iMyanmarHouse.com - Best Property Website for Myanmar
×

ဗိုလ္ခ်ဳပ္ေအာင္ဆန္း ရုပ္ရွင္ဇာတ္ကား ထြက္ေပၚလာမည့္အသံသည္ လြန္ခဲ့သည့္ ေလး ငါး ႏွစ္က တစ္တိုင္းျပည္လံုးက စိတ္ဝင္စားခဲ့ၾကသည္။ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ထိပ္တန္းလူပုဂၢိဳလ္မ်ား ပါဝင္ခဲ့ၾကသည္။ အလွူေငြမ်ားလက္ခံခဲ့ၾကသည္။

ထိုပုဂၢိဳလ္မ်ားႏွင့္နီးစပ္သူ စာေရးဆရာ ေမာင္သာခ်ိဳက ေဟာေျပာပဲြတစ္ခုတြင္ ဗိုလ္ခ်ဳပ္ရုပ္ရွင္ပ်က္သြားရတဲ့ အေၾကာင္းအရင္းကို ေျပာလိုက္သည္ဟုသိရသည္။ ၂၀၁၅ ခုႏွစ္တြင္ ျပသမည္ဟု ေျပာဆိုခဲ့ေသာ ထိုဇာတ္ကားရိုက္ကူးေရပ်က္သြားတဲ့အတြက္ ေဝဖန္မႈမ်ား ခံခဲ့ၾကရသည္။

ဇာတ္ညႊန္း ခ်စ္ဦးညိဳ၊ ဒါရိုက္တာ၊ မင္းထင္ကိုကိုႀကီး၊ ဇာဂနာ၊ ေဇာ္သက္ေထြး၊ လူမင္း၊ ေဒၚေဆြဇင္ထိုက္တို႔က ညွိႏိုင္းျပင္ဆင္ခဲ့ၾကၿပီး ဆရာေမာင္သာခ်ိဳက ထိုအသိုင္းအဝိုင္းႏွင့္ အဆက္အသြယ္ရွိသူျဖစ္သည္။

စာေရးဆရာ ေမာင္သာခ်ိဳက” ကြၽန္ေတာ္က သူတို႔နဲ႔ခင္ေတာ့ ေအာင္ဆန္းရုပ္ရွင္ျဖစ္ေျမာက္ေရးအဖဲြ႔ ရံုးခန္းကို ခဏခဏသြားတယ္” ဟုေျပာသည္။ ”သူတို႔က ေျမနီကုန္းဆိုေတာ့ ေက်ာင္းနဲ႔နီးလုိ႔ ကြၽန္ေတာ့္ကို ဖုန္းဆက္ေခၚတယ္”

”ဗိုလ္ခ်ဳပ္ေအာင္ဆန္းေနရာမွာ သရုပ္ေဆာင္ဖို႔ ဘယ္သူ႔ကိုေရြးမလဲ၊ ျမန္မာ့လက္ေရြးစင္ကစားသမားေလး ေရွ႕တန္းတုိက္စစ္မႈး ေက်ာ္ေက်ာ္မ်ိဳးကိုေရြးတယ္။ နံပါတတ္ ၁ အသားညိဳေနတယ္ေမးရိုးကားကား၊ နားသယ္ခ်ိဳင့္ခ်ိဳင့္၊ မ်က္ႏွာေပါက္ကလည္း ေတာ္ေတာ္တူတယ္ ကြၽန္ေတာ္သေဘာက်ေနတယ္”

ေက်ာ္ေက်ာ္မ်ိဳးကိုလည္း ေကာ္မတီက ပိုက္ဆံနဲ႔ တိုက္ခန္းငွားထားေပးသည္ ဟုဆိုသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အမူအရာမ်ားႏွင့္ တူေအာင္ ေလ့က်င့္ေပးခဲ့တယ္။ ေတာ္ေတာ္တူလာတယ္။ အဂၤလိပ္စာလည္းသင္ေပးတယ္ ဟု ေမာင္သာခ်ိဳက ေျပာသည္။

ေတာ္ေတာ္ေလးလည္း ဟုတ္လာၿပီးေရာ ၂၀၁၅ ခုႏွစ္၊ ရုိက္ဖို႔ ေလးငါးလေလာက္ အလို သူ႔အခန္းလည္း သြားၾကည့္ေရာ၊ ဆရာခ်စ္ဦးညိဳတို႔ ေက်ာ္ေက်ာ္မ်ိဳးအခန္း သြားေလ့လာတာ။ မင္းသားကို ၾကည့္ၿပီး စိတ္ပ်က္သြားကား မရိုက္ေတာ့ဘူး ဟု ေျပာလိုက္ၾကသည္။

ရန္ကုန္ၿမိဳ႕တိုက္ခန္းထဲမွာ ထားတာ အစကေတာ့ ဗိုလ္ခ်ဳပ္နဲ႔တူေပမယ့္ ခုေတာ့ စိတ္ပ်က္သြားတယ္၊ ရုိက္လို႔မရေတာ့ဘူး။ ေျပာင္းလဲသြားၿပီ မ်က္ႏွာႀကီးေတြ ေဖြးစြပ္ၿပီးေတာ့၊ ဗိုက္ႀကီးကပူၿပီး၊ ဖင္ႀကီးက ေကာက္ထြက္ေနတာ၊ ကုတ္ပိုးႀကီးေတြတက္ၿပီး တင္ပါးဆံုႀကီးကထြက္ေနတာ၊ ဆရာခ်စ္ဦးညိဳ တစ္ခြန္းတည္းေျပာလုိက္တာ ဟိုေကာင္ ငိုင္က်သြားတယ္ ”မင္းရိုက္လို႔မရေတာ့ဘူး ေဟ့ေကာင္” တဲ့

အစေကာင္းၿပီး အေႏွာင္းမေသခ်ာခဲ့ေသာ ဗိုလ္ခ်ဳပ္ရုပ္ရွင္ဇာတ္ကားေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္၊ မင္းထင္ကိုကိုႀကီးႏွင့္အတူ တာ၀န္ရွိသူမ်ားကို ေဝဖန္ခဲ့ၾကသည္။ ေျဖရွင္းခ်က္ေတာင္းၾကေသာ္လည္း ေျဖရွင္းခ်က္မရသျဖင့္ မေၾကမနပ္ျဖစ္ခဲ့ၾကသည္။

ယခုအေၾကာင္းျပခ်က္မွာလည္း ေကာ္မတီအသိုင္းအဝိုင္းႏွင့္နီးစပ္သူတစ္ေယာက္၏ သံုးသပ္ခ်က္သာျဖစ္ၿပီး အျခားေဝဖန္သံုးသပ္ခ်က္ ထင္ေၾကးမ်ားလည္း မ်ားစြာထြက္ေပၚခဲ့သည္။





ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : PannPwint

#Unicode Version#
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ထွက်ပေါ်လာမည့်အသံသည် လွန်ခဲ့သည့် လေး ငါး နှစ်က တစ်တိုင်းပြည်လုံးက စိတ်ဝင်စားခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိပ်တန်းလူပုဂ္ဂိုလ်များ ပါဝင်ခဲ့ကြသည်။ အလှူငွေများလက်ခံခဲ့ကြသည်။

ထိုပုဂ္ဂိုလ်များနှင့်နီးစပ်သူ စာရေးဆရာ မောင်သာချိုက ဟောပြောပွဲတစ်ခုတွင် ဗိုလ်ချုပ်ရုပ်ရှင်ပျက်သွားရတဲ့ အကြောင်းအရင်းကို ပြောလိုက်သည်ဟုသိရသည်။ ၂၀၁၅ ခုနှစ်တွင် ပြသမည်ဟု ပြောဆိုခဲ့သော ထိုဇာတ်ကားရိုက်ကူးရေပျက်သွားတဲ့အတွက် ဝေဖန်မှုများ ခံခဲ့ကြရသည်။

ဇာတ်ညွှန်း ချစ်ဦးညို၊ ဒါရိုက်တာ၊ မင်းထင်ကိုကိုကြီး၊ ဇာဂနာ၊ ဇော်သက်ထွေး၊ လူမင်း၊ ဒေါ်ဆွေဇင်ထိုက်တို့က ညှိနိုင်းပြင်ဆင်ခဲ့ကြပြီး ဆရာမောင်သာချိုက ထိုအသိုင်းအဝိုင်းနှင့် အဆက်အသွယ်ရှိသူဖြစ်သည်။

စာရေးဆရာ မောင်သာချိုက” ကျွန်တော်က သူတို့နဲ့ခင်တော့ အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းကို ခဏခဏသွားတယ်” ဟုပြောသည်။ ”သူတို့က မြေနီကုန်းဆိုတော့ ကျောင်းနဲ့နီးလို့ ကျွန်တော့်ကို ဖုန်းဆက်ခေါ်တယ်”

”ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်ဖို့ ဘယ်သူ့ကိုရွေးမလဲ၊ မြန်မာ့လက်ရွေးစင်ကစားသမားလေး ရှေ့တန်းတိုက်စစ်မှုး ကျော်ကျော်မျိုးကိုရွေးတယ်။ နံပါတတ် ၁ အသားညိုနေတယ်မေးရိုးကားကား၊ နားသယ်ချိုင့်ချိုင့်၊ မျက်နှာပေါက်ကလည်း တော်တော်တူတယ် ကျွန်တော်သဘောကျနေတယ်”

ကျော်ကျော်မျိုးကိုလည်း ကော်မတီက ပိုက်ဆံနဲ့ တိုက်ခန်းငှားထားပေးသည် ဟုဆိုသည်။ ဗိုလ်ချုပ်အောင်ဆန်း အမူအရာများနှင့် တူအောင် လေ့ကျင့်ပေးခဲ့တယ်။ တော်တော်တူလာတယ်။ အင်္ဂလိပ်စာလည်းသင်ပေးတယ် ဟု မောင်သာချိုက ပြောသည်။

တော်တော်လေးလည်း ဟုတ်လာပြီးရော ၂၀၁၅ ခုနှစ်၊ ရိုက်ဖို့ လေးငါးလလောက် အလို သူ့အခန်းလည်း သွားကြည့်ရော၊ ဆရာချစ်ဦးညိုတို့ ကျော်ကျော်မျိုးအခန်း သွားလေ့လာတာ။ မင်းသားကို ကြည့်ပြီး စိတ်ပျက်သွားကား မရိုက်တော့ဘူး ဟု ပြောလိုက်ကြသည်။

ရန်ကုန်မြို့တိုက်ခန်းထဲမှာ ထားတာ အစကတော့ ဗိုလ်ချုပ်နဲ့တူပေမယ့် ခုတော့ စိတ်ပျက်သွားတယ်၊ ရိုက်လို့မရတော့ဘူး။ ပြောင်းလဲသွားပြီ မျက်နှာကြီးတွေ ဖွေးစွပ်ပြီးတော့၊ ဗိုက်ကြီးကပူပြီး၊ ဖင်ကြီးက ကောက်ထွက်နေတာ၊ ကုတ်ပိုးကြီးတွေတက်ပြီး တင်ပါးဆုံကြီးကထွက်နေတာ၊ ဆရာချစ်ဦးညို တစ်ခွန်းတည်းပြောလိုက်တာ ဟိုကောင် ငိုင်ကျသွားတယ် ”မင်းရိုက်လို့မရတော့ဘူး ဟေ့ကောင်” တဲ့

အစကောင်းပြီး အနှောင်းမသေချာခဲ့သော ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားကြောင့် ဒေါ်အောင်ဆန်းစုကြည်၊ မင်းထင်ကိုကိုကြီးနှင့်အတူ တာဝန်ရှိသူများကို ဝေဖန်ခဲ့ကြသည်။ ဖြေရှင်းချက်တောင်းကြသော်လည်း ဖြေရှင်းချက်မရသဖြင့် မကြေမနပ်ဖြစ်ခဲ့ကြသည်။

ယခုအကြောင်းပြချက်မှာလည်း ကော်မတီအသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ယောက်၏ သုံးသပ်ချက်သာဖြစ်ပြီး အခြားဝေဖန်သုံးသပ်ချက် ထင်ကြေးများလည်း များစွာထွက်ပေါ်ခဲ့သည်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : PannPwint
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top