iMyanmarHouse.com - Best Property Website for Myanmar
×

ရည္းစားထားရမယ့္အရြယ္ ေရာက္ေနၿပီျဖစ္ေပမယ့္ ဘယ္အခ်ိန္ၾကည့္ၾကည့္ တစ္ေယာက္တည္းျဖစ္ေနတတ္တဲ့ အပ်ိဳႀကီးမမေတြ ရွိပါတယ္။ အသက္ ၂၅ ေက်ာ္လာၿပီမို႔ သူတုိ႔ကို ဒီလိုစကားမ်ိဳးေတြ ေျပာမိရင္ စိတ္တုိတတ္ၾကတယ္၊ စိတ္မေကာင္းျဖစ္တတ္ၾကပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရည္းစားမရတာ၊ မထားခ်င္လို႔ မထားတာ စသျဖင့္ ကိုယ္မသိတဲ့ အေၾကာင္းအရာတစ္ခုကို သူ႕မ်က္ႏွာရိပ္မ်က္ႏွာကဲေတာင္ မၾကည့္ပဲ ေျပာခ်င္တာေျပာ၊ ေမးခ်င္တာေမးတာမ်ိဳးေတြ မလုပ္ပါနဲ႔။ ဒါဟာ တစ္ဖက္သားကို စိတ္အေႏွာင့္အယွက္ ျဖစ္ေစမွာ မုိ႔လို႔ပါ။

၁။နင္က လူေကာင္းတစ္ေယာက္ျဖစ္ရဲ႕သားနဲ႔။

ဒီလိုစကားမ်ိဳးဟာ တစ္ဖက္သားကို ခ်ိဳးႏွိမ္ရာ ေရာက္ပါတယ္။ သူက တစ္ေယာက္တည္း ေအးေဆးေနခ်င္လို႔၊ အပူမရွာခ်င္လို႔ ရည္းစားမထားတာမ်ိဳးဆုိရင္ ကိုယ့္စကားေၾကာင့္ သူစိတ္အေႏွာင့္အယွက္ျဖစ္သြားပါလိမ့္မယ္။

၂။တစ္ေယာက္တည္းျဖစ္မွာေတာ့ အရမ္းေရြးလြန္းအားၾကီးတာကိုး။

ကိုယ့္အနာဂတ္အတြက္ ကိုယ္စိတ္ခ်ရတဲ့သူကိုပဲ ေရြးခ်ယ္မွာေပါ့။ ေရြးလြန္းအားႀကီးလို႔ တစ္ေယာက္တည္း ျဖစ္ေနေတာ့လည္း ဘာအေရးလဲေနာ္။

၃။ေရြးလိုက္မွျဖင့္ တလြဲေတြခ်ည္းပဲ။

ႏွလံုးသားကို ဦးစားေပးလိုက္လုိ႔ မွားသြားခဲ့တဲ့အမွားက ခုထိကို ေျပာလို႔မဆံုးႏိုင္ေတာ့တာလား။

၄။အြန္လိုင္းမွာ ရည္းစားရွာၾကည့္ပါလား။

အြန္လိုင္းမွာ ရည္းစားရွာတာမ်ိဳးဟာ ပိုလို႔ေတာင္ စိတ္ပ်က္ဖုိ႔ ေကာင္းပါေသးတယ္။ ကိုယ့္အေၾကာင့္ အမွန္ဖြင့္ဟတဲ့သူက တစ္ရာမွာ ဆယ္ေယာက္ေတာင္ မျပည့္တာမို႔လုိ႕ေပါ့။

၅။ရည္းစားမ်ားရွာမေနနဲ႔၊ မရွာပဲေနလိုက္ရင္ သူ႕ဘာသာသူ နင့္ေရွ႕ေရာက္လာမွာ။

ဘယ္သူက အဲ့ဒီလိုမ်ိဳး ရွာေနလို႔လဲ။ မရွာပဲေနတာကိုေတာင္ အဲ့ဒီလိုအေျပာခံေနရတယ္ဆိုေတာ့ ငမ္းငမ္းတက္မ်ား ရွာမိရင္ မေတြးရဲစရာပဲ။

၆။နင္က ကံေကာင္းပါတယ္၊ ငါေတာင္ ခု တစ္ေယာက္တည္းပဲ ျပန္ေနခ်င္ေနတာ။

အားေပးတာဆုိေပမယ့္ အားေပးရာ မေရာက္ပဲ သူတစ္ပါးအားနည္းခ်က္ကို သြားႏွိပ္ကြပ္ရာ ေရာက္ေနတယ္ဆုိတာ သတိထားပါ။

၇။အျပင္ေလးဘာေလး ခုထက္ ပိုထြက္ေပးေပါ့။

အျပင္ထြက္ၿပီး ေတြ႕သမွ်ေယာက်ၤားတုိင္းကို ကိုယ္ single မွန္းသိသာေအာင္ ေနျပ၊ ျပံဳးျပေနရမွာလား၊ အဓိပၸါယ္မရွိတာ။

၈။ကိုယ့္ကိုယ္ကိုယ္ အရင္ဆံုးခ်စ္တတ္ေအာင္ လုပ္ပါ။

ကိုယ့္ကိုယ္ကိုခ်စ္လုိ႔ ခုလိုတစ္ေယာက္တည္း ေနေနတာေပါ့။ ဒါ ရွင္းရွင္းေလးရယ္။

Credit:trend myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ရည်းစားထားရမယ့်အရွယ် ရောက်နေပြီဖြစ်ပေမယ့် ဘယ်အချိန်ကြည့်ကြည့် တစ်ယောက်တည်းဖြစ်နေတတ်တဲ့ အပျိုကြီးမမတွေ ရှိပါတယ်။ အသက် ၂၅ ကျော်လာပြီမို့ သူတို့ကို ဒီလိုစကားမျိုးတွေ ပြောမိရင် စိတ်တိုတတ်ကြတယ်၊ စိတ်မကောင်းဖြစ်တတ်ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရည်းစားမရတာ၊ မထားချင်လို့ မထားတာ စသဖြင့် ကိုယ်မသိတဲ့ အကြောင်းအရာတစ်ခုကို သူ့မျက်နှာရိပ်မျက်နှာကဲတောင် မကြည့်ပဲ ပြောချင်တာပြော၊ မေးချင်တာမေးတာမျိုးတွေ မလုပ်ပါနဲ့။ ဒါဟာ တစ်ဖက်သားကို စိတ်အနှောင့်အယှက် ဖြစ်စေမှာ မို့လို့ပါ။

၁။နင်က လူကောင်းတစ်ယောက်ဖြစ်ရဲ့သားနဲ့။

ဒီလိုစကားမျိုးဟာ တစ်ဖက်သားကို ချိုးနှိမ်ရာ ရောက်ပါတယ်။ သူက တစ်ယောက်တည်း အေးဆေးနေချင်လို့၊ အပူမရှာချင်လို့ ရည်းစားမထားတာမျိုးဆိုရင် ကိုယ့်စကားကြောင့် သူစိတ်အနှောင့်အယှက်ဖြစ်သွားပါလိမ့်မယ်။

၂။တစ်ယောက်တည်းဖြစ်မှာတော့ အရမ်းရွေးလွန်းအားကြီးတာကိုး။

ကိုယ့်အနာဂတ်အတွက် ကိုယ်စိတ်ချရတဲ့သူကိုပဲ ရွေးချယ်မှာပေါ့။ ရွေးလွန်းအားကြီးလို့ တစ်ယောက်တည်း ဖြစ်နေတော့လည်း ဘာအရေးလဲနော်။

၃။ရွေးလိုက်မှဖြင့် တလွဲတွေချည်းပဲ။

နှလုံးသားကို ဦးစားပေးလိုက်လို့ မှားသွားခဲ့တဲ့အမှားက ခုထိကို ပြောလို့မဆုံးနိုင်တော့တာလား။

၄။အွန်လိုင်းမှာ ရည်းစားရှာကြည့်ပါလား။

အွန်လိုင်းမှာ ရည်းစားရှာတာမျိုးဟာ ပိုလို့တောင် စိတ်ပျက်ဖို့ ကောင်းပါသေးတယ်။ ကိုယ့်အကြောင့် အမှန်ဖွင့်ဟတဲ့သူက တစ်ရာမှာ ဆယ်ယောက်တောင် မပြည့်တာမို့လို့ပေါ့။

၅။ရည်းစားများရှာမနေနဲ့၊ မရှာပဲနေလိုက်ရင် သူ့ဘာသာသူ နင့်ရှေ့ရောက်လာမှာ။

ဘယ်သူက အဲ့ဒီလိုမျိုး ရှာနေလို့လဲ။ မရှာပဲနေတာကိုတောင် အဲ့ဒီလိုအပြောခံနေရတယ်ဆိုတော့ ငမ်းငမ်းတက်များ ရှာမိရင် မတွေးရဲစရာပဲ။

၆။နင်က ကံကောင်းပါတယ်၊ ငါတောင် ခု တစ်ယောက်တည်းပဲ ပြန်နေချင်နေတာ။

အားပေးတာဆိုပေမယ့် အားပေးရာ မရောက်ပဲ သူတစ်ပါးအားနည်းချက်ကို သွားနှိပ်ကွပ်ရာ ရောက်နေတယ်ဆိုတာ သတိထားပါ။

၇။အပြင်လေးဘာလေး ခုထက် ပိုထွက်ပေးပေါ့။

အပြင်ထွက်ပြီး တွေ့သမျှယောကျၤားတိုင်းကို ကိုယ် single မှန်းသိသာအောင် နေပြ၊ ပြုံးပြနေရမှာလား၊ အဓိပ္ပါယ်မရှိတာ။

၈။ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးချစ်တတ်အောင် လုပ်ပါ။

ကိုယ့်ကိုယ်ကိုချစ်လို့ ခုလိုတစ်ယောက်တည်း နေနေတာပေါ့။ ဒါ ရှင်းရှင်းလေးရယ်။


Credit:trend myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top