iMyanmarHouse.com - Best Property Website for Myanmar
×

လက္ထပ္တာ ၁ ႏွစ္ေလာက္ပဲရွိေသးတဲ့ ဆင္းရဲတဲ့ လင္မယားႏွစ္ေယာက္ရွိတယ္။ ဆင္းရဲလြန္းလို႔ တစ္ေန႔မွာ ေယာက္က်ားလုပ္သူက မိန္းမကို ေျပာတယ္။ မိန္းမေရ… ငါတို႔ေတာ့ ဒီအတိုင္းေနလို႔ မျဖစ္ေတာ့ဘူး။ ဆင္းရဲလြန္းလို႔ ငတ္ေသဖို႔ပဲရွိတယ္။ အဲဒီေတာ့ ငါၿမိဳ႕တက္ၿပီး သူေဌး တစ္ေယာက္ဆီမွာ အလုပ္သြားလုပ္မယ္။

ဘာအလုပ္ရမယ္ ဘယ္ႏွယ္ႏွစ္ၾကာမလဲေတာ့ မေျပာႏိုင္ဘူး။ ဒါေပမဲ့ ငါ့ကိုယံုပါ နင္ကို ဘယ္ေတာ့မွ သစၥာမေဖာက္ဖူး။ နင္လည္း ငါ့ကို သစၥာရွိမယ္ဆိုတာ ယံုတယ္လို႔ ေျပာၿပီး မိန္းမကို သူ ၿမိဳ႕ေပၚတက္အလုပ္ လုပ္မယ္ဆိုၿပီး တိုင္ပင္တယ္။ မိန္းမကလည္း ေရြးစရာ လမ္းမရွိေတာ့ ခြင့္ျပဳလိုက္တယ္။

အဲလိုနဲ႔ လူငယ္ဟာ ၿမိဳ႕ေပၚတက္သြားၿပီး အလုပ္ရွာတယ္။ သူတို႔ရြာနဲ႔ အရမ္းအလွမ္းေဝးတဲ့ ၿမိ္ဳ႕ တစ္ၿမိဳ႕က သူေဌးတစ္ေယာက္ဆီမွ အလုပ္ရတယ္။ သူေဌးကလည္း အလုပ္စဝင္ ကတည္းက သူ႔အေပၚ ေကာင္းတယ္။ ေနစရာေပးတယ္။ ထမင္းအလကား ေကြ်းထားတယ္။ အဲဒါနဲ႔ လူငယ္ကလည္း က်ေနာ့္ လစာကို သူေဌးပဲ သိမ္းထားေပးပါ။ က်ေနာ္ ရြာအၿပီး ျပန္မွပဲ အကုန္မွတ္ထားၿပီး ထုတ္ေပးလိုက္ပါလို႔ ေျပာလိုက္တယ္

သူေဌးကလည္း လူငယ္ေျပာတဲ့ အတိုင္း သူ႔လုပ္အားခ ေငြေတြကို သိမ္းထားေပးတယ္။ အဲလိုနဲ႔ လုပ္လိုက္တာ အႏွစ္ ၂၀ ျပည္႔တဲ႔အထိ တခါမွ မျပန္ျဖစ္ဘူးတဲ႔..။ အနွစ္ ၂၀ ျပည္႔ျပီး ရက္အနည္းငယ္ၾကာမွ လူရြယ္က သူ႔သူေဌးကို ေျပာတယ္။ သူေဌး ခင္ဗ်ာ က်ေနာ္ အိမ္အျပီး ျပန္ပါေတာ႔မယ္။ က်ေနာ္စုထားတဲ႔ ေငြေတြ ျပန္ေပးပါ ဆိုေတာ႔။

သူေဌးက ေကာင္းျပီ။ ငါမင္းကို ျပန္ခြင္႔ျပဳတယ္။ ေနာက္တစ္ခုက မင္းကိုေရြးစရာ ၂ ခုေပးမယ္။ ၁ ခုက မင္းစုထားတဲ႔ ေငြေတြ အကုန္ျပန္ယူသြားလို႔ ရတယ္။ ေနာက္တစ္ခုက မင္းဘဝ အတြက္ အသံုးဝင္မဲ႔ အၾကံေပး စကား ၃ ခြန္းေပးလိုက္မယ္။ ဒါေပမဲ႔ အဲဒီ ၂ ခုထဲက တစ္ခုပဲ ေရြးရမယ္။ စုထားတဲ႔ေငြေတြ ယူရင္ အၾကံေပးစကား ၃ ခြန္းမရဘူး။

အၾကံေပးစကား ၃ ခြန္း လိုခ်င္ရင္ စုထားတဲ႔ေငြေတြ ျပန္မေပးဘူးလို႔ ေျပာလိုက္တယ္။ လူငယ္ကို ဆံုးျဖတ္ဖို႔ အခ်ိန္ ၁ ရက္ေပးမယ္။ လူငယ္လည္ စဥ္းစားတာေပါ႔။ သူ႕ သူေဌးေပးတဲ႔ အၾကံေတြဟာ ဘဝအတြက္ အသံုးဝင္မွာ သူသိတယ္။ အိမ္ျပန္ရင္ အႏွစ္ ၂၀ ေတာင္ လုပ္ခဲ႔တဲ႔ အတြက္ ေငြျပန္ေပးႏိုင္မွ ျဖစ္မယ္။ ဘာမွ မပါသြားရင္လည္း အကုန္လံုးရဲ ႔ ဝိုင္းဝန္း ကဲ႔ရဲ ႔ ျခင္းကို ခံရႏိုင္တယ္။ အဲလိုနဲ႔ မနက္ေရာက္ေတာ႔ သူ႔သူေဌးရဲ ႔ အၾကံေပး စကား ၃ ခြန္းကိုပဲ ယူဖို႔ ဆံုးျဖတ္လိုက္တယ္။

သူ႔ သူေဌးကလည္း မင္းေသခ်ာျပီလား။ အၾကံေပး စကား ၃ ခြန္းယူရင္ မင္း အႏွစ္ ၂၀ လံုးလံုး စုထားတဲ႔ ေငြေတြ ျပန္ရမွာ မဟုတ္ဘူးေနာ္ ဆိုေတာ႔။ လူငယ္က ေသခ်ာပါတယ္။ က်ေနာ္ သူေဌးဆီမွာ အနွစ္ ၂၀ လံုးလံုး လုပ္ျပီး အမ်ားၾကီး သင္ၾကားခဲ႔ရတယ္။ အဲဒီ အေတြ႔ အၾကံဳေတြနဲ႔ မိသားစု တစ္ခုကို ေကာင္းေကာင္းလုပ္ေၾကြးႏိုင္ပါတယ္။ ေနာက္ျပီး သူေဌးေပးမဲ႔ အၾကံေပး စကား ၃ ခြန္း ကလည္း က်ေနာ္ အတြက္ အရမ္း အသံုးဝင္မွာ ေသခ်ာပါတယ္ လို႔ ျပန္ေျပာတယ္။

သူေဌးကလည္း ေအးဒါဆို ငါမင္းကို အၾကံေပး စကား ၃ ခြန္း ပဲ ေပးလိုက္မယ္။ ေသေသခ်ာခ်ာ မွတ္သားသြား ေကာင္ေလးေရ လို႔မွာလိုက္တယ္။ အၾကံေပးစကား ၃ ခြန္းက

နံပတ္ (၁) ဘဝမွာ ဘယ္ေတာ႔မွ အလြယ္ ျဖတ္လမ္း မလိုက္နဲ႔။ ျဖတ္လမ္း လိုက္တဲ႔သူဟာ သူ႔ ဘဝ တစ္ခုလံုး ေပးဆပ္ရတတ္တယ္တဲ႔။

နံပတ္ (၂) ကိုယ္နဲ႔ မဆိုင္တဲ႔ ကိစၥကို မစပ္စု မပတ္သက္ပါနဲ႔တဲ႔။

နံပတ္ (၃) စိတ္ဆိုး ေဒါသထြက္ေနတဲ႔ အခ်ိန္ ဒါမွမဟုတ္ နာက်င္ဝမ္းနည္းေနခ်ိန္မွာ ဆံုးျဖတ္ခ်က္မခ် ပါနဲ႔တဲ႔..။

ေနာက္ျပီး သူေဌးက လမ္းစရိတ္ေငြ အနည္းငယ္နဲ႔ လူရြယ္ လမ္းမွာ စားဖို႔ ေပါင္မုန္႔ ၃ လံုးထည္႔ေပးလိုက္တယ္။ မင္း ဒီေပါင္မုန္႔ ၂ လံုးက လမ္းမွာစာရင္စားဖို႔။ ဒီ တစ္လံုးကေတာ႔ မင္းမိသားစုနဲ႔ ေတြ႔မွ စားဆိုျပီး မွာလိုက္တယ္။

အဲလိုနဲ႔ လူရြယ္ဟာ အိမ္ျပန္ဖို႔ အထုတ္အပိုးေတြနဲ႔ ထြက္လာတာေပါ႔။ ေတာ္ေတာ္လည္း ေလ်ာက္မိေရာ။ လမ္းစံု လမ္းခြ တစ္ခုေတြ႔တယ္။ အနွစ္ ၂၀ ေတာင္ ရွိျပီဆိုေတာ႔ အိမ္ျပန္လမ္းလည္း မမွတ္မိေတာ႔ဘူး။ အဲဒါနဲ႔ အဲဒီနားမွာေတြ႔တဲ႔ လူတစ္ေယာက္ကို ေမးတယ္။ ဘယ္လမ္းသြားရမလဲဆိုေတာ႔ အဲဒီလူက ဒီလမ္းကသြားရင္ ၅ ရက္နဲ႔ေရာက္မယ္ ဟိုဘက္လမ္းက သြားရင္ အရက္ ၂၀ ေလာက္ၾကာမယ္ဆိုျပီး ျပန္ေျဖတယ္။ အဲဒါနဲ႔ သူ႔ သူေဌး ပထမဆံုး ေပးတဲ႔ အၾကံေပးစကား သြားသတိရတယ္။

အဲဒါက ဘဝမွာ ဘယ္ေတာ႔မွ အလြယ္ ျဖတ္လမ္း မလိုက္နဲ႔တဲ႔။ အဲဒါနဲ႔ ျဖတ္လမ္း မလိုက္ေတာ႔ပဲ အရက္ ၂၀ သြားရတဲ႔ ပိုၾကာတဲ႔ လမ္းကို ေရြးလိုက္တယ္။ အဲလိုနဲ႔ တပတ္ေလာက္ သြားမိတဲ႔ အခ်ိန္မွာ တျခားခရီးသြားေဖာ္ေတြနဲ႔ ဆံုမိျပီး ျပန္ၾကားတာက ၅ ရက္ပဲ သြားရတဲ႔လမ္းမွာ ဓါးျပေတြ ရွိတယ္တဲ႔..။ ဓါးျပေတြက ပစၥည္းယူရံုသာ မက လူပါသတ္ျပီး အေပ်ာက္ရွင္းေလ႔ရွိတယ္တဲ႔..။ အဲဒါနဲ႔ သူ႔သူေဌးေပးလိုက္တဲ႔ အၾကံေပးခ်က္ဟာ သိပ္မွန္ပါလား ဆိုျပီး ေက်နပ္သြားတယ္။

အဲလိုနဲ႔ လမ္းမွာ နားဖို႔ ဟိုတယ္ေလးေတြ႔တယ္။ သူ႔မွာ ရွိတဲ႔ အဝတ္အစားေတြက ညစ္ပတ္ေနျပီး။ ေရးမိုးခ်ိဳးျပီး တစ္ညေလာက္ နားခ်င္တာနဲ႔ အဲဒီဟိုတယ္မွာ တည္းဖို႔ ဆံုးျဖတ္လိုက္တယ္။

အဲလိုနဲ႔ ညဖက္ သန္းေခါင္ယံ အခ်ိန္မွာ အသံနက္ၾကီး ၾကားရတယ္။ အဲဒါနဲ႔ လူငယ္ဟာ ဟိုတယ္ အခန္းကေန ထြက္ၾကည္႔တယ္။ ဟိုတယ္ အေရွ႔ဘက္မွာ အလင္းေရာင္ေတာက္ပေနတယ္။

အဲဒီေနာက္ သူအလင္းေရာင္ ရွိတဲ႔ရွိ သြားၾကည္႔မယ္ လုပ္ျပီးမွ နံပတ္ (၂) အၾကံေပးစကားကို သြားသတိရတယ္။ အဲဒါက ကိုယ္နဲ႔ မဆိုင္တဲ႔ ကိစၥကို မစုပ္စု မပတ္သက္နဲ႔တဲ႔။ အဲဒါနဲ႔ ဒါငါနဲ႔ မဆိုင္ပါဘူးေလ ဆိုျပီး။ သူ႔အခန္းထဲ ျပန္ဝင္အိပ္ေနလိုက္တယ္။ မနက္လင္းေတာ႔ မ်က္ႏွာသစ္ျပီး နံနက္စာစားေတာ႔ ဟိုတယ္ မန္ေနဂ်ာက အံၾသတဲ႔ မ်က္ႏွာနဲ႔ သူ႔ကိုၾကည္႔ေနတယ္တဲ႔..။

အဲဒါနဲ႔ လူရြယ္ကို ေမးတယ္ မင္း ညက အသံနက္ၾကီး မၾကားရဘူးလားတဲ႔..။ ၾကားတာေပါ႔လို႔ ျပန္ေျပာတယ္။ ဟိုတယ္ အျပင္ဘက္မွာေရာ ေတာက္ပတဲ႔ အလင္းေရာင္ မေတြ႔ဘူးလား ဆိုေတာ႔ ေတြ႔ပါတယ္ေပါ႔။ အဲဒါဘာလဲဆိုတာ မင္းသြားမၾကည္႔ ဘူးလားဆိုေတာ႔။ မၾကည္႔ပါဘူး။ ငါနဲ႔မွ မဆိုင္တာ ဆိုျပီး ျပန္ေျဖတယ္။

အဲဒီက်မွ ဟိုတယ္ မန္ေနဂ်ာက သူ႔ကို ရွင္းျပတယ္။ ေအးမင္းသြား မၾကည္႔လို႔ မင္း အသက္ရွင္တာ.။ အဲဒါ စုန္းမၾကီး တစ္ေယာက္က အရမ္းလွတဲ႔ ေကာင္မေလး ပံုစံ ဖန္တီးျပီး လာရပ္ေနတာ..။ ထြက္ၾကည္႔မိတဲ႔ လူတိုင္း ေကာင္မေလး ေယာင္ေဆာင္ထားတဲ႔ စုန္းမၾကီး ေနာက္လိုက္သြားရျပီး။ တစ္ေယာက္မွ ဟိုတယ္ကို ျပန္မလာခဲ႔ၾကဘူး။ မင္း တစ္ေယာက္ပဲ ရွိေသးတယ္။ အခုလို ထြက္မၾကည္႔လို႔ အသက္ရွင္ရတာ..။ ငါတို႔လည္း သူ႔ကို ေၾကာက္လို႔ ၾကိဳမေျပာထားရဲဘူးလို႔ ျပန္ေျပာတယ္။

လူရြယ္လည္း ဒုတိယ အၾကံေပးခ်က္ဟာလည္း အရမ္းအသံုးဝင္ျပီး သူအသက္ရွင္ခြင္႔ ရပါလားဆိုျပီး ဝမ္းေျမာက္ေနတာေပါ႔.။ အဲလိုနဲ႔ သူ႔အိမ္ရွိရာဘက္ ခရီးဆက္ခဲ႔တယ္။ ရက္အနည္းငယ္ၾကာျပီး သူ႔ရြာကို ေရာက္လာတယ္။ ေရာက္တဲ႔ အခ်ိန္က ေနဝင္ရီတေရာအခ်ိန္ သူ႔အိမ္ကို ခမ္လွမ္းလွမ္းက ျမင္ေနရတယ္။ အဲဒီခ်ိန္ မီးေရာင္ေအာင္မွာ သူ႔မိန္းမကို ေယာက္က်ားတစ္ေယာက္က ဖက္ထားတာေတြ႔လိုက္တယ္။

သူ႔ေဒါသေတြ ဆူေဝသြားတာေပါ႔။ ၾကည္႔စမ္းငါက သစၥာရွိရွိနဲ႔ ေသေအာင္ေၾကေအာင္ အလုပ္လုပ္ျပီး ေငြရွာခဲ႔ရသေလာက္ သူက တျခားေယာက္က်ားနဲ႔ ေဖာက္ျပန္ေနတယ္။ နင္တို႔ နွစ္ေယာက္လံုးကို သတ္မယ္ဆိုျပီး သြားမလို႔ ေျခလွမ္းလိုက္တယ္။ အဲဒီ အခ်ိန္မွာပဲ တတိယ အၾကံေပးခ်က္ကို သြားသတိရတယ္။

အဲဒါက စိတ္ဆိုး ေဒါသထြက္ေနတဲ႔ အခ်ိန္ ဒါမွမဟုတ္ နာက်င္ဝမ္းနည္းေနခ်ိန္မွာ ဆံုးျဖတ္ခ်က္မခ် ပါနဲ႔တဲ႔။ အဲဒါနဲ႔ သူမသြားေတာ႔ပဲ မနက္က်မွ သူ႔မိန္းမ သြားေတြ႔မယ္လို ဆံုးျဖတ္ျပီး အိမ္နဲ႔ ခမ္းလွမ္းလွမ္းက လယ္ေတာထဲမွာ အိပ္ဖို႔ စဥ္းစားလိုက္တယ္။ ေနာက္ျပီး အိပ္ေနရင္း စဥ္းစားမိတာက။ သူထင္သလို ဟုတ္ေနရင္ သူ႔မိန္းမနဲ႔ သူ႔ခ်စ္သူကို မသတ္ေတာ႔ဘူး။ တိတ္တိတ္ေလးပဲ သူ႔သူေဌးဆီျပန္ျပီး အလုပ္လုပ္ေတာ႔မယ္လို႔ စဥ္းစားေနလိုက္တယ္။

အဲလိုနဲ႔ မနက္ေရာက္တဲ႔ အခ်ိန္မွာ သူအိမ္သြားျပီး တံခါးေခါက္လိုက္တယ္။ သူ႔မိန္းမက တံခါးထြက္ဖြင္႔ေပးျပီး သူ႔ေယာ္က်ားမွန္း သိတာနဲ႔ ခ််ံဳးပြဲခ် ငိုတယ္။ ဒါေပမဲ႔ ေယာက္က်ားက သူ႔မိန္းမကို ေစာင္႔တြန္းလိုက္ျပီး နင္႔အေကာင္ ဘယ္မွာလဲလို႔ေမးလိုက္တယ္။ မိန္းမက ဘယ္အေကာင္လဲဆိုေတာ႔မွ ညက နင္နဲ႔ဖက္ေနတဲ႔ အေကာင္ေလဆိုေတာ႔မွ။ အဲဒါရွင္႔သား ရွင္႔ သိရဲ ႔လားလို႔ ငိုျပီးျပန္ေျပာတယ္။ ရွင္ထြက္သြားျပီး ရက္အနည္းငယ္ၾကာမွ က်မမွာ ကိုယ္ဝန္က်န္ခဲ႔မွန္းသိတယ္။

အဲဒါ အခုသူ႔အသက္ ၂၀ အရြယ္ထိ မေဖာက္မျပန္ပဲ သူ႔ကိုေစာင္႔ေရွာက္ခဲ႔တာလို႔ ျပန္ေျပာတယ္။ အဲဒါနဲ႔ မိန္းမက အခန္းထဲမွာ အိမ္ေနတဲ႔ သူ႔သားကို ႏိုးျပီးဒါ နင္အေဖေလဆိုျပီးျပတယ္။ အဲဒီေတာ႔မွ ေယာက္က်ားလည္း မိန္းမနဲ႔ သားကိုဖက္ျပီးငိုတယ္။ ေတာ္ေသးတယ္ၾကည္႔စမ္း ငါမွားေတာ႔မလို႔။ မေန႔ညက နင္တို႔သားအမိကို ေတြ႔ျပီး ေဒါသ အေလ်ာက္သတ္မိေတာ႔မလို႔။ ငါ႔သူေဌး အၾကံေပးစကား နားေထာင္မိလို႔ မသတ္မိတာဆိုျပီး သားနဲ႔ မိန္းမကို ျပန္ေျပာျပတယ္။

ငါ႔အႏွစ္ ၂၀ လုပ္အားခကို မယူပဲ သူေဌး အၾကံေပးစကား ၃ ခြန္းကို ေျမဝယ္မက် နားေထာင္ခဲ႔လို နင္တို႔နဲ႔ အသက္ရွင္လ်က္ျပန္ေတြ႔ရတာ..ဆိုျပီး သူလမ္းမွာ ၾကံဳခဲ႔ရတာေတြ ျဖစ္ေၾကာင္းကုန္စင္ေျပာျပတယ္။ ငါမွာ ဘာေငြမွ မပါေပမဲ႔ ငါ႔အေတြ႔အၾကံဳေတြနဲ႔ နင္တို႔ သားအမိကို ေကာင္းေကာင္းလုပ္ေက်ြးပါ႔မယ္ ဆိုျပီး ႏွစ္သိမ္႔တယ္။

ငါမွာ မိသားစုနဲ႔ေတြရင္စားဖို႔ ေပါင္မွန္႔ တစ္လံုးေတာ႔ ရွိေသးတယ္။ မိန္းမ နင္ေကာ္ဖီေဖ်ာ္ ဒီေပါင္မုန္႔နဲ႔ မနက္စာ စားၾကတာေပါ႔ ဆိုျပီး ေျပာလိုက္တယ္။ ေပါင္မုန္႔ လွီးေနရင္းနဲ႔ ခပ္မာမာေလး တခုကို လွီးမိတာနဲ႔ ထုတ္ၾကည္႔ေတာ႔ ေရႊျပားေတြ ေပါင္မုန္႔ထဲမွာ ျမွပ္ထားတာေတြ႔ရတယ္။

အဲဒီထဲမွာ စာေလး တစ္ေစာင္လည္းေတြ႔ရတယ္။ ဒါမင္း အႏွစ္ ၂၀ လုပ္အားခနဲ႔ ညီမွ်တဲ႔ ေရႊေတြပဲတဲ႔။ ေအာက္မွာ သူ႔သူေဌးလက္မွတ္ တိုေလးနဲ႔။ လူရြယ္လည္း သူ႔သူေဌးမ်က္ႏွာကို ျပန္ျမင္ေယာင္္လာၿပီး သူ႔သူေဌးေပးတဲ႔ အၾကံေပး စကား ၃ ခြန္းကို သြား သတိရတယ္။ အဲဒါေတြက

နံပတ္ (၁) ဘဝမွာ ဘယ္ေတာ႔မွ အလြယ္ ျဖတ္လမ္း မလိုက္နဲ႔။ ျဖတ္လမ္း လိုက္တဲ႔သူဟာ သူ႔ ဘဝ တစ္ခုလံုး ေပးဆပ္ရတတ္တယ္တဲ႔။

နံပတ္ (၂) ကိုယ္နဲ႔ မဆိုင္တဲ႔ ကိစၥကို မစပ္စု မပတ္သက္ပါနဲ႔တဲ႔။

နံပတ္ (၃) စိတ္ဆိုး ေဒါသထြက္ေနတဲ႔ အခ်ိန္ ဒါမွမဟုတ္ နာက်င္ဝမ္းနည္းေနခ်ိန္မွာ ဆံုးျဖတ္ခ်က္မခ် ပါနဲ႔တဲ႔..။


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

3 Pieces Of Advice Given As Salary For 20 Years Of Work ကို ဆီေလ်ာ္ေအာင္ ျပန္ဆိုပါသည္။
(Visited 4,286 times, 22 visits today)


Credit : Ye Min


#Unicode Version#
လက်ထပ်တာ ၁ နှစ်လောက်ပဲရှိသေးတဲ့ ဆင်းရဲတဲ့ လင်မယားနှစ်ယောက်ရှိတယ်။ ဆင်းရဲလွန်းလို့ တစ်နေ့မှာ ယောက်ကျားလုပ်သူက မိန်းမကို ပြောတယ်။ မိန်းမရေ… ငါတို့တော့ ဒီအတိုင်းနေလို့ မဖြစ်တော့ဘူး။ ဆင်းရဲလွန်းလို့ ငတ်သေဖို့ပဲရှိတယ်။ အဲဒီတော့ ငါမြို့တက်ပြီး သူဌေး တစ်ယောက်ဆီမှာ အလုပ်သွားလုပ်မယ်။


ဘာအလုပ်ရမယ် ဘယ်နှယ်နှစ်ကြာမလဲတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ ငါ့ကိုယုံပါ နင်ကို ဘယ်တော့မှ သစ္စာမဖောက်ဖူး။ နင်လည်း ငါ့ကို သစ္စာရှိမယ်ဆိုတာ ယုံတယ်လို့ ပြောပြီး မိန်းမကို သူ မြို့ပေါ်တက်အလုပ် လုပ်မယ်ဆိုပြီး တိုင်ပင်တယ်။ မိန်းမကလည်း ရွေးစရာ လမ်းမရှိတော့ ခွင့်ပြုလိုက်တယ်။


အဲလိုနဲ့ လူငယ်ဟာ မြို့ပေါ်တက်သွားပြီး အလုပ်ရှာတယ်။ သူတို့ရွာနဲ့ အရမ်းအလှမ်းဝေးတဲ့ မြို့ တစ်မြို့က သူဌေးတစ်ယောက်ဆီမှ အလုပ်ရတယ်။ သူဌေးကလည်း အလုပ်စဝင် ကတည်းက သူ့အပေါ် ကောင်းတယ်။ နေစရာပေးတယ်။ ထမင်းအလကား ကျွေးထားတယ်။ အဲဒါနဲ့ လူငယ်ကလည်း ကျနော့် လစာကို သူဌေးပဲ သိမ်းထားပေးပါ။ ကျနော် ရွာအပြီး ပြန်မှပဲ အကုန်မှတ်ထားပြီး ထုတ်ပေးလိုက်ပါလို့ ပြောလိုက်တယ်


သူဌေးကလည်း လူငယ်ပြောတဲ့ အတိုင်း သူ့လုပ်အားခ ငွေတွေကို သိမ်းထားပေးတယ်။ အဲလိုနဲ့ လုပ်လိုက်တာ အနှစ် ၂၀ ပြည့်တဲ့အထိ တခါမှ မပြန်ဖြစ်ဘူးတဲ့..။ အနှစ် ၂၀ ပြည့်ပြီး ရက်အနည်းငယ်ကြာမှ လူရွယ်က သူ့သူဌေးကို ပြောတယ်။ သူဌေး ခင်ဗျာ ကျနော် အိမ်အပြီး ပြန်ပါတော့မယ်။ ကျနော်စုထားတဲ့ ငွေတွေ ပြန်ပေးပါ ဆိုတော့။


သူဌေးက ကောင်းပြီ။ ငါမင်းကို ပြန်ခွင့်ပြုတယ်။ နောက်တစ်ခုက မင်းကိုရွေးစရာ ၂ ခုပေးမယ်။ ၁ ခုက မင်းစုထားတဲ့ ငွေတွေ အကုန်ပြန်ယူသွားလို့ ရတယ်။ နောက်တစ်ခုက မင်းဘဝ အတွက် အသုံးဝင်မဲ့ အကြံပေး စကား ၃ ခွန်းပေးလိုက်မယ်။ ဒါပေမဲ့ အဲဒီ ၂ ခုထဲက တစ်ခုပဲ ရွေးရမယ်။ စုထားတဲ့ငွေတွေ ယူရင် အကြံပေးစကား ၃ ခွန်းမရဘူး။


အကြံပေးစကား ၃ ခွန်း လိုချင်ရင် စုထားတဲ့ငွေတွေ ပြန်မပေးဘူးလို့ ပြောလိုက်တယ်။ လူငယ်ကို ဆုံးဖြတ်ဖို့ အချိန် ၁ ရက်ပေးမယ်။ လူငယ်လည် စဉ်းစားတာပေါ့။ သူ့ သူဌေးပေးတဲ့ အကြံတွေဟာ ဘဝအတွက် အသုံးဝင်မှာ သူသိတယ်။ အိမ်ပြန်ရင် အနှစ် ၂၀ တောင် လုပ်ခဲ့တဲ့ အတွက် ငွေပြန်ပေးနိုင်မှ ဖြစ်မယ်။ ဘာမှ မပါသွားရင်လည်း အကုန်လုံးရဲ့ ဝိုင်းဝန်း ကဲ့ရဲ့ ခြင်းကို ခံရနိုင်တယ်။ အဲလိုနဲ့ မနက်ရောက်တော့ သူ့သူဌေးရဲ့ အကြံပေး စကား ၃ ခွန်းကိုပဲ ယူဖို့ ဆုံးဖြတ်လိုက်တယ်။


သူ့ သူဌေးကလည်း မင်းသေချာပြီလား။ အကြံပေး စကား ၃ ခွန်းယူရင် မင်း အနှစ် ၂၀ လုံးလုံး စုထားတဲ့ ငွေတွေ ပြန်ရမှာ မဟုတ်ဘူးနော် ဆိုတော့။ လူငယ်က သေချာပါတယ်။ ကျနော် သူဌေးဆီမှာ အနှစ် ၂၀ လုံးလုံး လုပ်ပြီး အများကြီး သင်ကြားခဲ့ရတယ်။ အဲဒီ အတွေ့ အကြုံတွေနဲ့ မိသားစု တစ်ခုကို ကောင်းကောင်းလုပ်ကြွေးနိုင်ပါတယ်။ နောက်ပြီး သူဌေးပေးမဲ့ အကြံပေး စကား ၃ ခွန်း ကလည်း ကျနော် အတွက် အရမ်း အသုံးဝင်မှာ သေချာပါတယ် လို့ ပြန်ပြောတယ်။


သူဌေးကလည်း အေးဒါဆို ငါမင်းကို အကြံပေး စကား ၃ ခွန်း ပဲ ပေးလိုက်မယ်။ သေသေချာချာ မှတ်သားသွား ကောင်လေးရေ လို့မှာလိုက်တယ်။ အကြံပေးစကား ၃ ခွန်းက


နံပတ် (၁) ဘဝမှာ ဘယ်တော့မှ အလွယ် ဖြတ်လမ်း မလိုက်နဲ့။ ဖြတ်လမ်း လိုက်တဲ့သူဟာ သူ့ ဘဝ တစ်ခုလုံး ပေးဆပ်ရတတ်တယ်တဲ့။


နံပတ် (၂) ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စကို မစပ်စု မပတ်သက်ပါနဲ့တဲ့။


နံပတ် (၃) စိတ်ဆိုး ဒေါသထွက်နေတဲ့ အချိန် ဒါမှမဟုတ် နာကျင်ဝမ်းနည်းနေချိန်မှာ ဆုံးဖြတ်ချက်မချ ပါနဲ့တဲ့..။


နောက်ပြီး သူဌေးက လမ်းစရိတ်ငွေ အနည်းငယ်နဲ့ လူရွယ် လမ်းမှာ စားဖို့ ပေါင်မုန့် ၃ လုံးထည့်ပေးလိုက်တယ်။ မင်း ဒီပေါင်မုန့် ၂ လုံးက လမ်းမှာစာရင်စားဖို့။ ဒီ တစ်လုံးကတော့ မင်းမိသားစုနဲ့ တွေ့မှ စားဆိုပြီး မှာလိုက်တယ်။


အဲလိုနဲ့ လူရွယ်ဟာ အိမ်ပြန်ဖို့ အထုတ်အပိုးတွေနဲ့ ထွက်လာတာပေါ့။ တော်တော်လည်း လျောက်မိရော။ လမ်းစုံ လမ်းခွ တစ်ခုတွေ့တယ်။ အနှစ် ၂၀ တောင် ရှိပြီဆိုတော့ အိမ်ပြန်လမ်းလည်း မမှတ်မိတော့ဘူး။ အဲဒါနဲ့ အဲဒီနားမှာတွေ့တဲ့ လူတစ်ယောက်ကို မေးတယ်။ ဘယ်လမ်းသွားရမလဲဆိုတော့ အဲဒီလူက ဒီလမ်းကသွားရင် ၅ ရက်နဲ့ရောက်မယ် ဟိုဘက်လမ်းက သွားရင် အရက် ၂၀ လောက်ကြာမယ်ဆိုပြီး ပြန်ဖြေတယ်။ အဲဒါနဲ့ သူ့ သူဌေး ပထမဆုံး ပေးတဲ့ အကြံပေးစကား သွားသတိရတယ်။


အဲဒါက ဘဝမှာ ဘယ်တော့မှ အလွယ် ဖြတ်လမ်း မလိုက်နဲ့တဲ့။ အဲဒါနဲ့ ဖြတ်လမ်း မလိုက်တော့ပဲ အရက် ၂၀ သွားရတဲ့ ပိုကြာတဲ့ လမ်းကို ရွေးလိုက်တယ်။ အဲလိုနဲ့ တပတ်လောက် သွားမိတဲ့ အချိန်မှာ တခြားခရီးသွားဖော်တွေနဲ့ ဆုံမိပြီး ပြန်ကြားတာက ၅ ရက်ပဲ သွားရတဲ့လမ်းမှာ ဓါးပြတွေ ရှိတယ်တဲ့..။ ဓါးပြတွေက ပစ္စည်းယူရုံသာ မက လူပါသတ်ပြီး အပျောက်ရှင်းလေ့ရှိတယ်တဲ့..။ အဲဒါနဲ့ သူ့သူဌေးပေးလိုက်တဲ့ အကြံပေးချက်ဟာ သိပ်မှန်ပါလား ဆိုပြီး ကျေနပ်သွားတယ်။


အဲလိုနဲ့ လမ်းမှာ နားဖို့ ဟိုတယ်လေးတွေ့တယ်။ သူ့မှာ ရှိတဲ့ အဝတ်အစားတွေက ညစ်ပတ်နေပြီး။ ရေးမိုးချိုးပြီး တစ်ညလောက် နားချင်တာနဲ့ အဲဒီဟိုတယ်မှာ တည်းဖို့ ဆုံးဖြတ်လိုက်တယ်။


အဲလိုနဲ့ ညဖက် သန်းခေါင်ယံ အချိန်မှာ အသံနက်ကြီး ကြားရတယ်။ အဲဒါနဲ့ လူငယ်ဟာ ဟိုတယ် အခန်းကနေ ထွက်ကြည့်တယ်။ ဟိုတယ် အရှေ့ဘက်မှာ အလင်းရောင်တောက်ပနေတယ်။


အဲဒီနောက် သူအလင်းရောင် ရှိတဲ့ရှိ သွားကြည့်မယ် လုပ်ပြီးမှ နံပတ် (၂) အကြံပေးစကားကို သွားသတိရတယ်။ အဲဒါက ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စကို မစုပ်စု မပတ်သက်နဲ့တဲ့။ အဲဒါနဲ့ ဒါငါနဲ့ မဆိုင်ပါဘူးလေ ဆိုပြီး။ သူ့အခန်းထဲ ပြန်ဝင်အိပ်နေလိုက်တယ်။ မနက်လင်းတော့ မျက်နှာသစ်ပြီး နံနက်စာစားတော့ ဟိုတယ် မန်နေဂျာက အံသြတဲ့ မျက်နှာနဲ့ သူ့ကိုကြည့်နေတယ်တဲ့..။


အဲဒါနဲ့ လူရွယ်ကို မေးတယ် မင်း ညက အသံနက်ကြီး မကြားရဘူးလားတဲ့..။ ကြားတာပေါ့လို့ ပြန်ပြောတယ်။ ဟိုတယ် အပြင်ဘက်မှာရော တောက်ပတဲ့ အလင်းရောင် မတွေ့ဘူးလား ဆိုတော့ တွေ့ပါတယ်ပေါ့။ အဲဒါဘာလဲဆိုတာ မင်းသွားမကြည့် ဘူးလားဆိုတော့။ မကြည့်ပါဘူး။ ငါနဲ့မှ မဆိုင်တာ ဆိုပြီး ပြန်ဖြေတယ်။


အဲဒီကျမှ ဟိုတယ် မန်နေဂျာက သူ့ကို ရှင်းပြတယ်။ အေးမင်းသွား မကြည့်လို့ မင်း အသက်ရှင်တာ.။ အဲဒါ စုန်းမကြီး တစ်ယောက်က အရမ်းလှတဲ့ ကောင်မလေး ပုံစံ ဖန်တီးပြီး လာရပ်နေတာ..။ ထွက်ကြည့်မိတဲ့ လူတိုင်း ကောင်မလေး ယောင်ဆောင်ထားတဲ့ စုန်းမကြီး နောက်လိုက်သွားရပြီး။ တစ်ယောက်မှ ဟိုတယ်ကို ပြန်မလာခဲ့ကြဘူး။ မင်း တစ်ယောက်ပဲ ရှိသေးတယ်။ အခုလို ထွက်မကြည့်လို့ အသက်ရှင်ရတာ..။ ငါတို့လည်း သူ့ကို ကြောက်လို့ ကြိုမပြောထားရဲဘူးလို့ ပြန်ပြောတယ်။


လူရွယ်လည်း ဒုတိယ အကြံပေးချက်ဟာလည်း အရမ်းအသုံးဝင်ပြီး သူအသက်ရှင်ခွင့် ရပါလားဆိုပြီး ဝမ်းမြောက်နေတာပေါ့.။ အဲလိုနဲ့ သူ့အိမ်ရှိရာဘက် ခရီးဆက်ခဲ့တယ်။ ရက်အနည်းငယ်ကြာပြီး သူ့ရွာကို ရောက်လာတယ်။ ရောက်တဲ့ အချိန်က နေဝင်ရီတရောအချိန် သူ့အိမ်ကို ခမ်လှမ်းလှမ်းက မြင်နေရတယ်။ အဲဒီချိန် မီးရောင်အောင်မှာ သူ့မိန်းမကို ယောက်ကျားတစ်ယောက်က ဖက်ထားတာတွေ့လိုက်တယ်။


သူ့ဒေါသတွေ ဆူဝေသွားတာပေါ့။ ကြည့်စမ်းငါက သစ္စာရှိရှိနဲ့ သေအောင်ကြေအောင် အလုပ်လုပ်ပြီး ငွေရှာခဲ့ရသလောက် သူက တခြားယောက်ကျားနဲ့ ဖောက်ပြန်နေတယ်။ နင်တို့ နှစ်ယောက်လုံးကို သတ်မယ်ဆိုပြီး သွားမလို့ ခြေလှမ်းလိုက်တယ်။ အဲဒီ အချိန်မှာပဲ တတိယ အကြံပေးချက်ကို သွားသတိရတယ်။


အဲဒါက စိတ်ဆိုး ဒေါသထွက်နေတဲ့ အချိန် ဒါမှမဟုတ် နာကျင်ဝမ်းနည်းနေချိန်မှာ ဆုံးဖြတ်ချက်မချ ပါနဲ့တဲ့။ အဲဒါနဲ့ သူမသွားတော့ပဲ မနက်ကျမှ သူ့မိန်းမ သွားတွေ့မယ်လို ဆုံးဖြတ်ပြီး အိမ်နဲ့ ခမ်းလှမ်းလှမ်းက လယ်တောထဲမှာ အိပ်ဖို့ စဉ်းစားလိုက်တယ်။ နောက်ပြီး အိပ်နေရင်း စဉ်းစားမိတာက။ သူထင်သလို ဟုတ်နေရင် သူ့မိန်းမနဲ့ သူ့ချစ်သူကို မသတ်တော့ဘူး။ တိတ်တိတ်လေးပဲ သူ့သူဌေးဆီပြန်ပြီး အလုပ်လုပ်တော့မယ်လို့ စဉ်းစားနေလိုက်တယ်။


အဲလိုနဲ့ မနက်ရောက်တဲ့ အချိန်မှာ သူအိမ်သွားပြီး တံခါးခေါက်လိုက်တယ်။ သူ့မိန်းမက တံခါးထွက်ဖွင့်ပေးပြီး သူ့ယော်ကျားမှန်း သိတာနဲ့ ချျုံးပွဲချ ငိုတယ်။ ဒါပေမဲ့ ယောက်ကျားက သူ့မိန်းမကို စောင့်တွန်းလိုက်ပြီး နင့်အကောင် ဘယ်မှာလဲလို့မေးလိုက်တယ်။ မိန်းမက ဘယ်အကောင်လဲဆိုတော့မှ ညက နင်နဲ့ဖက်နေတဲ့ အကောင်လေဆိုတော့မှ။ အဲဒါရှင့်သား ရှင့် သိရဲ့လားလို့ ငိုပြီးပြန်ပြောတယ်။ ရှင်ထွက်သွားပြီး ရက်အနည်းငယ်ကြာမှ ကျမမှာ ကိုယ်ဝန်ကျန်ခဲ့မှန်းသိတယ်။


အဲဒါ အခုသူ့အသက် ၂၀ အရွယ်ထိ မဖောက်မပြန်ပဲ သူ့ကိုစောင့်ရှောက်ခဲ့တာလို့ ပြန်ပြောတယ်။ အဲဒါနဲ့ မိန်းမက အခန်းထဲမှာ အိမ်နေတဲ့ သူ့သားကို နိုးပြီးဒါ နင်အဖေလေဆိုပြီးပြတယ်။ အဲဒီတော့မှ ယောက်ကျားလည်း မိန်းမနဲ့ သားကိုဖက်ပြီးငိုတယ်။ တော်သေးတယ်ကြည့်စမ်း ငါမှားတော့မလို့။ မနေ့ညက နင်တို့သားအမိကို တွေ့ပြီး ဒေါသ အလျောက်သတ်မိတော့မလို့။ ငါ့သူဌေး အကြံပေးစကား နားထောင်မိလို့ မသတ်မိတာဆိုပြီး သားနဲ့ မိန်းမကို ပြန်ပြောပြတယ်။


ငါ့အနှစ် ၂၀ လုပ်အားခကို မယူပဲ သူဌေး အကြံပေးစကား ၃ ခွန်းကို မြေဝယ်မကျ နားထောင်ခဲ့လို နင်တို့နဲ့ အသက်ရှင်လျက်ပြန်တွေ့ရတာ..ဆိုပြီး သူလမ်းမှာ ကြုံခဲ့ရတာတွေ ဖြစ်ကြောင်းကုန်စင်ပြောပြတယ်။ ငါမှာ ဘာငွေမှ မပါပေမဲ့ ငါ့အတွေ့အကြုံတွေနဲ့ နင်တို့ သားအမိကို ကောင်းကောင်းလုပ်ကျွေးပါ့မယ် ဆိုပြီး နှစ်သိမ့်တယ်။


ငါမှာ မိသားစုနဲ့တွေရင်စားဖို့ ပေါင်မှန့် တစ်လုံးတော့ ရှိသေးတယ်။ မိန်းမ နင်ကော်ဖီဖျော် ဒီပေါင်မုန့်နဲ့ မနက်စာ စားကြတာပေါ့ ဆိုပြီး ပြောလိုက်တယ်။ ပေါင်မုန့် လှီးနေရင်းနဲ့ ခပ်မာမာလေး တခုကို လှီးမိတာနဲ့ ထုတ်ကြည့်တော့ ရွှေပြားတွေ ပေါင်မုန့်ထဲမှာ မြှပ်ထားတာတွေ့ရတယ်။


အဲဒီထဲမှာ စာလေး တစ်စောင်လည်းတွေ့ရတယ်။ ဒါမင်း အနှစ် ၂၀ လုပ်အားခနဲ့ ညီမျှတဲ့ ရွှေတွေပဲတဲ့။ အောက်မှာ သူ့သူဌေးလက်မှတ် တိုလေးနဲ့။ လူရွယ်လည်း သူ့သူဌေးမျက်နှာကို ပြန်မြင်ယောင်လာပြီး သူ့သူဌေးပေးတဲ့ အကြံပေး စကား ၃ ခွန်းကို သွား သတိရတယ်။ အဲဒါတွေက


နံပတ် (၁) ဘဝမှာ ဘယ်တော့မှ အလွယ် ဖြတ်လမ်း မလိုက်နဲ့။ ဖြတ်လမ်း လိုက်တဲ့သူဟာ သူ့ ဘဝ တစ်ခုလုံး ပေးဆပ်ရတတ်တယ်တဲ့။


နံပတ် (၂) ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စကို မစပ်စု မပတ်သက်ပါနဲ့တဲ့။


နံပတ် (၃) စိတ်ဆိုး ဒေါသထွက်နေတဲ့ အချိန် ဒါမှမဟုတ် နာကျင်ဝမ်းနည်းနေချိန်မှာ ဆုံးဖြတ်ချက်မချ ပါနဲ့တဲ့..။



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။


မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


3 Pieces Of Advice Given As Salary For 20 Years Of Work ကို ဆီလျော်အောင် ပြန်ဆိုပါသည်။

(Visited 4,286 times, 22 visits today)



Credit : Ye Min 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top