iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္ရဲ႕ ပင္ကိုစ႐ုိက္ လကၡဏာကို ႏွာေခါင္းပံုစံကို ၾကည့္ၿပီး သိႏုိင္တယ္လို႔ သုေတ သနျပဳခ်က္ေတြက ဆုိထားတာမို႔ ဘယ္လိုႏွာေခါင္းပံုစံဆုိ ဘယ္လို စ႐ိုက္လကၡဏာရွိတယ္ဆုိတာ ေလ့လာၾကည့္ရေအာင္ပါ။

ဂရိႏွာေခါင္းပံုစံ

ရွည္လ်ားေျဖာင့္စင္းၿပီး ႏွာ ေခါင္း႐ိုးေပၚလြင္တဲ့ ဂရိႏွာေခါင္း ပုိင္ရွင္ေတြက အလုပ္ႀကိဳးစားၿပီး စကားေျပာရင္လည္း ေဝ့လည္ ေၾကာင္ပတ္မလုပ္ဘဲ တည့္တိုး ေျပာတတ္ၾကပါတယ္။ အရာရာကို လက္ေတြ႕က်က် လုပ္တတ္ သလို သစၥာရွိသူေတြလည္း ျဖစ္ပါတယ္။ ခံစားခ်က္ကို လြယ္လြယ္ ကူကူ ထုတ္ေျပာတတ္သူေတြ မဟုတ္တဲ့အတြက္ နားလည္ဖို႔ ခက္ခဲပါတယ္။

ႏူဘီရမ္ႏွာေခါင္းပံုစံ

ႏွာေခါင္း႐ိုးတိုၿပီး ေဘးကား တဲ့ပံုစံ ႏွာေခါင္းဟာ ထူးျခားတဲ့အ တြက္ မွတ္မိလြယ္ပါတယ္။ ဒီႏွာ ေခါင္းပိုင္ရွင္ေတြကေတာ့ အလုပ္ အေပၚမွာ အ႐ူးအမူးလုပ္တတ္ သလို တီထြင္ဖန္တီးမႈစြမ္းအား လည္းေကာင္းကာ ဩဇာတိကၠမ နဲ႔ ျပည့္စံုသူလည္း ျဖစ္ပါတယ္။

ေရာမႏွာေခါင္းပံုစံ

ႏွာေခါင္း႐ိုးအလယ္မွာ အ ထစ္ပံုစံေလးလိုျဖစ္ၿပီး ႏွာသီးဖ်ား ခြၽန္တဲ့ ေရာမႏွာေခါင္းပိုင္ရွင္ေတြ ကေတာ့ ထူးျခားတဲ့ပင္ကို အရည္ အေသြးရွိသူေတြျဖစ္ၿပီး ရဲရင့္တဲ့ ႏွလံုးသားရွိသူေတြ ျဖစ္ပါတယ္။ အလုပ္အေပၚမွာ ဘဝကိုျမႇဳပ္ႏွံၿပီး လုပ္ကိုင္တတ္သလို ႐ိုင္းပင္းကူ ညီစိတ္ရွိသူလည္း ျဖစ္ပါတယ္။

လင္းယုန္ႏွာေခါင္းပံုစံ

ေျဖာင့္စင္းၿပီး ေထာင့္မွန္က် က်ပံုစံရွိတဲ့ ႏွာေခါင္းပိုင္ရွင္ေတြ ျဖစ္ၿပီး ဆြဲေဆာင္မႈရွိသူေတြျဖစ္ သလို ဩဇာလႊမ္းမိုးႏုိင္ကာ စီးပြားေရးအျမင္ရွိသူေတြလည္း ျဖစ္ပါ တယ္။

သိမ္းငွက္ႏွာေခါင္းပံုစံ

ႏွာေခါင္း႐ိုး ရွည္လ်ားၿပီး ထိပ္နားမွာ ေကာက္ေနသလိုမ်ိဳး ႏွာေခါင္းပိုင္ရွင္ေတြကေတာ့ ေပၚ လြင္ထင္ရွားသူေတြျဖစ္သလို ႐ိႈက္ဖိုႀကီးငယ္အသြယ္သြယ္နဲ႔ ျပည့္စံု သူေတြ ျဖစ္ပါတယ္။ တျခားသူ ေတြရဲ႕ ေဝဖန္မႈကို ဂ႐ုမစိုက္တတ္သလို ရည္မွန္းခ်က္ၿပီးေျမာက္ဖို႔ အတြက္ ႀကိဳးစားတတ္သူေတြ ျဖစ္ပါတယ္။

တုိၿပီးထိပ္လန္ေနတဲ့ ႏွာေခါင္းပံုစံ

ဒီႏွာေခါင္းပိုင္ရွင္ေတြက ေတာ့ စိတ္ဆိုးစိတ္တိုလြယ္သလို ရန္လိုသူေတြလည္း ျဖစ္ပါတယ္။ တုံ႔ျပန္မႈလ်င္ျမန္သလို ကာယဉာ ဏစြမ္းအားနဲ႔ ျပည့္စံုၿပီး ေပ်ာ္ တတ္သူေတြ ျဖစ္ပါတယ္။

ႏွာ႐ိုးခြက္ၿပီး ႏွာသီးလံုးႏွာေခါင္း ပံုစံ

အေကာင္းျမင္တတ္သူေတြ ျဖစ္ၿပီး စိတ္အားထက္သန္သူေတြ လည္း ျဖစ္ပါတယ္။ မိသားစု၊ မိတ္ေဆြသူငယ္ခ်င္းေတြအေပၚမွာ သံေယာဇဥ္ႀကီးသူေတြ ျဖစ္ပါ တယ္။

ေကာင္းကင္ဘံုကေပးတဲ့

ႏွာေခါင္းပံုစံ

တုိၿပီး ထိပ္လန္ေနတဲ့ပံုစံနဲ႔ ခပ္ဆင္ဆင္ျဖစ္ေပမယ့္ ႏွာေခါင္း ႐ိုးရွည္ၿပီး ေပၚလြင္လွပၿပီး ျပည့္စံု တဲ့ ႏွာေခါင္းပိုင္ရွင္ေတြကေတာ့ အရမ္းကိုဆြဲေဆာင္မႈရွိသူေတြ ျဖစ္ပါတယ္။

Credit:7Day Daily
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
လူတစ်ယောက်ရဲ့ ပင်ကိုစရိုက် လက္ခဏာကို နှာခေါင်းပုံစံကို ကြည့်ပြီး သိနိုင်တယ်လို့ သုတေ သနပြုချက်တွေက ဆိုထားတာမို့ ဘယ်လိုနှာခေါင်းပုံစံဆို ဘယ်လို စရိုက်လက္ခဏာရှိတယ်ဆိုတာ လေ့လာကြည့်ရအောင်ပါ။

ဂရိနှာခေါင်းပုံစံ

ရှည်လျားဖြောင့်စင်းပြီး နှာ ခေါင်းရိုးပေါ်လွင်တဲ့ ဂရိနှာခေါင်း ပိုင်ရှင်တွေက အလုပ်ကြိုးစားပြီး စကားပြောရင်လည်း ဝေ့လည် ကြောင်ပတ်မလုပ်ဘဲ တည့်တိုး ပြောတတ်ကြပါတယ်။ အရာရာကို လက်တွေ့ကျကျ လုပ်တတ် သလို သစ္စာရှိသူတွေလည်း ဖြစ်ပါတယ်။ ခံစားချက်ကို လွယ်လွယ် ကူကူ ထုတ်ပြောတတ်သူတွေ မဟုတ်တဲ့အတွက် နားလည်ဖို့ ခက်ခဲပါတယ်။

နူဘီရမ်နှာခေါင်းပုံစံ

နှာခေါင်းရိုးတိုပြီး ဘေးကား တဲ့ပုံစံ နှာခေါင်းဟာ ထူးခြားတဲ့အ တွက် မှတ်မိလွယ်ပါတယ်။ ဒီနှာ ခေါင်းပိုင်ရှင်တွေကတော့ အလုပ် အပေါ်မှာ အရူးအမူးလုပ်တတ် သလို တီထွင်ဖန်တီးမှုစွမ်းအား လည်းကောင်းကာ ဩဇာတိက္ကမ နဲ့ ပြည့်စုံသူလည်း ဖြစ်ပါတယ်။

ရောမနှာခေါင်းပုံစံ

နှာခေါင်းရိုးအလယ်မှာ အ ထစ်ပုံစံလေးလိုဖြစ်ပြီး နှာသီးဖျား ချွန်တဲ့ ရောမနှာခေါင်းပိုင်ရှင်တွေ ကတော့ ထူးခြားတဲ့ပင်ကို အရည် အသွေးရှိသူတွေဖြစ်ပြီး ရဲရင့်တဲ့ နှလုံးသားရှိသူတွေ ဖြစ်ပါတယ်။ အလုပ်အပေါ်မှာ ဘဝကိုမြှုပ်နှံပြီး လုပ်ကိုင်တတ်သလို ရိုင်းပင်းကူ ညီစိတ်ရှိသူလည်း ဖြစ်ပါတယ်။

လင်းယုန်နှာခေါင်းပုံစံ

ဖြောင့်စင်းပြီး ထောင့်မှန်ကျ ကျပုံစံရှိတဲ့ နှာခေါင်းပိုင်ရှင်တွေ ဖြစ်ပြီး ဆွဲဆောင်မှုရှိသူတွေဖြစ် သလို ဩဇာလွှမ်းမိုးနိုင်ကာ စီးပွားရေးအမြင်ရှိသူတွေလည်း ဖြစ်ပါ တယ်။

သိမ်းငှက်နှာခေါင်းပုံစံ

နှာခေါင်းရိုး ရှည်လျားပြီး ထိပ်နားမှာ ကောက်နေသလိုမျိုး နှာခေါင်းပိုင်ရှင်တွေကတော့ ပေါ် လွင်ထင်ရှားသူတွေဖြစ်သလို ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ ပြည့်စုံ သူတွေ ဖြစ်ပါတယ်။ တခြားသူ တွေရဲ့ ဝေဖန်မှုကို ဂရုမစိုက်တတ်သလို ရည်မှန်းချက်ပြီးမြောက်ဖို့ အတွက် ကြိုးစားတတ်သူတွေ ဖြစ်ပါတယ်။

တိုပြီးထိပ်လန်နေတဲ့ နှာခေါင်းပုံစံ

ဒီနှာခေါင်းပိုင်ရှင်တွေက တော့ စိတ်ဆိုးစိတ်တိုလွယ်သလို ရန်လိုသူတွေလည်း ဖြစ်ပါတယ်။ တုံ့ပြန်မှုလျင်မြန်သလို ကာယဉာ ဏစွမ်းအားနဲ့ ပြည့်စုံပြီး ပျော် တတ်သူတွေ ဖြစ်ပါတယ်။

နှာရိုးခွက်ပြီး နှာသီးလုံးနှာခေါင်း ပုံစံ

အကောင်းမြင်တတ်သူတွေ ဖြစ်ပြီး စိတ်အားထက်သန်သူတွေ လည်း ဖြစ်ပါတယ်။ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေအပေါ်မှာ သံယောဇဉ်ကြီးသူတွေ ဖြစ်ပါ တယ်။

ကောင်းကင်ဘုံကပေးတဲ့

နှာခေါင်းပုံစံ

တိုပြီး ထိပ်လန်နေတဲ့ပုံစံနဲ့ ခပ်ဆင်ဆင်ဖြစ်ပေမယ့် နှာခေါင်း ရိုးရှည်ပြီး ပေါ်လွင်လှပပြီး ပြည့်စုံ တဲ့ နှာခေါင်းပိုင်ရှင်တွေကတော့ အရမ်းကိုဆွဲဆောင်မှုရှိသူတွေ ဖြစ်ပါတယ်။


Credit:7Day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top