iMyanmarHouse.com - Best Property Website for Myanmar
×

၁။ အိမ္ျပန္ေနာက္က်မယ္ဆို ၾကိဳေျပာပါ။

အိမ္မွာေစာင့္ေနရတဲ့ ဇနီးမယား အေနနဲ႔က လာႏိုး လာႏိုးေစာင့္ေနရတာ ထက္ ၾကိဳသိထားတာက ပိုေကာင္းတယ္ဆိုတာ အားလံုးနားလည္ ၾကမွာပါ။ ဒါေၾကာင့္ တစ္မိနစ္စာ ဖုန္းေလးတခ်က္နဲ႕ ဇနီးမယားရဲ႕ အခ်ိန္နာရီေတြကို တန္ဖိုးထားေလးစားေပး လိုက္ပါ။
၂။ ခ်က္ျပဳတ္တတ္ဖို႕ သင္ယူပါ။

႐ိုးရွင္းတဲ့ဟင္းခ်က္နည္း ၃၊၄ ခုကို ေသခ်ာေလ့က်င့္ထားျပီး ရံဖန္ရံခါခ်က္ေကၽြးရင္ေတာ့ ဇနီးရဲ႕ ေႏြးေထြးႏွစ္လိုဖြယ္အျပံဳးကို အျမဲရရွိႏိုင္မွာပါ။ ဒီေတာ့ အားလပ္ရက္ေတြမွာ မီးဖိုထဲမွာ ဇနီးကို ကူညီခ်က္ျပဳတ္ေပးရင္း သင္ယူလိုက္ပါ။ ျဖစ္ႏိုင္ရင္ေတာ့ တိတ္တိတ္ကေလးသင္ယူေပါ့။ဒါဆိုခ်စ္ဇနီးရဲ႕ ေမြးေန႕လိုမ်ိဳးထူးျခားတဲ့ေန႔ ေတြမွာ Surprise အေနနဲ႕ခ်က္ေကၽြးလို႕ရတယ္ေလ။ အျမဲ ေစာေစာထျပီး မနက္စာလုပ္ေနက် ဇနီးက သူမအိပ္ရာအႏိုးမွာ မနက္စာအဆင္သင့္ျဖစ္ေနတာမ်ိဳးေတြ႕ရရင္ ဘယ္ေလာက္ ၀မ္းသာေပ်ာ္ရႊင္မလဲ ေတြးၾကည့္လိုက္ပါ။ ဒီေတာ့ ခ်က္လိုက္ၾကပါစို႕ အမ်ိဳးသားတို႕ေရ။
၃။ မၾကာခဏဖုန္းဆက္ေပးပါ။

ဇနီးတိုင္းက ခင္ပြန္းရဲ႕ဖုန္းေခၚသံကို ေမွ်ာ္လင့္ေနၾကတာဟာ အမွန္ပါ။ အလုပ္မွာ ထမင္းစား ခ်ိန္ေလးဖုန္းတစ္ခ်က္ေလာက္ ဆက္ေပးတာဟာ သူမကို ခ်စ္ေၾကာင္းျပ ရာေရာက္တဲ့အျပင္ သင္ကိုယ္တိုင္လည္း အလုပ္မွ စိတ္ဖိစီးမႈကို ေလ်ာ့ေစပါ တယ္။ သင့္ဇနီးကို သင္လည္းခ်စ္တာပဲ မဟုတ္လား။ ခ်စ္တဲ့သူနဲ႕ ခဏေလာက္ စကားေျပာဖို႔ ဖုန္းတခ်က္ဆက္ကာ အခ်ိန္ေပးလိုက္ပါ။ ဇနီးကိုတေန႔ ႏွစ္ၾကိမ္ဖုန္းဆက္ျခင္းဟာ အိမ္ေထာင္ေရးမွာ သိသိသာသာေပ်ာ္ရႊင္မႈ တိုးေစတယ္ လို႕ ဆိုပါတယ္။
၄။ ေစ်း၀ယ္ထြက္ဖို႕ ေခၚပါ။

ဇနီးလိုခ်င္တာ၀ယ္ဖို႕ ပိုက္ဆံေပးလိုက္တာထက္ တူတူေစ်း၀ယ္ထြက္ဖို႕ မိမိက စတင္ျပီး ေခၚတဲ့အခါ ဇနီးဟာ အရမ္းကို ေပ်ာ္ရႊင္သြားပါလိမ့္မယ္။ စူပါမားကက္ ထဲေရာက္ရင္လည္း ပိုက္ဆံအိတ္ကိုေပးထားခဲ့ျပီး မိမိၾကိဳက္ရာ ဆိုင္တစ္ခုခု မွာထိုင္ေနတာ ၊ တျခားပစၥည္းေတြ လိုက္ၾကည့္ေနတာေတြ မလုပ္ပဲ ဇနီးနဲ႕အတူ အ၀တ္အစားေလးေတြ ေရြးပါ၊ မီးဖိုေခ်ာင္သံုးပစၥည္းေတြ၊ ကေလးအသံုး အေဆာင္ေတြတူတူေရြးခ်ယ္ပါ။ဇနီးကိုမိမိ၀တ္ေစခ်င္တာေတြ ေရြးေပးရတာ သေဘာက်စရာပဲ မဟုတ္ပါလား။ သင္ေတာင္ မသိလိုက္ပဲ သင္ကိုယ္တိုင္ လည္းေပ်ာ္ရႊင္သြားျပီး အမ်ားၾကီး သင္ယူမိသြားပါလိမ့္မယ္။
၅။ TV ကိုခ်ည္းပဲ ၾကည့္ေနျခင္းကိုေရွာင္ပါ။

သင္ ဘယ္ေလာက္ပဲပင္ပန္းလာပါေစ ဇနီးမယားရဲ႕ တစ္ေန႕တာ အေၾကာင္းကို ေမးျမန္းျပီးမိမိရဲ႕တစ္ေန႕တာအေၾကာင္းကိုလည္း ေျပာျပ သင့္ပါတယ္။ ဒီလို စကားစျမည္သာ မေျပာျဖစ္ၾကရင္ ေျပာဆို ဆက္သြယ္မႈဆိုတာ ဘယ္မွာရွိလာေတာ့မွာလဲ။ ဒီေတာ့ စကားစျမည္ေျပာ ရင္း ညေနစာစားျပီးမွ TV ၾကည့္သင့္ပါတယ္။
၆။ လူေရွ႕သူေရွ႕ ခ်ီးက်ဴးစကားဆိုပါ။

မိတ္ေဆြေတြၾကားမွာ ဇနီးကို ခ်ီးက်ဴးစကားေျပာလိုက္တာဟာ သူမကို ရွက္ျပံဳးေလးျပံဳးမိေစကာ တစ္ေန႕တာလံုး အားအင္ျပည့္၀ေစတဲ့အျပင္ ခ်ီးက်ဴးဖြယ္ဇနီးကိုပိုင္ဆိုင္ရတဲ့သင့္ကိုလည္းအမ်ားက ေလးစားအားက်ေစမွာပါ။ ဒါေပမဲ့ လြန္လြန္ကၽြံကၽြံေျမွာက္ပင့္တာမ်ိဳးမဟုတ္ပဲ သူမရဲ႕ လုပ္ေဆာင္ခ်က္တစ္ခုခုကိုအမွန္တကယ္သေဘာက်ႏွစ္သက္ ေၾကာင္းေျပာတာမ်ိဳးပဲျဖစ္ဖို႕ အထူးဂ႐ုစိုက္သင့္ပါတယ္။
၇။ သားသမီးေတြအတြက္ အခ်ိန္ေပးပါ။

“သားသမီးေတြ ဘယ္သူ ဘယ္ႏွတန္းဆိုတာေတာင္ မမွတ္မိေတာ့ပါဘူး၊ နာမည္ေတြေတာင္ မွားေခၚမိလုိ႔ မိန္းမကစိတ္ဆိုးတယ္” လို႔ ရယ္ေမာျပီး ေျပာဆိုေနတဲ့ဖခင္ေတြ(တနည္းအားျဖင့္ခင္ပြန္းေတြ) ကို ေတြ႕ဖူးပါတယ္။ကေလးေတြကို ေက်ာင္းအၾကိဳအပို႕လုပ္ေပး၊ ေန႔လယ္စာထမင္းဘူးထည့္ေပးတာေတြကို လုပ္ေပးသင့္ပါတယ္။ ဒီလိုလုပ္ေပးျခင္းအားျဖင့္ ဇနီးကိုလည္း ကူညီရာေရာက္ျပီး သားသမီးေတြကိုလည္း ခ်စ္ေၾကာင္းျပရာေရာက္ပါတယ္။
၈။ ဇနီးနဲ႕ တူတူရွိေနခ်ိန္ေတြ မ်ားမ်ားဖန္တီးပါ။

၀ါသနာပါရာသင္တန္းတစ္ခုခုအတူတက္တာမ်ိဳး(ဥပမာ- ေရကူးသင္တန္း၊ ေယာဂသင္တန္း) ၊ မနက္ပိုင္းအတူတူ လမ္းေလ်ွာက္ထြက္တာမ်ိဳးဟာ စိတ္ေပါ့ပါးေစသလို ေပ်ာ္ရႊင္မႈတိုးေစပါတယ္။ဇနီးမယားနဲ႕ ႏွစ္ေယာက္တည္းသီးသန္႕ ရွိေနဖို႕ တစ္ေန႕မွာ အခ်ိန္ တစ္နာရီေလာက္ ရေအာင္ ဖန္တီးႏိုင္ရင္ အိမ္ေထာင္ေရး ပိုမိုသာယာလာႏိုင္ပါတယ္။
၉။ ဇနီးကို အေမတစ္ေယာက္လို ထင္ျမင္ျပဳမူျခင္းကို ေရွာင္ပါ။

အိမ္ေထာင္က်ခါစ သားသမီးမရွိတဲ့အခ်ိန္မွာ ခင္ပြန္းသည္ဟာ ဇနီးမယားကို အလိုလိုက္ဂ႐ုစိုက္တတ္ေပမဲ့ သားသမီးေတြရဲ႕ မိခင္ျဖစ္လာတဲ့အခါ ဇနီး အေပၚမွာ အျမင္ေျပာင္းသြားေလ့ရွိပါတယ္။ ဒါဟာ အခ်စ္ေပါ့သြားျခင္းလည္း မဟုတ္သလို ႐ိုးအီသြားျခင္းလည္း မဟုတ္ပါဘူး။

ခင္ပြန္းအေပၚမွာ ကေလးဆန္စြာ ဆိုးႏြဲ႕တတ္တဲ့ ဇနီးက သားသမီးေတြ အေပၚမွာ မိခင္ပီသစြာ အႏြံတာခံျဖည့္ဆည္းေပးတဲ့အခါ ခင္ပြန္းသည္က ဆိုးႏြဲ႕ တတ္တဲ့ ခ်စ္စရာဇနီးအျဖစ္ မျမင္ေတာ့ပဲ အႏြံတာခံတတ္တဲ့ မိခင္အျဖစ္ပဲ ျမင္ သြားျပီးမိမိကုိလည္းသားသမီးေတြနဲ႕အတူတူအလုိလုိက္ဖို႕မသိစိတ္က ေတာင္းဆိုေနမိပါေတာ့တယ္။ ဒါဟာ ဇနီးအတြက္ တရားမ်ွတပါရဲ႕လား။ မိဘဆိုတာ သားသမီးေတြရဲ႕ မွီခိုရာျဖစ္ျပီး ခင္ပြန္းဆိုတာ ဇနီးရဲ႕မွီခိုရာပဲဆိုတာ အျမဲ သတိ ထားသင့္ပါတယ္။ အိမ္တာ၀န္ေတြ၊ သားသမီးတာ၀န္ေတြနဲ႕ ပင္ပန္းေနရွာတဲ့ ဇနီးအတြက္ နားခိုရာ ခင္ပြန္းအျဖစ္ ၾကင္နာသနားတတ္တဲ့ ႏွလံုးသားရွိသင့္ ပါတယ္။
၁၀။ လက္ေဆာင္ေလးေတြ မၾကာခဏ၀ယ္ေပးျခင္း
တစ္ပတ္ တစ္ခါေလာက္ျဖစ္ ျဖစ္ ပန္းကေလး တစ္ပြင့္ ၀ယ္ေပးဖို႔ ဟာ မခက္ခဲတာ အမွန္ပါပဲ။ ကိုယ့္ဘာသာ ဘယ္အခ်ိန္ျဖစ္ျဖစ္ ၀ယ္လို႕ရႏိုင္တဲ့ ပစၥည္းေလးေတြျဖစ္ေပမဲ့ ခင္ပြန္းသည္က အမွတ္တရေပးတဲ့ အခါအရမ္းကို ေပ်ာ္ရႊင္ေက်နပ္ၾကျပီး ခင္ပြန္းအေပၚ ပိုမို ခ်စ္ျမတ္ႏိုး လာေစပါတယ္။ ဒီေတာ့ သြားရင္းလာရင္း ခ်စ္ဇနီးနဲ႕ လိုက္ဖက္ တာေလးေတြ႕ရင္ ပန္း၊ လက္ကိုင္အိတ္၊ ကလစ္၊ ႏႈတ္ခမ္းနီ၊ ဖိနပ္၊ အက်ီၤစတာေတြကို အမွတ္တရ၀ယ္ေပးသင့္ပါတယ္။

အထက္ပါ အခ်က္ေတြကို ရံဖန္ရံခါ လိုက္နာလုပ္ေဆာင္ျခင္းအားျဖင့္
ဇနီးသည္ဟာမိမိရဲ႕ဘ၀မွာဘယ္ေလာက္အေရးပါေၾကာင္းေဖာ္ျပျပီးသားျဖစ္ေစသလို မိမိကုိယ္တိုင္လည္း သာယာတဲ့အိမ္ေထာင္ေရး၊ ၾကင္နာတတ္တဲ့ ဇနီးနဲ႕ ခ်စ္စဖြယ္သားသမီးေလးေတြ ပါ၀င္တဲ့ စံျပ မိသားစုကိုဦးေဆာင္ႏိုင္တဲ့ခင္ပြန္းေကာင္းျဖစ္လာႏိုင္ေၾကာင္း ေရးသား ေဖာ္ျပလိုက္ ရပါတယ္။

Credit : Yangon Life
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
၁။ အိမ်ပြန်နောက်ကျမယ်ဆို ကြိုပြောပါ။

အိမ်မှာစောင့်နေရတဲ့ ဇနီးမယား အနေနဲ့က လာနိုး လာနိုးစောင့်နေရတာ ထက် ကြိုသိထားတာက ပိုကောင်းတယ်ဆိုတာ အားလုံးနားလည် ကြမှာပါ။ ဒါကြောင့် တစ်မိနစ်စာ ဖုန်းလေးတချက်နဲ့ ဇနီးမယားရဲ့ အချိန်နာရီတွေကို တန်ဖိုးထားလေးစားပေး လိုက်ပါ။
၂။ ချက်ပြုတ်တတ်ဖို့ သင်ယူပါ။

ရိုးရှင်းတဲ့ဟင်းချက်နည်း ၃၊၄ ခုကို သေချာလေ့ကျင့်ထားပြီး ရံဖန်ရံခါချက်ကျွေးရင်တော့ ဇနီးရဲ့ နွေးထွေးနှစ်လိုဖွယ်အပြုံးကို အမြဲရရှိနိုင်မှာပါ။ ဒီတော့ အားလပ်ရက်တွေမှာ မီးဖိုထဲမှာ ဇနီးကို ကူညီချက်ပြုတ်ပေးရင်း သင်ယူလိုက်ပါ။ ဖြစ်နိုင်ရင်တော့ တိတ်တိတ်ကလေးသင်ယူပေါ့။ဒါဆိုချစ်ဇနီးရဲ့ မွေးနေ့လိုမျိုးထူးခြားတဲ့နေ့ တွေမှာ Surprise အနေနဲ့ချက်ကျွေးလို့ရတယ်လေ။ အမြဲ စောစောထပြီး မနက်စာလုပ်နေကျ ဇနီးက သူမအိပ်ရာအနိုးမှာ မနက်စာအဆင်သင့်ဖြစ်နေတာမျိုးတွေ့ရရင် ဘယ်လောက် ဝမ်းသာပျော်ရွှင်မလဲ တွေးကြည့်လိုက်ပါ။ ဒီတော့ ချက်လိုက်ကြပါစို့ အမျိုးသားတို့ရေ။
၃။ မကြာခဏဖုန်းဆက်ပေးပါ။

ဇနီးတိုင်းက ခင်ပွန်းရဲ့ဖုန်းခေါ်သံကို မျှော်လင့်နေကြတာဟာ အမှန်ပါ။ အလုပ်မှာ ထမင်းစား ချိန်လေးဖုန်းတစ်ချက်လောက် ဆက်ပေးတာဟာ သူမကို ချစ်ကြောင်းပြ ရာရောက်တဲ့အပြင် သင်ကိုယ်တိုင်လည်း အလုပ်မှ စိတ်ဖိစီးမှုကို လျော့စေပါ တယ်။ သင့်ဇနီးကို သင်လည်းချစ်တာပဲ မဟုတ်လား။ ချစ်တဲ့သူနဲ့ ခဏလောက် စကားပြောဖို့ ဖုန်းတချက်ဆက်ကာ အချိန်ပေးလိုက်ပါ။ ဇနီးကိုတနေ့ နှစ်ကြိမ်ဖုန်းဆက်ခြင်းဟာ အိမ်ထောင်ရေးမှာ သိသိသာသာပျော်ရွှင်မှု တိုးစေတယ် လို့ ဆိုပါတယ်။
၄။ ဈေးဝယ်ထွက်ဖို့ ခေါ်ပါ။

ဇနီးလိုချင်တာဝယ်ဖို့ ပိုက်ဆံပေးလိုက်တာထက် တူတူဈေးဝယ်ထွက်ဖို့ မိမိက စတင်ပြီး ခေါ်တဲ့အခါ ဇနီးဟာ အရမ်းကို ပျော်ရွှင်သွားပါလိမ့်မယ်။ စူပါမားကက် ထဲရောက်ရင်လည်း ပိုက်ဆံအိတ်ကိုပေးထားခဲ့ပြီး မိမိကြိုက်ရာ ဆိုင်တစ်ခုခု မှာထိုင်နေတာ ၊ တခြားပစ္စည်းတွေ လိုက်ကြည့်နေတာတွေ မလုပ်ပဲ ဇနီးနဲ့အတူ အဝတ်အစားလေးတွေ ရွေးပါ၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ ကလေးအသုံး အဆောင်တွေတူတူရွေးချယ်ပါ။ဇနီးကိုမိမိဝတ်စေချင်တာတွေ ရွေးပေးရတာ သဘောကျစရာပဲ မဟုတ်ပါလား။ သင်တောင် မသိလိုက်ပဲ သင်ကိုယ်တိုင် လည်းပျော်ရွှင်သွားပြီး အများကြီး သင်ယူမိသွားပါလိမ့်မယ်။
၅။ TV ကိုချည်းပဲ ကြည့်နေခြင်းကိုရှောင်ပါ။

သင် ဘယ်လောက်ပဲပင်ပန်းလာပါစေ ဇနီးမယားရဲ့ တစ်နေ့တာ အကြောင်းကို မေးမြန်းပြီးမိမိရဲ့တစ်နေ့တာအကြောင်းကိုလည်း ပြောပြ သင့်ပါတယ်။ ဒီလို စကားစမြည်သာ မပြောဖြစ်ကြရင် ပြောဆို ဆက်သွယ်မှုဆိုတာ ဘယ်မှာရှိလာတော့မှာလဲ။ ဒီတော့ စကားစမြည်ပြော ရင်း ညနေစာစားပြီးမှ TV ကြည့်သင့်ပါတယ်။
၆။ လူရှေ့သူရှေ့ ချီးကျူးစကားဆိုပါ။

မိတ်ဆွေတွေကြားမှာ ဇနီးကို ချီးကျူးစကားပြောလိုက်တာဟာ သူမကို ရှက်ပြုံးလေးပြုံးမိစေကာ တစ်နေ့တာလုံး အားအင်ပြည့်ဝစေတဲ့အပြင် ချီးကျူးဖွယ်ဇနီးကိုပိုင်ဆိုင်ရတဲ့သင့်ကိုလည်းအများက လေးစားအားကျစေမှာပါ။ ဒါပေမဲ့ လွန်လွန်ကျွံကျွံမြှောက်ပင့်တာမျိုးမဟုတ်ပဲ သူမရဲ့ လုပ်ဆောင်ချက်တစ်ခုခုကိုအမှန်တကယ်သဘောကျနှစ်သက် ကြောင်းပြောတာမျိုးပဲဖြစ်ဖို့ အထူးဂရုစိုက်သင့်ပါတယ်။
၇။ သားသမီးတွေအတွက် အချိန်ပေးပါ။

“သားသမီးတွေ ဘယ်သူ ဘယ်နှတန်းဆိုတာတောင် မမှတ်မိတော့ပါဘူး၊ နာမည်တွေတောင် မှားခေါ်မိလို့ မိန်းမကစိတ်ဆိုးတယ်” လို့ ရယ်မောပြီး ပြောဆိုနေတဲ့ဖခင်တွေ(တနည်းအားဖြင့်ခင်ပွန်းတွေ) ကို တွေ့ဖူးပါတယ်။ကလေးတွေကို ကျောင်းအကြိုအပို့လုပ်ပေး၊ နေ့လယ်စာထမင်းဘူးထည့်ပေးတာတွေကို လုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ဇနီးကိုလည်း ကူညီရာရောက်ပြီး သားသမီးတွေကိုလည်း ချစ်ကြောင်းပြရာရောက်ပါတယ်။
၈။ ဇနီးနဲ့ တူတူရှိနေချိန်တွေ များများဖန်တီးပါ။

ဝါသနာပါရာသင်တန်းတစ်ခုခုအတူတက်တာမျိုး(ဥပမာ- ရေကူးသင်တန်း၊ ယောဂသင်တန်း) ၊ မနက်ပိုင်းအတူတူ လမ်းလျှောက်ထွက်တာမျိုးဟာ စိတ်ပေါ့ပါးစေသလို ပျော်ရွှင်မှုတိုးစေပါတယ်။ဇနီးမယားနဲ့ နှစ်ယောက်တည်းသီးသန့် ရှိနေဖို့ တစ်နေ့မှာ အချိန် တစ်နာရီလောက် ရအောင် ဖန်တီးနိုင်ရင် အိမ်ထောင်ရေး ပိုမိုသာယာလာနိုင်ပါတယ်။
၉။ ဇနီးကို အမေတစ်ယောက်လို ထင်မြင်ပြုမူခြင်းကို ရှောင်ပါ။

အိမ်ထောင်ကျခါစ သားသမီးမရှိတဲ့အချိန်မှာ ခင်ပွန်းသည်ဟာ ဇနီးမယားကို အလိုလိုက်ဂရုစိုက်တတ်ပေမဲ့ သားသမီးတွေရဲ့ မိခင်ဖြစ်လာတဲ့အခါ ဇနီး အပေါ်မှာ အမြင်ပြောင်းသွားလေ့ရှိပါတယ်။ ဒါဟာ အချစ်ပေါ့သွားခြင်းလည်း မဟုတ်သလို ရိုးအီသွားခြင်းလည်း မဟုတ်ပါဘူး။

ခင်ပွန်းအပေါ်မှာ ကလေးဆန်စွာ ဆိုးနွဲ့တတ်တဲ့ ဇနီးက သားသမီးတွေ အပေါ်မှာ မိခင်ပီသစွာ အနွံတာခံဖြည့်ဆည်းပေးတဲ့အခါ ခင်ပွန်းသည်က ဆိုးနွဲ့ တတ်တဲ့ ချစ်စရာဇနီးအဖြစ် မမြင်တော့ပဲ အနွံတာခံတတ်တဲ့ မိခင်အဖြစ်ပဲ မြင် သွားပြီးမိမိကိုလည်းသားသမီးတွေနဲ့အတူတူအလိုလိုက်ဖို့မသိစိတ်က တောင်းဆိုနေမိပါတော့တယ်။ ဒါဟာ ဇနီးအတွက် တရားမျှတပါရဲ့လား။ မိဘဆိုတာ သားသမီးတွေရဲ့ မှီခိုရာဖြစ်ပြီး ခင်ပွန်းဆိုတာ ဇနီးရဲ့မှီခိုရာပဲဆိုတာ အမြဲ သတိ ထားသင့်ပါတယ်။ အိမ်တာဝန်တွေ၊ သားသမီးတာဝန်တွေနဲ့ ပင်ပန်းနေရှာတဲ့ ဇနီးအတွက် နားခိုရာ ခင်ပွန်းအဖြစ် ကြင်နာသနားတတ်တဲ့ နှလုံးသားရှိသင့် ပါတယ်။
၁၀။ လက်ဆောင်လေးတွေ မကြာခဏဝယ်ပေးခြင်း
တစ်ပတ် တစ်ခါလောက်ဖြစ် ဖြစ် ပန်းကလေး တစ်ပွင့် ဝယ်ပေးဖို့ ဟာ မခက်ခဲတာ အမှန်ပါပဲ။ ကိုယ့်ဘာသာ ဘယ်အချိန်ဖြစ်ဖြစ် ဝယ်လို့ရနိုင်တဲ့ ပစ္စည်းလေးတွေဖြစ်ပေမဲ့ ခင်ပွန်းသည်က အမှတ်တရပေးတဲ့ အခါအရမ်းကို ပျော်ရွှင်ကျေနပ်ကြပြီး ခင်ပွန်းအပေါ် ပိုမို ချစ်မြတ်နိုး လာစေပါတယ်။ ဒီတော့ သွားရင်းလာရင်း ချစ်ဇနီးနဲ့ လိုက်ဖက် တာလေးတွေ့ရင် ပန်း၊ လက်ကိုင်အိတ်၊ ကလစ်၊ နှုတ်ခမ်းနီ၊ ဖိနပ်၊ အကျီၤစတာတွေကို အမှတ်တရဝယ်ပေးသင့်ပါတယ်။

အထက်ပါ အချက်တွေကို ရံဖန်ရံခါ လိုက်နာလုပ်ဆောင်ခြင်းအားဖြင့်
ဇနီးသည်ဟာမိမိရဲ့ဘဝမှာဘယ်လောက်အရေးပါကြောင်းဖော်ပြပြီးသားဖြစ်စေသလို မိမိကိုယ်တိုင်လည်း သာယာတဲ့အိမ်ထောင်ရေး၊ ကြင်နာတတ်တဲ့ ဇနီးနဲ့ ချစ်စဖွယ်သားသမီးလေးတွေ ပါဝင်တဲ့ စံပြ မိသားစုကိုဦးဆောင်နိုင်တဲ့ခင်ပွန်းကောင်းဖြစ်လာနိုင်ကြောင်း ရေးသား ဖော်ပြလိုက် ရပါတယ်။

Credit : Yangon Life

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top