ကေလးကို မစေနာက္ပါနဲ႔…လူတိုင္း လူတိုင္း ဖတ္သင့္္ပါတယ္
ကေလးကို စေနာက္တယ္ဆိုတာ လူႀကီးေတြက ကေလးရဲ႕ရိုးသားျခင္းကို အသံုးျပဳလို႔ ကေလးေၾကာက္ေအာင္၊ အမွားလုပ္ေအာင္၊ ငိုယိုေအာင္ တမင္လုပ္တာျဖစ္တယ္။ အဲဒီလိုျပဳလုပ္တဲ့ ရည္ရြယ္ခ်က္က လူႀကီးကိုေပ်ာ္ရႊင္ေစေပမယ့္ ကေလးေတြအတြက္ ရွက္ေၾကာက္ျခင္း၊ ေၾကာင့္ၾကျခင္း၊ စိတ္က်ျခင္းေတြကို ျဖစ္ေစပါတယ္။
ကစ္ကစ္ မူႀကိဳတက္စအခ်ိန္က ကၽြန္မအလုပ္မ်ားတဲ့အခ်ိန္ျဖစ္ခဲ့တယ္။ ဒါေၾကာင့္ ေက်ာင္းပို႔၊ ေက်ာင္းႀကဳိတဲ့ကိစၥကို ကစ္ကစ္ေဖေဖက တာဝန္ယူခဲ့တယ္။ ကစ္ကစ္ေဖေဖအလုပ္လုပ္တဲ့ေနရာက မူႀကိဳေက်ာင္းနဲ႔နီးတယ္။ ကစ္ကစ္မူႀကိဳေက်ာင္းဆင္းခ်ိန္မွာ သူ႔ေဖေဖရဲ႕ရံုးက မဆင္းေသးဘူး။ အဲဒါေၾကာင့္ ကစ္ကစ္ကို သူ႔ေဖေဖက မူႀကိဳမွာအရင္သြားႀကိဳၿပီး ရံုးမွာလာထားတယ္။ ၿပီးမွ အတူအိမ္ျပန္တယ္။
သူ႔ရံုးမွာ အသက္(၃ဝ)ဝန္းက်င္ေလာက္ရွိတဲ့ သူ႔လုပ္ေဖာ္ကိုင္ဖက္ သံုး၊ ေလးေယာက္ရွိတယ္။ အားလံုးက ခ်စ္ခ်စ္ခင္ခင္နဲ႔ ေပ်ာ္ေပ်ာ္ေနတတ္သူေတြျဖစ္တယ္။ သူတို႔ထဲကႏွစ္ေယာက္က ကစ္ကစ္နဲ႔စကားေျပာရတာကုိ အရမ္းႀကိဳက္တယ္။ ဒါေပမယ့္ သူတို႔က ကေလးကို ရိုးရိုးတန္းတန္း စကားေျပာတာမ်ဳိးမဟုတ္ဘဲ တိရစာၦန္ေလးတစ္ေကာင္ကို ေဆာ့ကစားသလိုမ်ဳိး ဆက္ဆံတယ္။
ဥပမာ- အရမ္းေၾကာက္စရာေကာင္းတဲ့ရုပ္မ်ဳိးလုပ္ၿပီး ကေလးကိုေျပးေပြ႔ေတာ့မယ္ပံုမ်ဳိးလုပ္တယ္။ ကေလးကလန္႔ၿပီး ေျပးပုန္းေတာ့ သူတို႔က တဟားဟားနဲ႔ ရယ္ေမာၾကတယ္။ ဒါမွမဟုတ္ သူတို႔ကို “ဘိုးဘိုး”လို႔ ကစ္ကစ္ကိုအေခၚခိုင္းတယ္။ ကစ္ကစ္က ဘာမွနားမလည္ဘဲ သူတို႔ကို“ဘိုးဘိုး”လို႔ေခၚေတာ့ တဝါးဝါးနဲ႔ေအာ္ရယ္ၾကတယ္။ အဲဒီလိုအခ်ိန္မ်ဳိးမွာ ကစ္ကစ္က သူတို႔အားလံုးရဲ႕အျပဳအမူကိုၾကည့္ၿပီး တစ္ခုခုမွားေနၿပီလို႔ ခံစားမိမယ္၊ ဒါေပမယ့္ ဘယ္ေနရာမွားေနမွန္း သူ မသိသလို စိုးရိမ္ေၾကာင့္ၾကစိတ္ေတြျဖစ္ေနမယ္ဆိုတာကို ကၽြန္မခန္႔မွန္းမိတယ္။ ကစ္ကစ္ကို သူတို႔က “ဘိုးဘိုး”လို႔ ေနာက္တစ္ႀကိမ္ေခၚခိုင္းတယ္။
ကစ္ကစ္ကမေခၚေတာ့ သူတို႔ကစိတ္ဆိုးဟန္ျပတယ္။ ၿပီးေတာ့ ကစ္ကစ္ကို မယဥ္ေက်းဘူးလို႔ဆိုတယ္။ ကစ္ကစ္ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိေအာင္ သူတို႔စေနာက္တယ္။ ကစ္ကစ္ကို စေနာက္ၾကတာကို သူ႔ေဖေဖလည္း မႏွစ္သက္ပါဘူး။ ဒါေပမယ့္ လုပ္ေဖာ္ကိုင္ဖက္ကလည္းျဖစ္ျပန္၊ ဒါဟာ အေပ်ာ္သက္သက္လုပ္တယ္လို႔ထင္ၿပီး သူလည္း သူ႔လုပ္ေဖာ္ကိုင္ဖက္ေတြကို မတားျမစ္ႏိုင္ခဲ့ဘူး။
ဒီကိစၥကို စစခ်င္းမွာ ကၽြန္မ မသိခဲ့ဘူး။ ကစ္ကစ္ကလည္းငယ္ေသးေတာ့ ကၽြန္မကို သူခံခဲ့ရတာေတြ ေျပာမျပႏိုင္ခဲ့ဘူး။ ကာလအတန္ၾကာမွ ကစ္ကစ္ဟာ အျပင္လူေတြနဲ႔ေျပာဆိုဆက္ဆံတဲ့အခါ ကိုယ့္ကိုယ္ကိုယံုၾကည္မႈမဲ့တာ၊ စကားေျပာရာမွာ အရင္လို ပြင့္ပြင့္လင္းလင္းမရွိတာ၊စကားကို ေျပာခ်င္ေပမယ့္ ေရေရရာရာမေျပာႏိုင္တာ၊ မ်က္လံုးအၾကည့္ေတြက ခ်ီတံုခ်တံုျဖစ္ၿပီး ေရွာင္လဲြတာမ်ဳိးကို ကၽြန္မသတိထားလိုက္မိတယ္။ အထူးသျဖင့္ သူစိမ္းေတြနဲ႔စကားေျပာတဲ့အခါ ပိုသိသာပါတယ္။ ကစ္ကစ္အတြက္ ကၽြန္မအရမ္းစိုးရိမ္ခဲ့မိတယ္။ ဒါေပမယ့္ ဒါကိုဘယ္လိုေျဖရွင္းကုသေပးရမွန္း ကၽြန္မခ်က္ခ်င္းအေျဖရွာမရျဖစ္ခဲ့လို႔ ကေလးအေပၚ ကၽြန္မတို႔ရဲ႕သြန္သင္ဆံုးမမႈကို ကၽြန္မတို႔ျပန္ဆန္းစစ္ခဲ့ၾကတယ္။ ေန႔စဥ္ဘဝမွာ သူ႔ကို တျခားလူေတြနဲ႔ ပိုဆက္ဆံေျပာဆိုေစခဲ့တယ္။ သူ႔ရဲ႕ မိမိကိုယ္ကိုယ္ယံုၾကည္စိတ္ကို ျပဳစုပ်ဳိးေထာင္ေပးခဲ့တယ္။
တစ္ေန႔မွာ ေဖေဖနဲ႔အတူ ကစ္ကစ္အိမ္ျပန္လာတယ္။ ကစ္ကစ္ရဲ႕ပံုစံက ငိုထားပံုရလို႔ ဘာျဖစ္လာတာလဲလို႔ ကၽြန္မေမးေတာ့ “ေဖေဖ့ရံုးက ဦးေလးမိုးကေျပာတယ္။ ေဖေဖက သမီးကိုမယူေတာ့ဘူးတဲ့” ေျပာရင္း ကစ္ကစ္ငိုျပန္တယ္။ ကစ္ကစ္ရဲ႕ေဖေဖက သူရံုးမဆင္းခင္ အစည္းအေဝးတစ္ခုတက္ခဲ့ရတယ္။ အစည္းအေဝးက သတ္မွတ္ခ်ိန္ထက္ ေနာက္က်မွၿပီးခဲ့လို႔ ရံုးဆင္းခ်ိန္ေက်ာ္သြားခဲ့တယ္။ အဲဒီမွာ သူ႔လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္က ကစ္ကစ္ကို “သမီးရဲ႕ ေဖေဖနဲ႔ေမေမက သမီးကို မယူေတာ့ဘူး။
သမီးကို ဦးေမြးစားဖို႔အတြက္ေပးလိုက္ၿပီ။ ဦးမွာ သားတစ္ေယာက္ရွိတယ္၊ သမီးမရွိတာနဲ႔ အေတာ္ပဲ။ လာ… ဦးနဲ႔ အိမ္ျပန္လိုက္ခဲ့ပါ”လို႔ ေနာက္ၿပီးကစ္ကစ္လက္ကိုဆဲြေခၚသြားမယ့္ပံုစံနဲ႔ ေနာက္တယ္။ အဲဒီမွာ ကစ္ကစ္က ေၾကာက္လန္႔ၿပီး ေအာ္ငိုေတာ့တယ္။ ဒီအျဖစ္ကိုသိမွ သူတို႔ရံုးကလူေတြ ကစ္ကစ္ကို အၿမဲစေနာက္တတ္မွန္း ကၽြန္မသိရေတာ့တယ္။
သိသိခ်င္း ကၽြန္မအရမ္းစိတ္တိုမိတယ္။ ေယာက္်ားျဖစ္သူကိုလည္း ကေလးကို မေစာင့္ေရွာက္၊ မကာကြယ္တတ္သူဆိုၿပီး အျပစ္ေျပာမိတယ္။ စိတ္တိုတိုနဲ႔ ကေလးကိုအႀကိဳအပို႔ကိစၥဆက္မလုပ္ဖုိ႔ ေျပာမိတယ္။ ေယာက္်ားျဖစ္သူကလည္း သူ႔လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ ျပဳမူပံုကို မႏွစ္သက္ခဲ့ဘူး။ ဒါေပမယ့္ ဒီလိုစေနာက္တာေတြကကစ္ကစ္ကိုဘာမွအက်ဳိးသက္ေရာက္ေစမွာမဟုတ္ဘူးလို႔ ထင္ခဲ့လို႔ ဒီကိစၥကို ေပါ့ေပါ့တန္တန္ထားခဲ့တာျဖစ္တယ္။ ေနာက္ပိုင္းမွာ ဒီကိစၥနဲ႔ပတ္သက္ၿပီး သူနဲ႔ ကၽြန္မအႀကိမ္ႀကိမ္ေဆြးေႏြးခဲ့သလို ကေလးရဲ႕စိတ္ဓာတ္ေရးရာကို သူနဲ႔အတူ စိတ္ျဖာေလ့လာခဲ့တယ္။
အက်ဳိးမသက္ေရာက္ႏိုင္ဘူးလို႔ သူထင္ထားတာေတြဟာ တကယ့္လက္ေတြ႔မွာျဖစ္လာတာကို သူေတြ႔လိုက္ရတယ္။ ကစ္ကစ္ဟာ မၾကာခဏ အိပ္ေနရာကေန ငိုရင္း လန္႔ႏိုးလာတတ္တယ္။ ဘာအိပ္မက္မ်ားမက္လို႔ ငိုရတာလဲလို႔ ကစ္ကစ္ကို ကၽြန္မတို႔ေမးေတာ့ ကစ္ကစ္က အိပ္မက္ထဲမွာ ေဖေဖဟာ သူ႔ကိုေက်ာင္းမွာလာႀကိဳၿပီး သူ႔ကိုမေခၚဘဲ တစ္ေယာက္တည္းထားၿပီး ထြက္သြားေၾကာင္းေျပာတယ္။ လူႀကီးရဲ႕ အမွတ္တမဲ့ေနာက္ေျပာင္မႈတစ္ခုက ကေလးငယ္ကို ဘယ္ေလာက္ထိ နက္နဲေၾကာက္ရြံ႔ထိတ္လန္႔ေစခဲ့ၿပီလဲ။
ေပ်ာ္ရႊင္ခ်င္လို႔ အမွတ္တမဲ့ေနာက္ေျပာင္တဲ့ အျပဳအမူတစ္ခုက ကစ္ကစ္ကို ဘယ္ေလာက္ထိ အက်ဳိးသက္ေရာက္ေစခဲ့ေၾကာင္းကို ေတြ႔ျမင္ၿပီးတဲ့ေနာက္ ကစ္ကစ္ရဲ႕ေဖေဖ အရမ္းေနာင္တရခဲ့တယ္။ ေနာက္ပိုင္းမွာ ကၽြန္မကပဲ ကစ္ကစ္ကို ႀကိဳပို႔လုပ္ခဲ့ေတာ့တယ္။ ေယာက္်ားျဖစ္သူကို မႀကိဳမပို႔ေစေတာ့တာကလည္း အဲဒီသူ႔လုပ္ေဖာ္ကိုင္ဖက္ႏွစ္ေယာက္ကို ကစ္ကစ္နဲ႔ ေပးမဆံု၊ ေပးမေတြ႔ခ်င္ေတာ့လုိ႔ျဖစ္တယ္။ ကစ္ကစ္ စိတ္မခ်မ္းမသာျဖစ္မွာ စိုးလို႔ျဖစ္တယ္။
ကစ္ကစ္ရဲ႕ေဖေဖကလည္း ဒီကိစၥကို အေလးအနက္ထားလာခဲ့တယ္။ တစ္ခါတေလ ကၽြန္မအလုပ္အရမ္းမ်ားလို႔ ကစ္ကစ္ကို သြားမႀကိဳႏိုင္တဲ့အခါ သူ႔ေဖေဖကသြားႀကိဳၿပီး ရံုးမွာခဏထားတယ္။ ဒါေပမယ့္ ကစ္ကစ္ကို သူ႔လုပ္ေဖာ္ကိုင္ဖက္ေတြ စေနာက္တာကို လံုးဝခြင့္မျပဳခဲ့ေတာ့ဘူး။ ကၽြန္မလည္း ကၽြန္မေယာက္်ားနဲ႔ ႏွစ္ဦးသေဘာတူညီမႈတစ္ခု ယူခဲ့တယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြအေပၚ အမွားလုပ္မိခ်င္လုပ္မိပါေစ.. ကေလးအေပၚေတာ့ “အမွား”မလုပ္မိဖို႔ျဖစ္တယ္။ လူႀကီးေတြက ကေလးကို မလိုမုန္းထားလို႔ စေနာက္တာမဟုတ္မွန္းသိေပမယ့္ ဒီလိုစေနာက္တာကို အုပ္ထိန္းသူသေဘာမတူေတာ့ သူတို႔လည္း မစေနာက္ၾကေတာ့ဘူး။ ဒီေတာ့ “အမွား”လုပ္မိတဲ့အရာလည္း မရွိခဲ့ေတာ့ဘူး။
ကေလးေတြနဲ႔ “ကစား”တာနဲ႔ ကေလးေတြကို “ေနာက္ေျပာင္”တာက လံုးဝမတူတဲ့အရာႏွစ္ခုျဖစ္တယ္။ “ကစား”တာက ကေလးရဲ႕ေပ်ာ္ရႊင္မႈကို ဦးစားေပးတဲ့အရာျဖစ္တယ္။ ကေလးရဲ႕စိတ္ဝင္စားမႈ၊ ႏွစ္လိုမႈထဲ လူႀကီးရဲ႕စိတ္ကို နိမ့္ခ်ၿပီး ကေလးနားလည္ႏိုင္တဲ့၊ လက္ခံႏိုင္တဲ့နည္းနဲ႔ ကေလးေပ်ာ္ရႊင္ရယ္ေမာေအာင္ ျပဳလုပ္တာပဲျဖစ္တယ္။ အဲဒီလိုကစားရမွာ ကေလးစိတ္၊ ေပ်ာ္ရႊင္စိတ္၊ ရယ္ေမာစိတ္နဲ႔ အသိဉာဏ္ေတြပါဝင္ရပါတယ္။
တစ္ခါက မိခင္တစ္ဦးဟာ ေလွ်ာ္ၿပီးသားအိပ္ရာခင္းကို လွန္းၿပီးေနာက္ သူ႔ရဲ႕၂ႏွစ္သမီးေလးနဲ႔အတူ တူတူပုန္းတမ္းေဆာ့ကစားတာကို ကၽြန္မေတြ႔ခဲ့ရတယ္။ မိခင္ဟာ ကေလးငယ္နဲ႔ လွန္းထားတဲ့အိပ္ရာခင္းရဲ႕ တစ္ဖက္တစ္ခ်က္စီမွာ တစ္ေယာက္ကိုတစ္ေယာက္ကြယ္ၿပီး ရပ္လိုက္ၾကတယ္။ တူတူေရဝါးလို႔ ေအာ္လိုက္တာနဲ႔ ႏွစ္ေယာက္စလံုးက အိပ္ရာခင္းရဲ႕ဘယ္ဘက္ ဒါမွမဟုတ္ ညာဘက္ကေနေခါင္းျပဴၿပီး မ်က္ႏွာခ်င္းဆိုင္ၾကည့္ၾကတယ္။ ကေလးရဲ႕ရည္ရြယ္ခ်က္က ေခါင္းျပဴထြက္လိုက္တိုင္း ေမေမနဲ႔မ်က္ႏွာခ်င္းဆံုဖို႔ျဖစ္တယ္။ မိခင္ရဲ႕ရည္ရြယ္ခ်က္က ေခါင္းျပဴထြက္လိုက္တိုင္း ကေလးနဲ႔မ်က္ႏွာခ်င္း မဆံုမိဖို႔ျဖစ္တယ္။ အဲဒီလိုနဲ႔ မိခင္ျဖစ္သူက ဘယ္ဘက္ကေန ေခါင္းျပဴထြက္လိုက္တယ္။
ေနာက္တစ္ႀကိမ္မွာလည္း ဘယ္ဘက္ကေနပဲ ေခါင္းျပဴထြက္တယ္။ ကေလးက ဒီတစ္ႀကိမ္မွာ ေမေမဘယ္ဘက္ကေန ေခါင္းျပဴထြက္ရင္ ေနာက္တစ္ႀကိမ္မွာ ညာဘက္ကေန ေခါင္းျပဴထြက္လိမ့္မယ္လို႔ စဥ္းစားခ်င့္ခ်ိန္ၿပီး ညာဘက္ကုိေျပးၾကည့္တယ္။ ဒါေပမယ့္ ေမေမကို မေတြ႔လိုက္ရဘူး။ အဲဒီလို အႀကိမ္ႀကိမ္လုပ္ရင္း ေနာက္ဆံုးမွာ ေမေမနဲ႔မ်က္ႏွာခ်င္းဆံုလိုက္ရခ်ိန္ ကေလးက အရမ္းေပ်ာ္သြားၿပီး ေအာ္ရယ္ေတာ့တယ္။
ေမေမက ပထမတစ္ႀကိမ္မွာဘယ္ဘက္ကေန ေခါင္းျပဴထြက္တယ္။ ေနာက္တစ္ႀကိမ္မွာလဲ ဘယ္ဘက္ကေန ေခါင္းျပဴထြက္တာကို ကေလးကလည္း ခန္႔မွန္းတတ္သြားတယ္၊ စဥ္းစားခ်င့္ခ်ိန္တတ္သြားတယ္။ ဒါေၾကာင့္ သူလည္း ေမေမနဲ႔မ်က္ႏွာခ်င္းဆံုႏိုင္ဖို႔ဘယ္ဘက္ကေနပဲ ေခါင္းျပဴထြက္ခဲ့တယ္ ေမေမနဲ႔မ်က္ႏွာခ်င္းဆံုမိေတာ့ ကိုယ့္ရဲ႕ေအာင္ျမင္မႈအတြက္ သူေပ်ာ္ရႊင္မိေတာ့တယ္။
ကေလးကုိေနာက္ေျပာင္တယ္ဆိုတာ လူႀကီးေတြက ကေလးရဲ႕မသိတတ္ျခင္းကိုအသံုးျပဳၿပီး ကေလးအမွားလုပ္ေအာင္၊ ငိုယိုေအာင္၊ ေၾကာက္ရြံ႕ေအာင္ တမင္လုပ္တာပဲျဖစ္တယ္။ ဒီလိုရည္ရြယ္ခ်က္က လူႀကီးေပ်ာ္ရႊင္ၿပီး ကေလးက အရွက္ရ၊ စိုးရိမ္ေၾကာင့္က်မႈရနဲ႔ စိတ္ပ်က္အားေလ်ာ့မႈရတာမ်ဳိး ျဖစ္ေစပါတယ္။
လူႀကီးတစ္ေယာက္ေယာက္ရဲ႕လက္ထဲမွာ ကေလးကိုေပးမယ့္ ပစၥည္းတစ္ခုခုကိုင္ထားတယ္ ဆိုပါစို႔။ ဒါေပမယ့္ လူႀကီးက ကေလးကို စိတ္လိုလက္ရမေပးဘဲကေလးဆီကေနသတ္မွတ္ခ်က္ေတြယူေနခဲ့ေသးတယ္။ ကေလးကို ႏွစ္လိုတဲ့စကားေတြ ေျပာခိုင္းတယ္။ တကယ္လို႔ ကေလးကမေျပာရင္ ေပးမယ့္ပစၥည္းကို ျပန္ယူသြားမယ့္ပံုစံမ်ဳိးလုပ္တယ္။ ကေလးေျပာမွ စိတ္ေက်ေက်နပ္နပ္နဲ႔ ေပးလိုက္တယ္။
တခ်ဳိ႕လူႀကီးေတြက ကေလးကိုေျခာက္လွန္႔ၿပီး ေပ်ာ္ရႊင္မႈကိုယူတယ္။ ကေလးက ေယာက္်ားေလးျဖစ္ရင္ကေလးငယ္ရဲ႕အဂၤါကို ျဖတ္ထုတ္လိုက္မယ့္ပံုစံမ်ဳိးလုပ္ၿပီး ေျခာက္လွန္႔တယ္။ တကယ္လို႔ မိန္းကေလးျဖစ္ရင္ သူႏွစ္သက္တဲ့ ကစားစရာအရုပ္ကို ယူသြားမယ့္ပံုစံမ်ဳိးနဲ႔ စေနာက္တယ္။ အရုပ္ကိုဖြက္ထားၿပီး ပစ္ထုတ္လိုက္ၿပီ ဒါမွမဟုတ္ တျခားလူကို ေပးပစ္လိုက္ၿပီဆိုတာမ်ဳိးနဲ႔ ေနာက္တယ္။ ကေလးက စိတ္လႈပ္ရွားပူပန္ၿပီးငိုမွ အရုပ္ကိုထုတ္ေပးေတာ့တယ္။ လူႀကီးေတြက ဒါကို ေပ်ာ္စရာလိုမွတ္တယ္။ ကေလးေတြက ခဏေလာက္ပဲစိုးရိမ္ပူပန္တာ၊ ငိုတစ္ခ်က္၊ ရယ္တစ္ခ်က္နဲ႔ ၿပီးသြားတာပဲလို႔ ထင္မွတ္ၾကတယ္။
တကယ္ေတာ့ ဒီလိုအျပဳအမူေတြက ကေလးရဲ႕စိတ္ဓာတ္ေရးရာကို ထိခိုက္နာက်င္ေစႏိုင္ပါတယ္။ ဒီလိုျပဳမူပံုေတြက ကေလးေတြအတြက္ ဘာေပ်ာ္ရႊင္စရာ၊ စိတ္ဝင္စားစရာမွ မေကာင္းတဲ့အျပင္ ကေလးေတြကို လံုၿခံဳစိတ္ကင္းမဲ့ေအာင္၊ မေလးစားရာေရာက္ေအာင္ ခံစားေစပါတယ္။ ကေလးငယ္ရဲ႕ မိမိကိုယ္ကိုယ္ေလးစားစိတ္ကို ထိခိုက္ေစၿပီး လူေတြနဲ႔ေပါင္းသင္းဆက္ဆံတဲ့အခါ အေၾကာက္တရားကို ပိုတိုးေအာင္၊ တျခားလူအေပၚ မယံုၾကည္ရဲေအာင္ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ဒီလိုကိစၥမ်ဳိးနဲ႔ ႀကံဳႀကိဳက္လာတဲ့အခါ အုပ္ထိန္းသူက ယဥ္ယဥ္ေက်းေက်းနဲ႔ တားျမစ္ရပါတယ္။ ဒါဟာ ကိစၥအေသးအမႊားမဟုတ္ပါဘူး။ ကေလးငယ္ကို ျပဳစုပ်ဳိးေထာင္ရာမွာ ကိစၥအေသးအမႊားဆိုတာ မရွိပါဘူး။ လူႀကီးေတြရဲ႕အၾကည့္ထဲက ကိစၥအေသးအမႊားဟာ ကေလးငယ္အေနနဲ႔ေျပာရရင္ ကိစၥႀကီးႀကီးမားမားျဖစ္ေနလို႔ပါပဲ။
ကၽြန္မတို႔ႏိုင္ငံက နာမည္ရမ်က္ေမွာက္ပညာေရးပါရဂူ မစၥတာ Chen က ကေလးငယ္ေတြကို ဒီလိုစေနာက္၊ ေနာက္ေျပာင္တဲ့အျပဳအမူကို လံုးဝဆန္႔က်င္ကန္႔ကြက္ပါတယ္။ ကေလးငယ္ေတြနဲ႔ ေဆာ့ကစားရင္လည္း ကိုယ္က်င့္တရားပညာေပးကို လက္ကိုင္ထားရမယ္လို႔ သူယူဆတယ္။ အၿမဲတမ္း စေနာက္ ေနာက္ေျပာင္ခံရတဲ့ ကေလးငယ္မွာ ကိုယ္က်င့္တရားခၽြတ္ယြင္းတာေတြ ျဖစ္ေစတတ္ပါတယ္။ ဥပမာ- လူႀကီးက ကေလးကို လိမ္ညာတဲ့နည္းနဲ႔ စေနာက္မယ္၊ ကေလးငယ္ စိတ္လႈပ္ရွား စိတ္ေသာကေရာက္တာကိုၾကည့္ၿပီး တဟားဟားရယ္မယ္ဆိုရင္ ကေလးငယ္ရဲ႕စိတ္မွာ တေျဖးေျဖးနဲ႔ သူတစ္ပါးကို မယံုၾကည္ေတာ့တဲ့စိတ္မ်ဳိး၊ လိမ္ညာတတ္တဲ့စိတ္မ်ဳိး ေမြးျမဴလာတတ္ပါတယ္။
ယေန႔ေခတ္ ၿမိဳ႕ျပလူေနမႈစနစ္မွာ အထက္ကေျပာသြားတဲ့ စေနာက္မႈမ်ဳိးနဲ႔ ကေလးေတြကို သိပ္စေနာက္ေတာ့မယ္ မထင္ပါဘူး။ ဒါေပမယ့္ ကေလးေတြရဲ႕ ဆင္ျခင္ေတြးေခၚမႈကို စေနာက္တဲ့နည္းကိုေတာ့ အမ်ားအျပားေတြ႔ျမင္ေနရဆဲျဖစ္တယ္။ ကေလးငယ္ေတြဟာ ေနရာေတာ္ေတာ္မ်ားမ်ားမွာ အစေနာက္ခံေနရဆဲျဖစ္တယ္။ ဒီလိုစေနာက္တဲ့အျပဳအမူေတြက အေပၚယံကၾကည့္ရင္ ၾကမ္းတမ္းမႈမရွိဘူးဆိုေပမယ့္ အထက္ကေျပာသြားတဲ့ စေနာက္နည္းေတြနဲ႔ ရိုင္းစိုင္းတာခ်င္းက အတူတူပဲျဖစ္တယ္။ ကေလးအေပၚ မေလးစားတာ၊ ကေလးရဲ႕စိတ္ဓာတ္ကိုပ်က္ျပားေစျခင္းက အတူတူပဲျဖစ္တယ္။
၂ဝဝ၈ခုႏွစ္ ဇန္နဝါရီလ၂ရက္ေန႔ညက ပီကင္းတီဗီြလိုင္းကေန အစီအစဥ္တစ္ခုကို ကၽြန္မၾကည့္ခဲ့တယ္။ အစီအစဥ္မွာ ေဟေဘၿမိဳ႕ကလာတဲ့ ၅မႊာပူးကို ဖိတ္ေခၚထားပါတယ္။ ေယာက္်ားေလး ၄ေယာက္ မိန္းကေလးတစ္ေယာက္ပါတဲ့ ဒီ၅မႊာပူးေတြက အသက္(၄)ႏွစ္အရြယ္ က်န္းက်န္းမာမာကေလးေတြျဖစ္တယ္။ ၅ေယာက္သား စတူဒီယိုအခန္းထဲမွာ စုေဝးေနၾကတယ္။ ရန္ျဖစ္ျငင္းခုန္ေနတာမ်ဳိးလည္း မရွိဘူး။ မ်က္ႏွာေလးေတြက ၿပံဳးၿပံဳးရႊင္ရႊင္မို႔ ကၽြန္မကိုဆဲြေဆာင္ေနခဲ့ပါတယ္။ ကၽြန္မလည္း စိတ္ဝင္တစားထိုင္ၾကည့္ေနခဲ့မိတယ္။
အစီအစဥ္တင္ဆက္သူရဲ႕ ပထမဆံုးေမးခြန္းက “ကေလးတို႔ထဲမွာ ဘယ္သူအတိုင္အေတာအထူဆံုးလဲ”ဆိုတာျဖစ္တယ္။ ဒီလိုေမးခြန္းကိုၾကားေတာ့ ကေလးငါးေယာက္လံုး ေတြေဝသြားတယ္။ စစခ်င္းမွာ သူတို႔က တစ္ေယာက္ကိုတစ္ေယာက္ လက္ညိဳးေလွ်ာက္ထိုးၾကတယ္။ ေနာက္ေတာ့ တျခားတစ္ေယာက္ထိုးတဲ့ေနာက္လိုက္ၿပီး ထိုးၾကတယ္။ ေနာက္ဆံုးမွာ ကေလးတစ္ေယာက္အေပၚမွာပဲ လက္ညိဳးေတြစုၿပံဳေနေတာ့တယ္။ အဲဒီကေလးက အတိုင္အေတာအထူဆံုးျဖစ္သြားတယ္။ အတိုင္အေတာအထူဆံုးလို႔ လက္ညိဳးထိုးခံရတဲ့ကေလးက ေနမထိထိုင္မသာျဖစ္ေနတယ္။ ၿပီးေတာ့ ကိုယ့္ကိုယ္ကို မေကာင္းသူတစ္ေယာက္လို႔ခံစားရၿပီး အေနခက္ေနတယ္၊ ေၾကာက္ရြံ႔ေနတယ္။
အစီအစဥ္တင္ဆက္သူရဲ႕ ဒုတိယေမးခြန္းက “ဘယ္သူက တျခားလူကိုအရိုက္တတ္ဆံုးလဲ”ျဖစ္တယ္။ ကေလးေတြက တစ္ေယာက္ကိုတစ္ေယာက္ လက္ညိဳးေလွ်ာက္ထိုးၾကျပန္တယ္။ အခ်င္းခ်င္းေဖာ္ထုတ္ၾကတယ္။ ေနာက္ဆံုးမွာ လက္ညိဳးေတြက တစ္ေယာက္ေယာက္ေပၚမွာပဲ စုၿပံဳေနေတာ့တယ္။ အဲဒီ “အရုိက္တတ္ဆံုး” လို႔ လက္ညိဳးထိုးခံရတဲ့ ကေလးက ရွက္ရြံ႔ေၾကာက္လန္႔ေနေတာ့တယ္။
တတိယေမးခြန္းကို အစီအစဥ္တင္ဆက္သူက ဆက္ေမးျပန္တယ္။ ဒီတစ္ခါ ေမးတဲ့ေမးခြန္းက “ေဖေဖရိုက္တာကို ဘယ္သူအခံရဆံုးလဲ”ျဖစ္တယ္။ ကေလးေတြက ေတြေတြေဝေဝနဲ႔ လက္ညိဳးေတြေလွ်ာက္ထိုးၾကျပန္တယ္။ ေနာက္ဆံုး လက္ညိဳးအထိုးခံရတဲ့တစ္ေယာက္က ဘာလုပ္လို ဘာကိုင္ရမွန္းမသိျဖစ္သြားတယ္။ မ်က္ႏွာေပၚမွာလဲ ေျပာမျပတတ္တဲ့ ရွက္ရြံ႔မႈေတြေပၚေနခဲ့တယ္။
ကေလးငယ္ေတြရဲ႕အမူအရာေၾကာင့္ အစီအစဥ္တင္ဆက္သူေရာ ပရိသတ္ေတြပါ တဝါးဝါးပဲြက်ေနၾကတယ္။ မရယ္တဲ့သူေတြဆိုလို႔ ဒီကေလး ၅ေယာက္ပဲရွိတယ္။ သူတို႔ၾကားမွာရွိတဲ့ အခ်င္းခ်င္းခ်စ္ခင္မႈက အဆြခံလိုက္ရၿပီ။ လူေတြေရွ႕မွာ နာမည္ဆိုးတံဆိပ္ေတြ အကပ္ခံလိုက္ရၿပီ။ စင္ေပၚတက္စကလို သူတို႔ရဲ႕ပံုစံေတြက ေပါ့ပါးတက္ၾကြမေနၾကေတာ့ဘူး။ သူတို႔တေတြစိတ္လႈပ္ရွားေနၿပီး ဘာလုပ္လို႔ ဘာကိုင္ရမွန္း မသိျဖစ္ေနခဲ့ၾကတယ္။
ဆက္လက္ၿပီး အစီအစဥ္တင္ဆက္သူက လြယ္အိတ္လွလွေလးတစ္လံုးကို ယူလာၿပီး “ဒီလြယ္အိတ္က တစ္လံုးပဲရွိတယ္။ ဘယ္သူ႔ကို ေပးမလဲ”လို႔ ကေလးေတြကို ေမးၾကတယ္။ ကေလးေတြကို ဒီလြယ္အိတ္က ဆဲြေဆာင္ေနတယ္။ လြယ္အိတ္ကိုၾကည့္တဲ့ သူတို႔ရဲ႕အၾကည့္ထဲမွာ လိုခ်င္တပ္မက္မႈေတြပါေနတယ္။ ႏုႏုယ္တဲ့သူတို႔ရဲ႕ စိတ္ထဲမွာ ဒီလြယ္အိတ္ကို သူတို႔လိုခ်င္ေနၾကမွာပဲ။ ဒါေပမယ့္ အခုနားက နာမည္ဆိုးတံဆိပ္ေတြကပ္ခံရတဲ့ အေတြ႔အႀကံဳရွိေနေတာ့ ပိုေကာင္းေအာင္ သူတို႔ျပဳမူခ်င္ၾကတယ္။
စစခ်င္းမွာ တစ္ေယာက္ေယာက္ကိုေပးဖို႔ သူတို႔ေျပာၾကတယ္။ ဘယ္သူကမွ ကၽြန္ေတာ္ကၽြန္မကိုေပးပါလို႔ မေျပာရဲၾကဘူး။ ေနာက္ဆံုးမွာ အႀကီးမကိုေပးဖို႔ ဆံုးျဖတ္လိုက္ၾကတယ္။ အႀကီးမက လြယ္အိတ္ရေတာ့ ဝမ္းသာတယ္။ က်န္တဲ့ေလးေယာက္ရဲ႕ ေမွ်ာ္လင့္ခ်က္မဲ့သြားတဲ့ပံုစံက သိသာျမင္သာေနတယ္။ ဒါကို အႀကီးမက ခ်က္ခ်င္းေနမသိထိုင္မသာျဖစ္ၿပီး အံႀကိတ္ရင္း အငယ္ဆံုးေမာင္ေလးကို လြယ္အိတ္ကမ္းေပးလိုက္တယ္။ ဒါကေတာ့ ဘယ္သူမွ ထင္မွတ္မထားတဲ့အရာပါ။ အစီအစဥ္တင္ဆက္သူက သူ႔ကို ခ်ီးမြမ္းစကားေျပာခ်ိန္ ကေလးမ ခ်က္ခ်င္းငိုပါတယ္။ တကယ္ရႈိက္ႀကီးတငင္ကို ငိုရွာပါတယ္။ တင္ဆက္သူက ဘာလို႔ငိုတာလဲလို႔ တအံ့တၾသေမးတာကိုေတာင္ သူျပန္မေျဖႏိုင္ေလာက္ေအာင္ ငိုေနခဲ့ပါတယ္။
အဲဒီအခ်ိန္မွာ သြက္သြက္လက္လက္ရွိတဲ့ တတိယေမာင္ေလးက “မႀကီးက ညီငယ္ကိုအေကာင္းဆံုးထင္လို႔ ငိုတာပါ”လို႔ ဝင္ေျပာတယ္။ သူရဲ႕ “ရွင္းျပခ်က္”က ပရိသတ္ကို တဝါးဝါးပဲြက်ေစခဲ့တယ္။
အဲဒီလိုနဲ႔ အစီအစဥ္က ကေလးေတြကို ငိုေအာင္လည္းလုပ္ခဲ့သလို မဟုတ္မမွန္စကားေတြလည္း ဆုိေစခဲ့ပါတယ္။ ကေလးေတြရဲ႕စိတ္ကိုလည္း ေခ်ာက္ခ်ားေအာင္၊ ရႈပ္ေထြးေအာင္ လုပ္ခဲ့ၿပီးမွ အစီအစဥ္တင္ဆက္သူက ေနာက္ထပ္လြယ္အိတ္ ၄လံုးကို ယူလာၿပီး တစ္ေယာက္တစ္အိတ္ေဝေပးပါတယ္။ အဲဒီအခ်ိန္က်မွ ကေလးေတြ ရယ္ႏိုင္ပါေတာ့တယ္။
ဒီအစီအစဥ္ရဲ႕ ရည္ရြယ္ခ်က္က ဘာလဲ။ သူတို႔တင္ဆက္တဲ့ ေမးခြန္းေတြနဲ႔ တင္ျပမႈေတြရဲ႕ ရည္ရြယ္ခ်က္ကဘာလဲ။ တကယ္ကို မစဥ္းစားတတ္ခဲ့ပါဘူး။ ကၽြန္မဆက္ၾကည့္လို႔ မရေတာ့တာနဲ႔ တီဗီြကိုပိတ္ၿပီး ထထြက္ခဲ့တယ္။ ဒီလိုမွမလုပ္ရင္ ကၽြန္မလည္း စိတ္မခ်မ္းမသာျဖစ္ၿပီး ငိုမိေတာ့မယ္။
ဒီစာကိုေရးေနရင္း တရုတ္ျပည္ရဲ႕ ပညာေရးပါရဂူ၊ ေတြးေခၚပညာရွင္၊ စာေရးဆရာတစ္ဦးျဖစ္တဲ့ Tao Xingzhi ရဲ႕ ကဗ်ာတစ္ပုဒ္ကို ကၽြန္မသြားသတိရမိတယ္။ ဒီကဗ်ာေလးက အဓိပၸာယ္ရွိလြန္းလွတယ္။ ကေလးေတြကို ျပဳစုပ်ဳိးေထာင္ၾကတဲ့လူႀကီးေတြ ဒီကဗ်ာကို ေသေသခ်ာခ်ာမွတ္သားထားသင့္ပါတယ္။
ကေလး ကေလး ငယ္တယ္လို႔ လူတိုင္းေျပာၾကတယ္… ကေလးက လူသာငယ္ေပမယ့္ စိတ္မငယ္ပါဘူး
ကေလးကို ငယ္တယ္လို႔ သင္ထင္ရင္ သင္က ကေလးထက္ငယ္တဲ့သူျဖစ္တယ္။
အထူးဂရုျပဳရမည့္အခ်က္
လူႀကီးေတြက ကေလးေတြကို စေနာက္ရတာ ေပ်ာ္စရာေကာင္းတယ္လို႔ထင္ၾကတယ္။ ကေလး စိတ္မၿငိမ္မသက္ျဖစ္ေအာင္ စေနာက္တာေလးပဲ၊ ငိုခဏ ရယ္ခဏနဲ႔ ၿပီးသြားတာပဲလို႔ ထင္ၾကတယ္။ တကယ္ေတာ့ ဒီအျပဳအမူေတြက ကေလးကို စိတ္ဒဏ္ရာရေစပါတယ္။ ဒီလိုအျပဳအမူေတြက ကေလးေတြအတြက္ ဘာေပ်ာ္ရႊင္စရာ၊ စိတ္ဝင္စားစရာမွ မေကာင္းတဲ့အျပင္ ကေလးေတြကို လံုၿခံဳစိတ္ကင္းမဲ့ေအာင္၊ မေလးစားရာေရာက္ေအာင္ ခံစားေစပါတယ္။ ခံစားေစပါတယ္။
ကေလးငယ္ရဲ႕ မိမိကိုယ္ကိုယ္ေလးစားစိတ္ကို ထိခိုက္ေစၿပီး လူေတြနဲ႔ေပါင္းသင္းဆက္ဆံတဲ့အခါ အေၾကာက္တရားကို ပိုတိုးေအာင္၊ တျခားလူအေပၚ မယံုၾကည္ရဲေအာင္ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ဒီလိုကိစၥမ်ဳိးနဲ႔ ႀကံဳႀကိဳက္လာတဲ့အခါ အုပ္ထိန္းသူက ယဥ္ယဥ္ေက်းေက်းနဲ႔ တားျမစ္ရပါတယ္။ ဒါဟာ ကိစၥအေသးအမႊားမဟုတ္ပါဘူး။ ကေလးငယ္ကို ျပဳစုပ်ဳိးေထာင္ရာမွာ ကိစၥအေသးအမႊားဆိုတာ မရွိပါဘူး။ လူႀကီးေတြရဲ႕အၾကည့္ထဲက ကိစၥအေသးအမႊားဟာ ကေလးငယ္အေနနဲ႔ေျပာရရင္ ကိစၥႀကီးႀကီးမားမားျဖစ္ေနလို႔ပါပဲ။ ကေလးငယ္ေတြနဲ႔ ေဆာ့ကစားရင္လည္း ကိုယ္က်င့္တရားပညာေပးကို လက္ကိုင္ထားရပါမယ္။ အၿမဲတမ္း စေနာက္ ေနာက္ေျပာင္ခံရတဲ့ ကေလးငယ္မွာ ကိုယ္က်င့္တရားခ်ိဳ႕ယြင္းတာေတြ ျဖစ္ေစတတ္ပါတယ္။
(တရုတ္စာေရးဆရာမ “Yin Jian Li” ရဲ႕ “မိခင္ေကာင္းကဆရာသမားေကာင္းထက္သာလြန္တယ္”ဆိုတဲ့စာအုပ္ကို ဆီေလွ်ာ္ေအာင္ ဘာသာျပန္ထားတာျဖစ္ပါတယ္။)
Credit:Apannpyay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ကလေးကို မစနောက်ပါနဲ့…လူတိုင်း လူတိုင်း ဖတ်သင့်ပါတယ်
ကလေးကို စနောက်တယ်ဆိုတာ လူကြီးတွေက ကလေးရဲ့ရိုးသားခြင်းကို အသုံးပြုလို့ ကလေးကြောက်အောင်၊ အမှားလုပ်အောင်၊ ငိုယိုအောင် တမင်လုပ်တာဖြစ်တယ်။ အဲဒီလိုပြုလုပ်တဲ့ ရည်ရွယ်ချက်က လူကြီးကိုပျော်ရွှင်စေပေမယ့် ကလေးတွေအတွက် ရှက်ကြောက်ခြင်း၊ ကြောင့်ကြခြင်း၊ စိတ်ကျခြင်းတွေကို ဖြစ်စေပါတယ်။
ကစ်ကစ် မူကြိုတက်စအချိန်က ကျွန်မအလုပ်များတဲ့အချိန်ဖြစ်ခဲ့တယ်။ ဒါကြောင့် ကျောင်းပို့၊ ကျောင်းကြိုတဲ့ကိစ္စကို ကစ်ကစ်ဖေဖေက တာဝန်ယူခဲ့တယ်။ ကစ်ကစ်ဖေဖေအလုပ်လုပ်တဲ့နေရာက မူကြိုကျောင်းနဲ့နီးတယ်။ ကစ်ကစ်မူကြိုကျောင်းဆင်းချိန်မှာ သူ့ဖေဖေရဲ့ရုံးက မဆင်းသေးဘူး။ အဲဒါကြောင့် ကစ်ကစ်ကို သူ့ဖေဖေက မူကြိုမှာအရင်သွားကြိုပြီး ရုံးမှာလာထားတယ်။ ပြီးမှ အတူအိမ်ပြန်တယ်။
သူ့ရုံးမှာ အသက်(၃ဝ)ဝန်းကျင်လောက်ရှိတဲ့ သူ့လုပ်ဖော်ကိုင်ဖက် သုံး၊ လေးယောက်ရှိတယ်။ အားလုံးက ချစ်ချစ်ခင်ခင်နဲ့ ပျော်ပျော်နေတတ်သူတွေဖြစ်တယ်။ သူတို့ထဲကနှစ်ယောက်က ကစ်ကစ်နဲ့စကားပြောရတာကို အရမ်းကြိုက်တယ်။ ဒါပေမယ့် သူတို့က ကလေးကို ရိုးရိုးတန်းတန်း စကားပြောတာမျိုးမဟုတ်ဘဲ တိရစ္ဆာန်လေးတစ်ကောင်ကို ဆော့ကစားသလိုမျိုး ဆက်ဆံတယ်။
ဥပမာ- အရမ်းကြောက်စရာကောင်းတဲ့ရုပ်မျိုးလုပ်ပြီး ကလေးကိုပြေးပွေ့တော့မယ်ပုံမျိုးလုပ်တယ်။ ကလေးကလန့်ပြီး ပြေးပုန်းတော့ သူတို့က တဟားဟားနဲ့ ရယ်မောကြတယ်။ ဒါမှမဟုတ် သူတို့ကို “ဘိုးဘိုး”လို့ ကစ်ကစ်ကိုအခေါ်ခိုင်းတယ်။ ကစ်ကစ်က ဘာမှနားမလည်ဘဲ သူတို့ကို“ဘိုးဘိုး”လို့ခေါ်တော့ တဝါးဝါးနဲ့အော်ရယ်ကြတယ်။ အဲဒီလိုအချိန်မျိုးမှာ ကစ်ကစ်က သူတို့အားလုံးရဲ့အပြုအမူကိုကြည့်ပြီး တစ်ခုခုမှားနေပြီလို့ ခံစားမိမယ်၊ ဒါပေမယ့် ဘယ်နေရာမှားနေမှန်း သူ မသိသလို စိုးရိမ်ကြောင့်ကြစိတ်တွေဖြစ်နေမယ်ဆိုတာကို ကျွန်မခန့်မှန်းမိတယ်။ ကစ်ကစ်ကို သူတို့က “ဘိုးဘိုး”လို့ နောက်တစ်ကြိမ်ခေါ်ခိုင်းတယ်။
ကစ်ကစ်ကမခေါ်တော့ သူတို့ကစိတ်ဆိုးဟန်ပြတယ်။ ပြီးတော့ ကစ်ကစ်ကို မယဉ်ကျေးဘူးလို့ဆိုတယ်။ ကစ်ကစ် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် သူတို့စနောက်တယ်။ ကစ်ကစ်ကို စနောက်ကြတာကို သူ့ဖေဖေလည်း မနှစ်သက်ပါဘူး။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက်ကလည်းဖြစ်ပြန်၊ ဒါဟာ အပျော်သက်သက်လုပ်တယ်လို့ထင်ပြီး သူလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေကို မတားမြစ်နိုင်ခဲ့ဘူး။
ဒီကိစ္စကို စစချင်းမှာ ကျွန်မ မသိခဲ့ဘူး။ ကစ်ကစ်ကလည်းငယ်သေးတော့ ကျွန်မကို သူခံခဲ့ရတာတွေ ပြောမပြနိုင်ခဲ့ဘူး။ ကာလအတန်ကြာမှ ကစ်ကစ်ဟာ အပြင်လူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါ ကိုယ့်ကိုယ်ကိုယုံကြည်မှုမဲ့တာ၊ စကားပြောရာမှာ အရင်လို ပွင့်ပွင့်လင်းလင်းမရှိတာ၊စကားကို ပြောချင်ပေမယ့် ရေရေရာရာမပြောနိုင်တာ၊ မျက်လုံးအကြည့်တွေက ချီတုံချတုံဖြစ်ပြီး ရှောင်လွဲတာမျိုးကို ကျွန်မသတိထားလိုက်မိတယ်။ အထူးသဖြင့် သူစိမ်းတွေနဲ့စကားပြောတဲ့အခါ ပိုသိသာပါတယ်။ ကစ်ကစ်အတွက် ကျွန်မအရမ်းစိုးရိမ်ခဲ့မိတယ်။ ဒါပေမယ့် ဒါကိုဘယ်လိုဖြေရှင်းကုသပေးရမှန်း ကျွန်မချက်ချင်းအဖြေရှာမရဖြစ်ခဲ့လို့ ကလေးအပေါ် ကျွန်မတို့ရဲ့သွန်သင်ဆုံးမမှုကို ကျွန်မတို့ပြန်ဆန်းစစ်ခဲ့ကြတယ်။ နေ့စဉ်ဘဝမှာ သူ့ကို တခြားလူတွေနဲ့ ပိုဆက်ဆံပြောဆိုစေခဲ့တယ်။ သူ့ရဲ့ မိမိကိုယ်ကိုယ်ယုံကြည်စိတ်ကို ပြုစုပျိုးထောင်ပေးခဲ့တယ်။
တစ်နေ့မှာ ဖေဖေနဲ့အတူ ကစ်ကစ်အိမ်ပြန်လာတယ်။ ကစ်ကစ်ရဲ့ပုံစံက ငိုထားပုံရလို့ ဘာဖြစ်လာတာလဲလို့ ကျွန်မမေးတော့ “ဖေဖေ့ရုံးက ဦးလေးမိုးကပြောတယ်။ ဖေဖေက သမီးကိုမယူတော့ဘူးတဲ့” ပြောရင်း ကစ်ကစ်ငိုပြန်တယ်။ ကစ်ကစ်ရဲ့ဖေဖေက သူရုံးမဆင်းခင် အစည်းအဝေးတစ်ခုတက်ခဲ့ရတယ်။ အစည်းအဝေးက သတ်မှတ်ချိန်ထက် နောက်ကျမှပြီးခဲ့လို့ ရုံးဆင်းချိန်ကျော်သွားခဲ့တယ်။ အဲဒီမှာ သူ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကစ်ကစ်ကို “သမီးရဲ့ ဖေဖေနဲ့မေမေက သမီးကို မယူတော့ဘူး။
သမီးကို ဦးမွေးစားဖို့အတွက်ပေးလိုက်ပြီ။ ဦးမှာ သားတစ်ယောက်ရှိတယ်၊ သမီးမရှိတာနဲ့ အတော်ပဲ။ လာ… ဦးနဲ့ အိမ်ပြန်လိုက်ခဲ့ပါ”လို့ နောက်ပြီးကစ်ကစ်လက်ကိုဆွဲခေါ်သွားမယ့်ပုံစံနဲ့ နောက်တယ်။ အဲဒီမှာ ကစ်ကစ်က ကြောက်လန့်ပြီး အော်ငိုတော့တယ်။ ဒီအဖြစ်ကိုသိမှ သူတို့ရုံးကလူတွေ ကစ်ကစ်ကို အမြဲစနောက်တတ်မှန်း ကျွန်မသိရတော့တယ်။
သိသိချင်း ကျွန်မအရမ်းစိတ်တိုမိတယ်။ ယောက်ျားဖြစ်သူကိုလည်း ကလေးကို မစောင့်ရှောက်၊ မကာကွယ်တတ်သူဆိုပြီး အပြစ်ပြောမိတယ်။ စိတ်တိုတိုနဲ့ ကလေးကိုအကြိုအပို့ကိစ္စဆက်မလုပ်ဖို့ ပြောမိတယ်။ ယောက်ျားဖြစ်သူကလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပြုမူပုံကို မနှစ်သက်ခဲ့ဘူး။ ဒါပေမယ့် ဒီလိုစနောက်တာတွေကကစ်ကစ်ကိုဘာမှအကျိုးသက်ရောက်စေမှာမဟုတ်ဘူးလို့ ထင်ခဲ့လို့ ဒီကိစ္စကို ပေါ့ပေါ့တန်တန်ထားခဲ့တာဖြစ်တယ်။ နောက်ပိုင်းမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး သူနဲ့ ကျွန်မအကြိမ်ကြိမ်ဆွေးနွေးခဲ့သလို ကလေးရဲ့စိတ်ဓာတ်ရေးရာကို သူနဲ့အတူ စိတ်ဖြာလေ့လာခဲ့တယ်။
အကျိုးမသက်ရောက်နိုင်ဘူးလို့ သူထင်ထားတာတွေဟာ တကယ့်လက်တွေ့မှာဖြစ်လာတာကို သူတွေ့လိုက်ရတယ်။ ကစ်ကစ်ဟာ မကြာခဏ အိပ်နေရာကနေ ငိုရင်း လန့်နိုးလာတတ်တယ်။ ဘာအိပ်မက်များမက်လို့ ငိုရတာလဲလို့ ကစ်ကစ်ကို ကျွန်မတို့မေးတော့ ကစ်ကစ်က အိပ်မက်ထဲမှာ ဖေဖေဟာ သူ့ကိုကျောင်းမှာလာကြိုပြီး သူ့ကိုမခေါ်ဘဲ တစ်ယောက်တည်းထားပြီး ထွက်သွားကြောင်းပြောတယ်။ လူကြီးရဲ့ အမှတ်တမဲ့နောက်ပြောင်မှုတစ်ခုက ကလေးငယ်ကို ဘယ်လောက်ထိ နက်နဲကြောက်ရွံ့ထိတ်လန့်စေခဲ့ပြီလဲ။
ပျော်ရွှင်ချင်လို့ အမှတ်တမဲ့နောက်ပြောင်တဲ့ အပြုအမူတစ်ခုက ကစ်ကစ်ကို ဘယ်လောက်ထိ အကျိုးသက်ရောက်စေခဲ့ကြောင်းကို တွေ့မြင်ပြီးတဲ့နောက် ကစ်ကစ်ရဲ့ဖေဖေ အရမ်းနောင်တရခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မကပဲ ကစ်ကစ်ကို ကြိုပို့လုပ်ခဲ့တော့တယ်။ ယောက်ျားဖြစ်သူကို မကြိုမပို့စေတော့တာကလည်း အဲဒီသူ့လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကို ကစ်ကစ်နဲ့ ပေးမဆုံ၊ ပေးမတွေ့ချင်တော့လို့ဖြစ်တယ်။ ကစ်ကစ် စိတ်မချမ်းမသာဖြစ်မှာ စိုးလို့ဖြစ်တယ်။
ကစ်ကစ်ရဲ့ဖေဖေကလည်း ဒီကိစ္စကို အလေးအနက်ထားလာခဲ့တယ်။ တစ်ခါတလေ ကျွန်မအလုပ်အရမ်းများလို့ ကစ်ကစ်ကို သွားမကြိုနိုင်တဲ့အခါ သူ့ဖေဖေကသွားကြိုပြီး ရုံးမှာခဏထားတယ်။ ဒါပေမယ့် ကစ်ကစ်ကို သူ့လုပ်ဖော်ကိုင်ဖက်တွေ စနောက်တာကို လုံးဝခွင့်မပြုခဲ့တော့ဘူး။ ကျွန်မလည်း ကျွန်မယောက်ျားနဲ့ နှစ်ဦးသဘောတူညီမှုတစ်ခု ယူခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေအပေါ် အမှားလုပ်မိချင်လုပ်မိပါစေ.. ကလေးအပေါ်တော့ “အမှား”မလုပ်မိဖို့ဖြစ်တယ်။ လူကြီးတွေက ကလေးကို မလိုမုန်းထားလို့ စနောက်တာမဟုတ်မှန်းသိပေမယ့် ဒီလိုစနောက်တာကို အုပ်ထိန်းသူသဘောမတူတော့ သူတို့လည်း မစနောက်ကြတော့ဘူး။ ဒီတော့ “အမှား”လုပ်မိတဲ့အရာလည်း မရှိခဲ့တော့ဘူး။
ကလေးတွေနဲ့ “ကစား”တာနဲ့ ကလေးတွေကို “နောက်ပြောင်”တာက လုံးဝမတူတဲ့အရာနှစ်ခုဖြစ်တယ်။ “ကစား”တာက ကလေးရဲ့ပျော်ရွှင်မှုကို ဦးစားပေးတဲ့အရာဖြစ်တယ်။ ကလေးရဲ့စိတ်ဝင်စားမှု၊ နှစ်လိုမှုထဲ လူကြီးရဲ့စိတ်ကို နိမ့်ချပြီး ကလေးနားလည်နိုင်တဲ့၊ လက်ခံနိုင်တဲ့နည်းနဲ့ ကလေးပျော်ရွှင်ရယ်မောအောင် ပြုလုပ်တာပဲဖြစ်တယ်။ အဲဒီလိုကစားရမှာ ကလေးစိတ်၊ ပျော်ရွှင်စိတ်၊ ရယ်မောစိတ်နဲ့ အသိဉာဏ်တွေပါဝင်ရပါတယ်။
တစ်ခါက မိခင်တစ်ဦးဟာ လျှော်ပြီးသားအိပ်ရာခင်းကို လှန်းပြီးနောက် သူ့ရဲ့၂နှစ်သမီးလေးနဲ့အတူ တူတူပုန်းတမ်းဆော့ကစားတာကို ကျွန်မတွေ့ခဲ့ရတယ်။ မိခင်ဟာ ကလေးငယ်နဲ့ လှန်းထားတဲ့အိပ်ရာခင်းရဲ့ တစ်ဖက်တစ်ချက်စီမှာ တစ်ယောက်ကိုတစ်ယောက်ကွယ်ပြီး ရပ်လိုက်ကြတယ်။ တူတူရေဝါးလို့ အော်လိုက်တာနဲ့ နှစ်ယောက်စလုံးက အိပ်ရာခင်းရဲ့ဘယ်ဘက် ဒါမှမဟုတ် ညာဘက်ကနေခေါင်းပြူပြီး မျက်နှာချင်းဆိုင်ကြည့်ကြတယ်။ ကလေးရဲ့ရည်ရွယ်ချက်က ခေါင်းပြူထွက်လိုက်တိုင်း မေမေနဲ့မျက်နှာချင်းဆုံဖို့ဖြစ်တယ်။ မိခင်ရဲ့ရည်ရွယ်ချက်က ခေါင်းပြူထွက်လိုက်တိုင်း ကလေးနဲ့မျက်နှာချင်း မဆုံမိဖို့ဖြစ်တယ်။ အဲဒီလိုနဲ့ မိခင်ဖြစ်သူက ဘယ်ဘက်ကနေ ခေါင်းပြူထွက်လိုက်တယ်။
နောက်တစ်ကြိမ်မှာလည်း ဘယ်ဘက်ကနေပဲ ခေါင်းပြူထွက်တယ်။ ကလေးက ဒီတစ်ကြိမ်မှာ မေမေဘယ်ဘက်ကနေ ခေါင်းပြူထွက်ရင် နောက်တစ်ကြိမ်မှာ ညာဘက်ကနေ ခေါင်းပြူထွက်လိမ့်မယ်လို့ စဉ်းစားချင့်ချိန်ပြီး ညာဘက်ကိုပြေးကြည့်တယ်။ ဒါပေမယ့် မေမေကို မတွေ့လိုက်ရဘူး။ အဲဒီလို အကြိမ်ကြိမ်လုပ်ရင်း နောက်ဆုံးမှာ မေမေနဲ့မျက်နှာချင်းဆုံလိုက်ရချိန် ကလေးက အရမ်းပျော်သွားပြီး အော်ရယ်တော့တယ်။
မေမေက ပထမတစ်ကြိမ်မှာဘယ်ဘက်ကနေ ခေါင်းပြူထွက်တယ်။ နောက်တစ်ကြိမ်မှာလဲ ဘယ်ဘက်ကနေ ခေါင်းပြူထွက်တာကို ကလေးကလည်း ခန့်မှန်းတတ်သွားတယ်၊ စဉ်းစားချင့်ချိန်တတ်သွားတယ်။ ဒါကြောင့် သူလည်း မေမေနဲ့မျက်နှာချင်းဆုံနိုင်ဖို့ဘယ်ဘက်ကနေပဲ ခေါင်းပြူထွက်ခဲ့တယ် မေမေနဲ့မျက်နှာချင်းဆုံမိတော့ ကိုယ့်ရဲ့အောင်မြင်မှုအတွက် သူပျော်ရွှင်မိတော့တယ်။
ကလေးကိုနောက်ပြောင်တယ်ဆိုတာ လူကြီးတွေက ကလေးရဲ့မသိတတ်ခြင်းကိုအသုံးပြုပြီး ကလေးအမှားလုပ်အောင်၊ ငိုယိုအောင်၊ ကြောက်ရွံ့အောင် တမင်လုပ်တာပဲဖြစ်တယ်။ ဒီလိုရည်ရွယ်ချက်က လူကြီးပျော်ရွှင်ပြီး ကလေးက အရှက်ရ၊ စိုးရိမ်ကြောင့်ကျမှုရနဲ့ စိတ်ပျက်အားလျော့မှုရတာမျိုး ဖြစ်စေပါတယ်။
လူကြီးတစ်ယောက်ယောက်ရဲ့လက်ထဲမှာ ကလေးကိုပေးမယ့် ပစ္စည်းတစ်ခုခုကိုင်ထားတယ် ဆိုပါစို့။ ဒါပေမယ့် လူကြီးက ကလေးကို စိတ်လိုလက်ရမပေးဘဲကလေးဆီကနေသတ်မှတ်ချက်တွေယူနေခဲ့သေးတယ်။ ကလေးကို နှစ်လိုတဲ့စကားတွေ ပြောခိုင်းတယ်။ တကယ်လို့ ကလေးကမပြောရင် ပေးမယ့်ပစ္စည်းကို ပြန်ယူသွားမယ့်ပုံစံမျိုးလုပ်တယ်။ ကလေးပြောမှ စိတ်ကျေကျေနပ်နပ်နဲ့ ပေးလိုက်တယ်။
တချို့လူကြီးတွေက ကလေးကိုခြောက်လှန့်ပြီး ပျော်ရွှင်မှုကိုယူတယ်။ ကလေးက ယောက်ျားလေးဖြစ်ရင်ကလေးငယ်ရဲ့အင်္ဂါကို ဖြတ်ထုတ်လိုက်မယ့်ပုံစံမျိုးလုပ်ပြီး ခြောက်လှန့်တယ်။ တကယ်လို့ မိန်းကလေးဖြစ်ရင် သူနှစ်သက်တဲ့ ကစားစရာအရုပ်ကို ယူသွားမယ့်ပုံစံမျိုးနဲ့ စနောက်တယ်။ အရုပ်ကိုဖွက်ထားပြီး ပစ်ထုတ်လိုက်ပြီ ဒါမှမဟုတ် တခြားလူကို ပေးပစ်လိုက်ပြီဆိုတာမျိုးနဲ့ နောက်တယ်။ ကလေးက စိတ်လှုပ်ရှားပူပန်ပြီးငိုမှ အရုပ်ကိုထုတ်ပေးတော့တယ်။ လူကြီးတွေက ဒါကို ပျော်စရာလိုမှတ်တယ်။ ကလေးတွေက ခဏလောက်ပဲစိုးရိမ်ပူပန်တာ၊ ငိုတစ်ချက်၊ ရယ်တစ်ချက်နဲ့ ပြီးသွားတာပဲလို့ ထင်မှတ်ကြတယ်။
တကယ်တော့ ဒီလိုအပြုအမူတွေက ကလေးရဲ့စိတ်ဓာတ်ရေးရာကို ထိခိုက်နာကျင်စေနိုင်ပါတယ်။ ဒီလိုပြုမူပုံတွေက ကလေးတွေအတွက် ဘာပျော်ရွှင်စရာ၊ စိတ်ဝင်စားစရာမှ မကောင်းတဲ့အပြင် ကလေးတွေကို လုံခြုံစိတ်ကင်းမဲ့အောင်၊ မလေးစားရာရောက်အောင် ခံစားစေပါတယ်။ ကလေးငယ်ရဲ့ မိမိကိုယ်ကိုယ်လေးစားစိတ်ကို ထိခိုက်စေပြီး လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ အကြောက်တရားကို ပိုတိုးအောင်၊ တခြားလူအပေါ် မယုံကြည်ရဲအောင်ဖြစ်စေပါတယ်။ ဒါကြောင့် ဒီလိုကိစ္စမျိုးနဲ့ ကြုံကြိုက်လာတဲ့အခါ အုပ်ထိန်းသူက ယဉ်ယဉ်ကျေးကျေးနဲ့ တားမြစ်ရပါတယ်။ ဒါဟာ ကိစ္စအသေးအမွှားမဟုတ်ပါဘူး။ ကလေးငယ်ကို ပြုစုပျိုးထောင်ရာမှာ ကိစ္စအသေးအမွှားဆိုတာ မရှိပါဘူး။ လူကြီးတွေရဲ့အကြည့်ထဲက ကိစ္စအသေးအမွှားဟာ ကလေးငယ်အနေနဲ့ပြောရရင် ကိစ္စကြီးကြီးမားမားဖြစ်နေလို့ပါပဲ။
ကျွန်မတို့နိုင်ငံက နာမည်ရမျက်မှောက်ပညာရေးပါရဂူ မစ္စတာ Chen က ကလေးငယ်တွေကို ဒီလိုစနောက်၊ နောက်ပြောင်တဲ့အပြုအမူကို လုံးဝဆန့်ကျင်ကန့်ကွက်ပါတယ်။ ကလေးငယ်တွေနဲ့ ဆော့ကစားရင်လည်း ကိုယ်ကျင့်တရားပညာပေးကို လက်ကိုင်ထားရမယ်လို့ သူယူဆတယ်။ အမြဲတမ်း စနောက် နောက်ပြောင်ခံရတဲ့ ကလေးငယ်မှာ ကိုယ်ကျင့်တရားချွတ်ယွင်းတာတွေ ဖြစ်စေတတ်ပါတယ်။ ဥပမာ- လူကြီးက ကလေးကို လိမ်ညာတဲ့နည်းနဲ့ စနောက်မယ်၊ ကလေးငယ် စိတ်လှုပ်ရှား စိတ်သောကရောက်တာကိုကြည့်ပြီး တဟားဟားရယ်မယ်ဆိုရင် ကလေးငယ်ရဲ့စိတ်မှာ တဖြေးဖြေးနဲ့ သူတစ်ပါးကို မယုံကြည်တော့တဲ့စိတ်မျိုး၊ လိမ်ညာတတ်တဲ့စိတ်မျိုး မွေးမြူလာတတ်ပါတယ်။
ယနေ့ခေတ် မြို့ပြလူနေမှုစနစ်မှာ အထက်ကပြောသွားတဲ့ စနောက်မှုမျိုးနဲ့ ကလေးတွေကို သိပ်စနောက်တော့မယ် မထင်ပါဘူး။ ဒါပေမယ့် ကလေးတွေရဲ့ ဆင်ခြင်တွေးခေါ်မှုကို စနောက်တဲ့နည်းကိုတော့ အများအပြားတွေ့မြင်နေရဆဲဖြစ်တယ်။ ကလေးငယ်တွေဟာ နေရာတော်တော်များများမှာ အစနောက်ခံနေရဆဲဖြစ်တယ်။ ဒီလိုစနောက်တဲ့အပြုအမူတွေက အပေါ်ယံကကြည့်ရင် ကြမ်းတမ်းမှုမရှိဘူးဆိုပေမယ့် အထက်ကပြောသွားတဲ့ စနောက်နည်းတွေနဲ့ ရိုင်းစိုင်းတာချင်းက အတူတူပဲဖြစ်တယ်။ ကလေးအပေါ် မလေးစားတာ၊ ကလေးရဲ့စိတ်ဓာတ်ကိုပျက်ပြားစေခြင်းက အတူတူပဲဖြစ်တယ်။
၂ဝဝ၈ခုနှစ် ဇန်နဝါရီလ၂ရက်နေ့ညက ပီကင်းတီဗွီလိုင်းကနေ အစီအစဉ်တစ်ခုကို ကျွန်မကြည့်ခဲ့တယ်။ အစီအစဉ်မှာ ဟေဘေမြို့ကလာတဲ့ ၅မွှာပူးကို ဖိတ်ခေါ်ထားပါတယ်။ ယောက်ျားလေး ၄ယောက် မိန်းကလေးတစ်ယောက်ပါတဲ့ ဒီ၅မွှာပူးတွေက အသက်(၄)နှစ်အရွယ် ကျန်းကျန်းမာမာကလေးတွေဖြစ်တယ်။ ၅ယောက်သား စတူဒီယိုအခန်းထဲမှာ စုဝေးနေကြတယ်။ ရန်ဖြစ်ငြင်းခုန်နေတာမျိုးလည်း မရှိဘူး။ မျက်နှာလေးတွေက ပြုံးပြုံးရွှင်ရွှင်မို့ ကျွန်မကိုဆွဲဆောင်နေခဲ့ပါတယ်။ ကျွန်မလည်း စိတ်ဝင်တစားထိုင်ကြည့်နေခဲ့မိတယ်။
အစီအစဉ်တင်ဆက်သူရဲ့ ပထမဆုံးမေးခွန်းက “ကလေးတို့ထဲမှာ ဘယ်သူအတိုင်အတောအထူဆုံးလဲ”ဆိုတာဖြစ်တယ်။ ဒီလိုမေးခွန်းကိုကြားတော့ ကလေးငါးယောက်လုံး တွေဝေသွားတယ်။ စစချင်းမှာ သူတို့က တစ်ယောက်ကိုတစ်ယောက် လက်ညိုးလျှောက်ထိုးကြတယ်။ နောက်တော့ တခြားတစ်ယောက်ထိုးတဲ့နောက်လိုက်ပြီး ထိုးကြတယ်။ နောက်ဆုံးမှာ ကလေးတစ်ယောက်အပေါ်မှာပဲ လက်ညိုးတွေစုပြုံနေတော့တယ်။ အဲဒီကလေးက အတိုင်အတောအထူဆုံးဖြစ်သွားတယ်။ အတိုင်အတောအထူဆုံးလို့ လက်ညိုးထိုးခံရတဲ့ကလေးက နေမထိထိုင်မသာဖြစ်နေတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို မကောင်းသူတစ်ယောက်လို့ခံစားရပြီး အနေခက်နေတယ်၊ ကြောက်ရွံ့နေတယ်။
အစီအစဉ်တင်ဆက်သူရဲ့ ဒုတိယမေးခွန်းက “ဘယ်သူက တခြားလူကိုအရိုက်တတ်ဆုံးလဲ”ဖြစ်တယ်။ ကလေးတွေက တစ်ယောက်ကိုတစ်ယောက် လက်ညိုးလျှောက်ထိုးကြပြန်တယ်။ အချင်းချင်းဖော်ထုတ်ကြတယ်။ နောက်ဆုံးမှာ လက်ညိုးတွေက တစ်ယောက်ယောက်ပေါ်မှာပဲ စုပြုံနေတော့တယ်။ အဲဒီ “အရိုက်တတ်ဆုံး” လို့ လက်ညိုးထိုးခံရတဲ့ ကလေးက ရှက်ရွံ့ကြောက်လန့်နေတော့တယ်။
တတိယမေးခွန်းကို အစီအစဉ်တင်ဆက်သူက ဆက်မေးပြန်တယ်။ ဒီတစ်ခါ မေးတဲ့မေးခွန်းက “ဖေဖေရိုက်တာကို ဘယ်သူအခံရဆုံးလဲ”ဖြစ်တယ်။ ကလေးတွေက တွေတွေဝေဝေနဲ့ လက်ညိုးတွေလျှောက်ထိုးကြပြန်တယ်။ နောက်ဆုံး လက်ညိုးအထိုးခံရတဲ့တစ်ယောက်က ဘာလုပ်လို ဘာကိုင်ရမှန်းမသိဖြစ်သွားတယ်။ မျက်နှာပေါ်မှာလဲ ပြောမပြတတ်တဲ့ ရှက်ရွံ့မှုတွေပေါ်နေခဲ့တယ်။
ကလေးငယ်တွေရဲ့အမူအရာကြောင့် အစီအစဉ်တင်ဆက်သူရော ပရိသတ်တွေပါ တဝါးဝါးပွဲကျနေကြတယ်။ မရယ်တဲ့သူတွေဆိုလို့ ဒီကလေး ၅ယောက်ပဲရှိတယ်။ သူတို့ကြားမှာရှိတဲ့ အချင်းချင်းချစ်ခင်မှုက အဆွခံလိုက်ရပြီ။ လူတွေရှေ့မှာ နာမည်ဆိုးတံဆိပ်တွေ အကပ်ခံလိုက်ရပြီ။ စင်ပေါ်တက်စကလို သူတို့ရဲ့ပုံစံတွေက ပေါ့ပါးတက်ကြွမနေကြတော့ဘူး။ သူတို့တတွေစိတ်လှုပ်ရှားနေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေခဲ့ကြတယ်။
ဆက်လက်ပြီး အစီအစဉ်တင်ဆက်သူက လွယ်အိတ်လှလှလေးတစ်လုံးကို ယူလာပြီး “ဒီလွယ်အိတ်က တစ်လုံးပဲရှိတယ်။ ဘယ်သူ့ကို ပေးမလဲ”လို့ ကလေးတွေကို မေးကြတယ်။ ကလေးတွေကို ဒီလွယ်အိတ်က ဆွဲဆောင်နေတယ်။ လွယ်အိတ်ကိုကြည့်တဲ့ သူတို့ရဲ့အကြည့်ထဲမှာ လိုချင်တပ်မက်မှုတွေပါနေတယ်။ နုနုယ်တဲ့သူတို့ရဲ့ စိတ်ထဲမှာ ဒီလွယ်အိတ်ကို သူတို့လိုချင်နေကြမှာပဲ။ ဒါပေမယ့် အခုနားက နာမည်ဆိုးတံဆိပ်တွေကပ်ခံရတဲ့ အတွေ့အကြုံရှိနေတော့ ပိုကောင်းအောင် သူတို့ပြုမူချင်ကြတယ်။
စစချင်းမှာ တစ်ယောက်ယောက်ကိုပေးဖို့ သူတို့ပြောကြတယ်။ ဘယ်သူကမှ ကျွန်တော်ကျွန်မကိုပေးပါလို့ မပြောရဲကြဘူး။ နောက်ဆုံးမှာ အကြီးမကိုပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အကြီးမက လွယ်အိတ်ရတော့ ဝမ်းသာတယ်။ ကျန်တဲ့လေးယောက်ရဲ့ မျှော်လင့်ချက်မဲ့သွားတဲ့ပုံစံက သိသာမြင်သာနေတယ်။ ဒါကို အကြီးမက ချက်ချင်းနေမသိထိုင်မသာဖြစ်ပြီး အံကြိတ်ရင်း အငယ်ဆုံးမောင်လေးကို လွယ်အိတ်ကမ်းပေးလိုက်တယ်။ ဒါကတော့ ဘယ်သူမှ ထင်မှတ်မထားတဲ့အရာပါ။ အစီအစဉ်တင်ဆက်သူက သူ့ကို ချီးမွမ်းစကားပြောချိန် ကလေးမ ချက်ချင်းငိုပါတယ်။ တကယ်ရှိုက်ကြီးတငင်ကို ငိုရှာပါတယ်။ တင်ဆက်သူက ဘာလို့ငိုတာလဲလို့ တအံ့တသြမေးတာကိုတောင် သူပြန်မဖြေနိုင်လောက်အောင် ငိုနေခဲ့ပါတယ်။
အဲဒီအချိန်မှာ သွက်သွက်လက်လက်ရှိတဲ့ တတိယမောင်လေးက “မကြီးက ညီငယ်ကိုအကောင်းဆုံးထင်လို့ ငိုတာပါ”လို့ ဝင်ပြောတယ်။ သူရဲ့ “ရှင်းပြချက်”က ပရိသတ်ကို တဝါးဝါးပွဲကျစေခဲ့တယ်။
အဲဒီလိုနဲ့ အစီအစဉ်က ကလေးတွေကို ငိုအောင်လည်းလုပ်ခဲ့သလို မဟုတ်မမှန်စကားတွေလည်း ဆိုစေခဲ့ပါတယ်။ ကလေးတွေရဲ့စိတ်ကိုလည်း ချောက်ချားအောင်၊ ရှုပ်ထွေးအောင် လုပ်ခဲ့ပြီးမှ အစီအစဉ်တင်ဆက်သူက နောက်ထပ်လွယ်အိတ် ၄လုံးကို ယူလာပြီး တစ်ယောက်တစ်အိတ်ဝေပေးပါတယ်။ အဲဒီအချိန်ကျမှ ကလေးတွေ ရယ်နိုင်ပါတော့တယ်။
ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ သူတို့တင်ဆက်တဲ့ မေးခွန်းတွေနဲ့ တင်ပြမှုတွေရဲ့ ရည်ရွယ်ချက်ကဘာလဲ။ တကယ်ကို မစဉ်းစားတတ်ခဲ့ပါဘူး။ ကျွန်မဆက်ကြည့်လို့ မရတော့တာနဲ့ တီဗွီကိုပိတ်ပြီး ထထွက်ခဲ့တယ်။ ဒီလိုမှမလုပ်ရင် ကျွန်မလည်း စိတ်မချမ်းမသာဖြစ်ပြီး ငိုမိတော့မယ်။
ဒီစာကိုရေးနေရင်း တရုတ်ပြည်ရဲ့ ပညာရေးပါရဂူ၊ တွေးခေါ်ပညာရှင်၊ စာရေးဆရာတစ်ဦးဖြစ်တဲ့ Tao Xingzhi ရဲ့ ကဗျာတစ်ပုဒ်ကို ကျွန်မသွားသတိရမိတယ်။ ဒီကဗျာလေးက အဓိပ္ပာယ်ရှိလွန်းလှတယ်။ ကလေးတွေကို ပြုစုပျိုးထောင်ကြတဲ့လူကြီးတွေ ဒီကဗျာကို သေသေချာချာမှတ်သားထားသင့်ပါတယ်။
ကလေး ကလေး ငယ်တယ်လို့ လူတိုင်းပြောကြတယ်… ကလေးက လူသာငယ်ပေမယ့် စိတ်မငယ်ပါဘူး
ကလေးကို ငယ်တယ်လို့ သင်ထင်ရင် သင်က ကလေးထက်ငယ်တဲ့သူဖြစ်တယ်။
အထူးဂရုပြုရမည့်အချက်
လူကြီးတွေက ကလေးတွေကို စနောက်ရတာ ပျော်စရာကောင်းတယ်လို့ထင်ကြတယ်။ ကလေး စိတ်မငြိမ်မသက်ဖြစ်အောင် စနောက်တာလေးပဲ၊ ငိုခဏ ရယ်ခဏနဲ့ ပြီးသွားတာပဲလို့ ထင်ကြတယ်။ တကယ်တော့ ဒီအပြုအမူတွေက ကလေးကို စိတ်ဒဏ်ရာရစေပါတယ်။ ဒီလိုအပြုအမူတွေက ကလေးတွေအတွက် ဘာပျော်ရွှင်စရာ၊ စိတ်ဝင်စားစရာမှ မကောင်းတဲ့အပြင် ကလေးတွေကို လုံခြုံစိတ်ကင်းမဲ့အောင်၊ မလေးစားရာရောက်အောင် ခံစားစေပါတယ်။ ခံစားစေပါတယ်။
ကလေးငယ်ရဲ့ မိမိကိုယ်ကိုယ်လေးစားစိတ်ကို ထိခိုက်စေပြီး လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ အကြောက်တရားကို ပိုတိုးအောင်၊ တခြားလူအပေါ် မယုံကြည်ရဲအောင်ဖြစ်စေပါတယ်။ ဒါကြောင့် ဒီလိုကိစ္စမျိုးနဲ့ ကြုံကြိုက်လာတဲ့အခါ အုပ်ထိန်းသူက ယဉ်ယဉ်ကျေးကျေးနဲ့ တားမြစ်ရပါတယ်။ ဒါဟာ ကိစ္စအသေးအမွှားမဟုတ်ပါဘူး။ ကလေးငယ်ကို ပြုစုပျိုးထောင်ရာမှာ ကိစ္စအသေးအမွှားဆိုတာ မရှိပါဘူး။ လူကြီးတွေရဲ့အကြည့်ထဲက ကိစ္စအသေးအမွှားဟာ ကလေးငယ်အနေနဲ့ပြောရရင် ကိစ္စကြီးကြီးမားမားဖြစ်နေလို့ပါပဲ။ ကလေးငယ်တွေနဲ့ ဆော့ကစားရင်လည်း ကိုယ်ကျင့်တရားပညာပေးကို လက်ကိုင်ထားရပါမယ်။ အမြဲတမ်း စနောက် နောက်ပြောင်ခံရတဲ့ ကလေးငယ်မှာ ကိုယ်ကျင့်တရားချို့ယွင်းတာတွေ ဖြစ်စေတတ်ပါတယ်။
(တရုတ်စာရေးဆရာမ “Yin Jian Li” ရဲ့ “မိခင်ကောင်းကဆရာသမားကောင်းထက်သာလွန်တယ်”ဆိုတဲ့စာအုပ်ကို ဆီလျှော်အောင် ဘာသာပြန်ထားတာဖြစ်ပါတယ်။)
Credit:Apannpyay
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...