထားပါ။

       အခ်ိဳ႕ေတြကေတာ့ ဒီလိုရင္သားမညီတာေတြကို အလွအပအတြက္ စိတ္ပူပါတယ္။ စိတ္ပူဖို႔မလိုပါဘူး။ ကိုယ့္ရဲ႕ ရင္သားအရြယ္မညီတာကို ဘယ္သူမွသတိမထားမိႏိုင္ပါဘူး။

       သိထားသင့္တဲ့အခ်က္ကေတာ့ ေလ့က်င့္ခန္းေတြ၊ ေဆးေတြ၊ အစားအစာေတြက ရင္သားအရြယ္အစား၊ ပံုစံကိုမေျပာင္းလဲႏိုင္ပါဘူး။ ခြဲစိတ္ျပဳျပင္မွသာ ေျပာင္းလဲႏိုင္ပါတယ္။ အခ်ိဳ႕ကေတာ့ ရင္သားမညီတာအတြက္ အေထာက္အပံ့ေပးႏိုင္တဲ့ ဘရာစီယာကိုဝတ္ေလ့ရွိပါတယ္။

Credit:Dr. Mya Myo Myo Swe

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မိန်းကလေးတွေမှာ ရင်သား၊ နို့သီးခေါင်းတွေ တစ်ဖက်နဲ့တစ်ဖက်အရွယ်မညီတတ်ကြပါဘူး။ အထူးသဖြင့် အပျိုဖော်ဝင်ပြီး ကြီးထွားဖွံ့ဖြိုးတဲ့အချိန်တွေမှာ အရွယ်မတူတော့်ပါဘူး။ ဒါကပုံမှန်ပါပဲ။ လူတွေမှာ လက်၊ ခြေထောက် စတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေက တစ်ဖက်နဲ့တစ်ဖက် အရွယ်အစား၊ ပုံစံကအနည်းငယ်တော့ ကွာခြားလေ့ရှိတတ်ပါတယ်။

       မိန်းကလေးတွေ အပျိုဖော်ဝင်လာချိန်ဖြစ်တဲ့ အသက် 8-13 နှစ်အရွယ်လောက်မှာ နို့သီးခေါင်းအောက်မှာ အနည်းငယ်ဖောင်းလာခြင်းနဲ့အတူ ရင်သားတွေစပြီးကြီးထွားလာပါတယ်။ ရင်သားတစ်ဖက်က ပိုပြီးကြီးထွားမှုမြန်တာ (သို့) တခြားတစ်ဖက်မဖွံ့ဖြိုးမီ တစ်ဖက်တည်းကအရင်ဖွံ့ဖြိုးလာတာမျိုးတွေကို သတိထားမိမှာပါ။ ပုံမှန်အားဖြင့် အသက် 20 လောက်ရောက်ရင် ဒီမတူတဲ့ရင်သားနှစ်ဖက်က အရွယ်ညီသွားတတ်ပါတယ်။ တစ်ခါတစ်ရံမှာ လုံးဝဖွံ့ဖြိုးပြီးတဲ့အထိ ရင်သားတစ်ဖက်နဲ့တစ်ဖက် အရွယ်မညီတာမျိုးတွေလည်းရှိပါတယ်။ ဒါကလည်းပုံမှန်ပါပဲ။

       အချို့သောမိန်းကလေးတွေက ဒီလိုရင်သားနှစ်ဖက်အရွယ်မညီမှုအပေါ်မှာ စိုးရိမ်ပူပန်လေ့ရှိပါတယ်။ ဆရာဝန်နဲ့ပြသပြီး  တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ဒီလိုရင်သားမတူညီမှုတွေကို သတိထားမိတာ က ကောင်းတဲ့အချက်ပါ။ ကိုယ့်ရင်သားတွေကို ကိုယ်ဂရုတစိုက်ရှိပြီးသတိထားမိနေခြင်းဖြင့် ပုံမမှန်တဲ့ပြောင်းလဲမှုတစ်ခုခုရှိတာနဲ့ တန်းပြီးသိနိုင်တဲ့အတွက် ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ ကိုယ့်ရင်သားကို ကိုယ်ဘာသာကိုယ် ဘယ်လိုစစ်ဆေးရမလဲဆိုတာကို ဆရာဝန်ဆီမှာ သင်ထားပါ။

       အချို့တွေကတော့ ဒီလိုရင်သားမညီတာတွေကို အလှအပအတွက် စိတ်ပူပါတယ်။ စိတ်ပူဖို့မလိုပါဘူး။ ကိုယ့်ရဲ့ ရင်သားအရွယ်မညီတာကို ဘယ်သူမှသတိမထားမိနိုင်ပါဘူး။

       သိထားသင့်တဲ့အချက်ကတော့ လေ့ကျင့်ခန်းတွေ၊ ဆေးတွေ၊ အစားအစာတွေက ရင်သားအရွယ်အစား၊ ပုံစံကိုမပြောင်းလဲနိုင်ပါဘူး။ ခွဲစိတ်ပြုပြင်မှသာ ပြောင်းလဲနိုင်ပါတယ်။ အချို့ကတော့ ရင်သားမညီတာအတွက် အထောက်အပံ့ပေးနိုင်တဲ့ ဘရာစီယာကိုဝတ်လေ့ရှိပါတယ်။

Credit:Dr. Mya Myo Myo Swe

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top