iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၁၂ ခုႏွစ္က မင္းသား ဂ်က္လီ သည္ ေဟာလိဝုဒ္႐ုပ္ရွင္ The Expen- dables 2ကို႐ိုက္ကူးရာတြင္ ၎ေနရာ၌ အစားထိုးသ႐ုပ္ေဆာင္သည့္ စတန႔္မင္းသားတစ္ဦးေသဆုံးခဲ့သည္။ အသက္ ၂၆ ႏွစ္အ႐ြယ္စတန႔္မင္းသား Liu Kun သည္ ရွန္စီးျပည္နယ္မွျဖစ္ၿပီး ဂ်က္လီႏွင့္ ကိုယ္လုံးကိုယ္ေပါက္တူသူတစ္ဦးျဖစ္သည္။

ဘူလ္ေဂးရီးယား၌ ေပါက္ကြဲမႈျဖစ္ပြားသည့္ ဇာတ္ဝင္ခန္းတစ္ခု႐ိုက္ကူးစဥ္တြင္ ေသဆုံးခဲ့ရသည္။
Liu Kun ၏မိသားစုက Millennium Films and Nu Image ႐ုပ္ရွင္ကုမၸဏီကို တရားစြဲဆိုထားၿပီး ေနာက္ဆုံးတြင္ တရား႐ုံးခ်ဳပ္က Liu Kun ၏မိသားစုအား ၂၄၉၁၉ ေဒၚလာ ေလ်ာ္ေၾကးေပးအပ္ရန္ ဆုံးျဖတ္ခဲ့သည္။

သို႔ေသာ္လည္း ႐ုပ္ရွင္ပရိသတ္မ်ားက တရားသူႀကီး၏စီရင္ခ်က္သည္ လူတစ္ဦး၏အသက္ကို ေငြျဖင့္တန္ဖိုးျဖတ္ျခင္းျဖစ္သည္ဟုဆိုကာ မေက်နပ္ျဖစ္ေန ၾကသည္။ ယခုအခါ ဂ်က္လီက Liu Kun ၏မိသားစုအတြက္ ေဒၚလာ ၇၄၀၀၀၀ ေပးအပ္လႉဒါန္းခဲ့ၿပီး ၎ပမာဏမွာ Millennium Films and Nu Image က ေပးအပ္သည့္ေငြထက္အဆ ၃၀ေက်ာ္ ပိုမ်ားသည္။ လူတစ္ဦး၏အသက္ကို ေငြျဖင့္အစားမထိုးႏိုင္ေသာ္လည္း ဂ်က္လီ၏လူသားခ်င္းစာနာေထာက္ထားသည့္ လုပ္ရပ္အတြက္ ခ်ီးက်ဴးခံခဲ့ရသည္ဟု သိရသည္။

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


AP,ေမဇြန္


Credit:PYI MYANMAR 

#Unicode Version#
၂၀၁၂ ခုနှစ်က မင်းသား ဂျက်လီ သည် ဟောလိဝုဒ်ရုပ်ရှင် The Expen- dables 2ကိုရိုက်ကူးရာတွင် ၎င်းနေရာ၌ အစားထိုးသရုပ်ဆောင်သည့် စတန့်မင်းသားတစ်ဦးသေဆုံးခဲ့သည်။ အသက် ၂၆ နှစ်အရွယ်စတန့်မင်းသား Liu Kun သည် ရှန်စီးပြည်နယ်မှဖြစ်ပြီး ဂျက်လီနှင့် ကိုယ်လုံးကိုယ်ပေါက်တူသူတစ်ဦးဖြစ်သည်။



ဘူလ်ဂေးရီးယား၌ ပေါက်ကွဲမှုဖြစ်ပွားသည့် ဇာတ်ဝင်ခန်းတစ်ခုရိုက်ကူးစဉ်တွင် သေဆုံးခဲ့ရသည်။

Liu Kun ၏မိသားစုက Millennium Films and Nu Image ရုပ်ရှင်ကုမ္ပဏီကို တရားစွဲဆိုထားပြီး နောက်ဆုံးတွင် တရားရုံးချုပ်က Liu Kun ၏မိသားစုအား ၂၄၉၁၉ ဒေါ်လာ လျော်ကြေးပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။



သို့သော်လည်း ရုပ်ရှင်ပရိသတ်များက တရားသူကြီး၏စီရင်ချက်သည် လူတစ်ဦး၏အသက်ကို ငွေဖြင့်တန်ဖိုးဖြတ်ခြင်းဖြစ်သည်ဟုဆိုကာ မကျေနပ်ဖြစ်နေ ကြသည်။ ယခုအခါ ဂျက်လီက Liu Kun ၏မိသားစုအတွက် ဒေါ်လာ ၇၄၀၀၀၀ ပေးအပ်လှူဒါန်းခဲ့ပြီး ၎င်းပမာဏမှာ Millennium Films and Nu Image က ပေးအပ်သည့်ငွေထက်အဆ ၃၀ကျော် ပိုများသည်။ လူတစ်ဦး၏အသက်ကို ငွေဖြင့်အစားမထိုးနိုင်သော်လည်း ဂျက်လီ၏လူသားချင်းစာနာထောက်ထားသည့် လုပ်ရပ်အတွက် ချီးကျူးခံခဲ့ရသည်ဟု သိရသည်။



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





AP,မေဇွန်



Credit:PYI MYANMAR 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top