iMyanmarHouse.com - Best Property Website for Myanmar
×




Credit:Shwemom

#Unicode Version
နှာခေါင်းကို နှိုက်နေတဲ့ အပြုအမှုနဲ့နှပ်ချေးကို အားလုံးကရွံ့ရှာကြပြီး လူကြား သူကြား ထဲမှာ လုံးဝမလုပ်သင့်တဲ့ အပြုအမှုတစ်ခုလို့ လက်ခံထားကြပါတယ်။ ကလေးတွေကို နှာခေါင်းနှိုက်နေ၊နှပ်ချေးကော်နေ တာတွေ့ရင် မိဘတွေက မလု ပ်ဖို့ကိုလည်း တားမြစ်လေ့ရှိပါတယ်။ဒါပေမယ့် ပညာရှင်တွေရဲ့ မကြာေ သးမီက ပြောလိုက်တဲ့ စကားကတော့ ဒါတွေ အားလုံးနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး နှပ်ချေးကလော်ဖို့နဲ့ နှပ်ချေးကိုပါ စားသင့်တယ်လို့ ပြောလိုက်တာပါ။

နှပ်ချေးဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကိုသာမက သွားကျန်းမာရေးကိုပါ ကောင်းမွန်စေတယ်လို့ ပညာရှင်တွေက ပြောထားတာပါ။နှာခေါင်းမှာ ရှိတဲ့ ဗက်တီးရီးယားတွေဟာ ကိုယ်ခံအားစနစ်အတွက် ကောင်းစေတယ်လို့ ကနေဒါမှာရှိတဲ့  Saskatchewan တက္ကသိုလ်မှ biochemistry ပါမော က္ခဖြစ်သူ Dr Scott Napper ကပြောပါတယ်။သဘာဝက လူတွေကို တွန်းအားပေးတာတွေရှိကြောင်း၊တစ်ချို့အပြုအမှုတွေက လူတွေအတွက် ကောင်းကျိုးရှိစေတာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။နှာခေါင်းနှိုက်တာ၊နှပ်ချေး ကလော်တာဟာ သဘာဝကျတဲ့ အပြုအမှုတစ်ခုလို့ တိုက်တွန်းထားတာပါ။

တခြားလေ့လာမှုတစ်ခုဖြစ်တဲ့ Massachusetts  နည်းပညာတက္ကသိုလ် တစ်ခုက တွေ့ရှိချက်မှာဆိုရင်လည်း နှပ်ဟာ မကောင်းတဲ့ ဗက်တီးရီးယားတွေကို ထိန်းချုပ်ဟန့်တားနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။သုတေသီတွေကတော့ နှပ်ဆို တာ သွားတိုက်ဆေး တစ်မျိုးလို့တောင် ပြောခဲ့ပါတယ်။သွားခေါင်းပေါက် ဖြစ် တာတွေကိုပါ ရပ်တန့်ပေးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။သြစတြေးလျ အဆုတ် သုတေသီပါမောက္ခဖြစ်သူ  Friedrich Bischinger ကလည်း နှာခေါင်းကို နှို က်၊နှပ်ချေးကလော်တဲ့ အကျင့်ဟာ လူတွေကို ပိုကျန်းမာစေကြောင်း၊ခန္ဓာကိုယ် အတွက် ကောင်းတဲ့အကျင့်တစ်ခုလို့ ပြောခဲ့ပါတယ်။

Credit:Shwemom

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top