iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသားနဲ႔ အမ်ိဳးသမီးတုိရဲ႕ ခႏၶာကိုယ္တည္ေဆာက္ပုံနဲ႔ က်ားမကြဲျပားမႈ၊ စိတ္ပုိင္းဆုိင္ရာ ခံယူခ်က္ေတြအရ အခ်စ္ကို ရွာေဖြတဲ့အခါမွာလည္း မတူညီၾကပါဘူး။ မ်ားေသာအားျဖင့္ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားတစ္ေယာက္ကုိ စတင္စိတ္၀င္စားမႈသည္ အထင္ႀကီးစိတ္ကို အေျခခံၾကပါတယ္။ အမ်ိဳးသားေတြကေတာ့ ဒီလုိမဟုတ္ပါ။ ပရိသတ္ႀကီးအတြက္ ေယာက္်ားတစ္ေယာက္ အခ်စ္ျဖစ္ေပၚပုံ အဆင့္ဆင့္ကုိ ေဖာ္ျပေပးလုိက္ပါတယ္။

(၁) အလွအပကုိ တိမ္းညႊတ္ျခင္း

အမ်ိဳးသားတစ္ေယာက္ဟာ အမ်ိဳးသမီးတစ္ေယာက္ကုိ ပထမဆုံး စတင္သတိထားမိတာက ႐ုပ္ရည္ပါဘဲ။ အျခားသူေတြအ တြက္ မလွပဘူးဆုိရင္ေတာင္ သူ႕အတြက္ ၾကည့္ေပ်ာ္႐ႈေပ်ာ္ေလာက္ျဖစ္ေနရင္ကို မသိစိတ္က စတင္လႈပ္ရွား၊ စိတ္၀င္စား
ေတာ့တာ ျဖစ္ပါတယ္။ ဒါက ပထမဆုံးအဆင့္ေပါ့။
(၂) ကာယကံရွင္၏ အာ႐ုံစုိက္ခံရဖုိ႔ ႀကိဳးစားျခင္း

ဒုတိယအဆင့္အေနနဲ႔ေတာ့ သူကို္ယ္တုိင္က ကာယကံရွင္ေကာင္မေလးကို သေဘာက်တယ္၊ မက်ဘူးဆိုတာ ဇေ၀ဇ၀ါျဖစ္ ေနတယ္ဆုိရင္ေတာင္မွ အဲဒီေကာင္မေလးရဲ႕ ပတ္၀န္းက်င္ကို ေရာက္တဲ့အခါ ေကာင္မေလးက သူ႕ကို ဘယ္သူဘယ္၀ါ
ရယ္လုိ႔ သတိထားမိသြားေစဖုိ႔ ဘယ္သူမွ မခုိင္းပါဘဲ အလုိလုိ ႀကိဳးစားေတာ့တာပါဘဲ။

(၃) သေဘာက်ေအာင္ ေသြးေဆာင္(စည္း႐ုံးုျခင္း)

နံပတ္ 3 အခ်က္မွာေတာ့ သူစိတ္ထဲမယ္ ဒီေကာင္မေလး အေတာ္လွတယ္၊ ခ်စ္သူေတာ္ရရင္ ေကာင္းေလစြလုိ႔ စိတ္ကူးေတြ ေသခ်ာေပါက္ ျဖစ္ေပၚလာပါၿပီ။ ဒီေတာ့ ပညာစုံသုံးၿပီး ပိုျခင္းပန္းျခင္း နီးစပ္ေအာင္ ႀကံစည္ျခင္းဟာ ဒီအဆင့္မွာ တစ္ျဖည္းျဖည္း ဒီကရီေတြ ပုိပုိျမင့္လာပါလိမ့္မယ္။
(၄) ႏွစ္ၿခိဳက္သေဘာက်ျခင္း

စတုတၳအဆင့္မွာေတာ့ အခ်စ္ဒီဂရီ အျမင့္ဆုံးကို ေရာက္ေနပါၿပီ။ ဒီလုိအခ်ိန္မ်ိဳးမွာ ေကာင္မေလးက ပညာျပေလ အိပ္ယာထဲ လွိမ့္ၿပီး ခံစားရေလပါ။ ေကာင္မေလးက သနားေအာင္လည္း မ်က္ႏွာခ်ိဳေသြးရပါေသးတယ္။ ေကာင္မေလးက  ေဆးလိပ္ေသာက္တာ မႀကိဳက္ဘူးဆုိ ေသာက္ခ်င္ရင္ေတာင္ သူမရဲ႕ေရွ႕မွာ ေပၚတင္မေသာက္ပါဘူး။ ေနာက္မွ ေပၚတင္
ျပန္ေသာက္ၾကတာ။
(၅) အခ်စ္ကို ရဖုိ႔ႀကိဳစားျခင္း

နံပတ္ 3 အဆင့္နဲပ အနည္းငယ္ တူသေယာင္ရွိေပမယ့္ ကြဲျပားပါတယ္။ ဒီအဆင့္မွာေတာ့ ရိပ္ဖမ္းသံဖမ္း ေျပာတာမ်ိဳး မဟုတ္ေတာ့ပဲ ေျဗာင္က်က် ရည္းစားစကားကို ေျပာဖုိ႔၊ ေျပာၿပီးတဲ့အခ်ိန္ပါ။ ေကာင္မေလးေတြအတြက္ကေတာ့ သုံးလေလာက္ စဥ္စားဦးမယ္ဆုိၿပီး ျပကၡဒိန္စာရြက္ကို ေတာင္ၾကည့္ေျမာက္ၾကည့္ ၾကည့္တဲ့အခ်ိန္ေပါ့။ အမွန္ေတာ့ ေကာင္မေလးဘက္က သေဘာမက်ဘူးဆုိရင္လည္း အေတာ္ေလးကို စိတ္ဒုကၡ ခံစားရခ်ိန္ပါ။

(၆) ဆႏၵပါမပါ စူးစမ္းျခင္း

ေကာင္မေလးဘက္က သေဘာ ပါမပါကို အမ်ိဳးသားတုိင္း သိၾကပါတယ္။ ဒီေတာ့ တစ္ခ်ိဳ႕က တစ္လေလာက္ ေစာင့္ပါဦး၊ တစ္ႏွစ္ေလာက္ ေစာင့္ပါဦး၊ ဘယ္လုိပင္ အခ်ိန္ဆြဲေစကာမူ လက္ရွိအေျခအေနကို အေကာင္းဆုံး သုံးသပ္ၿပီး၊ ဒီေကာင္မေလး ငါ့ကိုေတာ့ ျပန္ႀကိဳက္ဖုိ႔ ေသခ်ာေနၿပီ၊ ဒါကေတာ့ ငါ့ကို ႀကိဳးရွည္ရွည္နဲ႔ လွန္ထားတာ စသျဖင့္ စူးစမ္း ဆုံးျဖတ္ရတဲ့ အခ်ိန္ပါ။
(၇) ခ်စ္သူဘ၀

ႏွစ္ဦးစလုံး သေဘာဆႏၵေတြ ထပ္တူနီးပါး က်တဲ့အခါမ်ိဳးမွာ ခ်စ္သူဘ၀ကို စတင္ေရာက္ရွိၾကပါတယ္။ ဒါကေတာ့  ေနာက္ဆုံးအဆင့္ပါ။ ဒီအဆင့္မွာေတာ့ သူတုိ႔တစ္ေတြရဲ႕ စိတ္ထားေတြဟာ အေပ်ာ္ဆုံးအေနအထားကို ေရာက္ရွိေနၾကၿပီး၊ ဒီေနာက္ပုိင္းမွာေတာ့ အခ်စ္ေရးတစ္ခုကို လုိသလုိ ထိန္းညႇိႏုိ္င္ေလ စိတ္ခ်မ္းသာရေလ ျဖစ္ပါတယ္။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အမျိုးသားနဲ့ အမျိုးသမီးတိုရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ ကျားမကွဲပြားမှု၊ စိတ်ပိုင်းဆိုင်ရာ ခံယူချက်တွေအရ အချစ်ကို ရှာဖွေတဲ့အခါမှာလည်း မတူညီကြပါဘူး။ များသောအားဖြင့် အမျိုးသမီးတွေဟာ အမျိုးသားတစ်ယောက်ကို စတင်စိတ်ဝင်စားမှုသည် အထင်ကြီးစိတ်ကို အခြေခံကြပါတယ်။ အမျိုးသားတွေကတော့ ဒီလိုမဟုတ်ပါ။ ပရိသတ်ကြီးအတွက် ယောက်ျားတစ်ယောက် အချစ်ဖြစ်ပေါ်ပုံ အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အလှအပကို တိမ်းညွှတ်ခြင်း

အမျိုးသားတစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်ကို ပထမဆုံး စတင်သတိထားမိတာက ရုပ်ရည်ပါဘဲ။ အခြားသူတွေအ တွက် မလှပဘူးဆိုရင်တောင် သူ့အတွက် ကြည့်ပျော်ရှုပျော်လောက်ဖြစ်နေရင်ကို မသိစိတ်က စတင်လှုပ်ရှား၊ စိတ်ဝင်စား
တော့တာ ဖြစ်ပါတယ်။ ဒါက ပထမဆုံးအဆင့်ပေါ့။
(၂) ကာယကံရှင်၏ အာရုံစိုက်ခံရဖို့ ကြိုးစားခြင်း

ဒုတိယအဆင့်အနေနဲ့တော့ သူကိုယ်တိုင်က ကာယကံရှင်ကောင်မလေးကို သဘောကျတယ်၊ မကျဘူးဆိုတာ ဇဝေဇဝါဖြစ် နေတယ်ဆိုရင်တောင်မှ အဲဒီကောင်မလေးရဲ့ ပတ်ဝန်းကျင်ကို ရောက်တဲ့အခါ ကောင်မလေးက သူ့ကို ဘယ်သူဘယ်ဝါ
ရယ်လို့ သတိထားမိသွားစေဖို့ ဘယ်သူမှ မခိုင်းပါဘဲ အလိုလို ကြိုးစားတော့တာပါဘဲ။

(၃) သဘောကျအောင် သွေးဆောင်(စည်းရုံးုခြင်း)

နံပတ် 3 အချက်မှာတော့ သူစိတ်ထဲမယ် ဒီကောင်မလေး အတော်လှတယ်၊ ချစ်သူတော်ရရင် ကောင်းလေစွလို့ စိတ်ကူးတွေ သေချာပေါက် ဖြစ်ပေါ်လာပါပြီ။ ဒီတော့ ပညာစုံသုံးပြီး ပိုခြင်းပန်းခြင်း နီးစပ်အောင် ကြံစည်ခြင်းဟာ ဒီအဆင့်မှာ တစ်ဖြည်းဖြည်း ဒီကရီတွေ ပိုပိုမြင့်လာပါလိမ့်မယ်။
(၄) နှစ်ခြိုက်သဘောကျခြင်း

စတုတ္ထအဆင့်မှာတော့ အချစ်ဒီဂရီ အမြင့်ဆုံးကို ရောက်နေပါပြီ။ ဒီလိုအချိန်မျိုးမှာ ကောင်မလေးက ပညာပြလေ အိပ်ယာထဲ လှိမ့်ပြီး ခံစားရလေပါ။ ကောင်မလေးက သနားအောင်လည်း မျက်နှာချိုသွေးရပါသေးတယ်။ ကောင်မလေးက  ဆေးလိပ်သောက်တာ မကြိုက်ဘူးဆို သောက်ချင်ရင်တောင် သူမရဲ့ရှေ့မှာ ပေါ်တင်မသောက်ပါဘူး။ နောက်မှ ပေါ်တင်
ပြန်သောက်ကြတာ။
(၅) အချစ်ကို ရဖို့ကြိုစားခြင်း

နံပတ် 3 အဆင့်နဲပ အနည်းငယ် တူသယောင်ရှိပေမယ့် ကွဲပြားပါတယ်။ ဒီအဆင့်မှာတော့ ရိပ်ဖမ်းသံဖမ်း ပြောတာမျိုး မဟုတ်တော့ပဲ ဗြောင်ကျကျ ရည်းစားစကားကို ပြောဖို့၊ ပြောပြီးတဲ့အချိန်ပါ။ ကောင်မလေးတွေအတွက်ကတော့ သုံးလလောက် စဉ်စားဦးမယ်ဆိုပြီး ပြက္ခဒိန်စာရွက်ကို တောင်ကြည့်မြောက်ကြည့် ကြည့်တဲ့အချိန်ပေါ့။ အမှန်တော့ ကောင်မလေးဘက်က သဘောမကျဘူးဆိုရင်လည်း အတော်လေးကို စိတ်ဒုက္ခ ခံစားရချိန်ပါ။

(၆) ဆန္ဒပါမပါ စူးစမ်းခြင်း

ကောင်မလေးဘက်က သဘော ပါမပါကို အမျိုးသားတိုင်း သိကြပါတယ်။ ဒီတော့ တစ်ချို့က တစ်လလောက် စောင့်ပါဦး၊ တစ်နှစ်လောက် စောင့်ပါဦး၊ ဘယ်လိုပင် အချိန်ဆွဲစေကာမူ လက်ရှိအခြေအနေကို အကောင်းဆုံး သုံးသပ်ပြီး၊ ဒီကောင်မလေး ငါ့ကိုတော့ ပြန်ကြိုက်ဖို့ သေချာနေပြီ၊ ဒါကတော့ ငါ့ကို ကြိုးရှည်ရှည်နဲ့ လှန်ထားတာ စသဖြင့် စူးစမ်း ဆုံးဖြတ်ရတဲ့ အချိန်ပါ။
(၇) ချစ်သူဘဝ

နှစ်ဦးစလုံး သဘောဆန္ဒတွေ ထပ်တူနီးပါး ကျတဲ့အခါမျိုးမှာ ချစ်သူဘဝကို စတင်ရောက်ရှိကြပါတယ်။ ဒါကတော့  နောက်ဆုံးအဆင့်ပါ။ ဒီအဆင့်မှာတော့ သူတို့တစ်တွေရဲ့ စိတ်ထားတွေဟာ အပျော်ဆုံးအနေအထားကို ရောက်ရှိနေကြပြီး၊ ဒီနောက်ပိုင်းမှာတော့ အချစ်ရေးတစ်ခုကို လိုသလို ထိန်းညှိနိုင်လေ စိတ်ချမ်းသာရလေ ဖြစ်ပါတယ်။
Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top