iMyanmarHouse.com - Best Property Website for Myanmar
×

မိတ္ကပ္လိမ္းတိုင္းမွာ မပါမျဖစ္ အေျခခံအက်ဆံုးကေတာ့ ေအာက္ခံမိတ္ကပ္ (foundation) ပဲ ျဖစ္ပါတယ္။ ေဖာင္ေဒးရွင္းဟာ ခရင္မ္ျဖစ္ေစ၊ အရည္ျဖစ္ေစ ပံုစံအမ်ိဳးမ်ိဳးနဲ႔ လာပါတယ္။ ဒါေပမဲ့ ဘယ္လိုပံုစံျဖစ္ျဖစ္ ဘယ္ေလာက္ေစ်းႀကီးႀကီး အခုေျပာမယ့္အခ်က္ေတြနဲ႔ မညီရင္ေတာ့ လွမွာမဟုတ္ဘူးေနာ္။

၁။ လိုက္ဖက္တဲ့အေရာင္

မိန္းကေလးေတာ္ေတာ္မ်ားမ်ား ျပဳလုပ္ေနၾကတဲ့ အမွားကေတာ့ ေအာက္ခံမိတ္ကပ္ (foundation) ဝယ္တဲ့အခါ လက္ေကာက္ဝတ္မွာ စမ္းၾကည့္ၾကတာပါပဲ။ လက္ေကာက္ဝတ္အသားအေရနဲ႔ ပါးျပင္က အသားအေရ မတူညီပါဘူး။ မ်က္ႏွာအသားအေရာင္နဲ႔ ထပ္တူက်တဲ့အေရာင္ကို လိုခ်င္ရင္ ပါးနဲ႔ႏွာေခါင္းၾကားက ေနရာေလးမွာ စမ္းၾကည့္ပါ။

၂။ အသားအေရအမ်ိဳးအစားကိုထည့္စဥ္းစားပါ

ကိုယ့္အသားအေရက ေျခာက္ေသြ႔သလား၊ အဆီျပန္သလားဆိုတာ ကိုယ္တုိင္အသိဆံုး ျဖစ္ပါလိမ့္မယ္။ မသိဘူးဆုိရင္လည္း စမ္းသပ္လို႔ရတဲ့ေနရာေတြမွာ ေသေသခ်ာခ်ာ စမ္းသပ္ၾကည့္ပါ။ အဆီျပန္တဲ့ အသားအေရပိုင္႐ွင္အေနနဲ႔ ဆီမပါဘဲေဖာ္စပ္ထားတဲ့ ေဖာင္ေဒးရွင္းကို ေရြးရမွာျဖစ္ပါတယ္။

၃။ မ်က္ႏွာအသားအေရကိုေရာ ဂရုစုိက္ရဲ႕လား

ရာသီဥတုအလိုက္ မ်က္ႏွာအသားအေရာင္က ကြာတတ္တာကို သိပါရဲ႕လား။ ေႏြရာသီမွာဆို မ်က္ႏွာအသားအေရာင္က နည္းနည္းညစ္တယ္ေလ။ ရာသီနဲ႔လိုက္ဖက္မယ့္ ေဖာင္ေဒးရွင္းကို လိမ္းဖုိ႔လည္း လိုပါတယ္။

၄။ ဘာနဲ႔လိမ္းမလဲ?

ဘရပ္႐ွ္ျဖစ္ေစ ေဖာ့ျဖစ္ေစ ဘာနဲ႔ပဲလိမ္းလိမ္း သန္႔ရွင္းေနဖုိ႔ လိုပါတယ္။ လိမ္းတဲ့ ဘရပ္ရွ္နဲ႔ ေဖာ့ေတြကို မၾကာခဏ ေဆးေၾကာသန္႔စင္ေပးပါ။

၅။ အမ်ားႀကီးမလိမ္းနဲ႔

ေအာက္ခံမိတ္ကပ္ကို ထူပိန္းေနေအာင္ အမ်ားႀကီးလိမ္းဖုိ႔ မလိုပါဘူး။ ကိုယ့္အသားအေရာင္နဲ႔ တစ္သားတည္းျဖစ္တာကိုသာ ေရြးထားမယ္ဆုိရင္ မ်က္နွာေပၚက အနာအဆာေတြကို ျမင္ရေတာ့မွာမဟုတ္ဘူးေလ။ ကြန္ဆီလာ (concealer) လည္း နည္းနည္းေလာက္ အေပၚက တုိ႔ေပးလိုက္ရံုနဲ႔ ရပါၿပီ။

Credit:duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မိတ်ကပ်လိမ်းတိုင်းမှာ မပါမဖြစ် အခြေခံအကျဆုံးကတော့ အောက်ခံမိတ်ကပ် (foundation) ပဲ ဖြစ်ပါတယ်။ ဖောင်ဒေးရှင်းဟာ ခရင်မ်ဖြစ်စေ၊ အရည်ဖြစ်စေ ပုံစံအမျိုးမျိုးနဲ့ လာပါတယ်။ ဒါပေမဲ့ ဘယ်လိုပုံစံဖြစ်ဖြစ် ဘယ်လောက်ဈေးကြီးကြီး အခုပြောမယ့်အချက်တွေနဲ့ မညီရင်တော့ လှမှာမဟုတ်ဘူးနော်။

၁။ လိုက်ဖက်တဲ့အရောင်

မိန်းကလေးတော်တော်များများ ပြုလုပ်နေကြတဲ့ အမှားကတော့ အောက်ခံမိတ်ကပ် (foundation) ဝယ်တဲ့အခါ လက်ကောက်ဝတ်မှာ စမ်းကြည့်ကြတာပါပဲ။ လက်ကောက်ဝတ်အသားအရေနဲ့ ပါးပြင်က အသားအရေ မတူညီပါဘူး။ မျက်နှာအသားအရောင်နဲ့ ထပ်တူကျတဲ့အရောင်ကို လိုချင်ရင် ပါးနဲ့နှာခေါင်းကြားက နေရာလေးမှာ စမ်းကြည့်ပါ။

၂။ အသားအရေအမျိုးအစားကိုထည့်စဉ်းစားပါ

ကိုယ့်အသားအရေက ခြောက်သွေ့သလား၊ အဆီပြန်သလားဆိုတာ ကိုယ်တိုင်အသိဆုံး ဖြစ်ပါလိမ့်မယ်။ မသိဘူးဆိုရင်လည်း စမ်းသပ်လို့ရတဲ့နေရာတွေမှာ သေသေချာချာ စမ်းသပ်ကြည့်ပါ။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်အနေနဲ့ ဆီမပါဘဲဖော်စပ်ထားတဲ့ ဖောင်ဒေးရှင်းကို ရွေးရမှာဖြစ်ပါတယ်။

၃။ မျက်နှာအသားအရေကိုရော ဂရုစိုက်ရဲ့လား

ရာသီဥတုအလိုက် မျက်နှာအသားအရောင်က ကွာတတ်တာကို သိပါရဲ့လား။ နွေရာသီမှာဆို မျက်နှာအသားအရောင်က နည်းနည်းညစ်တယ်လေ။ ရာသီနဲ့လိုက်ဖက်မယ့် ဖောင်ဒေးရှင်းကို လိမ်းဖို့လည်း လိုပါတယ်။

၄။ ဘာနဲ့လိမ်းမလဲ?

ဘရပ်ရှ်ဖြစ်စေ ဖော့ဖြစ်စေ ဘာနဲ့ပဲလိမ်းလိမ်း သန့်ရှင်းနေဖို့ လိုပါတယ်။ လိမ်းတဲ့ ဘရပ်ရှ်နဲ့ ဖော့တွေကို မကြာခဏ ဆေးကြောသန့်စင်ပေးပါ။

၅။ အများကြီးမလိမ်းနဲ့

အောက်ခံမိတ်ကပ်ကို ထူပိန်းနေအောင် အများကြီးလိမ်းဖို့ မလိုပါဘူး။ ကိုယ့်အသားအရောင်နဲ့ တစ်သားတည်းဖြစ်တာကိုသာ ရွေးထားမယ်ဆိုရင် မျက်နှာပေါ်က အနာအဆာတွေကို မြင်ရတော့မှာမဟုတ်ဘူးလေ။ ကွန်ဆီလာ (concealer) လည်း နည်းနည်းလောက် အပေါ်က တို့ပေးလိုက်ရုံနဲ့ ရပါပြီ။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top