iMyanmarHouse.com - Best Property Website for Myanmar
×

အင္​း​ေလ ခု​ေခတ္​ကို အ​ေမမွမသိပဲ ...
သားသမီး​ေတြရဲ႕
မ​ေျပာျပခ်င္​တဲ့ ျပသနာကို အ​ေမ မွမသိပဲ ...

သားသမီး​ေတြ
ဘာ​ေတြႀကိဳက္​ၿပီး ဘာ​ေတြစြဲလန္​း​ေန လည္​း
အ​ေမ မွမသိပဲ ...

ဒါ​ေပမယ္​့ အ​ေမ အရမ္​းသိခ်င္​တယ္​ ...
သိခြင္​့ရ​ေအာင္​ အျမဲႀကိဳးစားတယ္​ ...

သားသမီး​ေတြ ဘာျဖစ္​လည္​း
မေျပာ ျပခ်င္​​ေပမယ္​့ သိရမလားႀကိဳးစား လို႔
မသိတဲ့​ေနာက္​မွ
ထုတ္​​ေျပာတဲ့အခါ ​ေအာ္​ခံရ​ေရာ ..

အ​ေမက ဘာသိလို႔လည္​း အ​ေမ မသိပါဘူး ..

ဟုတ္​တယ္​ .. အ​ေမ မသိပါဘူး ...
ဒါ​ေပမယ္​့ ​ေျပာျပၾကရဲ႕လား အ​ေမသိ​ေအာင္​ ...
႐ွင္​းျပၾကရဲ႕လား အ​ေမနားလည္​​ေအာင္​ ...

ဖုန္​းဆိုတာ ဆက္​ဖို႔ပဲ သိတဲ့အ​ေမ့ကို
ဘာ​ေတြလုပ္​လို႔… ရတယ္​ သင္​​ေပးၾကရဲ႕လား ...

ဟုတ္​တယ္​ အ​ေမ မသိပါဘူး ...
ခင္​ပြန္​းနဲ႔တုန္​းကလည္​း စီးပြား​ေရးကိစၥတိုင္​း …
ေအာ္​ခံလာရတာပဲ ...

မင္​း…ဘာသိလို႔လည္​းဆိုတဲ့ စကားလံုးနဲ႔ ...

ဒါ​ေပမယ္​့ အ​ေမ သိတာကို​ေရာ သိရဲ႕လား ....

အ​ေမသိတယ္​ ....
သားသမီး​ေတြ မ​်က္​ႏွာအ​ေျခအ​ေန​ေျပာင္​း​ေနရင္​ ...
အ​ေမသိတယ္​…

အရမ္​းပင္​ပန္​း​ေနလားဆိုတာ ...
အ​ေမသိတယ္​…

စိတ္​ညစ္​​ေနၿပီ ​ေပ်ာ္​​ေနၿပီဆိုတာ ...
အ​ေမသိတယ္​…

အသည္​းကြဲ​ေနလား ခ်စ္​သူ ရ​ေနလားဆိုတာ ...
အ​ေမသိတယ္​…

ဗိုက္​ဆာ​ေနလား ဟင္​းမႀကိဳက္​ဘူးလားဆိုတာ…
အ​ေမသိတယ္​…

ဖ်ားခ်င္​​ေနၿပီလား ဖ်ား​ေတာ့မွာလားဆိုတာ ...
အ​ေမသိတယ္​…
သင္​ကိုယ္​တိုင္​​ေတာင္​မသိတဲ့အရာ​ေတြအကုန္​ …

ဒါ​ေပမယ္​့ အ​ေမသိတာ​ေတြကို သင္​တို႔​ေရာ အ​ေမ့…
အ​ေပၚျပန္​သိလား ... ဟင္​့အင္​း မသိပါဘူး
တိုက္​ဆိုင္​မွ တစ္​ႀကိမ္​​ေလာက္​…
သတိထားမိတာ​ေလာက္​ပဲ ...

အ​ေမ မသိပါဘူး ... ဟင္​့အင္​း

တစ္​ကယ္​က

ကြၽန္​​ေတာ္​တို႔မသိပါဘူး အ​ေမ…

မူရင္း OMG
Credit:သူသူဟိန္း
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အင်းလေ ခုခေတ်ကို အမေမှမသိပဲ ...
သားသမီးတွေရဲ့
မပြောပြချင်တဲ့ ပြသနာကို အမေ မှမသိပဲ ...

သားသမီးတွေ
ဘာတွေကြိုက်ပြီး ဘာတွေစွဲလန်းနေ လည်း
အမေ မှမသိပဲ ...

ဒါပေမယ့် အမေ အရမ်းသိချင်တယ် ...
သိခွင့်ရအောင် အမြဲကြိုးစားတယ် ...

သားသမီးတွေ ဘာဖြစ်လည်း
မပြော ပြချင်ပေမယ့် သိရမလားကြိုးစား လို့
မသိတဲ့နောက်မှ
ထုတ်ပြောတဲ့အခါ အော်ခံရရော ..

အမေက ဘာသိလို့လည်း အမေ မသိပါဘူး ..

ဟုတ်တယ် .. အမေ မသိပါဘူး ...
ဒါပေမယ့် ပြောပြကြရဲ့လား အမေသိအောင် ...
ရှင်းပြကြရဲ့လား အမေနားလည်အောင် ...

ဖုန်းဆိုတာ ဆက်ဖို့ပဲ သိတဲ့အမေ့ကို
ဘာတွေလုပ်လို့… ရတယ် သင်ပေးကြရဲ့လား ...

ဟုတ်တယ် အမေ မသိပါဘူး ...
ခင်ပွန်းနဲ့တုန်းကလည်း စီးပွားရေးကိစ္စတိုင်း …
အော်ခံလာရတာပဲ ...

မင်း…ဘာသိလို့လည်းဆိုတဲ့ စကားလုံးနဲ့ ...

ဒါပေမယ့် အမေ သိတာကိုရော သိရဲ့လား ....

အမေသိတယ် ....
သားသမီးတွေ မျက်နှာအခြေအနေပြောင်းနေရင် ...
အမေသိတယ်…

အရမ်းပင်ပန်းနေလားဆိုတာ ...
အမေသိတယ်…

စိတ်ညစ်နေပြီ ပျော်နေပြီဆိုတာ ...
အမေသိတယ်…

အသည်းကွဲနေလား ချစ်သူ ရနေလားဆိုတာ ...
အမေသိတယ်…

ဗိုက်ဆာနေလား ဟင်းမကြိုက်ဘူးလားဆိုတာ…
အမေသိတယ်…

ဖျားချင်နေပြီလား ဖျားတော့မှာလားဆိုတာ ...
အမေသိတယ်…
သင်ကိုယ်တိုင်တောင်မသိတဲ့အရာတွေအကုန် …

ဒါပေမယ့် အမေသိတာတွေကို သင်တို့ရော အမေ့…
အပေါ်ပြန်သိလား ... ဟင့်အင်း မသိပါဘူး
တိုက်ဆိုင်မှ တစ်ကြိမ်လောက်…
သတိထားမိတာလောက်ပဲ ...

အမေ မသိပါဘူး ... ဟင့်အင်း

တစ်ကယ်က

ကျွန်တော်တို့မသိပါဘူး အမေ…

မူရင်း OMG
Credit:သူသူဟိန်း

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top