iMyanmarHouse.com - Best Property Website for Myanmar
×



Ref: Glowpink


#unicode version

၀က်ခြံမှာ အဖြူရောင်အဆံတွေ မှည့်လာပြီး ညှစ်လိုက်ရင် ထွက်လာမျိုးရှိသလို တချို့ဝက်ခြံတွေကျတော့လည်း အဆံလည်းမထွက်ဘဲ အဖုလိုမြှုံနေတာမျိုးတွေ ရှိပါတယ်။ မျက်နှာအလှအပ မပေါ်လွင်အောင် ဝက်ခြံက တားဆီးထားတယ်ဆိုရင်တော့ ဝက်ခြံတွေကို ရှင်းကိုရှင်းထုတ်ပစ်ရမှာပါ။ ဒါ့ကြောင့် လွယ်ကူပြီး ဝက်ခြံအမြန်ပျောက်စေတဲ့ နည်းလမ်းလေး ဖော်ပြပေးလိုက်ပါတယ်။

သံပရာရည် လက်ဖက်စားဇွန်း(၄) ဇွန်း၊ ဒိန်ချဉ်(သီးသန့်) လက်ဖက်စားဇွန်း(၃) ဇွန်း၊ ပျားရည် (၂) ဇွန်းနဲ့ ကြက်ဥတစ်လုံးတို့ကို ရောမွှေပါ။ ပြီးရင် ဝက်ခြံရော ဝက်ခြံအမာရွတ်ရှိတဲ့ နေရာတွေရောပါ လိမ်းပေးပါ။ အနည်းငယ်တော့ စပ်ပါမယ်။ စိုးရိမ်စရာမရှိပါဘူး။ (၁၅) မိနစ်လောက် ကြာတဲ့အခါ ကြက်ဥအရောတွေ ခြောက်သွေ့သွားပါလိမ့်မယ်။ ခြောက်သွားပြီး (၅) မိနစ်လောက်နေမှ မျက်နှာကို ဆေးကြောပေးပါ။ ပထမဆုံး ရေနဲ့ အရင် မျက်နှာသစ်ပေးပါ။ ဒုတိယအခေါက်မှ မျက်နှာသစ်ဆပ်ပြာ အသုံးပြုပါ။
တပတ်ကို သုံးကြိမ်လောက် ပြုလုပ်ပေးမယ်ဆိုရင် မျက်နှာမှာ ဝက်ခြံရော၊ ဝက် ခြံအမာရွတ်တွေရော ပျောက်ကင်းပြီး ကြည်လင်ဝင်းပ နေမှာပါ။

Ref: Glowpink
Credit:ဖြိုးပြည့်သူ(မိုမိုလေး)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top