iMyanmarHouse.com - Best Property Website for Myanmar
×

ကြ်န္ေတာ္တုိ႔ေတြ ဘဝမွာ တစ္ႀကိမ္တစ္ခါေလာက္ေတာ့ ခ်စ္ဖူးၾကမွာပါ။ ဒီလုိပါပဲ။ အခ်စ္ရဲ႕ဇာတ္သိမ္းခန္းနဲ႔လည္း ေတာ္ေတာ္မ်ားမ်ား ႀကံဳဖူးၾကမယ္ထင္ပါတယ္။ လမ္းခြဲျခင္းဟာ ဝမ္းနည္းျခင္းဆုိတာ မျငင္းပါဘူး။ ဒါေပမယ့္ လမ္းခြဲၿပီးတုိင္း လူတစ္ေယာက္ရဲ႕ လက္ရွိဘဝက ရပ္တန္႔သြားတာမဟုတ္သလုိ အခ်ိန္ျပည့္ဝမ္းနည္းေနစရာလည္း မလုိပါဘူး။ ဒီအေၾကာင္းနဲ႔ပတ္သတ္ၿပီး တကယ့္ျဖစ္ရပ္မွန္ေလးကုိ ေဖာ္ျပေပးသြားပါမယ္။

အဂၤလန္ႏုိင္ငံသူေလး Sian Ryan ဟာ ၁၈လတာကာလေလာက္ သူနဲ႔ခ်စ္ႀကိဳက္ခဲ႔တဲ႔ ခ်စ္သူနဲ႔လမ္းခြဲသြားခဲ႔ရလုိ႔ စိတ္ထိခုိက္ေနရပါတယ္။ ဒီလုိ စိတ္ထိခုိက္ေနခ်ိန္မွာ Sian ဟာ သူမစိတ္ကု္ အေျပာင္းအလဲျဖစ္ေစဖုိ႔အတြက္ Gym ကစားဖုိ႔ ဆုံးျဖတ္ခဲ႔ပါတယ္။ အခုဆုိရင္ Sian ဟာ ယခင္ကနဲ႔ ဘာမွမဆုိင္ေတာ့တဲ႔ ခႏၶာကုိယ္ကုိ ပုိင္ဆုိင္သြားႏုိင္ခဲ႔ၿပီျဖစ္ပါတယ္။

ဒီျဖစ္ရပ္နဲ႔ပတ္သတ္ၿပီး Sian က " ကြ်န္မအရင္ကဆုိ ကလပ္တတ္ အသကုန္ေသာက္ အသကုန္စားေပါ့ေနာ္။ ခႏၶာကုိယ္ထိန္းသိမ္းဖုိ႔ ေနေနသာ အသီးအရႊက္ေတာင္ မစားခဲ႔ဘူး။ ဒါေပမယ့္ ကြ်န္မခ်စ္သူနဲ႔ လမ္းခြဲၿပီးေနာက္ပုိင္း ကြ်န္မအရမ္းဝမ္းနည္းရတယ္။ အိပ္မေပ်ာ္တဲ႔ညေတြ မ်ားလာခဲ႔တယ္။ အဲ႔ဒါေၾကာင့္ ၂၄နာရီလုံးဖြင့္တဲ႔ Gym မွာ စာရင္းသြားေပးတယ္။ Gym ေဆာ့တာ သူကြ်န္မကုိ စိတ္ျပန္လည္လာေစခ်င္လုိ႔ မဟုတ္ဘူး။ ကြ်န္မ့စိတ္ထဲက သူ႔ကုိထုတ္ထားႏုိင္ဖုိ႔ပါ။ အခုေတာ့ ကြ်န္မအတြက္ အက်ိဳးထူးခဲ႔ပါတယ္။ လမ္းခြဲမႈက ဝမ္းနည္းစရာေကာင္းတယ္ဆုိေပမယ့္ တစ္ခါတစ္ေလက်ေတာ့လည္း အေကာင္းဆုံးအရာေလးေတြလည္း ျဖစ္လာတတ္ပါတယ္ " လုိ႔ ရွင္းျပသြားခဲ႔ပါတယ္။ ဒါေၾကာင့္ လမ္းခြဲတုိင္း အသည္းကြဲၿပီး မခံစားေနဖုိ႔နဲ႔ ခ်စ္သူထားစဥ္က မလုပ္ခဲ႔ရတာေတြ လုပ္ဖုိ႔အခ်ိန္မရွိခဲ႔တာေတြကုိ လမ္းခြဲၿပီး Single ျဖစ္သြားတဲ႔အခ်ိန္မွာ ျပဳလုပ္ႏုိင္ပါေၾကာင္း အႀကံေပးေဖာ္ျပလုိက္ရပါတယ္ခင္ဗ်ာ။
Credit:momolay
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကျွန်တော်တို့တွေ ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ ချစ်ဖူးကြမှာပါ။ ဒီလိုပါပဲ။ အချစ်ရဲ့ဇာတ်သိမ်းခန်းနဲ့လည်း တော်တော်များများ ကြုံဖူးကြမယ်ထင်ပါတယ်။ လမ်းခွဲခြင်းဟာ ဝမ်းနည်းခြင်းဆိုတာ မငြင်းပါဘူး။ ဒါပေမယ့် လမ်းခွဲပြီးတိုင်း လူတစ်ယောက်ရဲ့ လက်ရှိဘဝက ရပ်တန့်သွားတာမဟုတ်သလို အချိန်ပြည့်ဝမ်းနည်းနေစရာလည်း မလိုပါဘူး။ ဒီအကြောင်းနဲ့ပတ်သတ်ပြီး တကယ့်ဖြစ်ရပ်မှန်လေးကို ဖော်ပြပေးသွားပါမယ်။

အင်္ဂလန်နိုင်ငံသူလေး Sian Ryan ဟာ ၁၈လတာကာလလောက် သူနဲ့ချစ်ကြိုက်ခဲ့တဲ့ ချစ်သူနဲ့လမ်းခွဲသွားခဲ့ရလို့ စိတ်ထိခိုက်နေရပါတယ်။ ဒီလို စိတ်ထိခိုက်နေချိန်မှာ Sian ဟာ သူမစိတ်ကု် အပြောင်းအလဲဖြစ်စေဖို့အတွက် Gym ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခုဆိုရင် Sian ဟာ ယခင်ကနဲ့ ဘာမှမဆိုင်တော့တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး Sian က " ကျွန်မအရင်ကဆို ကလပ်တတ် အသကုန်သောက် အသကုန်စားပေါ့နော်။ ခန္ဓာကိုယ်ထိန်းသိမ်းဖို့ နေနေသာ အသီးအရွှက်တောင် မစားခဲ့ဘူး။ ဒါပေမယ့် ကျွန်မချစ်သူနဲ့ လမ်းခွဲပြီးနောက်ပိုင်း ကျွန်မအရမ်းဝမ်းနည်းရတယ်။ အိပ်မပျော်တဲ့ညတွေ များလာခဲ့တယ်။ အဲ့ဒါကြောင့် ၂၄နာရီလုံးဖွင့်တဲ့ Gym မှာ စာရင်းသွားပေးတယ်။ Gym ဆော့တာ သူကျွန်မကို စိတ်ပြန်လည်လာစေချင်လို့ မဟုတ်ဘူး။ ကျွန်မ့စိတ်ထဲက သူ့ကိုထုတ်ထားနိုင်ဖို့ပါ။ အခုတော့ ကျွန်မအတွက် အကျိုးထူးခဲ့ပါတယ်။ လမ်းခွဲမှုက ဝမ်းနည်းစရာကောင်းတယ်ဆိုပေမယ့် တစ်ခါတစ်လေကျတော့လည်း အကောင်းဆုံးအရာလေးတွေလည်း ဖြစ်လာတတ်ပါတယ် " လို့ ရှင်းပြသွားခဲ့ပါတယ်။ ဒါကြောင့် လမ်းခွဲတိုင်း အသည်းကွဲပြီး မခံစားနေဖို့နဲ့ ချစ်သူထားစဉ်က မလုပ်ခဲ့ရတာတွေ လုပ်ဖို့အချိန်မရှိခဲ့တာတွေကို လမ်းခွဲပြီး Single ဖြစ်သွားတဲ့အချိန်မှာ ပြုလုပ်နိုင်ပါကြောင်း အကြံပေးဖော်ပြလိုက်ရပါတယ်ခင်ဗျာ။

Credit:momolay
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top